Match Report Premier League

ဘုန်းမောက်ကို အနိုင်ယူပြီး လီဗာပူးလ်ကို အဆင့်ချပေးလိုက်တဲ့ ဘရန့်ဖို့ဒ်

ဘရန့်ဖို့ဒ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်မီး၊ ပင်းနော့ခ်၊ အာယေးနဲ့ ယန်နဲ့လ်တို့ကို ပွဲထုတ်ခဲ့ပြီး ရိုအာဆလက်ဗ်နဲ့ ရီကို ဟင်နရီတို့ကို အနားပေးခဲ့သလို ကွင်းလယ်မှာတော့ ယန်ဆင်၊ နော်ဂါ့ဒ်နဲ့ ဒါဆေးလ်ဗားကို ကစားခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဝစ်ဆာ၊ အမ်ဘူးမိုနဲ့ တိုနီတို့ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘုန်းမောက်အသင်းကတော့ ဂိုးသမား နီတို၊ ခံစစ်မှာ မက်ဖမ်၊ ဆီနက်ဆီ၊ စတေဆီနဲ့ ကယ်လီတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ လာမာ၊ လူးဝစ္စ ကွတ်ခ်၊ ခရစ္စတီးနဲ့ အန်ထော်နီတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဘီလင်းနဲ့ ကီဖာမိုးရ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ဘရန့်ဖို့ဒ်တို့အနေနဲ့ တစ်ဖက်က အသင်းကြီးမဟုတ်လို့ 4 Back ပဲ ကစားခဲ့ချိန်မှာ ရိုအာဆလက်ဗ်နဲ့ ဟင်နရီတို့ မပါဝင်နိုင်မှုက တောင်ပံတွေမှာ အနည်းငယ်တိုင်ပတ်စေခဲ့ပေမယ့် လှေကြီးထိုး ရိုးလွန်းတဲ့ ဘုန်းမောက်ရဲ့ အဝေးဘောနဲ့ အမြင့်ဘောတွေချည်း ကစားနေတဲ့ တိုက်စစ်ကိုတော့ အလွယ်နဲ့ပဲ ကိုင်တွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။


ပွဲချိန် ၃၉ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ကွင်းလယ်ကနေ ကန်တင်လိုက်တဲ့ ဘောလုံးကို လိုက်လံရယူတဲ့ တိုနီကို ဧရိယာထဲမှာ မိုက်မိုက်မဲမဲ ဆွဲလှဲခဲ့တဲ့ ဘုန်းမောက်နောက်ခံလူ ဆီနက်ဆီကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို တိုနီကပဲ ညာဘက်ကို ဒိုက်ပစ်တဲ့ ဂိုးသမား နီတိုရဲ့ အပေါ်ထောင့်ကို ကန်သွင်းရယူနိုင်ခဲ့တာပါ။

ဘုန်းမောက်နည်းပြ ဂယ်ရီ အိုနီးလ်ကတော့ ပရီးမီးယားလိဂ်ရဲ့ ကလင်ဒါကျတွေအတိုင်းပဲ လက်ထောက်နည်းပြကနေ ယာယီနည်းပြတက်ဖြစ်၊ ပြီးရင် ရလဒ်တွေ ကောင်းပြီး အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရ၊ နောက်တစ်ဆင့်မှာ ရလဒ်တွေ ဆက်တိုက်ဆိုးပြီး အထုတ်ခံရတဲ့ ကလင်ဒါကျအတိုင်းပဲ ဆက်သွားဖို့ မြင်နေပြီး ချယ်ရီသီးတွေအနေနဲ့ ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ် ၄ ပွဲအပါအဝင် နောက်ဆုံး ၆ ပွဲဆက် ရှုံးထားခဲ့တာလည်းဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာ ဧရိယာထိပ်ကနေ အလွတ်ကန်ခွင့်ရတဲ့ ဘီလင်းရဲ့ ကန်ချက်ပြင်းပြင်းကို ဂိုးသမား ရာယာ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဘရန့်ဖို့ဒ်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ အိမ်ရှင်တွေ ခြိမ်းခြောက်လာခဲ့ကြပေမယ့် ကစားကွက်ပုံဖော်မှုနဲ့ အဆုံးသတ်ပိုင်းမှာတော့ အားနည်းနေခဲ့သလို ဘရာဇီးလ်သား နီတိုကလည်း ထရေဗာစ်ထက် ပိုမိုတည်ငြိမ်မှုနဲ့ ကာကွယ်နိုင်ခဲ့တာပါ။

ပွဲချိန် ၇၅ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ ဒုတိယ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းတောက်လျှောက် ဆွဲပြေးပြီး ဖြတ်တင်ပေးခဲ့တဲ့ ဒါဆေးလ်ဗားရဲ့ ပေးပို့မှုကို ဘုန်းမောက်နောက်ခံလူတွေ မဖျက်နိုင်ဘဲ လွတ်ထွက်လာခဲ့ချိန်မှာ အလိုက်သင့် နေရာယူထားခဲ့တဲ့ ယန်ဆင်က ဧရိယာထဲကနေ အပိုင်ကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘရန့်ဖို့ဒ်တို့ဘက်က ဝစ်ဆာ၊ အာယေး၊ တိုနီ၊ ဒါဆေးလ်ဗားနဲ့ အမ်ဘူးမိုတို့အစား ရိုအာဆလက်ဗ်၊ ဇန်ကာ၊ စခါဒါ၊ ဒမ်းစ်ဂါ့ဒ်နဲ့ လူးဝစ္စ-ပေါ့တာတို့ကို လူစားထည့်သွင်းသွားခဲ့ကြသလို ဘုန်းမောက်တို့ကတော့ အရန်ခုံကနေ လောက်လောက်လားလား ထည့်သွင်းစရာ ကစားသမားမျိုး ပါမလာတဲ့အတွက် လက်လျှော့သွားခဲ့ရပြီး အရှုံးတစ်ပွဲပဲ ထပ်တိုးလာခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဘရန့်ဖို့ဒ်တို့က ဘုန်းမောက်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ကြပြီး ဒီပွဲရလဒ်ကြောင့် ၁၉ ပွဲမှာ ၂၉ မှတ် စုဆောင်းမိခဲ့တဲ့ အိမ်ရှင် ပျားတွေအနေနဲ့ လီဗာပူးလ်အသင်းကိုပါ ကျော်တက်ပြီး သူတို့ရဲ့ အဆင့် ၈ ကို လွှဲပြောင်းရယူသွားခဲ့သလို ဘုန်းမောက်တို့ကတော့ ၁၉ ပွဲမှာ ရမှတ် ၁၆ မှတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့် ၁၇ မှာ ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရန႔္ဖို႔ဒ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္မီး၊ ပင္းေနာ့ခ္၊ အာေယးနဲ႔ ယန္နဲ႔လ္တို႔ကို ပြဲထုတ္ခဲ့ၿပီး ႐ိုအာဆလက္ဗ္နဲ႔ ရီကို ဟင္နရီတို႔ကို အနားေပးခဲ့သလို ကြင္းလယ္မွာေတာ့ ယန္ဆင္၊ ေနာ္ဂါ့ဒ္နဲ႔ ဒါေဆးလ္ဗားကို ကစားခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဝစ္ဆာ၊ အမ္ဘူးမိုနဲ႔ တိုနီတို႔ကို အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဘုန္းေမာက္အသင္းကေတာ့ ဂိုးသမား နီတို၊ ခံစစ္မွာ မက္ဖမ္၊ ဆီနက္ဆီ၊ စေတဆီနဲ႔ ကယ္လီတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ လာမာ၊ လူးဝစၥ ကြတ္ခ္၊ ခရစၥတီးနဲ႔ အန္ေထာ္နီတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘီလင္းနဲ႔ ကီဖာမိုးရ္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ တစ္ဖက္က အသင္းႀကီးမဟုတ္လို႔ 4 Back ပဲ ကစားခဲ့ခ်ိန္မွာ ႐ိုအာဆလက္ဗ္နဲ႔ ဟင္နရီတို႔ မပါဝင္ႏိုင္မႈက ေတာင္ပံေတြမွာ အနည္းငယ္တိုင္ပတ္ေစခဲ့ေပမယ့္ ေလွႀကီးထိုး ႐ိုးလြန္းတဲ့ ဘုန္းေမာက္ရဲ႕ အေဝးေဘာနဲ႔ အျမင့္ေဘာေတြခ်ည္း ကစားေနတဲ့ တိုက္စစ္ကိုေတာ့ အလြယ္နဲ႔ပဲ ကိုင္တြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။


ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ကြင္းလယ္ကေန ကန္တင္လိုက္တဲ့ ေဘာလုံးကို လိုက္လံရယူတဲ့ တိုနီကို ဧရိယာထဲမွာ မိုက္မိုက္မဲမဲ ဆြဲလွဲခဲ့တဲ့ ဘုန္းေမာက္ေနာက္ခံလူ ဆီနက္ဆီေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို တိုနီကပဲ ညာဘက္ကို ဒိုက္ပစ္တဲ့ ဂိုးသမား နီတိုရဲ႕ အေပၚေထာင့္ကို ကန္သြင္းရယူႏိုင္ခဲ့တာပါ။

ဘုန္းေမာက္နည္းျပ ဂယ္ရီ အိုနီးလ္ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ ကလင္ဒါက်ေတြအတိုင္းပဲ လက္ေထာက္နည္းျပကေန ယာယီနည္းျပတက္ျဖစ္၊ ၿပီးရင္ ရလဒ္ေတြ ေကာင္းၿပီး အၿမဲတမ္းနည္းျပအျဖစ္ ခန႔္အပ္ခံရ၊ ေနာက္တစ္ဆင့္မွာ ရလဒ္ေတြ ဆက္တိုက္ဆိုးၿပီး အထုတ္ခံရတဲ့ ကလင္ဒါက်အတိုင္းပဲ ဆက္သြားဖို႔ ျမင္ေနၿပီး ခ်ယ္ရီသီးေတြအေနနဲ႔ ဒီပြဲမတိုင္ခင္ ပရီးမီးယားလိဂ္ ၄ ပြဲအပါအဝင္ ေနာက္ဆုံး ၆ ပြဲဆက္ ရႈံးထားခဲ့တာလည္းျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာ ဧရိယာထိပ္ကေန အလြတ္ကန္ခြင့္ရတဲ့ ဘီလင္းရဲ႕ ကန္ခ်က္ျပင္းျပင္းကို ဂိုးသမား ရာယာ ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဘရန႔္ဖို႔ဒ္တို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ အိမ္ရွင္ေတြ ၿခိမ္းေျခာက္လာခဲ့ၾကေပမယ့္ ကစားကြက္ပုံေဖာ္မႈနဲ႔ အဆုံးသတ္ပိုင္းမွာေတာ့ အားနည္းေနခဲ့သလို ဘရာဇီးလ္သား နီတိုကလည္း ထေရဗာစ္ထက္ ပိုမိုတည္ၿငိမ္မႈနဲ႔ ကာကြယ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ ဒုတိယ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းေတာက္ေလွ်ာက္ ဆြဲေျပးၿပီး ျဖတ္တင္ေပးခဲ့တဲ့ ဒါေဆးလ္ဗားရဲ႕ ေပးပို႔မႈကို ဘုန္းေမာက္ေနာက္ခံလူေတြ မဖ်က္ႏိုင္ဘဲ လြတ္ထြက္လာခဲ့ခ်ိန္မွာ အလိုက္သင့္ ေနရာယူထားခဲ့တဲ့ ယန္ဆင္က ဧရိယာထဲကေန အပိုင္ကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ဘက္က ဝစ္ဆာ၊ အာေယး၊ တိုနီ၊ ဒါေဆးလ္ဗားနဲ႔ အမ္ဘူးမိုတို႔အစား ႐ိုအာဆလက္ဗ္၊ ဇန္ကာ၊ စခါဒါ၊ ဒမ္းစ္ဂါ့ဒ္နဲ႔ လူးဝစၥ-ေပါ့တာတို႔ကို လူစားထည့္သြင္းသြားခဲ့ၾကသလို ဘုန္းေမာက္တို႔ကေတာ့ အရန္ခုံကေန ေလာက္ေလာက္လားလား ထည့္သြင္းစရာ ကစားသမားမ်ိဳး ပါမလာတဲ့အတြက္ လက္ေလွ်ာ့သြားခဲ့ရၿပီး အရႈံးတစ္ပြဲပဲ ထပ္တိုးလာခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔က ဘုန္းေမာက္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံသြားႏိုင္ခဲ့ၾကၿပီး ဒီပြဲရလဒ္ေၾကာင့္ ၁၉ ပြဲမွာ ၂၉ မွတ္ စုေဆာင္းမိခဲ့တဲ့ အိမ္ရွင္ ပ်ားေတြအေနနဲ႔ လီဗာပူးလ္အသင္းကိုပါ ေက်ာ္တက္ၿပီး သူတို႔ရဲ႕ အဆင့္ ၈ ကို လႊဲေျပာင္းရယူသြားခဲ့သလို ဘုန္းေမာက္တို႔ကေတာ့ ၁၉ ပြဲမွာ ရမွတ္ ၁၆ မွတ္နဲ႔ တန္းဆင္းဇုန္အထက္ အဆင့္ ၁၇ မွာ ရပ္တည္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.