Match Report Premier League

ကလေးအဆင့် ပဲလေ့စ်ကို ကိန်းတို့ အုပ်စု ဝိုင်းစားပြီး နိုင်ပွဲပြန်ရှာခဲ့တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ဒိုင်ယာ၊ လွန်ဂလေနဲ့ ရိုမဲရိုးတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ စကစ်ပ်၊ ဒိုဟာတီနဲ့ ပါရီရှစ်ချ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆွန်ဟောင်မင်၊ ဘရိုင်ယန် ဟေးလ်နဲ့ ဟာရီကိန်းတို့ အတွဲကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ခရစ္စတယ်လ်ပဲလေ့စ်တို့ကတော့ ဂိုးသမား ဂွိုင်တာ၊ ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီ၊ ကလိုင်းန်နဲ့ ဂျိုးလ် ဝါ့ဒ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ် မှာတော့ ရှိတ်ခ် ဒူကူရေး၊ ရှလု(ပ်)နဲ့ အီဇီတို့ကို စုဖွဲပေးခဲ့သလို တိုက်စစ်မှာတော့ အိုလီဆေး၊ ဇာဟာနဲ့ အာယူးတို့ကို တင်ကစားလာခဲ့တာပါ။

ပဲလေ့စ်တို့ရဲ့ လျော့ရဲရဲ ခံစစ်ကြောင့် ဒီနေ့မှာ ဆက်လက်ပွဲထွက်ခွင့်ရတဲ့ ဘရိုင်ယန် ဟေးလ်အနေနဲ့ ယုံကြည်မှု ပိုမိုရရှိလာခဲ့ပြီး ညာခြမ်းကနေ အတိုးအလှုပ်တွေ ပိုကောင်းလာခဲ့သလို စပါးစ်တို့ပဲ ပွဲစကတည်းကနေ ဖိကစားနေခဲ့ကြပြီး အိမ်ရှင်တွေကတော့ ကောင်တာတွေနဲ့ တစ်ချက်တစ်လေမှ ထိုးဖောက်နိုင်ခဲ့သလို ဗီယာရာကတော့ ကွန်တီကို မယှဉ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အာယူးရဲ့ ဂိုးဧရိယာထဲက ကန်ချက်ကို လိုရစ် ကာကွယ်နိုင်ခဲ့လို့ စပါးစ်တို့ သက်သာခဲ့ရပြီး ဒီနောက်မှာတော့ ပဲလေ့စ်တို့တွေ ဆက်တိုက်ထိုးဖောက်လာနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေ ညံ့နေခဲ့သလို ဟာရီကိန်းတို့အဖွဲ့ကတော့ လောကြီးနေပြီး အချိတ်အဆက်တွေ ပြန်လွဲနေတာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ စပါးစ်တို့က အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆွန်ဟောင်မင် စတင်ခဲ့တဲ့ ဘောလုံးကနေ ဘယ်ခြမ်းက ပါရီရှစ်ချ် ပြန်ရသွားပြီး ဖြတ်တင်ပေးတာကို ညာဘက် အဝေးတိုင်ထောင့်မှာ စောင့်နေတဲ့ ဟာရီကိန်းက သူ့ကို ကပ်မထားဘဲ လွှတ်ထားခဲ့တဲ့ ပဲလေ့စ်ခံစစ်ကို အနီးကပ် ခေါင်းတိုက်ချက်နဲ့ ပညာပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ငါးမိနစ်အကြာမှာ စပါးစ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြန်ပြီး ပွဲချိန် ၅၃ မိနစ်မှာ ပဲလေ့စ်တို့ ဧရိယာထိပ်မှာ ဘောလုံးပျက်ရာကနေ ပြန်ရသွားတဲ့ ဟာရီကိန်းက ဘရိုင်ယန် ဟေးလ်နဲ့ ဝမ်းတူးရိုက်ပြီး ဧရိယာထဲကို ဝင်ပြီးမှ အချိန်ဆိုင်းမနေဘဲ အမြန်ကန်သွင်းပြီး ဂိုးသမား ဂွိုင်တာကို အငိုက်မိစေခဲ့တာပါ။

နှစ်ဂိုး-ဂိုးမရှိဖြစ်ခဲ့အပြီးမှာတော့ ပဲလေ့စ်တို့ဘက်က ရှလု(ပ်)၊ အိုလီဆေးနဲ့ အီဇီတို့အစား မာတက်တာ၊ အေဒူယာနဲ့ ဟယူးချ်တို့ကို ထည့်ပြီး တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် ဖန်တီးမှုပိုင်းမှာ အားနည်းနေခဲ့လို့ အိမ်ရှင်တွေ ချေပဂိုးရဖို့ အနားတောင် မသီနိုင်ခဲ့သလို စပါးစ်တို့ရဲ့ ကောင်တာတွေမှာပဲ ခံစားနေခဲ့ရတာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ စပါးစ်တို့ပဲ တတိယ အနိုင်ဂိုးကို ရယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဟာရီကိန်းပေးတာကို ဧရိယာထဲ ဆွဲဝင်နိုင်ခဲ့ပေမယ့် ကန်ခွင့်မသာခဲ့တဲ့ ဆွန်ဟောင်မင်က နောက်ကို ပြန်ချပေးရာမှာ ဒိုဟာတီက ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့တာကို ဂိုးသမား ဂွိုင်တာ အာရုံစိုက်မှု လျော့နည်းနေခဲ့လို့ မကာကွယ်နိုင်ဘဲ ဂိုးထပ်ပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာ ဧည့်သည်တွေပဲ စတုတ္ထ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ စပါးစ်တို့ ခံစစ်က ကန်တင်လိုက်တဲ့ ဘောလုံးကို ဘရိုင်ယန် ဟေးလ်က နောက်ပြန်ချပေးရာမှာ ဟာရီကိန်းက အိမ်ရှင်ခံစစ်ပေါ်က ကျော်ချပေးခဲ့တာကို ဆွန်ဟောင်မင်က လိုက်လံရပြီး ဂွိုင်တာနဲ့အတွေ့မှာ ဘယ်ဘက်တိုင်ခြေကို Volley ကန်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ကမ္ဘာ့ဖလားကနေ ပြန်လာပြီးကတည်းက ရလဒ်မကောင်းသေးတဲ့ စပါးစ်တို့အနေနဲ့ သုံးပွဲမြောက်မှာ နိုင်ပွဲရယူနိုင်ခဲ့ကြသလို ဥရောပဝင်ခွင့်အတွက် ပြန်လည်ယှဉ်ပြိုင်ဖို့ အခြေအနေ ပြန်ကောင်းလာခဲ့ချိန်မှာ ပဲလ့စ်တို့ကတော့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား လိုရစ္၊ ခံစစ္မွာ ဒိုင္ယာ၊ လြန္ဂေလနဲ႔ ႐ိုမဲ႐ိုးတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဟြိဳင္ဘယာ့ဂ္၊ စကစ္ပ္၊ ဒိုဟာတီနဲ႔ ပါရီရွစ္ခ်္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆြန္ေဟာင္မင္၊ ဘ႐ိုင္ယန္ ေဟးလ္နဲ႔ ဟာရီကိန္းတို႔ အတြဲကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ခရစၥတယ္လ္ပဲေလ့စ္တို႔ကေတာ့ ဂိုးသမား ဂြိဳင္တာ၊ ခံစစ္မွာ အန္ဒါဆန္၊ ေဂးဟီ၊ ကလိုင္းန္နဲ႔ ဂ်ိဳးလ္ ဝါ့ဒ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္ မွာေတာ့ ရွိတ္ခ္ ဒူကူေရး၊ ရွလု(ပ္)နဲ႔ အီဇီတို႔ကို စုဖြဲေပးခဲ့သလို တိုက္စစ္မွာေတာ့ အိုလီေဆး၊ ဇာဟာနဲ႔ အာယူးတို႔ကို တင္ကစားလာခဲ့တာပါ။

ပဲေလ့စ္တို႔ရဲ႕ ေလ်ာ့ရဲရဲ ခံစစ္ေၾကာင့္ ဒီေန႔မွာ ဆက္လက္ပြဲထြက္ခြင့္ရတဲ့ ဘ႐ိုင္ယန္ ေဟးလ္အေနနဲ႔ ယုံၾကည္မႈ ပိုမိုရရွိလာခဲ့ၿပီး ညာျခမ္းကေန အတိုးအလႈပ္ေတြ ပိုေကာင္းလာခဲ့သလို စပါးစ္တို႔ပဲ ပြဲစကတည္းကေန ဖိကစားေနခဲ့ၾကၿပီး အိမ္ရွင္ေတြကေတာ့ ေကာင္တာေတြနဲ႔ တစ္ခ်က္တစ္ေလမွ ထိုးေဖာက္ႏိုင္ခဲ့သလို ဗီယာရာကေတာ့ ကြန္တီကို မယွဥ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန အာယူးရဲ႕ ဂိုးဧရိယာထဲက ကန္ခ်က္ကို လိုရစ္ ကာကြယ္ႏိုင္ခဲ့လို႔ စပါးစ္တို႔ သက္သာခဲ့ရၿပီး ဒီေနာက္မွာေတာ့ ပဲေလ့စ္တို႔ေတြ ဆက္တိုက္ထိုးေဖာက္လာႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းေတြ ညံ့ေနခဲ့သလို ဟာရီကိန္းတို႔အဖြဲ႕ကေတာ့ ေလာႀကီးေနၿပီး အခ်ိတ္အဆက္ေတြ ျပန္လြဲေနတာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ စပါးစ္တို႔က အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆြန္ေဟာင္မင္ စတင္ခဲ့တဲ့ ေဘာလုံးကေန ဘယ္ျခမ္းက ပါရီရွစ္ခ်္ ျပန္ရသြားၿပီး ျဖတ္တင္ေပးတာကို ညာဘက္ အေဝးတိုင္ေထာင့္မွာ ေစာင့္ေနတဲ့ ဟာရီကိန္းက သူ႔ကို ကပ္မထားဘဲ လႊတ္ထားခဲ့တဲ့ ပဲေလ့စ္ခံစစ္ကို အနီးကပ္ ေခါင္းတိုက္ခ်က္နဲ႔ ပညာေပးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ငါးမိနစ္အၾကာမွာ စပါးစ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ျပန္ၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာ ပဲေလ့စ္တို႔ ဧရိယာထိပ္မွာ ေဘာလုံးပ်က္ရာကေန ျပန္ရသြားတဲ့ ဟာရီကိန္းက ဘ႐ိုင္ယန္ ေဟးလ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ဧရိယာထဲကို ဝင္ၿပီးမွ အခ်ိန္ဆိုင္းမေနဘဲ အျမန္ကန္သြင္းၿပီး ဂိုးသမား ဂြိဳင္တာကို အငိုက္မိေစခဲ့တာပါ။

ႏွစ္ဂိုး-ဂိုးမရွိျဖစ္ခဲ့အၿပီးမွာေတာ့ ပဲေလ့စ္တို႔ဘက္က ရွလု(ပ္)၊ အိုလီေဆးနဲ႔ အီဇီတို႔အစား မာတက္တာ၊ ေအဒူယာနဲ႔ ဟယူးခ်္တို႔ကို ထည့္ၿပီး တိုက္စစ္ဖြင့္ကစားခဲ့ေပမယ့္ ဖန္တီးမႈပိုင္းမွာ အားနည္းေနခဲ့လို႔ အိမ္ရွင္ေတြ ေခ်ပဂိုးရဖို႔ အနားေတာင္ မသီႏိုင္ခဲ့သလို စပါးစ္တို႔ရဲ႕ ေကာင္တာေတြမွာပဲ ခံစားေနခဲ့ရတာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ စပါးစ္တို႔ပဲ တတိယ အႏိုင္ဂိုးကို ရယူသြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဟာရီကိန္းေပးတာကို ဧရိယာထဲ ဆြဲဝင္ႏိုင္ခဲ့ေပမယ့္ ကန္ခြင့္မသာခဲ့တဲ့ ဆြန္ေဟာင္မင္က ေနာက္ကို ျပန္ခ်ေပးရာမွာ ဒိုဟာတီက ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းခဲ့တာကို ဂိုးသမား ဂြိဳင္တာ အာ႐ုံစိုက္မႈ ေလ်ာ့နည္းေနခဲ့လို႔ မကာကြယ္ႏိုင္ဘဲ ဂိုးထပ္ေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာ ဧည့္သည္ေတြပဲ စတုတၳ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ စပါးစ္တို႔ ခံစစ္က ကန္တင္လိုက္တဲ့ ေဘာလုံးကို ဘ႐ိုင္ယန္ ေဟးလ္က ေနာက္ျပန္ခ်ေပးရာမွာ ဟာရီကိန္းက အိမ္ရွင္ခံစစ္ေပၚက ေက်ာ္ခ်ေပးခဲ့တာကို ဆြန္ေဟာင္မင္က လိုက္လံရၿပီး ဂြိဳင္တာနဲ႔အေတြ႕မွာ ဘယ္ဘက္တိုင္ေျခကို Volley ကန္သြင္းယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ကမာၻ႔ဖလားကေန ျပန္လာၿပီးကတည္းက ရလဒ္မေကာင္းေသးတဲ့ စပါးစ္တို႔အေနနဲ႔ သုံးပြဲေျမာက္မွာ ႏိုင္ပြဲရယူႏိုင္ခဲ့ၾကသလို ဥေရာပဝင္ခြင့္အတြက္ ျပန္လည္ယွဥ္ၿပိဳင္ဖို႔ အေျခအေန ျပန္ေကာင္းလာခဲ့ခ်ိန္မွာ ပဲလ့စ္တို႔ကေတာ့ အဆင့္ ၁၂ ေနရာမွာ ရပ္တည္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.