Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၀.၉.၂၀၂၀

– အာဆင္နယ္အသင္းရဲ႕ အဓိက ေနာက္ခံလူ ကီရန္ တီယာနီရဲ႕ အေျခအေနက ၾကြက္သားအနည္းငယ္ နာက်င္သြားတာျဖစ္တယ္လုိ႔ သိရၿပီး ျပင္းထန္မွဳ မရွိေၾကာင္းနဲ႔ ေသြးပူေလ့က်င့္ခန္းအၿပီး ပြဲအမီ မသက္သာတာေၾကာင့္သာ မသုံးစြဲခဲ့တာလုိ႔ နည္းျပ မီခယ္လ္ အာတီတာရွင္းလင္း။

– အာဆင္နယ္အသင္းရဲ႕ ဝက္စ္ဟမ္းအသင္းအေပၚ ေျခစြမ္းမေကာင္းဘဲ အႏုိင္ရခဲ့တဲ့ ပြဲအေပၚ ပရိသတ္ေတြရဲ႕ ေဝဖန္မွဳ ျမင့္တက္ေနၿပီး အဓိကအားျဖင့္ တီယာနီေနရာကို ဝင္ေရာက္ကစားၿပီး စြမ္းေဆာင္ရည္ခ်င္း အလြန္အမင္း ကြာဟခဲ့တဲ့ ကိုလာစီနက္ခ်္အေပၚ ရွဳတ္ခ်ေနၾက။

– ေနာက္ခံလူ ဆုိကရာတစ္ ပါပါစတာသိုပူးေလာ့စ္ရဲ႕ ေအးဂ်င့္နဲ႔ နာပုိလီတာဝန္ရွိသူေတြရဲ႕ ေဆြးေႏြးမွဳက သေဘာတူညီမွဳ ရခဲ့ၿပီလုိ႔ သိရၿပီး လာမယ့္ ရက္ပုိင္းအတြင္း အေျပာင္းအေရႊ႕အတြက္ စီစဥ္ေဆာင္ရြက္သြားဖြယ္ရွိေန။

– ဖူလ္ဟမ္နဲ႔ပြဲမတုိင္ခင္မွာ ရန္ျဖစ္ခဲ့ၾကတဲ့ သူတုိ႔ႏွစ္ဦး ျပန္ခ်စ္သြားၾကၿပီလို႔ ဒါနီ စီဘာေယာ့စ္ရဲ႕ ဖန္တီးေပးပုိ႔မွဳကေန အသင္းအတြက္ အႏုိင္ဂိုးသြင္းယူႏုိင္ခဲ့အၿပီးမွာ တိုက္စစ္မွဴး အက္ဒီ နကီးတီးယားက ထုတ္ေဖာ္ေျပာၾကား။

– အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ အသင္းကို အားျဖည့္ဖို႔အတြက္ ဟာတမ္ ဘန္အာဖာ၊ မာရီယို ေဂါ့ဇားနဲ႔ အက္ဒင္ဆန္ ကာဗာနီတုိ႔လို ဝါရင့္ကစားသမားေတြကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ရရွိႏိုင္မွာျဖစ္လုိ႔ ေခၚယူဖို႔ တိုက္တြန္းမွဳေတြရွိေန။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက သူတုိ႔အေနနဲ႔ ဝက္စ္ဟမ္းကို ကံေကာင္းလို႔ အႏုိင္ရရွိခဲ့တာလုိ႔ ဝန္ခံလုိက္ၿပီး ဒါေပမယ့္ သူတုိ႔ေတြအေနနဲ႔ စိတ္ဓာတ္ပုိင္း တုိးတက္လာတာကိုေတာ့ အသိအမွတ္ျပဳရမွာျဖစ္ၿပီး အရင္ကဆုိ ဒီလိုပုံစံမ်ဳိးနဲ႔ဆုိ အရွဳံးနဲ႔ သေရပဲလုိ႔ သုံးသပ္သြား။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ကို ဂရာနစ္ ခ်ာကာ၊ ဒါနီ စီဘာေယာ့စ္တို႔ ႏွစ္ဦးနဲ႔ပဲ တည္ေဆာက္လုိ႔ မရဘဲ တကယ့္အခ်ိန္ေတြမွာ အသုံးျပဳႏုိင္မယ့္ ေသာမတ္စ္ ပါေတးနဲ႔ ဟူဆင္းမ္ ေအာဝါတုိ႔လို ကစားသမားေတြ လိုအပ္ေနတယ္လို႔ ESPN သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းရဲ့ အဓိက နောက်ခံလူ ကီရန် တီယာနီရဲ့ အခြေအနေက ကြွက်သားအနည်းငယ် နာကျင်သွားတာဖြစ်တယ်လို့ သိရပြီး ပြင်းထန်မှု မရှိကြောင်းနဲ့ သွေးပူလေ့ကျင့်ခန်းအပြီး ပွဲအမီ မသက်သာတာကြောင့်သာ မသုံးစွဲခဲ့တာလို့ နည်းပြ မီခယ်လ် အာတီတာရှင်းလင်း။

– အာဆင်နယ်အသင်းရဲ့ ဝက်စ်ဟမ်းအသင်းအပေါ် ခြေစွမ်းမကောင်းဘဲ အနိုင်ရခဲ့တဲ့ ပွဲအပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှု မြင့်တက်နေပြီး အဓိကအားဖြင့် တီယာနီနေရာကို ဝင်ရောက်ကစားပြီး စွမ်းဆောင်ရည်ချင်း အလွန်အမင်း ကွာဟခဲ့တဲ့ ကိုလာစီနက်ချ်အပေါ် ရှုတ်ချနေကြ။

– နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ရဲ့ အေးဂျင့်နဲ့ နာပိုလီတာဝန်ရှိသူတွေရဲ့ ဆွေးနွေးမှုက သဘောတူညီမှု ရခဲ့ပြီလို့ သိရပြီး လာမယ့် ရက်ပိုင်းအတွင်း အပြောင်းအရွှေ့အတွက် စီစဉ်ဆောင်ရွက်သွားဖွယ်ရှိနေ။

– ဖူလ်ဟမ်နဲ့ပွဲမတိုင်ခင်မှာ ရန်ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦး ပြန်ချစ်သွားကြပြီလို့ ဒါနီ စီဘာယော့စ်ရဲ့ ဖန်တီးပေးပို့မှုကနေ အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့အပြီးမှာ တိုက်စစ်မှူး အက်ဒီ နကီးတီးယားက ထုတ်ဖော်ပြောကြား။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အသင်းကို အားဖြည့်ဖို့အတွက် ဟာတမ် ဘန်အာဖာ၊ မာရီယို ဂေါ့ဇားနဲ့ အက်ဒင်ဆန် ကာဗာနီတို့လို ဝါရင့်ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မှာဖြစ်လို့ ခေါ်ယူဖို့ တိုက်တွန်းမှုတွေရှိနေ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက သူတို့အနေနဲ့ ဝက်စ်ဟမ်းကို ကံကောင်းလို့ အနိုင်ရရှိခဲ့တာလို့ ဝန်ခံလိုက်ပြီး ဒါပေမယ့် သူတို့တွေအနေနဲ့ စိတ်ဓာတ်ပိုင်း တိုးတက်လာတာကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပြီး အရင်ကဆို ဒီလိုပုံစံမျိုးနဲ့ဆို အရှုံးနဲ့ သရေပဲလို့ သုံးသပ်သွား။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကို ဂရာနစ် ချာကာ၊ ဒါနီ စီဘာယော့စ်တို့ နှစ်ဦးနဲ့ပဲ တည်ဆောက်လို့ မရဘဲ တကယ့်အချိန်တွေမှာ အသုံးပြုနိုင်မယ့် သောမတ်စ် ပါတေးနဲ့ ဟူဆင်းမ် အောဝါတို့လို ကစားသမားတွေ လိုအပ်နေတယ်လို့ ESPN သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.