Ligue1 Other Leagues

မက်ဆီက ပိုကောင်းတယ်ထင်ခဲ့ပေမယ့် ရော်နယ်လ်ဒိုနဲ့ လေ့ကျင့်ပြီးနောက် အမှန်တရားကို သိခဲ့တဲ့ အဘူဘာကာ

ကင်မရွန်းတိုက်စစ်မှူး ဗင်းဆင့် အဘူဘာကာက လီယွန်နယ် မက်ဆီက ပိုမိုကောင်းမွန်တဲ့ကစားသမားဆိုတာကို အမြဲတမ်း သိနေခဲ့တယ်လို့ ပြောကြားပြီး အယ်လ် နက်ဆာကစားသမားသစ် ရော်နယ်လ်ဒိုကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ အဘူဘာကာဟာ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူး ရောက်ရှိလာခဲ့ပြီးနောက် အယ်လ် နက်ဆာအသင်းကို စွန့်ခွာရတော့မယ်လို့ သိရပြီး ဆော်ဒီ ပရိုလိဂ်ရဲ့ စည်းမျဉ်းအရ အသင်းတစ်သင်းဟာ ပြည်ပကစားသမား ၈ ဦးသာ လူစာရင်းထဲမှာ မှတ်ပုံတင်ခွင့်ရှိတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အယ်လ် နက်ဆာအသင်းဟာ ပြည်ပ ကစားသမားတွေထဲက တစ်ဦးကို ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ရပြီး အထောင်တိုက်စစ်မှူး အဘူဘာကာဟာ ပေါ်တူဂီကြယ်ပွင့်နဲ့ တူညီတဲ့နေရာမှာ ကစားနေသူဖြစ်တာကြောင့် ဆော်ဒီ ကလပ်အသင်းက ကင်မရွန်းတိုက်စစ်မှူးနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဘူဘာကာဟာ အယ်လ်နက်ဆာအသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့အတွက် အပြန်အလှန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ကြီးမားတဲ့ လျော်ကြေး ရရှိသွားတော့မှာ ဖြစ်တယ်လို့ Mail က ဖော်ပြခဲ့ပါတယ်။ ဆော်ဒီ အာရေဗျကလပ်အသင်းကို မစွန့်ခွာမီ အဘူဘာကာက ၎င်းရဲ့ နေရာကို လုယူခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အနာကျင်ဆုံးဖြစ်စေမယ့် စကားလုံးကို ပြောဆိုလိုက်တာဖြစ်ပြီး လီယွန်နယ် မက်ဆီကို ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

Mundo Derportivo ရဲ့ ဖော်ပြချက်အရ အဘူဘာကာဟာ ၎င်းရဲ့ အတွေ့အကြုံအရ လီယွန်နယ် မက်ဆီဟာ ရော်နယ်လ်ဒိုထက် ပိုမိုကောင်းမွန်တဲ့ စားသမားဆိုတာကို လက်ရှိမှာ သိခဲ့ရပြီဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် အမြဲတမ်း တွေးခဲ့တာက မက်ဆီက ရော်နယ်လ်ဒိုထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်ခဲ့တယ်ဆိုတာပါ။ ဒါပေမယ့် ကျွန်တော် ရော်နယ်လ်ဒိုနဲ့အတူ လေ့ကျင့်ရေး ပြုလုပ်ခဲ့ပြီးနောက်မှာ ကျွန်တော် ထင်တာ မှန်ကန်ခဲ့တယ်ဆိုတာကို သိခဲ့ရတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အဘူဘာကာဟာ အယ်လ် နက်ဆာအသင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ဘက်ရှစ်တက်ရှ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ၃၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂ ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကင္မ႐ြန္းတိုက္စစ္မႉး ဗင္းဆင့္ အဘူဘာကာက လီယြန္နယ္ မက္ဆီက ပိုမိုေကာင္းမြန္တဲ့ကစားသမားဆိုတာကို အၿမဲတမ္း သိေနခဲ့တယ္လို႔ ေျပာၾကားၿပီး အယ္လ္ နက္ဆာကစားသမားသစ္ ေရာ္နယ္လ္ဒိုကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ အဘူဘာကာဟာ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉး ေရာက္ရွိလာခဲ့ၿပီးေနာက္ အယ္လ္ နက္ဆာအသင္းကို စြန႔္ခြာရေတာ့မယ္လို႔ သိရၿပီး ေဆာ္ဒီ ပ႐ိုလိဂ္ရဲ႕ စည္းမ်ဥ္းအရ အသင္းတစ္သင္းဟာ ျပည္ပကစားသမား ၈ ဦးသာ လူစာရင္းထဲမွာ မွတ္ပုံတင္ခြင့္ရွိတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုကို ေခၚယူႏိုင္ခဲ့ၿပီးေနာက္ အယ္လ္ နက္ဆာအသင္းဟာ ျပည္ပ ကစားသမားေတြထဲက တစ္ဦးကို ထြက္ခြာခြင့္ေပးဖို႔ ဆုံးျဖတ္ခဲ့ရၿပီး အေထာင္တိုက္စစ္မႉး အဘူဘာကာဟာ ေပၚတူဂီၾကယ္ပြင့္နဲ႔ တူညီတဲ့ေနရာမွာ ကစားေနသူျဖစ္တာေၾကာင့္ ေဆာ္ဒီ ကလပ္အသင္းက ကင္မ႐ြန္းတိုက္စစ္မႉးနဲ႔ လမ္းခြဲဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အဘူဘာကာဟာ အယ္လ္နက္ဆာအသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းဖို႔အတြက္ အျပန္အလွန္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး ႀကီးမားတဲ့ ေလ်ာ္ေၾကး ရရွိသြားေတာ့မွာ ျဖစ္တယ္လို႔ Mail က ေဖာ္ျပခဲ့ပါတယ္။ ေဆာ္ဒီ အာေရဗ်ကလပ္အသင္းကို မစြန႔္ခြာမီ အဘူဘာကာက ၎ရဲ႕ ေနရာကို လုယူခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အနာက်င္ဆုံးျဖစ္ေစမယ့္ စကားလုံးကို ေျပာဆိုလိုက္တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီကို ပိုမိုေကာင္းမြန္တဲ့ ကစားသမားျဖစ္တယ္လို႔ ေၾကညာလိုက္တာ ျဖစ္ပါတယ္။

Mundo Derportivo ရဲ႕ ေဖာ္ျပခ်က္အရ အဘူဘာကာဟာ ၎ရဲ႕ အေတြ႕အႀကဳံအရ လီယြန္နယ္ မက္ဆီဟာ ေရာ္နယ္လ္ဒိုထက္ ပိုမိုေကာင္းမြန္တဲ့ စားသမားဆိုတာကို လက္ရွိမွာ သိခဲ့ရၿပီျဖစ္တယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ အၿမဲတမ္း ေတြးခဲ့တာက မက္ဆီက ေရာ္နယ္လ္ဒိုထက္ ပိုမိုေကာင္းမြန္တဲ့ ကစားသမားျဖစ္ခဲ့တယ္ဆိုတာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ ေရာ္နယ္လ္ဒိုနဲ႔အတူ ေလ့က်င့္ေရး ျပဳလုပ္ခဲ့ၿပီးေနာက္မွာ ကြၽန္ေတာ္ ထင္တာ မွန္ကန္ခဲ့တယ္ဆိုတာကို သိခဲ့ရတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ အဘူဘာကာဟာ အယ္လ္ နက္ဆာအသင္းကို ၂၀၂၁ ခုႏွစ္ ဇူလိုင္လမွာ ဘက္ရွစ္တက္ရွ္အသင္းကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ၃၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၂ ဂိုး သြင္းယူေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.