Carabao & FA Match Report Premier League

ကမ္ဘာ့ချန်ပီယံ မက္ကယ်လစ္စတာ ခြေစွမ်းပြပြီး ဘိုရိုကို ဂိုးပြတ်နိုင်တဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား စတီးလ်၊ ခံစစ်မှာ ဗန်ဟက်ကီ၊ ကောလ်ဝီလ်၊ လမ့်ပ်တေနဲ့ အက်စ်တူပီညန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂရော့စ်၊ လယ်လာနာ၊ ဆော်လီမာ့ချ်နဲ့ မီတိုမာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖာဂူဆန်တစ်ယောက်တည်းကို အထောင်ထားပြီး ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် မစ်ဒယ်ဘရော့တို့ကတော့ မန်စီးတီးအငှားဂိုးသမား စတက်ဖင်၊ ခံစစ်မှာတော့ မက်နဲရ်၊ ဖရိုင်း၊ စမစ်နဲ့ ဂီးလ်စ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာ ဟက်ခ်နီ၊ ဟောင်းဆန်၊ မက်ဂရီးနဲ့ ဖော့စ်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ အက်ခ်ပွန်နဲ့ ကရွတ်ခ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာကတည်းက ဘရိုက်တန်တို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဖာဂူဆန် ခင်းပေးလိုက်တာကို မာ့ချ်က ဂိုးရှေ့ကနေ ပိတ်ခွင့်ရပေမယ့် မစ်ဒယ်ဘရော့ ဂိုးသမားနဲ့ ထိပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဂရော့စ်က ထပ်ဆင့်ပိတ်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာတော့ အိမ်ရှင် မစ်ဒယ်ဘရော့တို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက‌နေ နောက်ခံလူ ဂီးလ်စ်ရဲ့ ဖြတ်တင်ဘောကို ဘရိုက်တန်ခံစစ်တွေရဲ့ လေးလံနေမှုကို အခွင့်ကောင်းယူသွားခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အက်ခ်ပွန်က ခေါင်းတိုက်ပြီး ဂိုးသမား စတီးလ်ကို အနိုင်ယူသွားခဲ့တာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ ဘရိုက်တန်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ မာ့ချ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဘယ်ခြမ်းက ပြေးဝင်လာခဲ့တဲ့ မီတိုမာက ဂိုးရှေ့ကို ပြန်တင်ပေးတာကို လယ်လာနာက ဘယ်သူမှ မရှိတဲ့ ဂိုးပေါက်ထဲကို အေးအေးဆေးဆေး ခေါင်းတိုက်ရယူခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ဘရိုက်တန်တို့ဘက်က လယ်လာနာအစား မက္ကယ်လစ္စတာ ဝင်ကစားခဲ့ပြီး ပွဲချိန် ၅၈ မိနစ်မှာတော့ တတိယ ဦးဆောင်ဂိုး ရရှိခဲ့သလို တန်ပြန်တိုက်စစ်ကနေ ဖာဂူဆန် ပြန်ချပေးတဲ့ ဘောလုံးကို အက်စ်တူပီညန်က ဂိုးရှေ့ အနိမ့်ဘော ဖြတ်ပို့ရာမှာ အာဂျင်တီးနား ကမ္ဘာ့ချန်ပီယံက လမ်းကြောင်းပြောင်းပေးပြီး သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ ဘရိုက်တန်ဘက်က ဖာဂူဆန်နဲ့ မီတိုမာတို့အစား ဒဏ်ရာက သက်သာလာတဲ့ ဝဲလ်ဘက်ခ်နဲ့ အန်စီဆိုတို့ကို လူစားလဲကစားသွားခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာတော့ ညာခြမ်းတွဲလုံးကနေ မာ့ချ်နဲ့ ဂရော့စ်တို့ ပူးပေါင်းပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးတာကို မက္ကယ်လစ္စတာက သူ့ရဲ့ ဒုတိယမြောက်ဂိုးအဖြစ် ပိတ်သွင်းယူနိုင်ခဲ့လို့ လေးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ ဘရိုက်တန်တို့ ပဉ္စမမြောက် ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေပဲ မာ့ချ်ရဲ့ ပေးပို့မှုကို ဂရော့စ် နေရာမှာ လူစားဝင်လာခဲ့တဲ့ တိုက်စစ်မှူး အန်ဒက်ဗ်က ဧရိယာထဲ ဆွဲဝင်လာခဲ့ပြီး မစ်ဒယ်ဘရော့ခံစစ်ကြားကနေ အနိမ့်ဘော ကန်သွင်းရာမှာ အဝေးတိုင်ခြေကို ဝင်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ နည်းပြ ရောဘတ်တို ဒီဇာဘီလက်ထဲမှာ ပုံစံကောင်းကို ပြန်လည်ရှာဖွေထိန်းသိမ်းနိုင်ခဲ့တဲ့ ဘရိုက်တန်တို့အနေနဲ့ အက်ဖ်အေဖလားရဲ့ တတိယအဆင့်မှာ အိမ်ရှင် မစ်ဒယ်ဘရော့တို့ကို ရေးဗားဆိုက်ကွင်းမှာ ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို သာသာယာယာ တက်ရောက်သွားနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား စတီးလ်၊ ခံစစ်မှာ ဗန်ဟက်ကီ၊ ကောလ်ဝီလ်၊ လမ့်ပ်တေနဲ့ အက်စ်တူပီညန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂရော့စ်၊ လယ်လာနာ၊ ဆော်လီမာ့ခ်ျနဲ့ မီတိုမာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖာဂူဆန်တစ်ယောက်တည်းကို အထောင်ထားပြီး ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။


ပွဲချိန် ၈ မိနစ်မှာကတည်းက ဘရိုက်တန်တို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဖာဂူဆန် ခင်းပေးလိုက်တာကို မာ့ခ်ျက ဂိုးရှေ့ကနေ ပိတ်ခွင့်ရပေမယ့် မစ်ဒယ်ဘရော့ ဂိုးသမားနဲ့ ထိပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဂရော့စ်က ထပ်ဆင့်ပိတ်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။


ပွဲချိန် ၂၉ မိနစ်မှာတော့ ဘရိုက်တန်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ မာ့ခ်ျရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဘယ်ခြမ်းက ပြေးဝင်လာခဲ့တဲ့ မီတိုမာက ဂိုးရှေ့ကို ပြန်တင်ပေးတာကို လယ်လာနာက ဘယ်သူမှ မရှိတဲ့ ဂိုးပေါက်ထဲကို အေးအေးဆေးဆေး ခေါင်းတိုက်ရယူခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။


ပွဲချိန် ၆၄ မိနစ်မှာတော့ ဘရိုက်တန်ဘက်က ဖာဂူဆန်နဲ့ မီတိုမာတို့အစား ဒဏ်ရာက သက်သာလာတဲ့ ဝဲလ်ဘက်ခ်နဲ့ အန်စီဆိုတို့ကို လူစားလဲကစားသွားခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာတော့ ညာခြမ်းတွဲလုံးကနေ မာ့ခ်ျနဲ့ ဂရော့စ်တို့ ပူးပေါင်းပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးတာကို မက္ကယ်လစ္စတာက သူ့ရဲ့ ဒုတိယမြောက်ဂိုးအဖြစ် ပိတ်သွင်းယူနိုင်ခဲ့လို့ လေးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ ဘရိုက်တန်တို့ ပဉ္စမမြောက် ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေပဲ မာ့ခ်ျရဲ့ ပေးပို့မှုကို ဂရော့စ် နေရာမှာ လူစားဝင်လာခဲ့တဲ့ တိုက်စစ်မှူး အန်ဒက်ဗ်က ဧရိယာထဲ ဆွဲဝင်လာခဲ့ပြီး မစ်ဒယ်ဘရော့ခံစစ်ကြားကနေ အနိမ့်ဘော ကန်သွင်းရာမှာ အဝေးတိုင်ခြေကို ဝင်သွားခဲ့တာပါ။


REF: INTERNET SOURCES
SPORTS A2Z.