Other Leagues

ရော်နယ်လ်ဒိုရဲ့ လေ့ကျင့်ရေးက ဗီဒီယိုကြောင့် ထိတ်လန့်နေကြမယ့် ဆော်ဒီကလပ်များ

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လက်ရှိမှာတော့ အယ်လ် နက်ဆာအသင်း လေ့ကျင့်ရေးမှာ ဂိုးတွေကို အပျော်သဘောနဲ့ သွင်းယူနေပြီး ပရိသတ်တွေက ပေါ်တူဂီကြယ်ပွင့်ဟာ အရင်တုန်းက ခွန်အားအဟောင်းတွေ ပြန်လည်ရရှိနေပြီလို့ ပြောဆိုနေကြပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာခဲ့ပြီးနောက် ယခုလအစောပိုင်းမှာ ဆော်ဒီ အာရေဗျကလပ်အသင်းကို ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဧပြီလတုန်းက မန်ယူနိုက်တက်အတွက် ကစားပေးနေခဲ့ချိန်အတွင်း ကျူးလွန်ခဲ့တဲ့အပြစ်အတွက် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် အယ်လ် တာအီးကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ သောကြာနေ့ပွဲမှာ ပွဲဦးထွက်ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပွဲဦးထွက်ပါဝင်ကစားပေးဖို့ တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ အယ်လ် နက်ဆာအသင်းကလည်း ပေါ်တူဂီကြယ်ပွင့်ရဲ့ လေ့ကျင့်ရေးက ကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ဆောင်နေမှုတွေကို ပြသချင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဗီဒီယိုဖိုင်ထဲမှာ စိတ်အားတက်ကြွနေပုံပေါ်ပြီး ဂိုးကန်သွင်းခဲ့တဲ့ ၃ ကြိမ်စလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ရော်နယ်လ်ဒိုဟာ မန်ယူနိုက်တက်ကို မစွန့်ခွာခင် ယခုရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ရော်နယ်လ်ဒိုရဲ့ လေ့ကျင့်ရေးဗီဒီယိုဖိုင်ကို တုံ့ပြန်ခဲ့ကြပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ၎င်းနဲ့ ထိုက်တန်တဲ့ပုံစံနဲ့ ဆက်ဆံနေတဲ့အသင်းမှာရှိနေရတာကို ပျော်ရွှင်နေပုံပေါ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

“ငါ အဲဒီမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုအဟောင်းရဲ့ ခွန်အားကို မြင်တွေ့ရတယ်”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး “ဂိုးသမားကတော့ ရော်နယ်လ်ဒိုနဲ့ ရင်ဆိုင်ရတာကို စိတ်လေနေလောက်ပြီ။ GOAT”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ လက္ရွိမွာေတာ့ အယ္လ္ နက္ဆာအသင္း ေလ့က်င့္ေရးမွာ ဂိုးေတြကို အေပ်ာ္သေဘာနဲ႔ သြင္းယူေနၿပီး ပရိသတ္ေတြက ေပၚတူဂီၾကယ္ပြင့္ဟာ အရင္တုန္းက ခြန္အားအေဟာင္းေတြ ျပန္လည္ရရွိေနၿပီလို႔ ေျပာဆိုေနၾကပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ ႏိုဝင္ဘာလမွာ မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာခဲ့ၿပီးေနာက္ ယခုလအေစာပိုင္းမွာ ေဆာ္ဒီ အာေရဗ်ကလပ္အသင္းကို ႀကီးမားတဲ့ ေငြေၾကးပမာဏနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဧၿပီလတုန္းက မန္ယူႏိုက္တက္အတြက္ ကစားေပးေနခဲ့ခ်ိန္အတြင္း က်ဴးလြန္ခဲ့တဲ့အျပစ္အတြက္ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံထားရတာေၾကာင့္ အယ္လ္ တာအီးကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ေသာၾကာေန႔ပြဲမွာ ပြဲဦးထြက္ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ပြဲဦးထြက္ပါဝင္ကစားေပးဖို႔ တျဖည္းျဖည္း နီးကပ္လာတာနဲ႔အမွ် အယ္လ္ နက္ဆာအသင္းကလည္း ေပၚတူဂီၾကယ္ပြင့္ရဲ႕ ေလ့က်င့္ေရးက ေၾကာက္မက္ဖြယ္ေကာင္းတဲ့ လုပ္ေဆာင္ေနမႈေတြကို ျပသခ်င္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဗီဒီယိုဖိုင္ထဲမွာ စိတ္အားတက္ႂကြေနပုံေပၚၿပီး ဂိုးကန္သြင္းခဲ့တဲ့ ၃ ႀကိမ္စလုံးကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ၿပီး ေရာ္နယ္လ္ဒိုဟာ မန္ယူႏိုက္တက္ကို မစြန႔္ခြာခင္ ယခုရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ ေရာ္နယ္လ္ဒိုရဲ႕ ေလ့က်င့္ေရးဗီဒီယိုဖိုင္ကို တုံ႔ျပန္ခဲ့ၾကၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ၎နဲ႔ ထိုက္တန္တဲ့ပုံစံနဲ႔ ဆက္ဆံေနတဲ့အသင္းမွာရွိေနရတာကို ေပ်ာ္႐ႊင္ေနပုံေပၚတယ္လို႔ ေျပာၾကားခဲ့ၾကပါတယ္။

“ငါ အဲဒီမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေဟာင္းရဲ႕ ခြန္အားကို ျမင္ေတြ႕ရတယ္”လို႔ ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး “ဂိုးသမားကေတာ့ ေရာ္နယ္လ္ဒိုနဲ႔ ရင္ဆိုင္ရတာကို စိတ္ေလေနေလာက္ၿပီ။ GOAT”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.