International World Cup

ပြင်သစ်အဖွဲ့ချုပ်ရဲ့မလေးမစားလုပ်ခံခဲ့ရတဲ့ ဇီဒန်းဘက်က ကာကွယ်ခဲ့တဲ့ အမ်ဘာပေ

ခီလီယမ် အမ်ဘာပေဟာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌရဲ့ လေးစားမှုမရှိတဲ့ မှတ်ချက်စကား ပေးခဲ့ပြီးနောက် ဇီဒန်းဘက်ကနေ ဝင်ရောက်ကာကွယ်ပေးခဲ့ပါတယ်။

ပြင်သစ်နဲ့ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ ဂန္တဝင်ကွင်းလယ်ကစားသမား ဇီဒန်းဟာ အာဂျင်တီးနားကို ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒေးရွှမ့်စ်ရဲ့နေရာမှာ နည်းပြသစ်ဖြစ်လာဖို့ သတင်းထွက်နေသူဖြစ်ပါတယ်။ ဇီဒန်းရဲ့လက်ရွေးစင်အသင်းဖော်ဟောင်းဖြစ်တဲ့ ဒေးရွှမ့်စ်ဟာ ဆယ်စုနှစ်တစ်ခုကျော် လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြင်သစ်ကို အဓိကဆုဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ ၄ ကြိမ်အထိ ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒေးရွှမ့်စ်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်ခဲ့ပုံပေါ်ပေမယ့်လည်း လက်ရှိမှာတော့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် လက်ရွေးစင်အသင်းမှာ ဆက်လက်ရှိနေတော့မယ့်ပုံပေါ်နေတာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ နိုအဲလ် လူဂါ့တ်က ဇီဒန်းနဲ့ပတ်သက်ပြီး မယုံနိုင်ဖွယ် ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး RMC Sport ရဲ့ Bartoli Time ရှိုးက အင်တာဗျူးအတွင်း ပြင်သစ်ဂန္တဝင်ကွင်းလယ်ကစားသမားက ဖုန်းခေါ်ရင် ဖုန်းတောင်ကိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဇီဒန်းက ဘရာဇီးလ်ကိုသွားမှာလား။ ကျွန်တော် လုံးဝကို ဂရုစိုက်မှာမဟုတ်ပါဘူး။ သူ သွားချင်တဲ့အသင်း ဒါမှမဟုတ် လက်ရွေးစင်အသင်းကို သွားလို့ရနိုင်ပါတယ်။ ကျွန်တော်တကယ်ကို ဂရုမစိုက်ပါဘူး။ သူ ကျွန်တော့်ကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့လားဆိုရင် လုံးဝပါပဲ။ ကျွန်တော် သူ့ဖုန်းကို ကိုင်တောင် ကိုင်မှာလည်း မဟုတ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ လူဂါ့တ်က ပြင်သစ်ရဲ့တသက်တာအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ ဇီဒန်းနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ပုံစံကို သဘောမကျခဲ့တာဖြစ်ပါတယ်။

“ဇီဒန်းက ပြင်သစ်ပါ။ ကျွန်တော်တို့ ဂန္တဝင်တွေကို ဒီလိုမျိုး မလေးမစားလုပ်လို့မရပါဘူး”လို့ အမ်ဘာပေက မျက်နှာကို လက်နဲ့အုပ်ထားတဲ့ အီမိုဂျီနဲ့အတူ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခီလီယမ္ အမ္ဘာေပဟာ ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌရဲ႕ ေလးစားမႈမရွိတဲ့ မွတ္ခ်က္စကား ေပးခဲ့ၿပီးေနာက္ ဇီဒန္းဘက္ကေန ဝင္ေရာက္ကာကြယ္ေပးခဲ့ပါတယ္။

ျပင္သစ္နဲ႔ ကမာၻ႔ဖလားရရွိခဲ့တဲ့ ဂႏၲဝင္ကြင္းလယ္ကစားသမား ဇီဒန္းဟာ အာဂ်င္တီးနားကို ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေဒး႐ႊမ့္စ္ရဲ႕ေနရာမွာ နည္းျပသစ္ျဖစ္လာဖို႔ သတင္းထြက္ေနသူျဖစ္ပါတယ္။ ဇီဒန္းရဲ႕လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ေဒး႐ႊမ့္စ္ဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ လက္ေ႐ြးစင္အသင္းကို တာဝန္ယူကိုင္တြယ္ခဲ့သူျဖစ္ၿပီး ျပင္သစ္ကို အဓိကဆုဖလားၿပိဳင္ပြဲေတြမွာ ဗိုလ္လုပြဲ ၄ ႀကိမ္အထိ ပို႔ေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ေဒး႐ႊမ့္စ္ရဲ႕ ေနာက္ဆုံး ကမာၻ႔ဖလားျဖစ္ခဲ့ပုံေပၚေပမယ့္လည္း လက္ရွိမွာေတာ့ ၂၀၂၆ ခုႏွစ္အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ လက္ေ႐ြးစင္အသင္းမွာ ဆက္လက္ရွိေနေတာ့မယ့္ပုံေပၚေနတာျဖစ္ပါတယ္။

ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ႏိုအဲလ္ လူဂါ့တ္က ဇီဒန္းနဲ႔ပတ္သက္ၿပီး မယုံႏိုင္ဖြယ္ ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး RMC Sport ရဲ႕ Bartoli Time ရႈိးက အင္တာဗ်ဴးအတြင္း ျပင္သစ္ဂႏၲဝင္ကြင္းလယ္ကစားသမားက ဖုန္းေခၚရင္ ဖုန္းေတာင္ကိုင္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ဇီဒန္းက ဘရာဇီးလ္ကိုသြားမွာလား။ ကြၽန္ေတာ္ လုံးဝကို ဂ႐ုစိုက္မွာမဟုတ္ပါဘူး။ သူ သြားခ်င္တဲ့အသင္း ဒါမွမဟုတ္ လက္ေ႐ြးစင္အသင္းကို သြားလို႔ရႏိုင္ပါတယ္။ ကြၽန္ေတာ္တကယ္ကို ဂ႐ုမစိုက္ပါဘူး။ သူ ကြၽန္ေတာ့္ကို ဖုန္းေခၚဖို႔ ႀကိဳးစားခဲ့လားဆိုရင္ လုံးဝပါပဲ။ ကြၽန္ေတာ္ သူ႔ဖုန္းကို ကိုင္ေတာင္ ကိုင္မွာလည္း မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ျပင္သစ္ၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ လူဂါ့တ္က ျပင္သစ္ရဲ႕တသက္တာအေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးျဖစ္တဲ့ ဇီဒန္းနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့တဲ့ပုံစံကို သေဘာမက်ခဲ့တာျဖစ္ပါတယ္။

“ဇီဒန္းက ျပင္သစ္ပါ။ ကြၽန္ေတာ္တို႔ ဂႏၲဝင္ေတြကို ဒီလိုမ်ိဳး မေလးမစားလုပ္လို႔မရပါဘူး”လို႔ အမ္ဘာေပက မ်က္ႏွာကို လက္နဲ႔အုပ္ထားတဲ့ အီမိုဂ်ီနဲ႔အတူ တြစ္တာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.