Match Report Premier League

မနိုင်မဖြစ် Must Win ပွဲမှာ ပဲလေ့စ်ဆီက သုံးမှတ်ကို အသည်းအသန်ယူခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ချာလိုဘာ၊ ဘာဒီယာရှီးလ်နဲ့ ဟောလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဂါလာဂါ၊ မေဆန်မောင့်၊ ဇီးယက်ရှ်နဲ့ ချူကွယ်မီကာတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဟာဗတ်ဇ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ခရစ္စတယ်လ်ပဲလေ့စ်တို့ကတော့ ဂိုးသမာ ဂွိုင်တာ၊ ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီ၊ ကလိုင်းန်နဲ့ မစ်ချဲလ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ရှိတ်ခ် ဒူကူရေး၊ ရှလု(ပ်)နဲ့ အီဇီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အာယူး၊ ဇာဟာနဲ့ အိုလီဆေးတို့ကို ပွဲထုတ်လာခဲ့တာပါ။

ချဲလ်ဆီးတို့အနေနဲ့ ခံစစ်ပိုင်း စုဖွဲ့မှုသစ်ကို ပွဲထုတ်ခဲ့ချိန်မှာ ကွင်းလယ်က ဂျော်ဂျင်ညိုနဲ့ ဂါလာဂါတို့ကတော့ ခံစစ်ကို မကူညီနိုင်ခဲ့လို့ စောစောပိုင်းမှာ တင်ကစားနေတဲ့ ပဲလေ့စ်တို့ရဲ့ ရုန်းအားမှာ ကီပါတစ်ယောက် လူးလှိမ့်နေအောင် ကာကွယ်ခဲ့ရပြီး ဒလန်သဘောမျိုးဖြစ်တဲ့ အာယူးကြောင့် အချိတ်အဆက်တွေ ပျက်နေခဲ့လို့သာ အိမ်ရှင်တွေ သက်သာခဲ့ရတာဖြစ်ပါတယ်။

အာယူးကြောင့် တိုက်စစ်ပျက်ပြီး ကွင်းလယ်က ဒူကူရေး အဝါထိသွားခဲ့ချိန်မှာတော့ ပဲလေ့စ်တို့ Pressing က မရဲတရဲနဲ့ သွေးတိုးစမ်းသလောက်ပဲ ဖြစ်သွားခဲ့တာကြောင့် ကွင်းလယ်က ချူကွယ်မီကာနဲ့ ဇီးယက်ရှ်တို့ ပိုပြီးလွတ်လွတ်လပ်လပ် ကစားနိုင်ခဲ့ကြသလို ဗီယာရာရဲ့ ပလန်မှာ ညာနောက်ခံလူ ကလိုင်းန်ကတော့ အညံ့ဆုံးဖြစ်နေခဲ့ပြီး အန်ဒါဆန် နာသွားလို့ တွမ်ကင်းစ်နဲ့ပါ လဲခဲ့ရချိန်မှာတော့ ဟာဗတ်ဇ်တို့ အုပ်စု သောင်းကျန်းခဲ့ကြတာပါ။

နာကျင်အချိန်ပိုမှာတော့ ထောင့်ကန်ဘောကနေ အာယူး ခေါင်းတိုက်တာကို ကီပါ ပုတ်ထုတ်ခဲ့ရပြီး ဒီကနေ ကောင်တာဝင်ချိန်မှာ ဇီးယက်ရှ်ရဲ့ ကန်ချက်ကိုတော့ ဂွိုင်တာက အသည်းအသန် ကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာတော့ နှစ်သင်းစလုံး ဘဲဥမကွဲခဲ့ဘဲ ဂိုးမရှိသရေလဒ်သာ ထွက်ပေါ်နေခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အိမ်ရှင်တွေပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ကြသလို ပဲလေ့စ်တို့ကတော့ ဟုတ်မလိုလိုနဲ့ ကစားအားကျဆင်းလာခဲ့ပြီး ကွင်းလယ်အထိုင် ဂျော်ဂျင်ညိုနဲ့ ဂါလာဂါကတော့ အမှားတွေ ကျူးလွန်နေခဲ့တာကြောင့် ပွဲချိန် ၅၆ မိနစ်မှာ ဂါလာဂါ ရောင်းတာကနေ ဇာဟာက ခြိမ်းခြောက်ခဲ့ပေမယ့် လက်စွမ်းပြနေတဲ့ ကီပါက ပုတ်ထုတ်သွားနိုင်ခဲ့လို့သာ ချဲလ်ဆီးတို့ ဂိုးမပေးခဲ့ရဘဲ ပွဲချိန် ၆၃ မိနစ်မှာတော့ ချူကွယ်မီကာအစား အူဘာမီယန်း ဝင်ကစားလာခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကနေ ဂါလာဂါက အတိုပေးခဲ့ရာမှာ ဘောလုံးရသွားတဲ့ ဇီးယက်ရှ်က ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တာကို ရှလု(ပ်) မဖျက်နိုင်ခဲ့တာကြောင့် ဟာဗတ်ဇ်က နောက်ကနေ အပိုင်ခေါင်းတိုက်သွင်းပြီး ဂိုးသမား ဂွိုင်တာကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရတာကြောင့် ပဲလေ့စ်နည်းပြ ဗီယာရာအနေနဲ့ မရှိမဲ့ရှိမဲ့ အရန်ခုံကို သုံးပြီး တိုက်စစ်မြှင့်ဖို့ ကြိုးစားလာခဲ့ပြီး သုံးစားမရတဲ့ အာယူး၊ မောနေတဲ့ ရှလု(ပ်)နဲ့ ခြေစွမ်းမပြနိုင်တဲ့ အီဇီတို့အစား မာတက်တာ၊ ဝေလ် ဟယူးချ်နဲ့ အေဒူယာတို့ကို ထည့်သွင်းသွားခဲ့ပေမယ့် ကွင်းလယ်မှာတော့ ဘောလုံးကိုင်ပြီး ဖြန့်ပေးနိုင်မယ့် ကစားသမားမျိုး မရှိတာကြောင့် ကန်တင်ပြေးပဲ ကစားနေခဲ့ရတာပါ။

ချဲလ်ဆီးတို့ကတော့ လက်ကျန်ပွဲချိန်တွေမှာ တောင့်ခံဖို့ ဟောလ်စား ကူလီဘေလီကို ထည့်သွင်းသွားခဲ့ပေမယ့် ကွင်းလယ်အဖျက်ပိုင်းကတော့ တောင့်တင်းခြင်းမရှိတာကြောင့် ပဲလေ့စ်တို့ရဲ့ ဧရိယာထိပ်က ကန်ချက်အတော်များများကို ခွင့်ပြုနေခဲ့ရပြီး ပွဲချိန် ၈၆ မိနစ်မှာ ဒူကူရေးရဲ့ ကန်ချက်ကို ကီပါပဲ ပုတ်ထုတ်ခဲ့ရပြီး စပိန်သားရဲ့ ဒီနေ့လက်စွမ်းကတော့ Man of the Match နဲ့ပါ ထိုက်တန်ခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာ ပဲလေ့စ်တို့ ဖိတိုက်ခဲ့ပေမယ့် နည်းစနစ်ပိုင်းနဲ့ အကွက်မြင်မှုမှာ တော်တော်လေး ချူချာတဲ့ အေဒူယာကြောင့် အလဟဿဖြစ်ခဲ့ရသလို ချဲလ်ဆီးဗဟိုခံစစ်မှူးတွေကလည်း ဧရိယာထဲမှာ အမှားအယွင်းမရှိ ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့တာကြောင့် ထောင့်ကန်ဘောတချို့ ပေးခဲ့ရတာကလွဲရင် အေးအေးဆေးဆေးဖြစ်ခဲ့ပြီး နာကျင်အချိန်ပို ၇ မိနစ်အပြီးမှာတော့ နိုင်ပွဲရှာဖွေသွားနိုင်ခဲ့တာပါ။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ခရစ္စတယ်လ်ပဲလေ့စ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ချဲလ်ဆီးတို့အနေနဲ့ ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်မှုကို ရပ်တန့်ပြီး သုံးမှတ်ပြန်လည်ရှာဖွေနိုင်ခဲ့လို့ နောက်ပွဲမှာ ရင်ဆိုင်ရမယ့် အဆင့် ၉ က လီဗာပူးလ်တို့နဲ့ အမှတ်တူညီသွားခဲ့ပြီး အဆင့် ၁၀ မှာ ဆက်လက်ရပ်တည်နေခဲ့သလို လူသစ်တွေနဲ့ အားအင်သစ်တချို့ကိုတော့ ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါ၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ခ်ာလိုဘာ၊ ဘာဒီယာရွီးလ္နဲ႔ ေဟာလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ဂါလာဂါ၊ ေမဆန္ေမာင့္၊ ဇီးယက္ရွ္နဲ႔ ခ်ဴကြယ္မီကာတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဟာဗတ္ဇ္တစ္ဦးတည္းကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ခရစၥတယ္လ္ပဲေလ့စ္တို႔ကေတာ့ ဂိုးသမာ ဂြိဳင္တာ၊ ခံစစ္မွာ အန္ဒါဆန္၊ ေဂးဟီ၊ ကလိုင္းန္နဲ႔ မစ္ခ်ဲလ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရွိတ္ခ္ ဒူကူေရး၊ ရွလု(ပ္)နဲ႔ အီဇီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အာယူး၊ ဇာဟာနဲ႔ အိုလီေဆးတို႔ကို ပြဲထုတ္လာခဲ့တာပါ။

ခ်ဲလ္ဆီးတို႔အေနနဲ႔ ခံစစ္ပိုင္း စုဖြဲ႕မႈသစ္ကို ပြဲထုတ္ခဲ့ခ်ိန္မွာ ကြင္းလယ္က ေဂ်ာ္ဂ်င္ညိဳနဲ႔ ဂါလာဂါတို႔ကေတာ့ ခံစစ္ကို မကူညီႏိုင္ခဲ့လို႔ ေစာေစာပိုင္းမွာ တင္ကစားေနတဲ့ ပဲေလ့စ္တို႔ရဲ႕ ႐ုန္းအားမွာ ကီပါတစ္ေယာက္ လူးလွိမ့္ေနေအာင္ ကာကြယ္ခဲ့ရၿပီး ဒလန္သေဘာမ်ိဳးျဖစ္တဲ့ အာယူးေၾကာင့္ အခ်ိတ္အဆက္ေတြ ပ်က္ေနခဲ့လို႔သာ အိမ္ရွင္ေတြ သက္သာခဲ့ရတာျဖစ္ပါတယ္။

အာယူးေၾကာင့္ တိုက္စစ္ပ်က္ၿပီး ကြင္းလယ္က ဒူကူေရး အဝါထိသြားခဲ့ခ်ိန္မွာေတာ့ ပဲေလ့စ္တို႔ Pressing က မရဲတရဲနဲ႔ ေသြးတိုးစမ္းသေလာက္ပဲ ျဖစ္သြားခဲ့တာေၾကာင့္ ကြင္းလယ္က ခ်ဴကြယ္မီကာနဲ႔ ဇီးယက္ရွ္တို႔ ပိုၿပီးလြတ္လြတ္လပ္လပ္ ကစားႏိုင္ခဲ့ၾကသလို ဗီယာရာရဲ႕ ပလန္မွာ ညာေနာက္ခံလူ ကလိုင္းန္ကေတာ့ အညံ့ဆုံးျဖစ္ေနခဲ့ၿပီး အန္ဒါဆန္ နာသြားလို႔ တြမ္ကင္းစ္နဲ႔ပါ လဲခဲ့ရခ်ိန္မွာေတာ့ ဟာဗတ္ဇ္တို႔ အုပ္စု ေသာင္းက်န္းခဲ့ၾကတာပါ။

နာက်င္အခ်ိန္ပိုမွာေတာ့ ေထာင့္ကန္ေဘာကေန အာယူး ေခါင္းတိုက္တာကို ကီပါ ပုတ္ထုတ္ခဲ့ရၿပီး ဒီကေန ေကာင္တာဝင္ခ်ိန္မွာ ဇီးယက္ရွ္ရဲ႕ ကန္ခ်က္ကိုေတာ့ ဂြိဳင္တာက အသည္းအသန္ ကာကြယ္ႏိုင္ခဲ့လို႔ ပထမပိုင္းအၿပီးမွာေတာ့ ႏွစ္သင္းစလုံး ဘဲဥမကြဲခဲ့ဘဲ ဂိုးမရွိသေရလဒ္သာ ထြက္ေပၚေနခဲ့ၾကတာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ အိမ္ရွင္ေတြပဲ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားႏိုင္ခဲ့ၾကသလို ပဲေလ့စ္တို႔ကေတာ့ ဟုတ္မလိုလိုနဲ႔ ကစားအားက်ဆင္းလာခဲ့ၿပီး ကြင္းလယ္အထိုင္ ေဂ်ာ္ဂ်င္ညိဳနဲ႔ ဂါလာဂါကေတာ့ အမွားေတြ က်ဴးလြန္ေနခဲ့တာေၾကာင့္ ပြဲခ်ိန္ ၅၆ မိနစ္မွာ ဂါလာဂါ ေရာင္းတာကေန ဇာဟာက ၿခိမ္းေျခာက္ခဲ့ေပမယ့္ လက္စြမ္းျပေနတဲ့ ကီပါက ပုတ္ထုတ္သြားႏိုင္ခဲ့လို႔သာ ခ်ဲလ္ဆီးတို႔ ဂိုးမေပးခဲ့ရဘဲ ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ခ်ဴကြယ္မီကာအစား အူဘာမီယန္း ဝင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဒီပြဲရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကေန ဂါလာဂါက အတိုေပးခဲ့ရာမွာ ေဘာလုံးရသြားတဲ့ ဇီးယက္ရွ္က ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့တာကို ရွလု(ပ္) မဖ်က္ႏိုင္ခဲ့တာေၾကာင့္ ဟာဗတ္ဇ္က ေနာက္ကေန အပိုင္ေခါင္းတိုက္သြင္းၿပီး ဂိုးသမား ဂြိဳင္တာကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရတာေၾကာင့္ ပဲေလ့စ္နည္းျပ ဗီယာရာအေနနဲ႔ မရွိမဲ့ရွိမဲ့ အရန္ခုံကို သုံးၿပီး တိုက္စစ္ျမႇင့္ဖို႔ ႀကိဳးစားလာခဲ့ၿပီး သုံးစားမရတဲ့ အာယူး၊ ေမာေနတဲ့ ရွလု(ပ္)နဲ႔ ေျခစြမ္းမျပႏိုင္တဲ့ အီဇီတို႔အစား မာတက္တာ၊ ေဝလ္ ဟယူးခ်္နဲ႔ ေအဒူယာတို႔ကို ထည့္သြင္းသြားခဲ့ေပမယ့္ ကြင္းလယ္မွာေတာ့ ေဘာလုံးကိုင္ၿပီး ျဖန႔္ေပးႏိုင္မယ့္ ကစားသမားမ်ိဳး မရွိတာေၾကာင့္ ကန္တင္ေျပးပဲ ကစားေနခဲ့ရတာပါ။

ခ်ဲလ္ဆီးတို႔ကေတာ့ လက္က်န္ပြဲခ်ိန္ေတြမွာ ေတာင့္ခံဖို႔ ေဟာလ္စား ကူလီေဘလီကို ထည့္သြင္းသြားခဲ့ေပမယ့္ ကြင္းလယ္အဖ်က္ပိုင္းကေတာ့ ေတာင့္တင္းျခင္းမရွိတာေၾကာင့္ ပဲေလ့စ္တို႔ရဲ႕ ဧရိယာထိပ္က ကန္ခ်က္အေတာ္မ်ားမ်ားကို ခြင့္ျပဳေနခဲ့ရၿပီး ပြဲခ်ိန္ ၈၆ မိနစ္မွာ ဒူကူေရးရဲ႕ ကန္ခ်က္ကို ကီပါပဲ ပုတ္ထုတ္ခဲ့ရၿပီး စပိန္သားရဲ႕ ဒီေန႔လက္စြမ္းကေတာ့ Man of the Match နဲ႔ပါ ထိုက္တန္ခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးခါနီးမွာ ပဲေလ့စ္တို႔ ဖိတိုက္ခဲ့ေပမယ့္ နည္းစနစ္ပိုင္းနဲ႔ အကြက္ျမင္မႈမွာ ေတာ္ေတာ္ေလး ခ်ဴခ်ာတဲ့ ေအဒူယာေၾကာင့္ အလဟႆျဖစ္ခဲ့ရသလို ခ်ဲလ္ဆီးဗဟိုခံစစ္မႉးေတြကလည္း ဧရိယာထဲမွာ အမွားအယြင္းမရွိ ပိတ္ဆို႔ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ေထာင့္ကန္ေဘာတခ်ိဳ႕ ေပးခဲ့ရတာကလြဲရင္ ေအးေအးေဆးေဆးျဖစ္ခဲ့ၿပီး နာက်င္အခ်ိန္ပို ၇ မိနစ္အၿပီးမွာေတာ့ ႏိုင္ပြဲရွာေဖြသြားႏိုင္ခဲ့တာပါ။

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခရစၥတယ္လ္ပဲေလ့စ္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ သုံးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္မႈကို ရပ္တန႔္ၿပီး သုံးမွတ္ျပန္လည္ရွာေဖြႏိုင္ခဲ့လို႔ ေနာက္ပြဲမွာ ရင္ဆိုင္ရမယ့္ အဆင့္ ၉ က လီဗာပူးလ္တို႔နဲ႔ အမွတ္တူညီသြားခဲ့ၿပီး အဆင့္ ၁၀ မွာ ဆက္လက္ရပ္တည္ေနခဲ့သလို လူသစ္ေတြနဲ႔ အားအင္သစ္တခ်ိဳ႕ကိုေတာ့ ပိုင္ဆိုင္ႏိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.