Carabao & FA Match Report

မန်စီးတီးအရန်အသင်းတောင် မနိုင်မယ့်ခြေစွမ်းနဲ့ ကိုဗင်ထရီကို အသေအလဲကန်ပြီး ဗိုလ်လုပွဲတက်တဲ့ မန်ယူနိုက်တက်

တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ကိုဗင်ထရီ စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တန်ဟက်ရဲ့အသင်းက အရှက်ရစရာ ခြေစွမ်းနဲ့ ကိုဗင်ထရီကို ပင်နယ်တီ အဆုံးအဖြတ်အထိ ကစားခဲ့ပြီးမှ အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်းစတာနဲ့ မန်ချက်စတာယူနိုက်တက်ကပဲ တစ်ဖက်သတ် ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ၂၄ မိနစ်မှာ ဒါလော့တ်ရဲ့ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို မက်တော်မီနေးက ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ပထမပိုင်း ပြီးဆုံးခါနီး အချိန်ပို ၄၅+၁ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာရီ မက်ဂွိုင်းယားက ခေါင်းတိုက်ပြီး နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

ဒုတိယပိုင်း ၅၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် ဖာနန်ဒက်စ်က ရက်ရှ်ဖို့ဒ်ကို ပေးပို့ခဲ့ရာမှာ အင်္ဂလန်တိုက်စစ်မှူးက အတွင်းကို ချိုးဝင်ခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ပျက်သွားခဲ့ပြီး လမ်းကြောင်းပြောင်းပြီး ဖာနန်ဒက်စ်ရဲ့လမ်းကြောင်းထဲ ရောက်သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်က ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ သောမတ်စ်နဲ့ထိပြီး လမ်းကြောင်းပြောင်းပြီး ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ဦးဆောင်ဂိုး ၃ ဂိုးအထိ ရရှိခဲ့ပြီဖြစ်တာကြောင့် ကစားအားချလိုက်ချိန်မှာ ကိုဗင်ထရီက လူစားလဲလှယ်မှုတွေပြုလုပ်ပြီး တရစပ်ဖိအားပေးတိုက်စစ်ဆင်လာခဲ့ပါတယ်။

၇၁ မိနစ်မှာ အယ်လစ် ဆင်းမ်စ်က ဖေဘီယို တာဗာရက်စ်ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မြေမကျဘောကန်သွင်းပြီး ကိုဗင်ထရီအတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၈ မိနစ်အကြာမှာပဲ အယ်လစ် ဆင်းမ်စ်ပေးပို့ခဲ့တဲ့ ဘောလုံးကို ကယ်လမ် အိုဟဲက အတွင်းကို ချိုးဝင်ပြီး ကန်သွင်းခဲ့ရာမှာ ဘစ်ဆာကာနဲ့ ထိပြီး လည်ကာလည်ကာနဲ့ ဂိုးပိုက်ထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၀+၂ မိနစ်မှာ ဘင့်ခ်စ် ချိုးပေးလိုက်တဲ့ ဘောလုံးက ဘစ်ဆာကာရဲ့ လက်နဲ့ ထိသွားခဲ့တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီ ကန်ခွင့်ပေးခဲ့ရာမှာ ဟာဂျီ ရိုက်က ကိုဗင်ထရီတို့ အချိန်ပိုထိ ဆက်သွားနိုင်စေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အချိန်ပိုပထမပိုင်းမှာ နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ ဒုတိယပိုင်း ဆက်ကစားခဲ့ကြရာမှာ နောက်ဆုံးမိနစ် ၁၂၀+၁ မိနစ်မှာ ဟာဂျီ ရိုက်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ဗစ်တာ တော့ပ်က နောက်ကျအနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ကိုဗင်ထရီတို့ အံ့အားသင့်ဖွယ် ကမ်းဘက်နိုင်ပွဲ ရယူနိုင်ခဲ့ပြီထင်ခဲ့ပေမယ့်လည်း VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာ ကယ်လမ် အိုဟဲနဲ့ ဘန် ရှိဖ်တို့ လွဲချော်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်က ၄-၂ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တနဂၤေႏြေန႔ညက ကစားခဲ့တဲ့ ကိုဗင္ထရီ စီးတီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ တန္ဟက္ရဲ႕အသင္းက အရွက္ရစရာ ေျခစြမ္းနဲ႔ ကိုဗင္ထရီကို ပင္နယ္တီ အဆုံးအျဖတ္အထိ ကစားခဲ့ၿပီးမွ အႏိုင္ရရွိခဲ့ပါတယ္။

ပထမပိုင္းစတာနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကပဲ တစ္ဖက္သတ္ ဖိအားေပးတိုက္စစ္ဆင္ကစားႏိုင္ခဲ့ၿပီး ၂၄ မိနစ္မွာ ဒါေလာ့တ္ရဲ႕ ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို မက္ေတာ္မီေနးက ပိတ္သြင္းၿပီး ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ပထမပိုင္း ၿပီးဆုံးခါနီး အခ်ိန္ပို ၄၅+၁ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဟာရီ မက္ဂြိဳင္းယားက ေခါင္းတိုက္ၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ပါတယ္။

ဒုတိယပိုင္း ၅၈ မိနစ္မွာ တန္ျပန္တိုက္စစ္ကေနတဆင့္ ဖာနန္ဒက္စ္က ရက္ရွ္ဖို႔ဒ္ကို ေပးပို႔ခဲ့ရာမွာ အဂၤလန္တိုက္စစ္မႉးက အတြင္းကို ခ်ိဳးဝင္ခဲ့ရာမွာ ေဘာလုံးပိုင္ဆိုင္မႈ ပ်က္သြားခဲ့ၿပီး လမ္းေၾကာင္းေျပာင္းၿပီး ဖာနန္ဒက္စ္ရဲ႕လမ္းေၾကာင္းထဲ ေရာက္သြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္က ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ေသာမတ္စ္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းၿပီး ဂိုးေပါက္ထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္က ဦးေဆာင္ဂိုး ၃ ဂိုးအထိ ရရွိခဲ့ၿပီျဖစ္တာေၾကာင့္ ကစားအားခ်လိုက္ခ်ိန္မွာ ကိုဗင္ထရီက လူစားလဲလွယ္မႈေတြျပဳလုပ္ၿပီး တရစပ္ဖိအားေပးတိုက္စစ္ဆင္လာခဲ့ပါတယ္။

၇၁ မိနစ္မွာ အယ္လစ္ ဆင္းမ္စ္က ေဖဘီယို တာဗာရက္စ္ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေျမမက်ေဘာကန္သြင္းၿပီး ကိုဗင္ထရီအတြက္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။ ေနာက္ထပ္ ၈ မိနစ္အၾကာမွာပဲ အယ္လစ္ ဆင္းမ္စ္ေပးပို႔ခဲ့တဲ့ ေဘာလုံးကို ကယ္လမ္ အိုဟဲက အတြင္းကို ခ်ိဳးဝင္ၿပီး ကန္သြင္းခဲ့ရာမွာ ဘစ္ဆာကာနဲ႔ ထိၿပီး လည္ကာလည္ကာနဲ႔ ဂိုးပိုက္ထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၀+၂ မိနစ္မွာ ဘင့္ခ္စ္ ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးက ဘစ္ဆာကာရဲ႕ လက္နဲ႔ ထိသြားခဲ့တာေၾကာင့္ ဒိုင္လူႀကီးက ပင္နယ္တီ ကန္ခြင့္ေပးခဲ့ရာမွာ ဟာဂ်ီ ႐ိုက္က ကိုဗင္ထရီတို႔ အခ်ိန္ပိုထိ ဆက္သြားႏိုင္ေစမယ့္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အခ်ိန္ပိုပထမပိုင္းမွာ ႏွစ္ဖက္စလုံး ဂိုးမသြင္းႏိုင္ခဲ့ဘဲ ဒုတိယပိုင္း ဆက္ကစားခဲ့ၾကရာမွာ ေနာက္ဆုံးမိနစ္ ၁၂၀+၁ မိနစ္မွာ ဟာဂ်ီ ႐ိုက္ရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ ဗစ္တာ ေတာ့ပ္က ေနာက္က်အႏိုင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ကိုဗင္ထရီတို႔ အံ့အားသင့္ဖြယ္ ကမ္းဘက္ႏိုင္ပြဲ ရယူႏိုင္ခဲ့ၿပီထင္ခဲ့ေပမယ့္လည္း VAR က လူကြၽံေဘာအျဖစ္ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ပင္နယ္တီ အဆုံးအျဖတ္မွာ ကယ္လမ္ အိုဟဲနဲ႔ ဘန္ ရွိဖ္တို႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္က ၄-၂ နဲ႔ အႏိုင္ရၿပီး ဗိုလ္လုပြဲကို တက္လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.