Premier League Serie A

ဒရော့ဂ်ဘာလက်သစ်ဖြစ်လာမယ့်သူကို စောင့်ကြည့်နေတဲ့ အာဆင်နယ်နဲ့မန်ယူနိုက်တက်

အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ ချဲလ်ဆီးကြယ်ပွင့် တန်မီ အေဘရာဟမ်ကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂန်းနားတွေဟာ ယခုရာသီမှာ တောက်ပတဲ့ခြေစွမ်းပြသနေတာဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ ၅ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂါဘရီယဲလ် ဂျေးဇု ဒဏ်ရာရရှိသွားခဲ့မှုက အာဆင်နယ်ရဲ့တိုက်စစ်မှာ ပြင်းထန်တဲ့ ထိခိုက်မှု ဖြစ်ခဲ့ပြီး နကီးတီးယားတစ်ယောက်တည်းသာ စီနီယာကျောနံပါတ် ၉ ကစားသမားအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူကရိန်းတောင်ပံကစားသမား မာဒရစ်ခ်ကို ဇန်နဝါရီလမှာ အဓိက ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပြီး အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားအတွက် ကမ်းလှမ်းမှု ၂ ကြိမ်အထိ ငြင်းပယ်ခြင်း ခံခဲ့ရပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမှတ်ပေးဇယားဦးဆောင်သူ ဂန်းနားတွေဟာ အထောင်တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးပမ်းသွားကောင်း ကြိုးပမ်းသွားနိုင်ပြီး အလားတူပဲ မန်ယူနိုက်တက်ကလည်း ရော်နယ်လ်ဒိုထွက်ခွာပြီးနောက်ပိုင်း ဒဏ်ရာမကြာခဏရတတ်တဲ့ မာစီယယ်လ်နဲ့ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနေတဲ့ ရက်ရှ်ဖို့ဒ်တို့ ၂ ဦးသာ အထောင်တိုက်စစ်မှူးအဖြစ် ကစားနိုင်သူရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီး ၂ သင်းဟာ အင်္ဂလန်တိုက်စစ်မှူး တန်မီ အေဘရာဟမ်ကို အနီးကပ်စောင့်ကြည့်နေတာဖြစ်ပြီး ချဲလ်ဆီးတိုက်စစ်မှူးဟောင်းကို ပတ် နီဗင်က တစ်ခါတုန်းက ဒရော့ဂ်ဘာလက်သစ်အဖြစ် ချီးကျူးပြောဆိုခဲ့ဖူးတာဖြစ်ပါတယ်။

Repubblica ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ရိုးမားက အေဘရာဟမ်ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အင်္ဂလန်တိုက်စစ်မှူးဟာ ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီးကနေ အီတလီကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် ၎င်းရဲ့ကစားသမားဘဝမှာ ဂိုးသွင်းနှုန်းအကောင်းဆုံးရာသီတွေထဲ တစ်ခုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံမှာ ၂၇ ဂိုးအထိ သွင်းယူထားပြီး ဟိုဆေး မော်ရင်ညိုရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါကွန်းဖရင့်လိဂ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အေဘရာဟမ်ဟာ ယခုရာသီမှာ ခြေစွမ်းပိုင်း မတည်ငြိမ်ခဲ့ဘဲ သွင်းဂိုး ၃ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားအတွက် အင်္ဂလန်လူစာရင်းကနေလည်း ချန်လှပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ ခ်ဲလ္ဆီးၾကယ္ပြင့္ တန္မီ ေအဘရာဟမ္ကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဂန္းနားေတြဟာ ယခုရာသီမွာ ေတာက္ပတဲ့ေျခစြမ္းျပသေနတာျဖစ္ၿပီး လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံ မန္ခ်က္စတာစီးတီးနဲ႔ ၅ မွတ္အကြာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂါဘရီယဲလ္ ေဂ်းဇု ဒဏ္ရာရရွိသြားခဲ့မႈက အာဆင္နယ္ရဲ႕တိုက္စစ္မွာ ျပင္းထန္တဲ့ ထိခိုက္မႈ ျဖစ္ခဲ့ၿပီး နကီးတီးယားတစ္ေယာက္တည္းသာ စီနီယာေက်ာနံပါတ္ ၉ ကစားသမားအျဖစ္ ရွိေနတာ ျဖစ္ပါတယ္။

က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနတဲ့ သတင္းေတြအရ ယူကရိန္းေတာင္ပံကစားသမား မာဒရစ္ခ္ကို ဇန္နဝါရီလမွာ အဓိက ဦးစားေပးပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားအတြက္ ကမ္းလွမ္းမႈ ၂ ႀကိမ္အထိ ျငင္းပယ္ျခင္း ခံခဲ့ရၿပီး ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမွတ္ေပးဇယားဦးေဆာင္သူ ဂန္းနားေတြဟာ အေထာင္တိုက္စစ္မႉးကို ေခၚယူဖို႔ ႀကိဳးပမ္းသြားေကာင္း ႀကိဳးပမ္းသြားႏိုင္ၿပီး အလားတူပဲ မန္ယူႏိုက္တက္ကလည္း ေရာ္နယ္လ္ဒိုထြက္ခြာၿပီးေနာက္ပိုင္း ဒဏ္ရာမၾကာခဏရတတ္တဲ့ မာစီယယ္လ္နဲ႔ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိေနတဲ့ ရက္ရွ္ဖို႔ဒ္တို႔ ၂ ဦးသာ အေထာင္တိုက္စစ္မႉးအျဖစ္ ကစားႏိုင္သူရွိေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီး ၂ သင္းဟာ အဂၤလန္တိုက္စစ္မႉး တန္မီ ေအဘရာဟမ္ကို အနီးကပ္ေစာင့္ၾကည့္ေနတာျဖစ္ၿပီး ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းကို ပတ္ နီဗင္က တစ္ခါတုန္းက ဒေရာ့ဂ္ဘာလက္သစ္အျဖစ္ ခ်ီးက်ဴးေျပာဆိုခဲ့ဖူးတာျဖစ္ပါတယ္။

Repubblica ရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ဟာ ႐ိုးမားက ေအဘရာဟမ္ရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနၿပီး အဂၤလန္တိုက္စစ္မႉးဟာ ၂၀၂၁ ခုႏွစ္မွာ ခ်ဲလ္ဆီးကေန အီတလီကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီးေနာက္ ၎ရဲ႕ကစားသမားဘဝမွာ ဂိုးသြင္းႏႈန္းအေကာင္းဆုံးရာသီေတြထဲ တစ္ခုကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပိဳင္ပြဲစုံမွာ ၂၇ ဂိုးအထိ သြင္းယူထားၿပီး ဟိုေဆး ေမာ္ရင္ညိဳရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ယူ႐ိုပါကြန္းဖရင့္လိဂ္ကို ရရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေအဘရာဟမ္ဟာ ယခုရာသီမွာ ေျခစြမ္းပိုင္း မတည္ၿငိမ္ခဲ့ဘဲ သြင္းဂိုး ၃ ဂိုးသာ သြင္းယူထားႏိုင္ေသးတာျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားအတြက္ အဂၤလန္လူစာရင္းကေနလည္း ခ်န္လွပ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.