အီမီလီယာနို မာတီနက်ဇ်ဟာ အက်စတန် ဗီလာကို ကမ္ဘာ့ချန်ပီယံအဖြစ် ပြန်လာခဲ့ပေမယ့်လည်း စောစောစီးစီး ဂိုးခွင့်ပြုခဲ့ရသလို လီယွန် ဘေလီရဲ့ အံ့အားသင့်ဖွယ် လွဲချော်မှုကြောင့် စိတ်ပျက်စရာ ညတစ်ညကိုသာ ပိုင်ဆိုင်ခဲ့ပါတယ်။
ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပိုရောက်တဲ့အချိန်မှာ သရေပွဲဖြစ်တော့မယ့်ပုံပေါ်နေခဲ့ပြီး ဝုလ်ဗ်စ်နောက်ခံလူတွေရဲ့ ပေါ့လျော့မှုကနေ လီယွန် ဘေလီ အနိုင်ဂိုး သွင်းယူနိုင်မယ့် ရွှေရောင် အခွင့်အရေးကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း မယုံနိုင်စရာကောင်းလောက်အောင်ပဲ လီယွန် ဘေလီရဲ့ ကန်ချက်က ဘေးကို ဝိုက်ထွက်သွားခဲ့ပြီး ခဏအကြာမှာ ပွဲပြီးဝီစီမှုတ်ချိန်မှာတော့ ဂျမေကာကြယ်ပွင့်ဟာ မြက်ခင်းပေါ် မျက်နှာအပ်ပြီး ဝမ်းပန်းတနည်းနဲ့ ငိုကြွေးခဲ့ပါတယ်။
လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးပြီး အက်စတန် ဗီလာအတွက် နောက်ကျချေပဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဒန်နီ အင့်ဂ်နဲ့ အိုလီ ဝက်ကင်စ်တို့ဟာ ဘေလီကို နှစ်သိမ့်ပြီး မတ်တပ်ပြန်ရပ်နိုင်အောင် ဆွဲထူခဲ့ကြတာ ဖြစ်ပါတယ်။ ဝုလ်ဗ်စ်အသင်းဟာ ပထမပိုင်း ၁၂ မိနစ်မှာ ဒန်နီရယ် ပိုဒန့်စ် သွင်းယူခဲ့တဲ့ ဂိုးနဲ့ စောစောစီးစီး ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပြီး ပွဲကစားချိန် တစ်နာရီလောက်အထိ ပိုမိုကောင်းမွန်တဲ့အသင်း ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
အက်စတန် ဗီလာအသင်းဟာ ပထမပိုင်းအပြီးမှာ ပရိသတ်တွေဆီကနေ လှောင်ပြောင်သံတွေ ကြားခဲ့ရပေမယ့်လည်း အူနိုင်း အမ်မရီရဲ့ လူစားလဲလှယ်မှုအပြီးမှာ ကစားပုံတိုးတက်လာခဲ့ပြီး ဘေလီအနေနဲ့ အသင်းကို အောင်ပွဲရရှိစေမယ့် အပိုင်အခွင့်အရေးကို ဘယ်လိုတောင် လွဲချော်သွားခဲ့လဲဆိုတာကို နားမလည်နိုင်ဖြစ်နေမှာ ဖြစ်ပါတယ်။
“သူ ငိုကြွေးနေခဲ့တယ်။ ဒါပေမယ့် သူ ငိုကြွေးခဲ့တာက ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူ အဲဒါကို ခံစားနေရတယ်ဆိုတာကို ပြသနေတာမို့လို့ပါ”
“သူက ဂိုးသွင်းယူဖို့ တာဝန်ရှိပြီး သူ မလုပ်နိုင်ခဲ့ဘူး။ သူ့အနေနဲ့ ဒီတာဝန်က တိုးတက်အောင် လုပ်ရမယ့် တစ်စုံတရာလို့ ခံစားနိုင်တယ်။ သူ့ရဲ့ ပေးဆပ်ကစားမှုနဲ့ စွမ်းဆောင်ရည်အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဒီနေ့က သူ့အတွက် အရမ်းကောင်းတဲ့ပွဲဖြစ်ခဲ့ပါတယ်။ သူ လီဗာပူးလ်နဲ့ပွဲမှာ ကြီးမားတဲ့အခွင့်အရေး ၃ ခုရှိခဲ့ပြီး ဒီပွဲ ပထမဆုံး ၅ မိနစ်မှာလည်း အခွင့်အရေးခဲ့တယ်။ သူ ဒီပွဲမှာ မိနစ် ၉၀ ကစားခဲ့ပြီး သူနဲ့ပတ်သက်ပြီး ပိုပြီး သိလာရတာက ကောင်းပါတယ်”
“ကျွန်တော် ပျော်ရွှင်နေနိုင်သလို စိတ်လည်း ပျက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ မိနစ် ၉၀ အတွင်း စွမ်းဆောင်ရည်ကို တိုးတက်အောင် လုပ်ရမှာထက် ကျွန်တော်တို့ ဘောလုံးရရှိနေတဲ့အချိန်မှာ တိုးတက်အောင်လုပ်ဖို့လိုအပ်နေတာမို့လို့ပါ”လို့ နည်းပြ အမ်မရီက ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အီမီလီယာႏို မာတီနက္ဇ္ဟာ အက္စတန္ ဗီလာကို ကမာၻ႔ခ်န္ပီယံအျဖစ္ ျပန္လာခဲ့ေပမယ့္လည္း ေစာေစာစီးစီး ဂိုးခြင့္ျပဳခဲ့ရသလို လီယြန္ ေဘလီရဲ႕ အံ့အားသင့္ဖြယ္ လြဲေခ်ာ္မႈေၾကာင့္ စိတ္ပ်က္စရာ ညတစ္ညကိုသာ ပိုင္ဆိုင္ခဲ့ပါတယ္။
ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပိုေရာက္တဲ့အခ်ိန္မွာ သေရပြဲျဖစ္ေတာ့မယ့္ပုံေပၚေနခဲ့ၿပီး ဝုလ္ဗ္စ္ေနာက္ခံလူေတြရဲ႕ ေပါ့ေလ်ာ့မႈကေန လီယြန္ ေဘလီ အႏိုင္ဂိုး သြင္းယူႏိုင္မယ့္ ေ႐ႊေရာင္ အခြင့္အေရးကို ရရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း မယုံႏိုင္စရာေကာင္းေလာက္ေအာင္ပဲ လီယြန္ ေဘလီရဲ႕ ကန္ခ်က္က ေဘးကို ဝိုက္ထြက္သြားခဲ့ၿပီး ခဏအၾကာမွာ ပြဲၿပီးဝီစီမႈတ္ခ်ိန္မွာေတာ့ ဂ်ေမကာၾကယ္ပြင့္ဟာ ျမက္ခင္းေပၚ မ်က္ႏွာအပ္ၿပီး ဝမ္းပန္းတနည္းနဲ႔ ငိုေႂကြးခဲ့ပါတယ္။
လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးၿပီး အက္စတန္ ဗီလာအတြက္ ေနာက္က်ေခ်ပဂိုး သြင္းယူေပးႏိုင္ခဲ့တဲ့ ဒန္နီ အင့္ဂ္နဲ႔ အိုလီ ဝက္ကင္စ္တို႔ဟာ ေဘလီကို ႏွစ္သိမ့္ၿပီး မတ္တပ္ျပန္ရပ္ႏိုင္ေအာင္ ဆြဲထူခဲ့ၾကတာ ျဖစ္ပါတယ္။ ဝုလ္ဗ္စ္အသင္းဟာ ပထမပိုင္း ၁၂ မိနစ္မွာ ဒန္နီရယ္ ပိုဒန႔္စ္ သြင္းယူခဲ့တဲ့ ဂိုးနဲ႔ ေစာေစာစီးစီး ဦးေဆာင္ထားႏိုင္ခဲ့တာ ျဖစ္ၿပီး ပြဲကစားခ်ိန္ တစ္နာရီေလာက္အထိ ပိုမိုေကာင္းမြန္တဲ့အသင္း ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။
အက္စတန္ ဗီလာအသင္းဟာ ပထမပိုင္းအၿပီးမွာ ပရိသတ္ေတြဆီကေန ေလွာင္ေျပာင္သံေတြ ၾကားခဲ့ရေပမယ့္လည္း အူႏိုင္း အမ္မရီရဲ႕ လူစားလဲလွယ္မႈအၿပီးမွာ ကစားပုံတိုးတက္လာခဲ့ၿပီး ေဘလီအေနနဲ႔ အသင္းကို ေအာင္ပြဲရရွိေစမယ့္ အပိုင္အခြင့္အေရးကို ဘယ္လိုေတာင္ လြဲေခ်ာ္သြားခဲ့လဲဆိုတာကို နားမလည္ႏိုင္ျဖစ္ေနမွာ ျဖစ္ပါတယ္။
“သူ ငိုေႂကြးေနခဲ့တယ္။ ဒါေပမယ့္ သူ ငိုေႂကြးခဲ့တာက ေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ အဲဒါကို ခံစားေနရတယ္ဆိုတာကို ျပသေနတာမို႔လို႔ပါ”
“သူက ဂိုးသြင္းယူဖို႔ တာဝန္ရွိၿပီး သူ မလုပ္ႏိုင္ခဲ့ဘူး။ သူ႔အေနနဲ႔ ဒီတာဝန္က တိုးတက္ေအာင္ လုပ္ရမယ့္ တစ္စုံတရာလို႔ ခံစားႏိုင္တယ္။ သူ႔ရဲ႕ ေပးဆပ္ကစားမႈနဲ႔ စြမ္းေဆာင္ရည္အတြက္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါတယ္။ ဒီေန႔က သူ႔အတြက္ အရမ္းေကာင္းတဲ့ပြဲျဖစ္ခဲ့ပါတယ္။ သူ လီဗာပူးလ္နဲ႔ပြဲမွာ ႀကီးမားတဲ့အခြင့္အေရး ၃ ခုရွိခဲ့ၿပီး ဒီပြဲ ပထမဆုံး ၅ မိနစ္မွာလည္း အခြင့္အေရးခဲ့တယ္။ သူ ဒီပြဲမွာ မိနစ္ ၉၀ ကစားခဲ့ၿပီး သူနဲ႔ပတ္သက္ၿပီး ပိုၿပီး သိလာရတာက ေကာင္းပါတယ္”
“ကြၽန္ေတာ္ ေပ်ာ္႐ႊင္ေနႏိုင္သလို စိတ္လည္း ပ်က္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ မိနစ္ ၉၀ အတြင္း စြမ္းေဆာင္ရည္ကို တိုးတက္ေအာင္ လုပ္ရမွာထက္ ကြၽန္ေတာ္တို႔ ေဘာလုံးရရွိေနတဲ့အခ်ိန္မွာ တိုးတက္ေအာင္လုပ္ဖို႔လိုအပ္ေနတာမို႔လို႔ပါ”လို႔ နည္းျပ အမ္မရီက ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.