အာဆင်နယ်အသင်းနဲ့ တစ်ချိန်လုံး ရေပန်းစားနေခဲ့တဲ့ ယူကရိန်း တောင်ပံကစားသမား မိုက်ခေလို မူဒရစ်ခ်ကို ချဲလ်ဆီးအသင်းက နောက်ဆုံး အချိန်မှာ ဖြတ်ဆွဲသွားတာကို ကြည့်ချင်းအားဖြင့် ရှက်ခ်တာဒိုးနက်စ်ခ်နဲ့အတူ နောက်ကွယ်က လူတွေကြားမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို Talk Sport စီစဉ်တင်ဆက်သူ ဂါဘရီယယ်လ် အဘွန်လဟော်က ထုတ်ဖော်သွားခဲ့ပါတယ်။
အက်စ်တန်ဗီလာတိုက်စစ်မှူးဟောင်းအနေနဲ့ မူဒရစ်ခ်ကိစ္စမှာ နောက်ကွယ်က ဘယ်လို ကြိတ်ပုန်းခုတ်ပြီး အကွက်ရွှေ့သွားခဲ့လို့ အာဆင်နယ်တို့ ခံလိုက်ရတာလဲဆိုတာကို အောက်ဖဲလှန်ပြသွားခဲ့ပြီး တော့ဒ်ဘိုလီတို့ အမေရိကန် ပိုင်ရှင်တွေရဲ့ ငွေကို ရေလို သုံးမှုနဲ့ အားလုံးကို မှော်ကြိမ်လုံး ဝင့်လိုက်သလို စိတ်ပြောင်းသွားစေခဲ့တယ်လို့ ဆိုခဲ့တာပါ။
စနေနေ့ နေ့လယ်ခင်းအထိ အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားကို အမ်းမရိတ်ဆီ ခေါ်ယူစာချုပ်နိုင်ဖို့ အာဆင်နယ်တို့အနေနဲ့ ယုံကြည်မှု မြင့်မားနေခဲ့တာဖြစ်ပြီး ၅ နှစ်စာချုပ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီထားခဲ့သေးတာကြောင့်လည်း ဂန်းနားဖန်တွေအနေနဲ့ ခြင်းထဲက ကြက်လို့ ထင်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးတို့အနေနဲ့ ရှက်ခ်တာကို ပေါင်သန်း ၉၀ (ယူရိုသန်း ၁၁၀) ပစ်ပေးလိုက်တာက သိပ်ပြီး ထူးဆန်းတဲ့ အချက်မဟုတ်သလို အားလုံးရဲ့ မျက်စိအောက်မှာ မြင်တွေ့နေခဲ့ရတဲ့ ကိစ္စလည်းဖြစ်ပေမယ့် နောက်ကွယ်မှာတော့ ဘယ်လိုကြံစည်ခဲ့ကြသလဲဆိုတာကို အဘွန်လဟော်က ရိုးရိုးလေးပဲ ချပြခဲ့တာပါ။
“ဒီအပြောင်းအရွှေ့က အာဆင်နယ်ကို ချဲလ်ဆီးက အနိုင်ကျင့်လိုက်တာပဲဗျ။ ငွေရေးကြေးရေးအရ အနိုင်ကျင့်လိုက်တယ်လို့ ဆိုရမှာပေါ့”လို့ အဘွန်လဟော်က Talk Sport ဝက်ဘ်ဆိုက်ကနေ ပြောကြားလိုက်ပြီး တော့ဒ် ဘိုလီအနေနဲ့ ချက်လက်မှတ်စာအုပ်အလွတ်ကို ကိုင်ပြီး ထင်ရာစိုင်းနေတာ ဖြစ်တယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။
အာဆင်နယ်ကို ပြောင်းချင်တယ်လို့ တဖွဖွပြောနေခဲ့သလို အင်စတာဂရမ်မှာ ပို့စ်တွေတင်၊ အတိတ်စိမ်းတွေ ပေးနေခဲ့တဲ့ မူဒရစ်ခ်တစ်ယောက် တခြားအသင်းဆီ ရောက်အောင်နဲ့ ဘယ်လိုမျိုး စိတ်ပြောင်းအောင် သိမ်းသွင်းသွားသလဲဆိုတာကတော့ အေးဂျင့်နဲ့ ပေါင်းစားလိုက်တာလို့လည်း ဗီလာတိုက်စစ်မှူးဟောင်းက ဆိုသွားခဲ့တာပါ။
“ဖြစ်ဖို့များတာကတော့ဗျာ… ကစားသမားရဲ့ အေးဂျင့်ကို လက်ဝါးရိုက်ပြီး အေးဂျင့်ခ ပိုပေးမယ်။ ရှက်ခ်တာကို ဈေးပိုပေးမယ်။ သူ့ရဲ့ လုပ်ခ လစာကိုလည်း ပိုပေးမယ်ဆိုပြီး ကမ်းလှမ်းလိုက်တာပေါ့”လို့ ရက်ပိုင်းအတွင်းမှာ လန်ဒန်ကို လာရောက်ပြီး ဆေးစစ်ခံတော့မယ့် ကစားသမားကိုလည်း ထိုးနှက်ပေးလိုက်ပါတယ်။
“အာဆင်နယ်က သူ့ကို ထားပါတော့ဗျာ… တစ်ပတ်ကို ပေါင်တစ်သိန်းကနေ တစ်သိန်းခွဲ ပေးမယ်ဆိုပြီး ညှိထားတယ်ပေါ့။ ဒါပေမယ့် အေးဂျင့်နဲ့ ပေါင်းပြီး နှစ်သိန်းခွဲ၊ သုံးသိန်း ပေးမယ်ဆိုပြီး လုပ်သွားတာပေါ့။ ပိုက်ဆံအိတ်ကို ဖွင့်ပြပြီး မင်းဘာလိုချင်လဲ မေးသွားတာပဲလေ”လို့လည်း ချက်ချင်းကြီး စိတ်ပြောင်းသွားတဲ့ ကိစ္စကို အောက်ဖဲလှန်သွားခဲ့တာပါ။
အဘွန်လဟော်က ဒီကိစ္စက ဂန်းနားပရိသတ်တွေအတွက်တော့ စိတ်နာဖို့ ကောင်းတဲ့ ကိစ္စလည်းဖြစ်တယ်လို့ ဆေးထိုးသွားခဲ့ပြီး ကစားသမားကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ကိစ္စမှာ အာဆင်နယ်ဘက်ကရော ချဲလ်ဆီးဘက်ကပါ ငွေကြေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချသူတွေတိုင်းမှာ တာဝန်ရှိတဲ့ သဘောလည်း ပြောသွားခဲ့ကြောင်း သိရှိရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အာဆင္နယ္အသင္းနဲ႔ တစ္ခ်ိန္လုံး ေရပန္းစားေနခဲ့တဲ့ ယူကရိန္း ေတာင္ပံကစားသမား မိုက္ေခလို မူဒရစ္ခ္ကို ခ်ဲလ္ဆီးအသင္းက ေနာက္ဆုံး အခ်ိန္မွာ ျဖတ္ဆြဲသြားတာကို ၾကည့္ခ်င္းအားျဖင့္ ရွက္ခ္တာဒိုးနက္စ္ခ္နဲ႔အတူ ေနာက္ကြယ္က လူေတြၾကားမွာ ဘာေတြျဖစ္ခဲ့သလဲဆိုတာကို Talk Sport စီစဥ္တင္ဆက္သူ ဂါဘရီယယ္လ္ အဘြန္လေဟာ္က ထုတ္ေဖာ္သြားခဲ့ပါတယ္။
အက္စ္တန္ဗီလာတိုက္စစ္မႉးေဟာင္းအေနနဲ႔ မူဒရစ္ခ္ကိစၥမွာ ေနာက္ကြယ္က ဘယ္လို ႀကိတ္ပုန္းခုတ္ၿပီး အကြက္ေ႐ႊ႕သြားခဲ့လို႔ အာဆင္နယ္တို႔ ခံလိုက္ရတာလဲဆိုတာကို ေအာက္ဖဲလွန္ျပသြားခဲ့ၿပီး ေတာ့ဒ္ဘိုလီတို႔ အေမရိကန္ ပိုင္ရွင္ေတြရဲ႕ ေငြကို ေရလို သုံးမႈနဲ႔ အားလုံးကို ေမွာ္ႀကိမ္လုံး ဝင့္လိုက္သလို စိတ္ေျပာင္းသြားေစခဲ့တယ္လို႔ ဆိုခဲ့တာပါ။
စေနေန႔ ေန႔လယ္ခင္းအထိ အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားကို အမ္းမရိတ္ဆီ ေခၚယူစာခ်ဳပ္ႏိုင္ဖို႔ အာဆင္နယ္တို႔အေနနဲ႔ ယုံၾကည္မႈ ျမင့္မားေနခဲ့တာျဖစ္ၿပီး ၅ ႏွစ္စာခ်ဳပ္နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီထားခဲ့ေသးတာေၾကာင့္လည္း ဂန္းနားဖန္ေတြအေနနဲ႔ ျခင္းထဲက ၾကက္လို႔ ထင္ခဲ့ၾကေပမယ့္ လက္ေတြ႕မွာေတာ့ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ခဲ့တာျဖစ္ပါတယ္။
ခ်ဲလ္ဆီးတို႔အေနနဲ႔ ရွက္ခ္တာကို ေပါင္သန္း ၉၀ (ယူ႐ိုသန္း ၁၁၀) ပစ္ေပးလိုက္တာက သိပ္ၿပီး ထူးဆန္းတဲ့ အခ်က္မဟုတ္သလို အားလုံးရဲ႕ မ်က္စိေအာက္မွာ ျမင္ေတြ႕ေနခဲ့ရတဲ့ ကိစၥလည္းျဖစ္ေပမယ့္ ေနာက္ကြယ္မွာေတာ့ ဘယ္လိုႀကံစည္ခဲ့ၾကသလဲဆိုတာကို အဘြန္လေဟာ္က ႐ိုး႐ိုးေလးပဲ ခ်ျပခဲ့တာပါ။
“ဒီအေျပာင္းအေ႐ႊ႕က အာဆင္နယ္ကို ခ်ဲလ္ဆီးက အႏိုင္က်င့္လိုက္တာပဲဗ်။ ေငြေရးေၾကးေရးအရ အႏိုင္က်င့္လိုက္တယ္လို႔ ဆိုရမွာေပါ့”လို႔ အဘြန္လေဟာ္က Talk Sport ဝက္ဘ္ဆိုက္ကေန ေျပာၾကားလိုက္ၿပီး ေတာ့ဒ္ ဘိုလီအေနနဲ႔ ခ်က္လက္မွတ္စာအုပ္အလြတ္ကို ကိုင္ၿပီး ထင္ရာစိုင္းေနတာ ျဖစ္တယ္လို႔လည္း စြပ္စြဲလိုက္ပါတယ္။
အာဆင္နယ္ကို ေျပာင္းခ်င္တယ္လို႔ တဖြဖြေျပာေနခဲ့သလို အင္စတာဂရမ္မွာ ပို႔စ္ေတြတင္၊ အတိတ္စိမ္းေတြ ေပးေနခဲ့တဲ့ မူဒရစ္ခ္တစ္ေယာက္ တျခားအသင္းဆီ ေရာက္ေအာင္နဲ႔ ဘယ္လိုမ်ိဳး စိတ္ေျပာင္းေအာင္ သိမ္းသြင္းသြားသလဲဆိုတာကေတာ့ ေအးဂ်င့္နဲ႔ ေပါင္းစားလိုက္တာလို႔လည္း ဗီလာတိုက္စစ္မႉးေဟာင္းက ဆိုသြားခဲ့တာပါ။
“ျဖစ္ဖို႔မ်ားတာကေတာ့ဗ်ာ… ကစားသမားရဲ႕ ေအးဂ်င့္ကို လက္ဝါး႐ိုက္ၿပီး ေအးဂ်င့္ခ ပိုေပးမယ္။ ရွက္ခ္တာကို ေဈးပိုေပးမယ္။ သူ႔ရဲ႕ လုပ္ခ လစာကိုလည္း ပိုေပးမယ္ဆိုၿပီး ကမ္းလွမ္းလိုက္တာေပါ့”လို႔ ရက္ပိုင္းအတြင္းမွာ လန္ဒန္ကို လာေရာက္ၿပီး ေဆးစစ္ခံေတာ့မယ့္ ကစားသမားကိုလည္း ထိုးႏွက္ေပးလိုက္ပါတယ္။
“အာဆင္နယ္က သူ႔ကို ထားပါေတာ့ဗ်ာ… တစ္ပတ္ကို ေပါင္တစ္သိန္းကေန တစ္သိန္းခြဲ ေပးမယ္ဆိုၿပီး ညႇိထားတယ္ေပါ့။ ဒါေပမယ့္ ေအးဂ်င့္နဲ႔ ေပါင္းၿပီး ႏွစ္သိန္းခြဲ၊ သုံးသိန္း ေပးမယ္ဆိုၿပီး လုပ္သြားတာေပါ့။ ပိုက္ဆံအိတ္ကို ဖြင့္ျပၿပီး မင္းဘာလိုခ်င္လဲ ေမးသြားတာပဲေလ”လို႔လည္း ခ်က္ခ်င္းႀကီး စိတ္ေျပာင္းသြားတဲ့ ကိစၥကို ေအာက္ဖဲလွန္သြားခဲ့တာပါ။
အဘြန္လေဟာ္က ဒီကိစၥက ဂန္းနားပရိသတ္ေတြအတြက္ေတာ့ စိတ္နာဖို႔ ေကာင္းတဲ့ ကိစၥလည္းျဖစ္တယ္လို႔ ေဆးထိုးသြားခဲ့ၿပီး ကစားသမားေကာင္းတစ္ေယာက္ကို ဆုံးရႈံးလိုက္ရတဲ့ ကိစၥမွာ အာဆင္နယ္ဘက္ကေရာ ခ်ဲလ္ဆီးဘက္ကပါ ေငြေၾကးနဲ႔ ပတ္သက္လို႔ ဆုံးျဖတ္ခ်က္ခ်သူေတြတိုင္းမွာ တာဝန္ရွိတဲ့ သေဘာလည္း ေျပာသြားခဲ့ေၾကာင္း သိရွိရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.