Premier League Transfer News

တောင်ပံသမား လိုအပ်ချက်အတွက် အာဆင်နယ်တို့ ဘယ်လိုအကွက်ရွှေ့လာနိုင်သလဲ

အာဆင်နယ်အသင်းအနေနဲ့ ဒီဆောင်းရာသီမှာ ပေါင်သန်း ၁၅၀ လောက် သုံးစွဲသွားနိုင်ခြေရှိနေတယ်လို့ သတင်းထွက်နေခဲ့ပေမယ့် တကယ်တမ်း ခေါ်ရယူမယ့် နေရာက သုံးနေရာလောက် အနည်းဆုံး ရှိနေခဲ့ချိန်မှာ ဘရိုက်တန်နဲ့ ကော်လိုရာဒို ရက်ပစ်ဒ်အသင်းတွေရဲ့ အကူအညီကို ယူကောင်း ယူဖွယ်ရှိနေကြောင်း သိရှိရပါတယ်။

ဂန်းနားတွေအနေနဲ့ ချဲလ်ဆီးကို ရောက်သွားတဲ့ မိုက်ခေလို မူဒရစ်ခ်ကို ယူရိုသန်း ၁၀၀ ဈေး မပေးချင်တာကြောင့် လက်လွှတ်ခဲ့ရသလို အရန် အစီအစဉ်အဖြစ် ရှုမြင်ထားတဲ့ ရေရှည်ပလန် မူဆာ ဒီယာဘီကိုလည်း လေဗာကူဆင်တို့ဘက်က ဒီဈေးပဲ တောင်းနေခဲ့တာကြောင့် ပျက်ပြယ်ရဖို့ရှိနေခဲ့ပြီး ဈေးသက်သာမယ့် ကစားသမားတွေကိုပဲ ခေါ်ယူသွားဖို့ ခန့်မှန်းနေကြပါတယ်။

နည်းပြ အာတီတာအနေနဲ့ သောမတ်စ် ပါတေးနဲ့ ဂရာနစ် ချာကာ မရှိတာနဲ့ ဖရိုဖရဲဖြစ်သွားတတ်တဲ့ ကွင်းလယ်ကို ဖြည့်ဆည်းဖို့ အဆင့်မြင့် ကွင်းလယ်လူတစ်ယောက်နဲ့ အက်ဒီ နကီးတီးယားနဲ့ပဲ လွှတ်ထားလို့ မရတဲ့ အထောင်တိုက်စစ်ကို ဖြည့်ဆည်းဖို့ တိုက်စစ်မှူးကောင်းတစ်ယောက်ကို ခေါ်ယူရာမှာ ပေါင်သန်း ၁၀၀ လောက် ကုန်ကျဖို့လည်း ရှိနေနိုင်တာပါ။

ဒါကြောင့် တောင်ပံသမားတွေကို ရရှိဖို့အတွက်တော့ ဘရိုက်တန်အသင်းက အခရာကျနေပြီး သူတို့နဲ့ အဆင်မပြေလို့ ထွက်ခွာတော့မယ့် လီယန်ဒရို ထရော့ဆတ်အပြင် လက်ရှိမှာ တစ်ရှိန်ထိုး ထွန်းတောက်လာပြီး ဂျပန် ဆွန်ဟောင်မင်လို့ နာမည်ကြီးလာတဲ့ ခါအိုရူ မီတိုမာတို့ထဲက တစ်ဦးကို ခေါ်ယူဖို့ အာဆင်နယ်တို့ စဉ်းစားလာတာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယမ်သားနဲ့ အသက် ၂၅ နှစ်အရွယ် ဂျပန်သားတို့ နှစ်ဦးစလုံးကို ပေါင်သန်း ၃၀ အောက်မှာ ခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပြီး တောင်ပိုင်းစင်ရော်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှု နည်းတဲ့ပြီး လွယ်လွယ်ကူကူ လက်လွှတ်ပေးမယ့်သူကိုတော့ အမ်းမရိတ်ဘက်က အရှိန်မြှင့်လုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။

ဒါ့အပြင် အာဆင်နယ်တို့အနေနဲ့ မေဂျာလိဂ်ကလပ် အော်လန်ဒို စီးတီးအသင်းရဲ့ တောင်ပံကစားသမား ဖာကွန်ဒို တောရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုဟောင်းကို ပြန်လည်အသက်သွင်းဖို့ ရှိနေပြီး အသက် ၂၂ နှစ်အရွယ် ဥရုဂွေးသားကိုတော့ ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ အလုပ်ဖြစ်နိုင်မယ်လို့ ခန့်မှန်းနေကြတာပါ။

ဘာစီလိုနာရဲ့ ဖယ်ရန် တောရက်စ်ကိုလည်း အသံထွက်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီမှာ တောရက်စ်ချင်း ရှုပ်ထွေးဦးမလားဆိုတာ စိတ်ဝင်စားစရာဖြစ်ပြီး တကယ်လို့များ အာဆင်နယ်တို့အနေနဲ့ အော်လန်ဒိုကစားသမားကို ခေါ်ယူမယ်ဆိုရင်တော့ အသင်းပိုင်ရှင် ခရိုယန်ကီတွေပဲ ပိုင်ဆိုင်ထားတဲ့ ကော်လိုရာဒို ရက်ပစ်ဒ်အသင်းရဲ့ ပိုင်ဆိုင်မှုအဖြစ် ခေါ်ယူပြီးမှ အငှားပြန်ချတာမျိုးလည်း လုပ်ဆောင်လာနိုင်ပါတယ်။

မေဂျာလိဂ်မှာပဲ အနည်းငယ် နာမည်ထွက်ဖူးပြီး ဥရုဂွေးမှာလည်း လောက်လောက်လားလား လုပ်မပြနိုင်သေးတဲ့ တောရက်စ်ကို အဝယ်မှားမျိုး ဖြစ်လာနိုင်မယ့် အန္တရာယ်ကို ကြိုတွေးမယ်ဆိုရင်တော့ MLS အသင်းချင်း အပြောင်းအရွှေ့လုပ်ပြီး အမ်းမရိတ်မှာ စမ်းသုံးဖို့က ပိုဖြစ်လာနိုင်သလို FFP အတွက် အသုံးစရိတ်ကို လျှော့ချခွင့်လည်း ရှိနိုင်ပြီး ဂန်းနားတွေအနေနဲ့ နောက်ထပ် တောင်ပံသမားတစ်ယောက်ကိုပါ ပိုမိုခေါ်ယူခွင့်ရသွားနိုင်တာပါ။

အပြောင်းရွှေ့အတွက် လက်ကျန်ရက်က နှစ်ပတ်အောက်ကို လျော့နည်းစပြုလာနေခဲ့ချိန်မှာ အာဆင်နယ်တို့အနေနဲ့ လက်သွက်မှ ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရှားရှားပါးပါးနဲ့ ခက်ခက်ခဲခဲ ၈ မှတ်ဖြတ်ထားနိုင်တဲ့ ရတောင့်ရခဲ အခွင့်အရေးကောင်းကို ပိုင်ဆိုင်ထားချိန်မှာ ချန်ပီယံဆုကို အရယူဖို့ လူသစ်တွေနဲ့ အင်အားတောင့်တင်းစေဖို့ကတော့ မဖြစ်မနေ ဦးစားပေးလုပ်ဆောင်ရမယ့် အချက်လည်းဖြစ်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေဆာင္းရာသီမွာ ေပါင္သန္း ၁၅၀ ေလာက္ သုံးစြဲသြားႏိုင္ေျခရွိေနတယ္လို႔ သတင္းထြက္ေနခဲ့ေပမယ့္ တကယ္တမ္း ေခၚရယူမယ့္ ေနရာက သုံးေနရာေလာက္ အနည္းဆုံး ရွိေနခဲ့ခ်ိန္မွာ ဘ႐ိုက္တန္နဲ႔ ေကာ္လိုရာဒို ရက္ပစ္ဒ္အသင္းေတြရဲ႕ အကူအညီကို ယူေကာင္း ယူဖြယ္ရွိေနေၾကာင္း သိရွိရပါတယ္။

ဂန္းနားေတြအေနနဲ႔ ခ်ဲလ္ဆီးကို ေရာက္သြားတဲ့ မိုက္ေခလို မူဒရစ္ခ္ကို ယူ႐ိုသန္း ၁၀၀ ေဈး မေပးခ်င္တာေၾကာင့္ လက္လႊတ္ခဲ့ရသလို အရန္ အစီအစဥ္အျဖစ္ ရႈျမင္ထားတဲ့ ေရရွည္ပလန္ မူဆာ ဒီယာဘီကိုလည္း ေလဗာကူဆင္တို႔ဘက္က ဒီေဈးပဲ ေတာင္းေနခဲ့တာေၾကာင့္ ပ်က္ျပယ္ရဖို႔ရွိေနခဲ့ၿပီး ေဈးသက္သာမယ့္ ကစားသမားေတြကိုပဲ ေခၚယူသြားဖို႔ ခန႔္မွန္းေနၾကပါတယ္။

နည္းျပ အာတီတာအေနနဲ႔ ေသာမတ္စ္ ပါေတးနဲ႔ ဂရာနစ္ ခ်ာကာ မရွိတာနဲ႔ ဖ႐ိုဖရဲျဖစ္သြားတတ္တဲ့ ကြင္းလယ္ကို ျဖည့္ဆည္းဖို႔ အဆင့္ျမင့္ ကြင္းလယ္လူတစ္ေယာက္နဲ႔ အက္ဒီ နကီးတီးယားနဲ႔ပဲ လႊတ္ထားလို႔ မရတဲ့ အေထာင္တိုက္စစ္ကို ျဖည့္ဆည္းဖို႔ တိုက္စစ္မႉးေကာင္းတစ္ေယာက္ကို ေခၚယူရာမွာ ေပါင္သန္း ၁၀၀ ေလာက္ ကုန္က်ဖို႔လည္း ရွိေနႏိုင္တာပါ။

ဒါေၾကာင့္ ေတာင္ပံသမားေတြကို ရရွိဖို႔အတြက္ေတာ့ ဘ႐ိုက္တန္အသင္းက အခရာက်ေနၿပီး သူတို႔နဲ႔ အဆင္မေျပလို႔ ထြက္ခြာေတာ့မယ့္ လီယန္ဒ႐ို ထေရာ့ဆတ္အျပင္ လက္ရွိမွာ တစ္ရွိန္ထိုး ထြန္းေတာက္လာၿပီး ဂ်ပန္ ဆြန္ေဟာင္မင္လို႔ နာမည္ႀကီးလာတဲ့ ခါအို႐ူ မီတိုမာတို႔ထဲက တစ္ဦးကို ေခၚယူဖို႔ အာဆင္နယ္တို႔ စဥ္းစားလာတာျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားနဲ႔ အသက္ ၂၅ ႏွစ္အ႐ြယ္ ဂ်ပန္သားတို႔ ႏွစ္ဦးစလုံးကို ေပါင္သန္း ၃၀ ေအာက္မွာ ေခၚယူႏိုင္ဖြယ္ ရွိေနတယ္လို႔ အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြက ခန႔္မွန္းထားၿပီး ေတာင္ပိုင္းစင္ေရာ္ေတြရဲ႕ လိုအပ္ခ်က္နဲ႔ ကိုက္ညီမႈ နည္းတဲ့ၿပီး လြယ္လြယ္ကူကူ လက္လႊတ္ေပးမယ့္သူကိုေတာ့ အမ္းမရိတ္ဘက္က အရွိန္ျမႇင့္လုပ္ေဆာင္သြားဖြယ္ရွိေနပါတယ္။

ဒါ့အျပင္ အာဆင္နယ္တို႔အေနနဲ႔ ေမဂ်ာလိဂ္ကလပ္ ေအာ္လန္ဒို စီးတီးအသင္းရဲ႕ ေတာင္ပံကစားသမား ဖာကြန္ဒို ေတာရက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားမႈေဟာင္းကို ျပန္လည္အသက္သြင္းဖို႔ ရွိေနၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ဥ႐ုေဂြးသားကိုေတာ့ ေပါင္သန္း ၂၀ ဝန္းက်င္နဲ႔ အလုပ္ျဖစ္ႏိုင္မယ္လို႔ ခန႔္မွန္းေနၾကတာပါ။

ဘာစီလိုနာရဲ႕ ဖယ္ရန္ ေတာရက္စ္ကိုလည္း အသံထြက္ေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ ဇန္နဝါရီမွာ ေတာရက္စ္ခ်င္း ရႈပ္ေထြးဦးမလားဆိုတာ စိတ္ဝင္စားစရာျဖစ္ၿပီး တကယ္လို႔မ်ား အာဆင္နယ္တို႔အေနနဲ႔ ေအာ္လန္ဒိုကစားသမားကို ေခၚယူမယ္ဆိုရင္ေတာ့ အသင္းပိုင္ရွင္ ခ႐ိုယန္ကီေတြပဲ ပိုင္ဆိုင္ထားတဲ့ ေကာ္လိုရာဒို ရက္ပစ္ဒ္အသင္းရဲ႕ ပိုင္ဆိုင္မႈအျဖစ္ ေခၚယူၿပီးမွ အငွားျပန္ခ်တာမ်ိဳးလည္း လုပ္ေဆာင္လာႏိုင္ပါတယ္။

ေမဂ်ာလိဂ္မွာပဲ အနည္းငယ္ နာမည္ထြက္ဖူးၿပီး ဥ႐ုေဂြးမွာလည္း ေလာက္ေလာက္လားလား လုပ္မျပႏိုင္ေသးတဲ့ ေတာရက္စ္ကို အဝယ္မွားမ်ိဳး ျဖစ္လာႏိုင္မယ့္ အႏၲရာယ္ကို ႀကိဳေတြးမယ္ဆိုရင္ေတာ့ MLS အသင္းခ်င္း အေျပာင္းအေ႐ႊ႕လုပ္ၿပီး အမ္းမရိတ္မွာ စမ္းသုံးဖို႔က ပိုျဖစ္လာႏိုင္သလို FFP အတြက္ အသုံးစရိတ္ကို ေလွ်ာ့ခ်ခြင့္လည္း ရွိႏိုင္ၿပီး ဂန္းနားေတြအေနနဲ႔ ေနာက္ထပ္ ေတာင္ပံသမားတစ္ေယာက္ကိုပါ ပိုမိုေခၚယူခြင့္ရသြားႏိုင္တာပါ။

အေျပာင္းေ႐ႊ႕အတြက္ လက္က်န္ရက္က ႏွစ္ပတ္ေအာက္ကို ေလ်ာ့နည္းစျပဳလာေနခဲ့ခ်ိန္မွာ အာဆင္နယ္တို႔အေနနဲ႔ လက္သြက္မွ ရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ရွားရွားပါးပါးနဲ႔ ခက္ခက္ခဲခဲ ၈ မွတ္ျဖတ္ထားႏိုင္တဲ့ ရေတာင့္ရခဲ အခြင့္အေရးေကာင္းကို ပိုင္ဆိုင္ထားခ်ိန္မွာ ခ်န္ပီယံဆုကို အရယူဖို႔ လူသစ္ေတြနဲ႔ အင္အားေတာင့္တင္းေစဖို႔ကေတာ့ မျဖစ္မေန ဦးစားေပးလုပ္ေဆာင္ရမယ့္ အခ်က္လည္းျဖစ္ေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.