လီဗာပူးလ်အသင်းဟာ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာ ပွဲတာဝန်ရှိသူတွေရဲ့ လူကျွံဆုံးဖြတ်ချက် ၂ ခုမှာ မျက်နှာသာပေးခြင်းခံခဲ့ရတာကြောင့် ဝုလ်ဗ်စ်နဲ့ သရေကျခဲ့ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာရမယ့်အရေးကနေ လွတ်မြောက်ခဲ့ပါတယ်။
လီဗာပူးလ်ဟာ ယခုအပတ်အစောပိုင်းမှာ ဘရန့်တ်ဖို့ဒ်ကို ၃-၁ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နိုင်ပွဲတွေ ပြန်လည်ရရှိဖို့ မဖြစ်မနေ လိုအပ်ခဲ့တာဖြစ်ပေမယ့်လည်း ယာဂန် ကလော့ပ် မျှော်လင့်ထားခဲ့တဲ့ စတင်မှုမျိုးတော့ မဟုတ်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်ဟာ ဖလားပွဲစဉ်တွေမှာ ပုံမှန်ပွဲထွက်နေကျ ကယ်လေဟာအစား ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပြီး ပင်နယ်တီဧရိယာထဲမှာ ဂွန်ဆာလို ဂဲဂျစ်စ်ကို လူပေးမှားခဲ့ရာကနေ ပထမပိုင်းမှာ ၁-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။
အယ်လစ်ဆန်အတွက် ကံကောင်းတာက အာနိုးရဲ့အလွန်ကောင်းမွန်တဲ့ဖြတ်တင်ပေးပို့မှုကို နူးညက်ဇ်က ဘယ်ခြေနဲ့ မြေမကျကန်သွင်းချက်နဲ့အတူ အဆုံးသတ်ပေးနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်းက ပထမပိုင်းမပြီးခင်မှာ ချေပဂိုး ပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၇ မိနစ်အကြာမှာ အိမ်ရှင်လီဗာပူးလ်အသင်းက ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ ကိုဒီ ဂက်ခ်ပိုက မိုဟာမက် ဆာလားကို ဖြတ်တင်ပေးပို့ခဲ့ရာမှာ အီဂျစ်တိုက်စစ်မှူးက ဝုလ်ဗ်စ်နောက်ခံကစားသမား ရှင်းထုတ်ရာကနေ ကျလာတဲ့ဘောလုံးကို တစ်ချက်ထိန်းပြီး ဂိုးပေါက်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
အီဂျစ်တိုက်စစ်မှူးဟာ ဂက်ခ်ပို ဘောလုံးပေးပို့ခဲ့ချိန်မှာ လူကျွံနေခဲ့ပေမယ့်လည်း တိုတီ ဂိုးမက်စ်က ဘောလုံး ဆာလားဆီမရောက်ခင် ပေးပို့မှုကို ခေါင်းနဲ့ တိုက်ခဲ့တဲ့အတွက် ဂိုးခွင့်ပြုခြင်းခံခဲ့ရတာ ဖြစ်ပြီး ဝုလ်ဗ်စ်ကစားသမားဟာ ဘောလုံးနဲ့ ကစားနေဆဲဖြစ်တာကြောင့် VAR ဒိုင်လူကြီးတွေက လူကျွံဘောအဖြစ် မသတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဝုလ်ဗ်စ်အသင်းအတွက် ဒီထက်တောင် ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ခဲ့တာက ဟွမ်ဟီးချန်းက ၂-၂ ဖြစ်စေခဲ့တဲ့ ချေပဂိုးကို သွင်းယူပြီးနောက် ပွဲပြီးဆုံးခါနီး ၁၀ မိနစ်မှာ တိုတီ ဂိုးမက်စ်က အစောပိုင်းတုန်းက အမှားကို ပြန်လည်ပြင်ဆင်ပေးနိုင်ခဲ့ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း VAR နဲ့ ကွင်းလယ်ဒိုင်က ဝုလ်ဗ်စ်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
VAR နဲ့ မိနစ်ပေါင်းများစွာ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် လူကျွံ၊ မကျွံ ဆုံးဖြတ်ဖို့ သေချာမမြင်ရတာကြောင့် ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုသာ ခံယူခဲ့ရတာဖြစ်ပြီး ဝုလ်ဗ်စ်ကစားသမားတွေထဲကတစ်ဦးဟာ လူကျွံနေခဲ့တယ်လို့ သတ်မှတ်ခဲ့တာကြောင့် ဂိုးကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘယ်ကစားသမားက လူကျွံနေခဲ့တာလဲဆိုတာကို မရှင်းလင်းခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ITV တင်ဆက်သူတွေနဲ့ ဘောလုံးဗဝဖန်သူတွေက ထောင့်ကန်ဘောကန်သွင်းသူ နူနက်စ်ဆီကို ဘောလုံးပြန်ရောက်ချိန်မှာ ကင်မရာရှုထောင့်က လူကျွံ၊ မကျွံကို သေချာမရိုက်ကူးနိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောာကြားခဲ့ပါတယ်။
ဆုံးဖြတ်ချက်ဟာ မှန်လား၊ မှားလားဆိုတာကို သိနိုင်စရာနည်းလမ်းမရှိပေမယ့်လည်း ကွင်းလယ်ဒိုင်က လက်ထောက်ဒိုင်လူကြီးရဲ့ မူလဆုံးဖြတ်ချက်အတိုင်းပဲ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဝုလ်ဗ်စ်အသင်းရဲ့ နောက်ကျအနိုင်ဂိုးကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
လီဗာပူးလ္အသင္းဟာ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္မွာ ပြဲတာဝန္ရွိသူေတြရဲ႕ လူကြၽံဆုံးျဖတ္ခ်က္ ၂ ခုမွာ မ်က္ႏွာသာေပးျခင္းခံခဲ့ရတာေၾကာင့္ ဝုလ္ဗ္စ္နဲ႔ သေရက်ခဲ့ၿပီး အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ထြက္ခြာရမယ့္အေရးကေန လြတ္ေျမာက္ခဲ့ပါတယ္။
လီဗာပူးလ္ဟာ ယခုအပတ္အေစာပိုင္းမွာ ဘရန႔္တ္ဖို႔ဒ္ကို ၃-၁ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ႏိုင္ပြဲေတြ ျပန္လည္ရရွိဖို႔ မျဖစ္မေန လိုအပ္ခဲ့တာျဖစ္ေပမယ့္လည္း ယာဂန္ ကေလာ့ပ္ ေမွ်ာ္လင့္ထားခဲ့တဲ့ စတင္မႈမ်ိဳးေတာ့ မဟုတ္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ဂိုးသမား အယ္လစ္ဆန္ဟာ ဖလားပြဲစဥ္ေတြမွာ ပုံမွန္ပြဲထြက္ေနက် ကယ္ေလဟာအစား ပြဲထြက္ခြင့္ ရရွိခဲ့တာျဖစ္ၿပီး ပင္နယ္တီဧရိယာထဲမွာ ဂြန္ဆာလို ဂဲဂ်စ္စ္ကို လူေပးမွားခဲ့ရာကေန ပထမပိုင္းမွာ ၁-၀ နဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။
အယ္လစ္ဆန္အတြက္ ကံေကာင္းတာက အာႏိုးရဲ႕အလြန္ေကာင္းမြန္တဲ့ျဖတ္တင္ေပးပို႔မႈကို ႏူးညက္ဇ္က ဘယ္ေျခနဲ႔ ေျမမက်ကန္သြင္းခ်က္နဲ႔အတူ အဆုံးသတ္ေပးႏိုင္ခဲ့တာေၾကာင့္ လီဗာပူးလ္အသင္းက ပထမပိုင္းမၿပီးခင္မွာ ေခ်ပဂိုး ျပန္လည္ရရွိသြားခဲ့တာျဖစ္ပါတယ္။
ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ ၇ မိနစ္အၾကာမွာ အိမ္ရွင္လီဗာပူးလ္အသင္းက ဦးေဆာင္ဂိုး ရရွိသြားခဲ့ၿပီး ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တဲ့ ကိုဒီ ဂက္ခ္ပိုက မိုဟာမက္ ဆာလားကို ျဖတ္တင္ေပးပို႔ခဲ့ရာမွာ အီဂ်စ္တိုက္စစ္မႉးက ဝုလ္ဗ္စ္ေနာက္ခံကစားသမား ရွင္းထုတ္ရာကေန က်လာတဲ့ေဘာလုံးကို တစ္ခ်က္ထိန္းၿပီး ဂိုးေပါက္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
အီဂ်စ္တိုက္စစ္မႉးဟာ ဂက္ခ္ပို ေဘာလုံးေပးပို႔ခဲ့ခ်ိန္မွာ လူကြၽံေနခဲ့ေပမယ့္လည္း တိုတီ ဂိုးမက္စ္က ေဘာလုံး ဆာလားဆီမေရာက္ခင္ ေပးပို႔မႈကို ေခါင္းနဲ႔ တိုက္ခဲ့တဲ့အတြက္ ဂိုးခြင့္ျပဳျခင္းခံခဲ့ရတာ ျဖစ္ၿပီး ဝုလ္ဗ္စ္ကစားသမားဟာ ေဘာလုံးနဲ႔ ကစားေနဆဲျဖစ္တာေၾကာင့္ VAR ဒိုင္လူႀကီးေတြက လူကြၽံေဘာအျဖစ္ မသတ္မွတ္ခဲ့တာျဖစ္ပါတယ္။
ဝုလ္ဗ္စ္အသင္းအတြက္ ဒီထက္ေတာင္ ပိုၿပီး စိတ္အေႏွာင့္အယွက္ျဖစ္စရာျဖစ္ခဲ့တာက ဟြမ္ဟီးခ်န္းက ၂-၂ ျဖစ္ေစခဲ့တဲ့ ေခ်ပဂိုးကို သြင္းယူၿပီးေနာက္ ပြဲၿပီးဆုံးခါနီး ၁၀ မိနစ္မွာ တိုတီ ဂိုးမက္စ္က အေစာပိုင္းတုန္းက အမွားကို ျပန္လည္ျပင္ဆင္ေပးႏိုင္ခဲ့ၿပီလို႔ ထင္ျမင္ခဲ့ေပမယ့္လည္း VAR နဲ႔ ကြင္းလယ္ဒိုင္က ဝုလ္ဗ္စ္ရဲ႕ သြင္းဂိုးကို လူကြၽံေဘာအျဖစ္ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။
VAR နဲ႔ မိနစ္ေပါင္းမ်ားစြာ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ လူကြၽံ၊ မကြၽံ ဆုံးျဖတ္ဖို႔ ေသခ်ာမျမင္ရတာေၾကာင့္ ကြင္းလယ္ဒိုင္နဲ႔ စည္းၾကပ္ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္ကိုသာ ခံယူခဲ့ရတာျဖစ္ၿပီး ဝုလ္ဗ္စ္ကစားသမားေတြထဲကတစ္ဦးဟာ လူကြၽံေနခဲ့တယ္လို႔ သတ္မွတ္ခဲ့တာေၾကာင့္ ဂိုးကို ပယ္ဖ်က္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဘယ္ကစားသမားက လူကြၽံေနခဲ့တာလဲဆိုတာကို မရွင္းလင္းခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ ITV တင္ဆက္သူေတြနဲ႔ ေဘာလုံးဗဝဖန္သူေတြက ေထာင့္ကန္ေဘာကန္သြင္းသူ ႏူနက္စ္ဆီကို ေဘာလုံးျပန္ေရာက္ခ်ိန္မွာ ကင္မရာရႈေထာင့္က လူကြၽံ၊ မကြၽံကို ေသခ်ာမ႐ိုက္ကူးႏိုင္ခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာာၾကားခဲ့ပါတယ္။
ဆုံးျဖတ္ခ်က္ဟာ မွန္လား၊ မွားလားဆိုတာကို သိႏိုင္စရာနည္းလမ္းမရွိေပမယ့္လည္း ကြင္းလယ္ဒိုင္က လက္ေထာက္ဒိုင္လူႀကီးရဲ႕ မူလဆုံးျဖတ္ခ်က္အတိုင္းပဲ ရပ္တည္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး ဝုလ္ဗ္စ္အသင္းရဲ႕ ေနာက္က်အႏိုင္ဂိုးကို ပယ္ဖ်က္ခဲ့တာ ျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.