Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂၀.၉.၂၀၂၀

– မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္က ေနာက္ခံလူ ဗစ္တာ နီးလ္ဆန္ လင္ဒီေလာ့ဖ္ဟာ ေႏွးေကြးၿပီး အားနည္းလြန္းေၾကာင္းနဲ႔ ဒီေနရာအတြက္ ျမန္ဆန္သန္မာတဲ့ ဗဟိုေနာက္ခံလူသစ္တစ္ဦး အျမန္ဆုံးအားျဖည့္ဖို႔ အသင္းကို တိုက္တြန္း။

– ယူႏုိက္တက္ရဲ႕ ဂႏၴဝင္တစ္ဦးျဖစ္တဲ့ ေဝးလ္စ္လက္ေရြးစင္နည္းျပ ႐ိုင္ယန္ဂစ္ကလည္း အသင္းခံစစ္ကို အျပစ္တင္သြားခဲ့ၿပီး သူတုိ႔ေတြအေနနဲ႔ ဘယ္အသင္းကိုမဆုိ ေလးေလးစားစား ကစားသင့္ေၾကာင္းနဲ႔ ပဲေလ့စ္နဲ႔ပြဲလိုမ်ဳိး အားထုတ္မွဳ မေလ်ာ့သင့္ဘူးလို႔ မက္ဂြဳိင္းယားကိုလည္း ေဝဖန္သြားခဲ့။

– အသင္းရဲ႕ ရွဳံးပြဲအၿပီးမွာ ကစားသမားေခၚယူမွဳေတြအတြက္ နည္းျပ ဆုိးလ္ရွားကို ေမးျမန္းရာမွာ ဒီလိုအသင္းမ်ဳိးဟာ ဘယ္လို ပရီးမီးယားလိဂ္ ၿပဳိင္ဘက္မ်ဳိးကိုမွ ယွဥ္ၿပဳိင္ဖို႔ မလုံေလာက္ဘူးလို႔ အသင္းရဲ႕ လိုအပ္ခ်က္ေတြကို ဝန္ခံသြားခဲ့။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္မွာ ပရိသတ္ေတြ မႀကဳိက္တဲ့သူတစ္ဦးျဖစ္တဲ့ အဂၤလန္လက္ေရြးစင္ကစားသမား ဂ်က္ဆီ လင္ဂတ္ကို ေခၚယူဖို႔ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းနည္းျပ ေမာ္ရင္ညဳိ စိတ္ဝင္စားေန။

– အသင္းရဲ႕ တတိယဂိုးသမားျဖစ္သြားခဲ့တဲ့ အာဂ်င္တီးနားသား ဆာဂ်ီယို ႐ိုမဲ႐ိုးအေနနဲ႔ စပိန္လာလီဂါကလပ္ ဗလင္စီယာအသင္းကို ေျပာင္းေရႊ႕မွာျဖစ္ၿပီး ယူႏုိက္တက္တုိ႔အေနနဲ႔ အသက္ ၃၃ ႏွစ္သားအတြက္ ေပါင္ ၆ သန္း ရရွိႏုိင္မယ္လို႔ဆုိ။

– ၿပီးခဲ့တဲ့ ရာသီဒုတိယဝက္ကစၿပီး ေျခစြမ္းျပႏိုင္ျခင္းမရွိေတာ့တဲ့ ေဝးလ္စ္ေတာင္ပံကစားသမား ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို ေခၚယူဖို႔ လိဒ္စ္ ယူႏုိက္တက္အသင္း စိတ္ဝင္စားေနၿပီး ေပါင္ ၁၂ သန္း + အျခားခံစားခြင့္ေတြနဲ႔ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေန။

– အငွားသြားေရာက္ကစားခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏုိင္ခဲ့တဲ့ အင္တာမီလန္ေတာင္ပံကစားသမား အီဗန္ ပါရီဆစ္ခ်္ကို ယူ႐ို ၁၅ သန္း (ေပါင္ ၁၃.၇ သန္း)နဲ႔ ေခၚယူႏုိင္ဖို႔အတြက္ ယူႏုိက္တက္အေနနဲ႔ တျခားအသင္းေတြနဲ႔ အၿပဳိင္ေခၚယူဖြယ္ရွိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်က နောက်ခံလူ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်ဟာ နှေးကွေးပြီး အားနည်းလွန်းကြောင်းနဲ့ ဒီနေရာအတွက် မြန်ဆန်သန်မာတဲ့ ဗဟိုနောက်ခံလူသစ်တစ်ဦး အမြန်ဆုံးအားဖြည့်ဖို့ အသင်းကို တိုက်တွန်း။

– ယူနိုက်တက်ရဲ့ ဂန္ထဝင်တစ်ဦးဖြစ်တဲ့ ဝေးလ်စ်လက်ရွေးစင်နည်းပြ ရိုင်ယန်ဂစ်ကလည်း အသင်းခံစစ်ကို အပြစ်တင်သွားခဲ့ပြီး သူတို့တွေအနေနဲ့ ဘယ်အသင်းကိုမဆို လေးလေးစားစား ကစားသင့်ကြောင်းနဲ့ ပဲလေ့စ်နဲ့ပွဲလိုမျိုး အားထုတ်မှု မလျော့သင့်ဘူးလို့ မက်ဂွိုင်းယားကိုလည်း ဝေဖန်သွားခဲ့။

– အသင်းရဲ့ ရှုံးပွဲအပြီးမှာ ကစားသမားခေါ်ယူမှုတွေအတွက် နည်းပြ ဆိုးလ်ရှားကို မေးမြန်းရာမှာ ဒီလိုအသင်းမျိုးဟာ ဘယ်လို ပရီးမီးယားလိဂ် ပြိုင်ဘက်မျိုးကိုမှ ယှဉ်ပြိုင်ဖို့ မလုံလောက်ဘူးလို့ အသင်းရဲ့ လိုအပ်ချက်တွေကို ဝန်ခံသွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်မှာ ပရိသတ်တွေ မကြိုက်တဲ့သူတစ်ဦးဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျက်ဆီ လင်ဂတ်ကို ခေါ်ယူဖို့ တော့တင်ဟမ် ဟော့စပါးစ်အသင်းနည်းပြ မော်ရင်ညို စိတ်ဝင်စားနေ။

– အသင်းရဲ့ တတိယဂိုးသမားဖြစ်သွားခဲ့တဲ့ အာဂျင်တီးနားသား ဆာဂျီယို ရိုမဲရိုးအနေနဲ့ စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းကို ပြောင်းရွှေ့မှာဖြစ်ပြီး ယူနိုက်တက်တို့အနေနဲ့ အသက် ၃၃ နှစ်သားအတွက် ပေါင် ၆ သန်း ရရှိနိုင်မယ်လို့ဆို။

– ပြီးခဲ့တဲ့ ရာသီဒုတိယဝက်ကစပြီး ခြေစွမ်းပြနိုင်ခြင်းမရှိတော့တဲ့ ဝေးလ်စ်တောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်ကို ခေါ်ယူဖို့ လိဒ်စ် ယူနိုက်တက်အသင်း စိတ်ဝင်စားနေပြီး ပေါင် ၁၂ သန်း + အခြားခံစားခွင့်တွေနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေ။

– အငှားသွားရောက်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အင်တာမီလန်တောင်ပံကစားသမား အီဗန် ပါရီဆစ်ချ်ကို ယူရို ၁၅ သန်း (ပေါင် ၁၃.၇ သန်း)နဲ့ ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်အနေနဲ့ တခြားအသင်းတွေနဲ့ အပြိုင်ခေါ်ယူဖွယ်ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.