Bundesliga Ligue1 Premier League

၂၀၂၂ မှာ ဂိုးအများဆုံးသွင်းယူခဲ့တဲ့ အသင်း ၅ သင်း

ဂိုးတွေသွင်းယူပြီး နိုင်ပွဲတွေ ရယူဖို့က ဘောလုံးရဲ့အဓိကရည်ရွယ်ချက်ဖြစ်ပေမယ့်လည်း ဘောလုံးအသင်းတွေဟာ ခံစစ်ပိုင်းကိုလည်း မာကျောနေအောင်လုပ်ဖို့နဲ့ ဂိုးတွေအများကြီး ခွင့်မပြုရဖို့လည်း လိုအပ်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂိုးပေါက်ရှာတွေ့တာက ဘောလုံးရဲ့ ပျော်ရွှင်စရာ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသင်းတိုင်းရဲ့ မူလရည်မှန်းချက်ဖြစ်ပါတယ်။ ဥရောထိပ်တန်းအသင်းကြီးတွေဟာ တိုက်စစ်ပိုင်းမှာ ကောင်းမွန်ကြပြီး အကြီးမားဆုံးကလပ်အသင်းကြီးတွေထဲက အချို့ဆိုရင် တိုက်စစ်မှာ မယုံနိုင်ဖွယ် ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။

ဥရောပထိပ်တန်းအသင်းကြီးတွေမှာ ပုံမှန်သွင်းဂိုးတွေ သွင်းယူပေးနိုင်တဲ့ ကစားသမားကောင်းတွေပိုင်ဆိုင်ထားကြပြီး ဒီကစားသမားတွေကဲ အခြားအသင်းတွေထက် ပိုမိုသာလွန်တဲ့အသင်းဖြစ်အောင် စွမ်းဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ်အတွက် ဂိုးသွင်းအများဆုံးအသင်း ၅ သင်းအဖြစ် ဘယ်လိဂ်က ဘယ်ကလပ်အသင်းတွေက ရပ်တည်နေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၅။ လိုက်ပ်ဇစ်- ၅၁ ပွဲမှာ ၁၁၉ ဂိုး

ဘွန်ဒက်စ်လီဂါကလပ်အသင်းဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းဟာ ဂိုးသွင်းအများဆုံးအသင်း ၅ သင်းထဲမှာ အံ့အားသင့်ဖွယ် ပါဝင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ချန်ပီယံလိဂ်ဖလား အနိုင်ရရှိသူတွေက ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၁၁၆ ဂိုးသာ သွင်းယူထားနိုင်ချိန်မှာ လိုက်ပ်ဇစ်က ၅၁ ပွဲကနေ ၁၁၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ကွန်ကူက လိုက်ပ်ဇစ်ကို ဥရောပရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်း ဖြစ်လာစေဖို့ မယုံနိုင်ဖွယ်ခြေစွမ်းနဲ့ ကူညီပေးနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၅၂ ပွဲမှာ သွင်းဂိုး ၃၅ ဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ကွန်ကူဟာ ယခုရာသီမှာလည်း သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး တီမို ဗာနာ၊ ဒိုမီနစ် ဆိုဘို့စလိုင်း၊ အန်ဒရေး ဆေးလ်ဗား၊ ဖောစ်ဘာ့ဂ်တို့လို ကစားသမားတွေကလည်း တိုက်စစ်ပိုင်းကို အားပိုကောင်းစေခဲ့တာဖြစ်ပါတယ်။

၄။ ပီအက်စ်ဂျီ-၄၆ ပွဲမှာ ၁၂၂ ဂိုး

တိုက်စစ်မှာ လီယွန်နယ်မက်ဆီ၊ နေမာ၊ ခီလီယန် အမ်ဘာပေတို့လို ကစားသမားတွေပိုင်ဆိုင်ထားတဲ့အတွက် အံ့အားသင့်စရာတော့မဟုတ်ဘဲ အံ့အားသင့်စရာကောင်းတာက ဒီစာရင်းထဲမှာ ထိပ်ဆုံးက ရှိမနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ၂၀၂၂ ခုနှစ်မှာ ၄၆ ပွဲသာ ကစားခဲ့ရာမှာ ၁၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တစ်ပွဲကို ၂.၆၅ ဂိုးနှုန်းဖြစ်ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာကို စွန့်ခွာပြီးနောက် ပွဲဦးထွက်ရာသီမှာ ရုန်းကန်ခဲ့ရပြီး နေမာကလည်း ဒဏ်ရာကြောင့် ရာသီအချိန်အများစုကို လွဲချော်ခဲ့တာကြောင့် အမ်ဘာပေကပဲ သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေကို ပုခုံးထမ်းခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုရာသီမှာတော့ ပီအက်စ်ဂျီတိုက်စစ် ၃ ဦးအတွဲဟာ အကောင်းဆုံးပုံစံမှာ ရှိနေပြီး ယခုရာသီ လိဂန်းမှာ ၄၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာကြောင့် ပြင်သစ်ထိပ်တန်းလိဂ်က အခြားအသင်းတွေအားလုံးထက် ၁၂ ဂိုး ပိုမို များပြားနေတာဖြစ်ပါတယ်။

၃။ လီဗာပူးလ်-ပွဲ ၆၀ မှာ ၁၂၇ ဂိုး

ကလော့လက်အောက်မှာ လီဗာပူးလ်ဟာ ဥရောပရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်စစ်အင်အားစုတွေထဲက တစ်ခုအဖြစ် တိုးတက်လာခဲ့ပြီး ၂၀၂၁-၂၀၂၂ ရာသီမှာ အလွန်ကောင်းမွန်တဲ့ ပုံစံကောင်းကို ရရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့လတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပုံစံကောင်း ပျောက်ဆုံးခဲ့ပါတယ်။ ဒါပေမယ့်လည်း ကြိုးကြာနီတွေဟာ ပြီးခဲ့တဲ့ရာသီမှာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလား ၂ လုံးစလံးကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ရဲ့အသင်းဟာ ရာသီရဲ့နောက်ဆုံးပွဲစဉ်အထိ ပရီးမီးယားလိဂ်ဆုဖလားအတွက် မန်ချက်စတာစီးတီးနဲ့ အပြိုင်ကြဲခဲ့ကြပြီး ဆာလား၊ မာနေးနဲ့ လူးဝစ္စ ဒီယက်ဇ်တို့အားလုံးဟာ ပြီးခဲ့တဲ့ရာသီမှာ အကောင်းဆုံးပုံစံမှာ ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီရာသီမှာတော့ လီဗာပူးလ်ရဲ့ ခြေစွမ်းဟာ အကောင်းဆုံးပုံစံမှာ ရှိမနေတော့ပေမယ့်လည်း ၂၀၂၁-၂၀၂၂ ရာသီဒုတိယပိုင်းမှာ ပြသခဲ့တဲ့ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ကြောင့် ဒီစာရင်းမှာ တတိယချိတ်နိုင်ခဲ့တာဖြစ်ပါတယ်။

၂။ ဘိုင်ယန်မြူးနစ်-၄၅ ပွဲမှာ ၁၃၂ ဂိုး

ဘိုင်ယန်မြူးနစ်ဟာ ဘယ်တုန်းကမှ ကမ္ဘာ့အဆင့်တိုက်စစ်မှူးမျိုး ရှားပါးခြင်းမရှိခဲ့တဲ့အသင်းဖြစ်ပြီး လီဗန်ဒေါ့ဗ်စကီးဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကို မစွန့်ခွာခင်အချိန်အထိ ရာသီများစွာမှာ လုပ်ခဲ့တဲ့အတိုင်းပဲ ၂၀၂၁-၂၀၂၂ ရာသီမှာ ကြောက်မက်ဖွယ်ဂိုးအရေအတွက်ကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လီဗန်ဒေါ့ဗ်စကီးကို ဆာနေး၊ ဂနာဘရီ၊ မူစီအားလားတို့လို ကစားသမားတွေက ထောက်ပံ့ပေးခဲ့ကြပြီး ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဆာဒီယို မာနေးကို ခေါ်ယူခဲ့ပြီး လီဗာပူးလ်ကြယ်ပွင့်ဟောင်းက ပိုလန်တိုက်စစ်မှူးရဲ့ ဂိုးအရေအတွက်လောက် မသွင်းယူပေးနိုင်ပေမယ့်လည်း ကောင်းမွန်တဲ့အလုပ်ကို လုပ်ဆောင်ထားနိုင်ခဲ့ဆဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီစာရင်းထဲက အသင်းအားလုံးကို ဂိုးသွင်းနှုန်းမှာ အသာစီးရရှိထားပြီး ၄၅ ပွဲမှာ ၁၃၂ ဂိုးနဲ့ တစ်ပွဲကို ပျမ်းမျှ ၂.၉၃ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

၁။ မန်ချက်စတာစီးတီး-၅၄ ပွဲမှာ ၁၃၉ ဂိုး

မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီ တိုက်စစ်ပိုင်းမှာ ထိန်းချုပ်လို့မရနိုင်ခဲ့ဘူးလို့ ထင်မြင်နေတယ်ဆိုရင် ယခုနွေရာသီမှာ ဟာလန်းကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ယခုရာသီခြေစွမ်းကို ကြည့်လိုက်ပါ။ ဂွါဒီယိုလာရဲ့ အသင်းကို ဘယ်ပွဲမှာမဆို နှုတ်ဆိတ်နေအောင် လုပ်ဖို့ မဖြစ်နိုင်လုနီးပါးဖြစ်ပြီး မန်စီးတီးလူစာရင်းရဲ့ အရည်အသွေးဟာ ငြင်းပယ်လို့မရနိုင်ဘဲ အဲဒါက ၎င်းတို့ရဲ့ တိုက်စစ်အင်အားကို ထင်ဟပ်နေတာဖြစ်ပါတယ်။ မန်စီးတီးဟာ ၂၀၂၂ ခုနှစ်အတွင်း ပြိုင်ပွဲစုံ ၅၄ ပွဲမှာ ၁၃၉ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဟာလန်း၊ မာရက်ဇ်၊ ဂျက်ခ် ဂရီးလစ်ရှ်၊ ဖီးလ် ဖိုဒန်၊ ယူလီယန် အယ်လ်ဗာရက်ဇ်တို့လို မယုံနိုင်ဖွယ် တိုက်စစ်ကစားသမားတွေကို ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗား၊ ဂန်ဒိုဝမ်နဲ့ ရိုဒရီတို့လို ကစားသမားတွေက ထောက်ပံ့ပေးနေတာကြောင့် အံ့အားသင့်စရာတော့မဟုတ်တော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂိုးေတြသြင္းယူၿပီး ႏိုင္ပြဲေတြ ရယူဖို႔က ေဘာလုံးရဲ႕အဓိကရည္႐ြယ္ခ်က္ျဖစ္ေပမယ့္လည္း ေဘာလုံးအသင္းေတြဟာ ခံစစ္ပိုင္းကိုလည္း မာေက်ာေနေအာင္လုပ္ဖို႔နဲ႔ ဂိုးေတြအမ်ားႀကီး ခြင့္မျပဳရဖို႔လည္း လိုအပ္တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂိုးေပါက္ရွာေတြ႕တာက ေဘာလုံးရဲ႕ ေပ်ာ္႐ႊင္စရာ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး အသင္းတိုင္းရဲ႕ မူလရည္မွန္းခ်က္ျဖစ္ပါတယ္။ ဥေရာထိပ္တန္းအသင္းႀကီးေတြဟာ တိုက္စစ္ပိုင္းမွာ ေကာင္းမြန္ၾကၿပီး အႀကီးမားဆုံးကလပ္အသင္းႀကီးေတြထဲက အခ်ိဳ႕ဆိုရင္ တိုက္စစ္မွာ မယုံႏိုင္ဖြယ္ ဂိုးသြင္းစြမ္းရည္ကို ပိုင္ဆိုင္ထားၾကတာျဖစ္ပါတယ္။

ဥေရာပထိပ္တန္းအသင္းႀကီးေတြမွာ ပုံမွန္သြင္းဂိုးေတြ သြင္းယူေပးႏိုင္တဲ့ ကစားသမားေကာင္းေတြပိုင္ဆိုင္ထားၾကၿပီး ဒီကစားသမားေတြကဲ အျခားအသင္းေတြထက္ ပိုမိုသာလြန္တဲ့အသင္းျဖစ္ေအာင္ စြမ္းေဆာင္ေပးခဲ့ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ ၂၀၂၂ ခုႏွစ္အတြက္ ဂိုးသြင္းအမ်ားဆုံးအသင္း ၅ သင္းအျဖစ္ ဘယ္လိဂ္က ဘယ္ကလပ္အသင္းေတြက ရပ္တည္ေနလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

၅။ လိုက္ပ္ဇစ္- ၅၁ ပြဲမွာ ၁၁၉ ဂိုး

ဘြန္ဒက္စ္လီဂါကလပ္အသင္းျဖစ္တဲ့ လိုက္ပ္ဇစ္အသင္းဟာ ဂိုးသြင္းအမ်ားဆုံးအသင္း ၅ သင္းထဲမွာ အံ့အားသင့္ဖြယ္ ပါဝင္ခဲ့ၿပီး ၂၀၂၁-၂၀၂၂ ခ်န္ပီယံလိဂ္ဖလား အႏိုင္ရရွိသူေတြက ၿပိဳင္ပြဲစုံ ၅၃ ပြဲမွာ ၁၁၆ ဂိုးသာ သြင္းယူထားႏိုင္ခ်ိန္မွာ လိုက္ပ္ဇစ္က ၅၁ ပြဲကေန ၁၁၉ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။ အန္ကြန္ကူက လိုက္ပ္ဇစ္ကို ဥေရာပရဲ႕အေကာင္းဆုံးအသင္းေတြထဲကတစ္သင္း ျဖစ္လာေစဖို႔ မယုံႏိုင္ဖြယ္ေျခစြမ္းနဲ႔ ကူညီေပးႏိုင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံ ၅၂ ပြဲမွာ သြင္းဂိုး ၃၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အန္ကြန္ကူဟာ ယခုရာသီမွာလည္း သြင္းဂိုး ၁၇ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး တီမို ဗာနာ၊ ဒိုမီနစ္ ဆိုဘို႔စလိုင္း၊ အန္ဒေရး ေဆးလ္ဗား၊ ေဖာစ္ဘာ့ဂ္တို႔လို ကစားသမားေတြကလည္း တိုက္စစ္ပိုင္းကို အားပိုေကာင္းေစခဲ့တာျဖစ္ပါတယ္။

၄။ ပီအက္စ္ဂ်ီ-၄၆ ပြဲမွာ ၁၂၂ ဂိုး

တိုက္စစ္မွာ လီယြန္နယ္မက္ဆီ၊ ေနမာ၊ ခီလီယန္ အမ္ဘာေပတို႔လို ကစားသမားေတြပိုင္ဆိုင္ထားတဲ့အတြက္ အံ့အားသင့္စရာေတာ့မဟုတ္ဘဲ အံ့အားသင့္စရာေကာင္းတာက ဒီစာရင္းထဲမွာ ထိပ္ဆုံးက ရွိမေနတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ ၂၀၂၂ ခုႏွစ္မွာ ၄၆ ပြဲသာ ကစားခဲ့ရာမွာ ၁၂၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး တစ္ပြဲကို ၂.၆၅ ဂိုးႏႈန္းျဖစ္ပါတယ္။ အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉး မက္ဆီဟာ ဘာစီလိုနာကို စြန႔္ခြာၿပီးေနာက္ ပြဲဦးထြက္ရာသီမွာ ႐ုန္းကန္ခဲ့ရၿပီး ေနမာကလည္း ဒဏ္ရာေၾကာင့္ ရာသီအခ်ိန္အမ်ားစုကို လြဲေခ်ာ္ခဲ့တာေၾကာင့္ အမ္ဘာေပကပဲ သြင္းဂိုးေတြနဲ႔ ဖန္တီးမႈေတြကို ပုခုံးထမ္းခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ယခုရာသီမွာေတာ့ ပီအက္စ္ဂ်ီတိုက္စစ္ ၃ ဦးအတြဲဟာ အေကာင္းဆုံးပုံစံမွာ ရွိေနၿပီး ယခုရာသီ လိဂန္းမွာ ၄၆ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာေၾကာင့္ ျပင္သစ္ထိပ္တန္းလိဂ္က အျခားအသင္းေတြအားလုံးထက္ ၁၂ ဂိုး ပိုမို မ်ားျပားေနတာျဖစ္ပါတယ္။

၃။ လီဗာပူးလ္-ပြဲ ၆၀ မွာ ၁၂၇ ဂိုး

ကေလာ့လက္ေအာက္မွာ လီဗာပူးလ္ဟာ ဥေရာပရဲ႕ စိတ္လႈပ္ရွားစရာအေကာင္းဆုံး တိုက္စစ္အင္အားစုေတြထဲက တစ္ခုအျဖစ္ တိုးတက္လာခဲ့ၿပီး ၂၀၂၁-၂၀၂၂ ရာသီမွာ အလြန္ေကာင္းမြန္တဲ့ ပုံစံေကာင္းကို ရရွိခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့လေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပုံစံေကာင္း ေပ်ာက္ဆုံးခဲ့ပါတယ္။ ဒါေပမယ့္လည္း ႀကိဳးၾကာနီေတြဟာ ၿပီးခဲ့တဲ့ရာသီမွာ အက္ဖ္ေအဖလားနဲ႔ ကာရာေဘာင္းဖလား ၂ လုံးစလံးကို အႏိုင္ရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္ရဲ႕အသင္းဟာ ရာသီရဲ႕ေနာက္ဆုံးပြဲစဥ္အထိ ပရီးမီးယားလိဂ္ဆုဖလားအတြက္ မန္ခ်က္စတာစီးတီးနဲ႔ အၿပိဳင္ႀကဲခဲ့ၾကၿပီး ဆာလား၊ မာေနးနဲ႔ လူးဝစၥ ဒီယက္ဇ္တို႔အားလုံးဟာ ၿပီးခဲ့တဲ့ရာသီမွာ အေကာင္းဆုံးပုံစံမွာ ရွိခဲ့ၾကတာျဖစ္ပါတယ္။ ဒီရာသီမွာေတာ့ လီဗာပူးလ္ရဲ႕ ေျခစြမ္းဟာ အေကာင္းဆုံးပုံစံမွာ ရွိမေနေတာ့ေပမယ့္လည္း ၂၀၂၁-၂၀၂၂ ရာသီဒုတိယပိုင္းမွာ ျပသခဲ့တဲ့ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ေၾကာင့္ ဒီစာရင္းမွာ တတိယခ်ိတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၂။ ဘိုင္ယန္ျမဴးနစ္-၄၅ ပြဲမွာ ၁၃၂ ဂိုး

ဘိုင္ယန္ျမဴးနစ္ဟာ ဘယ္တုန္းကမွ ကမာၻ႔အဆင့္တိုက္စစ္မႉးမ်ိဳး ရွားပါးျခင္းမရွိခဲ့တဲ့အသင္းျဖစ္ၿပီး လီဗန္ေဒါ့ဗ္စကီးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းကို မစြန႔္ခြာခင္အခ်ိန္အထိ ရာသီမ်ားစြာမွာ လုပ္ခဲ့တဲ့အတိုင္းပဲ ၂၀၂၁-၂၀၂၂ ရာသီမွာ ေၾကာက္မက္ဖြယ္ဂိုးအေရအတြက္ကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ လီဗန္ေဒါ့ဗ္စကီးကို ဆာေနး၊ ဂနာဘရီ၊ မူစီအားလားတို႔လို ကစားသမားေတြက ေထာက္ပံ့ေပးခဲ့ၾကၿပီး ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဆာဒီယို မာေနးကို ေခၚယူခဲ့ၿပီး လီဗာပူးလ္ၾကယ္ပြင့္ေဟာင္းက ပိုလန္တိုက္စစ္မႉးရဲ႕ ဂိုးအေရအတြက္ေလာက္ မသြင္းယူေပးႏိုင္ေပမယ့္လည္း ေကာင္းမြန္တဲ့အလုပ္ကို လုပ္ေဆာင္ထားႏိုင္ခဲ့ဆဲ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဒီစာရင္းထဲက အသင္းအားလုံးကို ဂိုးသြင္းႏႈန္းမွာ အသာစီးရရွိထားၿပီး ၄၅ ပြဲမွာ ၁၃၂ ဂိုးနဲ႔ တစ္ပြဲကို ပ်မ္းမွ် ၂.၉၃ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

၁။ မန္ခ်က္စတာစီးတီး-၅၄ ပြဲမွာ ၁၃၉ ဂိုး

မန္စီးတီးဟာ ၿပီးခဲ့တဲ့ရာသီ တိုက္စစ္ပိုင္းမွာ ထိန္းခ်ဳပ္လို႔မရႏိုင္ခဲ့ဘူးလို႔ ထင္ျမင္ေနတယ္ဆိုရင္ ယခုေႏြရာသီမွာ ဟာလန္းကို ေခၚယူႏိုင္ခဲ့ၿပီးေနာက္ ယခုရာသီေျခစြမ္းကို ၾကည့္လိုက္ပါ။ ဂြါဒီယိုလာရဲ႕ အသင္းကို ဘယ္ပြဲမွာမဆို ႏႈတ္ဆိတ္ေနေအာင္ လုပ္ဖို႔ မျဖစ္ႏိုင္လုနီးပါးျဖစ္ၿပီး မန္စီးတီးလူစာရင္းရဲ႕ အရည္အေသြးဟာ ျငင္းပယ္လို႔မရႏိုင္ဘဲ အဲဒါက ၎တို႔ရဲ႕ တိုက္စစ္အင္အားကို ထင္ဟပ္ေနတာျဖစ္ပါတယ္။ မန္စီးတီးဟာ ၂၀၂၂ ခုႏွစ္အတြင္း ၿပိဳင္ပြဲစုံ ၅၄ ပြဲမွာ ၁၃၉ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဟာလန္း၊ မာရက္ဇ္၊ ဂ်က္ခ္ ဂရီးလစ္ရွ္၊ ဖီးလ္ ဖိုဒန္၊ ယူလီယန္ အယ္လ္ဗာရက္ဇ္တို႔လို မယုံႏိုင္ဖြယ္ တိုက္စစ္ကစားသမားေတြကို ဒီဘ႐ိုင္းနား၊ ဘာနာဒို ေဆးလ္ဗား၊ ဂန္ဒိုဝမ္နဲ႔ ႐ိုဒရီတို႔လို ကစားသမားေတြက ေထာက္ပံ့ေပးေနတာေၾကာင့္ အံ့အားသင့္စရာေတာ့မဟုတ္ေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.