Premier League

အခြားပစ်မှတ်ကို ကတိပေးထားပြီးဖြစ်လို့ ကျောနံပါတ် ၇ ကို ဝတ်လို့ရမှာမဟုတ်တဲ့ ဗက်ဟော့စ်

မန်ချက်စတာယူနိုက်တက်ဟာ အခြားပစ်မှတ်တစ်ဦးကို ကျောနံပါတ် ၇ ပေးဖို့ ကတိပေးထားတဲ့အတွက် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့တဲ့အချိန်ကျရင် ဂန္တဝင်ကျောနံပါတ်ကို ဝတ်ဆင်လို့ရနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဘန်လေကစားသမားဟာ ရော်နယ်လ်ဒို ထွက်ခွာပြီးနောက်ပိုင်း ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးအသစ် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အဲရစ် တန်ဟက်အတွက် အံ့အားသင့်ဖွယ် အငှားပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဘက်ရှစ်တက်ရှ်မှာ အငှားနဲ့ ထွက်ကစားနေတဲ့ ဗက်ဟော့စ်ဟာ ယခုရာသီ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ သွင်းဂိုး ၉ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်ပြီး စနေနေ့က ကာဆင်ပါကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရိသတ်တွေကို လက်ဝှေ့ရမ်းပြီး နှုတ်ဆက်ခဲ့ပုံပေါ်ခဲ့ပါတယ်။

ဗက်ဟော့စ်ဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ အံ့အားသင့်ဖွယ် နီးစပ်နေတာကြောင့် မန်ချက်စတာယူနိုက်တက်မှာ ဝတ်ဆင်နိုင်ခြေရှိတဲ့ ကျောနံပါတ်ကလည်း ပေါ်ထွက်လာခဲ့တာဖြစ်ပြီး Manchester Evening News ရဲ့ ဖော်ပြချက်အရ ဒတ်ချ်တိုက်စစ်မှူးအတွက် ကျောနံပါတ် ၇၊ ၁၃၊ ၁၅၊ ၁၆၊ ၂၄၊ ၂၆၊ ၂၇ သို့မဟုတ် ၃၀ က ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်စရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ ယခုလမှာ အက်သလက်တီကို မက်ဒရစ်ကနေ ဂျာအို ဖီလစ် ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် ကျောနံပါတ် ၇ ကို ပေးအပ်ဖို့ အဆင်သင့်ရှိနေတာကြောင့် အသက် ၃၀ အရွယ်တိုက်စစ်မှူးအနေနဲ့ ဂန္တဝင်ကျောနံပါတ်ကို ဝတ်ဆင်ခွင့်ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

ပေါ်တူဂီသတင်းဌာန A Bola ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် စီအီးအို ရစ်ချက် အာနိုးက အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးကို ကျောနံပါတ် ၇ က ၎င်းအတွက် အဆင်သင့်ဖြစ်နေတယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ လက်ရှိမှာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားနေသူဖြစ်ပြီး ဂျာအို ဖီလစ်ကို အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ကလည်း ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ အနီးကပ် စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

လာလီဂါကလပ်အသင်းဟာ ဂျာအို ဖီလစ်အတွက် ကြီးမားတဲ့ ဈေးနှုန်း သတ်မှတ်ထားပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ ပေါင် ၇၀.၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်ပါဝင်တဲ့ ပေါင် ၉.၅ သန်းတန် အငှားစာချုပ် တောင်းဆိုထားတယ်လို့သိရပါတယ်။ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၁၉ ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၃ သန်းနဲ့ အက်သလက်တီကို မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပေမယ့်လည်း ပေးရတဲ့ ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိခဲ့ဘဲ နည်းပြ ဆီမီယွန်နီရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဟာ အျခားပစ္မွတ္တစ္ဦးကို ေက်ာနံပါတ္ ၇ ေပးဖို႔ ကတိေပးထားတဲ့အတြက္ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕တဲ့အခ်ိန္က်ရင္ ဂႏၲဝင္ေက်ာနံပါတ္ကို ဝတ္ဆင္လို႔ရႏိုင္မွာမဟုတ္ဘူးလို႔ သိရပါတယ္။

ဘန္ေလကစားသမားဟာ ေရာ္နယ္လ္ဒို ထြက္ခြာၿပီးေနာက္ပိုင္း ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြင္း တိုက္စစ္မႉးအသစ္ ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ အဲရစ္ တန္ဟက္အတြက္ အံ့အားသင့္ဖြယ္ အငွားပစ္မွတ္အျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

လက္ရွိ ဘက္ရွစ္တက္ရွ္မွာ အငွားနဲ႔ ထြက္ကစားေနတဲ့ ဗက္ေဟာ့စ္ဟာ ယခုရာသီ ၿပိဳင္ပြဲစုံ ၁၈ ပြဲမွာ သြင္းဂိုး ၉ ဂိုး သြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး စေနေန႔က ကာဆင္ပါကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပရိသတ္ေတြကို လက္ေဝွ႔ရမ္းၿပီး ႏႈတ္ဆက္ခဲ့ပုံေပၚခဲ့ပါတယ္။

ဗက္ေဟာ့စ္ဟာ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ အံ့အားသင့္ဖြယ္ နီးစပ္ေနတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္မွာ ဝတ္ဆင္ႏိုင္ေျခရွိတဲ့ ေက်ာနံပါတ္ကလည္း ေပၚထြက္လာခဲ့တာျဖစ္ၿပီး Manchester Evening News ရဲ႕ ေဖာ္ျပခ်က္အရ ဒတ္ခ်္တိုက္စစ္မႉးအတြက္ ေက်ာနံပါတ္ ၇၊ ၁၃၊ ၁၅၊ ၁၆၊ ၂၄၊ ၂၆၊ ၂၇ သို႔မဟုတ္ ၃၀ က ျဖစ္ႏိုင္ေျခရွိတဲ့ ေ႐ြးခ်ယ္စရာေတြ ျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုလမွာ အက္သလက္တီကို မက္ဒရစ္ကေန ဂ်ာအို ဖီလစ္ ေျပာင္းေ႐ႊ႕လာခဲ့မယ္ဆိုရင္ ေက်ာနံပါတ္ ၇ ကို ေပးအပ္ဖို႔ အဆင္သင့္ရွိေနတာေၾကာင့္ အသက္ ၃၀ အ႐ြယ္တိုက္စစ္မႉးအေနနဲ႔ ဂႏၲဝင္ေက်ာနံပါတ္ကို ဝတ္ဆင္ခြင့္ရရွိမွာမဟုတ္ဘူးလို႔ သိရပါတယ္။

ေပၚတူဂီသတင္းဌာန A Bola ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္ စီအီးအို ရစ္ခ်က္ အာႏိုးက အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေက်ာနံပါတ္ ၇ က ၎အတြက္ အဆင္သင့္ျဖစ္ေနတယ္လို႔ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးဟာ လက္ရွိမွာ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ကစားေနသူျဖစ္ၿပီး ဂ်ာအို ဖီလစ္ကို အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ကလည္း ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ အနီးကပ္ ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

လာလီဂါကလပ္အသင္းဟာ ဂ်ာအို ဖီလစ္အတြက္ ႀကီးမားတဲ့ ေဈးႏႈန္း သတ္မွတ္ထားၿပီး သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ေပါင္ ၇၀.၅ သန္းနဲ႔ အၿပီးသတ္ ေခၚယူခြင့္ပါဝင္တဲ့ ေပါင္ ၉.၅ သန္းတန္ အငွားစာခ်ဳပ္ ေတာင္းဆိုထားတယ္လို႔သိရပါတယ္။ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ ၂၀၁၉ ခုႏွစ္မွာ ဘင္ဖီကာအသင္းကေန အသင္းစံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၁၃ သန္းနဲ႔ အက္သလက္တီကို မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္လည္း ေပးရတဲ့ ေဈးႏႈန္းနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းမ်ိဳး ျပသႏိုင္ျခင္းမရွိခဲ့ဘဲ နည္းျပ ဆီမီယြန္နီရဲ႕ ပြဲထြက္လူစာရင္းမွာ ပုံမွန္ပြဲထြက္ခြင့္မရျဖစ္ေနခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.