International World Cup

မက်ဆီကို ခုထိဂုဏ်ပြုခြင်းမရှိခဲ့တဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း

ကမ္ဘာတလွှားက ထင်ပေါ်ကျော်ကြားသူတွေဟာ လီယွန်နယ် မက်ဆီကို အာဂျင်တီးနားနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲအတွက် ချီးကျူးဂုဏ်ပြုခဲ့ကြပေမယ့်လည်း လက်ရွေးစင်အသင်းဖော်ဟောင်း ကားလို့စ် တီဗက်ဇ်ကတော့ အဲဒီထဲမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၆၊ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အာဂျင်တီးနားကို ကိုယ်စားပြု ကစားပေးခဲ့တဲ့ တီဗက်ဇ်ဟာ လက်ရှိအချိန်အထိ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးကို ဂုဏ်ပြုစကားမပြောကြားရသေးဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကားလို့စ် တီဗက်ဇ်က ၎င်းရဲ့ သမီး ၂ ဦးဖြစ်တဲ့ ဖလိုရန်စီယာနဲ့ ကေတီယာတို့ဟာ မက်ဆီရဲ့ သွင်းဂိုးတွေကိုအောင်ပွဲခံနေတာကို မြင်ရတာ ပျော်ရွှင်ရတယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် မက်ဆီ ဆီကို စာမရေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူ ဖုန်းပေါက်ထွက်မတတ်ဖြစ်နေမှာမို့လို့ပါ။ ကျွန်တော့်ကလေးတွေက သူ့ရဲ့ ဂိုးတွေကို အော်ဟစ် အောင်ပွဲခံတာက ကျွန်တော့်ကို အရမ်းကြီးမားတဲ့ပျော်ရွှင်မှုကို ရရှိစေတယ်”လို့ ပြောကြားခဲ့ပါတယ်။

ကားလို့စ် တီဗက်ဇ်ဟာ ဘိုကာ ဂျူနီယာပရိသတ်တွေကြားမှာ ဂန္တဝင်ကစားသမားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရပြီး မတူညီတဲ့ကာလ ၃ ခုအတွင်း ၂၃၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၈၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကားလို့စ် တီဗက်ဇ်ဟာ ဘိုကာ ဂျူနီယာအသင်းကို လိဂ်ဖလား ၅ ကြိမ်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး တိုက်ကြီးများဖလားနဲ့ ကိုပါ ဆူဒါမေရီကာနာဖလားတို့ကိုလည်း ရယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်တာဗျူးအစောပိုင်းမှာ ကားလို့စ် တီဗက်ဇ်က ဘောလုံးကစားရတာကို မောပန်းနေပြီဖြစ်တာကြောင့် ဘိုကာ ဂျူနီယာနဲ့ အချိန်တွေကို လွမ်းဆွတ်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဘိုကာကိုရော ဘောလုံးကိုရော မလွမ်းဆွတ်မိပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော့်ကို မောပန်းစေလို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကမာၻတလႊားက ထင္ေပၚေက်ာ္ၾကားသူေတြဟာ လီယြန္နယ္ မက္ဆီကို အာဂ်င္တီးနားနဲ႔ ၂၀၂၂ ကမာၻ႔ဖလားေအာင္ပြဲအတြက္ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကေပမယ့္လည္း လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္း ကားလို႔စ္ တီဗက္ဇ္ကေတာ့ အဲဒီထဲမွာ မပါဝင္ခဲ့တာျဖစ္ပါတယ္။

၂၀၀၆၊ ၂၀၁၀ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ အာဂ်င္တီးနားကို ကိုယ္စားျပဳ ကစားေပးခဲ့တဲ့ တီဗက္ဇ္ဟာ လက္ရွိအခ်ိန္အထိ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးကို ဂုဏ္ျပဳစကားမေျပာၾကားရေသးဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ကားလို႔စ္ တီဗက္ဇ္က ၎ရဲ႕ သမီး ၂ ဦးျဖစ္တဲ့ ဖလိုရန္စီယာနဲ႔ ေကတီယာတို႔ဟာ မက္ဆီရဲ႕ သြင္းဂိုးေတြကိုေအာင္ပြဲခံေနတာကို ျမင္ရတာ ေပ်ာ္႐ႊင္ရတယ္လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ မက္ဆီ ဆီကို စာမေရးခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ သူ ဖုန္းေပါက္ထြက္မတတ္ျဖစ္ေနမွာမို႔လို႔ပါ။ ကြၽန္ေတာ့္ကေလးေတြက သူ႔ရဲ႕ ဂိုးေတြကို ေအာ္ဟစ္ ေအာင္ပြဲခံတာက ကြၽန္ေတာ့္ကို အရမ္းႀကီးမားတဲ့ေပ်ာ္႐ႊင္မႈကို ရရွိေစတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ကားလို႔စ္ တီဗက္ဇ္ဟာ ဘိုကာ ဂ်ဴနီယာပရိသတ္ေတြၾကားမွာ ဂႏၲဝင္ကစားသမားအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံခဲ့ရၿပီး မတူညီတဲ့ကာလ ၃ ခုအတြင္း ၂၃၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၈၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ကားလို႔စ္ တီဗက္ဇ္ဟာ ဘိုကာ ဂ်ဴနီယာအသင္းကို လိဂ္ဖလား ၅ ႀကိမ္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီး တိုက္ႀကီးမ်ားဖလားနဲ႔ ကိုပါ ဆူဒါေမရီကာနာဖလားတို႔ကိုလည္း ရယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အင္တာဗ်ဴးအေစာပိုင္းမွာ ကားလို႔စ္ တီဗက္ဇ္က ေဘာလုံးကစားရတာကို ေမာပန္းေနၿပီျဖစ္တာေၾကာင့္ ဘိုကာ ဂ်ဴနီယာနဲ႔ အခ်ိန္ေတြကို လြမ္းဆြတ္ျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ “ကြၽန္ေတာ္ ဘိုကာကိုေရာ ေဘာလုံးကိုေရာ မလြမ္းဆြတ္မိပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါက ကြၽန္ေတာ့္ကို ေမာပန္းေစလို႔ပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.