ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ ချဲလ်ဆီးဟာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို ဘောလုံးလောကမှာ လစာအမြင့်မားဆုံးနည်းပြဖြစ်လာစေမယ့် ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ El Nacional က ဖော်ပြခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ့တားဟာ ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ရလဒ်တွေနဲ့ ရင်ဆိုင်နေရပြီး စတမ်းဖို့ဒ် ဘရစ်ချ်က နည်းပြရာထူးကလည်း ဖိအားတွေအောက်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ သတင်းတွေထွက်လာပြီးနောက် ဒီသတင်းထွက်လာခဲ့တာဖြစ်ပါတယ်။
ပြင်သစ်ဂန္တဝင်ကွင်းလယ်ကစားသမား ဇီဒန်းဟာ ၂၀၂၁ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် ဘုတ်အဖွဲ့နဲ့ အမြင်ကွဲလွဲမှုတွေ ကြီးထွားလာခဲ့ပြီးနောက် အသင်းကို စွန့်ခွာခဲ့သူဖြစ်ပြီး အဲဒီအချိန်ကတည်းက ထိပ်တန်းကလပ်အသင်းအများအပြားနဲ့ လက်ရွေးစင်အသင်းတွေရဲ့ ချဉ်းကပ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်နည်းပြ ဖြစ်လာချင်တဲ့ဆန္ဒရှိတာကြောင့် ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိ ပြင်သစ်နည်းပြ ဒေးရွှမ့်စ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ နှစ်ဆက်တိုက် ဗိုလ်လုပွဲတက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ဆက်လက် တာဝန်ထမ်းဆောင်သွားမယ့်ပုံ ပေါ်နေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်အသင်းကလည်း ဇီဒန်းကို ချဉ်းကပ်ခဲ့ပေမယ့်လည်း ပြင်သစ်လူမျိုးနည်းပြက ဘာကြောင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရခဲ့ရတာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းက ဇီဒန်းကို ကမ်းလှမ်းတဲ့သတင်းသာ အမှန်ဆိုရင် ပြင်သစ်လူမျိုးနည်းပြဟာ ကမ္ဘာ့အအောင်မြင်ဆုံးနဲ့ လေးစားအခံရဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်တာကြောင့် ကြီးမားတဲ့ ခေါ်ယူမှုကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။
ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက်တိုက် ရရှိအောင် ထူးထူးခြားခြား စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဘာနေဗျူးမှာ ရှိနေခဲ့တဲ့အချိန်အတွင်း လာလီဂါဖလားကိုလည်း ၂ ကြိမ်အထိ ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးျဖစ္တဲ့ ခ်ဲလ္ဆီးဟာ ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ဇီဒန္းကို ေဘာလုံးေလာကမွာ လစာအျမင့္မားဆုံးနည္းျပျဖစ္လာေစမယ့္ ကမ္းလွမ္းမႈ ျပဳလုပ္ထားတယ္လို႔ El Nacional က ေဖာ္ျပခဲ့ပါတယ္။
ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ ေပါ့တားဟာ ပရီးမီးယားလိဂ္မွာ ဆိုး႐ြားတဲ့ရလဒ္ေတြနဲ႔ ရင္ဆိုင္ေနရၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္က နည္းျပရာထူးကလည္း ဖိအားေတြေအာက္ကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔ သတင္းေတြထြက္လာၿပီးေနာက္ ဒီသတင္းထြက္လာခဲ့တာျဖစ္ပါတယ္။
ျပင္သစ္ဂႏၲဝင္ကြင္းလယ္ကစားသမား ဇီဒန္းဟာ ၂၀၂၁ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ ဘုတ္အဖြဲ႕နဲ႔ အျမင္ကြဲလြဲမႈေတြ ႀကီးထြားလာခဲ့ၿပီးေနာက္ အသင္းကို စြန႔္ခြာခဲ့သူျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက ထိပ္တန္းကလပ္အသင္းအမ်ားအျပားနဲ႔ လက္ေ႐ြးစင္အသင္းေတြရဲ႕ ခ်ဥ္းကပ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဇီဒန္းဟာ ျပင္သစ္လက္ေ႐ြးစင္နည္းျပ ျဖစ္လာခ်င္တဲ့ဆႏၵရွိတာေၾကာင့္ ကမ္းလွမ္းမႈေတြကို ျငင္းပယ္ခဲ့တာျဖစ္ေပမယ့္လည္း လက္ရွိ ျပင္သစ္နည္းျပ ေဒး႐ႊမ့္စ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၂ ႏွစ္ဆက္တိုက္ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ ဆက္လက္ တာဝန္ထမ္းေဆာင္သြားမယ့္ပုံ ေပၚေနတာ ျဖစ္ပါတယ္။
ဘရာဇီးလ္လက္ေ႐ြးစင္အသင္းကလည္း ဇီဒန္းကို ခ်ဥ္းကပ္ခဲ့ေပမယ့္လည္း ျပင္သစ္လူမ်ိဳးနည္းျပက ဘာေၾကာင့္ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့လဲဆိုတာ ရွင္းရွင္းလင္းလင္း မသိရခဲ့ရတာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းက ဇီဒန္းကို ကမ္းလွမ္းတဲ့သတင္းသာ အမွန္ဆိုရင္ ျပင္သစ္လူမ်ိဳးနည္းျပဟာ ကမာၻ႔အေအာင္ျမင္ဆုံးနဲ႔ ေလးစားအခံရဆုံးနည္းျပေတြထဲက တစ္ဦးျဖစ္တာေၾကာင့္ ႀကီးမားတဲ့ ေခၚယူမႈႀကီး ျဖစ္လာမွာ ျဖစ္ပါတယ္။
ဇီဒန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ခ်န္ပီယံလိဂ္ဖလား ၃ ႏွစ္ဆက္တိုက္ ရရွိေအာင္ ထူးထူးျခားျခား စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး ဘာေနဗ်ဴးမွာ ရွိေနခဲ့တဲ့အခ်ိန္အတြင္း လာလီဂါဖလားကိုလည္း ၂ ႀကိမ္အထိ ရယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.