Other Leagues

ရော်နယ်လ်ဒို အယ်လ်တာအီးနဲ့ပွဲ ဒုတိယပိုင်းမှာ ဘာလုပ်နေခဲ့လဲ ပြသခဲ့တဲ့ အယ်လ် နက်ဆာ

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သောကြာနေ့ညမှာ အယ်လ် တာအီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ပေမယ့် ကွင်းထဲမှာ အားပေးကြည့်ရှုခဲ့ပြီး ပွဲမပြီးဆုံးခင် ပထမပိုင်းအပြီးမှာ ပျောက်သွားခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာတုန်းက ချမှတ်ခံခဲ့ရတဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် သောကြာနေ့ညက အယ်လ် နက်ဆာအတွက် ပွဲဦးထွက်ပါဝင်ကစားပေးနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပေမယ့် ပေါ်တူဂီတိုက်စစ်မှူးဟာ Mrsool Park ထဲမှာ ရှိနေခဲ့ပြီး ပထမပိုင်းကို VIP ခန်းကနေ ကြည့်ရှုအားပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းအပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ရော်နယ်လ်ဒိုကို ထပ်မံ မြင်တွေ့ရခြင်းမရှိတော့တာကြောင့် အသင်းရဲ့ ပွဲစဉ်ကို ပြီးဆုံးအောင် အားပေးခြင်းမရှိဘူးလို့ ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး တကယ်တော့ ပေါ်တူဂီတိုက်စစ်မှူးဟာ အသင်းအဝတ်လဲခန်းထဲမှာ လေ့ကျင့်ရေး ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

အယ်လ် တာအီးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အန်ဒါဆန် တာလစ်စ်ကာက အယ်လ် နက်ဆာအတွက် ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ဘင်ဖီကာတိုက်စစ်မှူးဟောင်းရဲ့ ဒုတိယသွင်းဂိုးကို အဝတ်လဲခန်းထဲမှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ဆော်ဒီ ပရိုလိဂ်မှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတဲ့ တာလစ်စ်ကာအတွက်တော့ တော်တော်လေးကို ရိုးစင်းတဲ့ဂိုးတစ်ဂိုး ဖြစ်ခဲ့ပြီး ဂိုးသမား ဒေးဗစ် အော့စပီနာ ပေးပို့လိုက်တဲ့ ဘောလုံးဟာ အယ်လ် တာအီးရဲ့ပင်နယ်တီဧရိယာထဲကို ဝင်ရောက်ဖို့ ဘင်ဖီကာတိုက်စစ်မှူးက ၂ ကြိမ်သာ ထိတွေ့ဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်။

တာလစ်စ်ကာဟာ နောက်ခံလူရဲ့ လုယူဖို့ ကြိုးပမ်းမှုကို ရှောင်လွှဲနိုင်ခဲ့ပြီးနောက် အေးအေးဆေးဆေးပဲ ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး အဝတ်လဲခန်းထဲက အခြား အယ်လ် နက်ဆာအသင်းကလူတွေက ခုန်ပေါက်အောင်ပွဲခံခဲ့ကြချိန်မှာ လေ့ကျင့်ရေးစက်ဘီးပေါ်ကနေ လေ့ကျင့်ခန်းလုပ်နေရင်း ကြည့်ရှုနေတဲ့ ရော်နယ်လ်ဒိုက အယ်လ် နက်ဆာတိုက်စစ်မှူးရဲ့ အဆုံးသတ်ကို လက်ခုပ်တီး ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

https://mobile.twitter.com/AlNassrFC_EN/status/1611444562534469633

အယ်လ် နက်ဆာအသင်းက အဝတ်လဲခန်းထဲက ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးအတွက် အောင်ပွဲခံမှုကို တရားဝင်တွစ်တာအကောင့်က မျှဝေခဲ့ပြီး ကြည့်ရှုသူပေါင်း ၅ သန်းကျော်နဲ့ နှစ်သက်သူပေါင်း ၁ သိန်းကျော် အထိ ရရှိခဲ့တာဖြစ်ပြီး အယ်လ် နက်ဆာဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးမှာ အယ်လ် ရှာဟတ်ဘ်ထက် ၁ ပွဲ ပို ၄ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေသာၾကာေန႔ညမွာ အယ္လ္ တာအီးကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့ေပမယ့္ ကြင္းထဲမွာ အားေပးၾကည့္ရႈခဲ့ၿပီး ပြဲမၿပီးဆုံးခင္ ပထမပိုင္းအၿပီးမွာ ေပ်ာက္သြားခဲ့တာေၾကာင့္ ေဝဖန္မႈေတြ ရွိေနခဲ့တာ ျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာတုန္းက ခ်မွတ္ခံခဲ့ရတဲ့ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ေသာၾကာေန႔ညက အယ္လ္ နက္ဆာအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ေပမယ့္ ေပၚတူဂီတိုက္စစ္မႉးဟာ Mrsool Park ထဲမွာ ရွိေနခဲ့ၿပီး ပထမပိုင္းကို VIP ခန္းကေန ၾကည့္ရႈအားေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပထမပိုင္းအၿပီး ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာ ေရာ္နယ္လ္ဒိုကို ထပ္မံ ျမင္ေတြ႕ရျခင္းမရွိေတာ့တာေၾကာင့္ အသင္းရဲ႕ ပြဲစဥ္ကို ၿပီးဆုံးေအာင္ အားေပးျခင္းမရွိဘူးလို႔ ေျပာဆိုမႈေတြ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး တကယ္ေတာ့ ေပၚတူဂီတိုက္စစ္မႉးဟာ အသင္းအဝတ္လဲခန္းထဲမွာ ေလ့က်င့္ေရး ျပဳလုပ္ေနခဲ့တာျဖစ္ပါတယ္။

အယ္လ္ တာအီးကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အန္ဒါဆန္ တာလစ္စ္ကာက အယ္လ္ နက္ဆာအတြက္ ပထမပိုင္းမွာေရာ ဒုတိယပိုင္းမွာပါ ဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ ဘင္ဖီကာတိုက္စစ္မႉးေဟာင္းရဲ႕ ဒုတိယသြင္းဂိုးကို အဝတ္လဲခန္းထဲမွာ ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

ေဆာ္ဒီ ပ႐ိုလိဂ္မွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတဲ့ တာလစ္စ္ကာအတြက္ေတာ့ ေတာ္ေတာ္ေလးကို ႐ိုးစင္းတဲ့ဂိုးတစ္ဂိုး ျဖစ္ခဲ့ၿပီး ဂိုးသမား ေဒးဗစ္ ေအာ့စပီနာ ေပးပို႔လိုက္တဲ့ ေဘာလုံးဟာ အယ္လ္ တာအီးရဲ႕ပင္နယ္တီဧရိယာထဲကို ဝင္ေရာက္ဖို႔ ဘင္ဖီကာတိုက္စစ္မႉးက ၂ ႀကိမ္သာ ထိေတြ႕ဖို႔လိုအပ္ခဲ့တာျဖစ္ပါတယ္။

တာလစ္စ္ကာဟာ ေနာက္ခံလူရဲ႕ လုယူဖို႔ ႀကိဳးပမ္းမႈကို ေရွာင္လႊဲႏိုင္ခဲ့ၿပီးေနာက္ ေအးေအးေဆးေဆးပဲ ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး အဝတ္လဲခန္းထဲက အျခား အယ္လ္ နက္ဆာအသင္းကလူေတြက ခုန္ေပါက္ေအာင္ပြဲခံခဲ့ၾကခ်ိန္မွာ ေလ့က်င့္ေရးစက္ဘီးေပၚကေန ေလ့က်င့္ခန္းလုပ္ေနရင္း ၾကည့္ရႈေနတဲ့ ေရာ္နယ္လ္ဒိုက အယ္လ္ နက္ဆာတိုက္စစ္မႉးရဲ႕ အဆုံးသတ္ကို လက္ခုပ္တီး ဂုဏ္ျပဳခဲ့တာျဖစ္ပါတယ္။

https://mobile.twitter.com/AlNassrFC_EN/status/1611444562534469633

အယ္လ္ နက္ဆာအသင္းက အဝတ္လဲခန္းထဲက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုးအတြက္ ေအာင္ပြဲခံမႈကို တရားဝင္တြစ္တာအေကာင့္က မွ်ေဝခဲ့ၿပီး ၾကည့္ရႈသူေပါင္း ၅ သန္းေက်ာ္နဲ႔ ႏွစ္သက္သူေပါင္း ၁ သိန္းေက်ာ္ အထိ ရရွိခဲ့တာျဖစ္ၿပီး အယ္လ္ နက္ဆာဟာ လက္ရွိမွာေတာ့ အမွတ္ေပးဇယားထိပ္ဆုံးမွာ အယ္လ္ ရွာဟတ္ဘ္ထက္ ၁ ပြဲ ပို ၄ မွတ္အသာနဲ႔ ဦးေဆာင္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.