Other Leagues Premier League

ရော်နယ်လ်ဒိုကို ရောက်ရောက်ချင်းပဲ ဆောက်နဲ့ထွင်းခဲ့တဲ့ အယ်လ် နက်ဆာနည်းပြ

အယ်လ် နက်ဆာနည်းပြ ရူဒီ ဂါစီယာဟာ ပေါ်တူဂီတိုက်စစ်မှူးကို အသင်းက ခေါ်ယူပြီးနောက် ရက်ပိုင်းအကြာမှာပဲ လီယွန်နယ် မက်ဆီနဲ့ပတ်သက်တဲ့ ဟာသ ပြောကြားခဲ့ပြီး ရော်နယ်လ်ဒိုနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နိုင်တဲ့စွန့်စားမှုကို ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း အသင်းသစ် ရှာတွေ့ခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်းနဲ့ ကမ္ဘာပေါ်က လစာအမြင့်မားဆုံး အားကစားသမားဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ကိုယ်ပိုင်သမိုင်းဝင်မှတ်ချက်စကားထဲက အချို့ဟာ လအနည်းငယ်သာရှိသေးပြီး အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့က ၎င်းရဲ့ အစီအစဉ်ထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဥရောပကနေ ထွက်ခွာခဲ့ပြီဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ကာလရှည်ပြိုင်ဘက်ဖြစ်တဲ့ မက်ဆီ ဆီကနေ လွတ်မြောက်နိုင်ခြင်းမရှိသေးဘဲ ဘလွန်ဒေါ ၇ ဆုရှင်ဟာ ရော်နယ်လ်ဒိုလည်း ပါဝင်နိုင်တဲ့ အသင်းနဲ့ ပီအက်စ်ဂျီရဲ့ ခြေစမ်းပွဲကို ပါဝင်ကစားသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီကစားသမား ၂ ဦးဟာ ဒီထက်တောင် ပိုမိုနီးကပ်ခဲ့မှာ ဖြစ်ကောင်းဖြစ်နိုင်ပြီး အနည်းဆုံးတော့ အယ်လ် နက်ဆာနည်းပြ ဂါစီယာက အဲဒီလို ဖြစ်ချင်ခဲ့တဲ့အကြောင်းကို ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရိုးမားနည်းပြဟောင်းဟာ ရော်နယ်လ်ဒိုကို ခေါ်ယူမှုနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “ပထမဆုံး ကျွန်တော် မက်ဆီကို ခေါ်ဖို့ ကြိုးပမ်းခဲ့တာပါ”လို့ ဟာသဖောက်ခဲ့တာဖြစ်ပြီး အယ်လ် နက်ဆာနည်းပြက ကိုယ့်ဘာသာ ဟာသဖောက်ပြီး ရယ်မောနေပေမယ့်လည်း ကစားသမားသစ်ဖြစ်တဲ့ ရော်နယ်လ်ဒိုအတွက်တော့ ရယ်စရာမဟုတ်နိုင်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်က အချိန်တွေဟာ နည်းပြ တန်ဟက်ရဲ့ မလေးမစားပြုလုပ်ခြင်းခံနေတယ်လို့ ယုံကြည်ခဲ့တာကြောင့် အဆုံးသတ်ခဲ့တာဖြစ်ပြီး ဂါစီယာရဲ့ မက်ဆီနဲ့ပတ်သက်ပြီး ဟာသဖောက်မှုက အယ်လ်နက်ဆာကြယ်ပွင့်သစ်ရဲ့ အမြင်မကြည်မလင်မှုနဲ့ ရင်ဆိုင်ရဖွယ် ရှိနေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၎င်းရဲ့စာချုပ်သစ် တစ်စိတ်တပိုင်းအဖြစ် မက်ဆီနဲ့ တစ်သင်းတည်း ကစားသွားရမှာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်နဲ့ အာဂျင်တီးနားကြယ်ပွင့်တို့ ၂ ဦးစလုံးဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖို့ ကမ်းလှမ်းထားတဲ့ ဆော်ဒီ အာရေဗျရဲ့ သံတမန်တွေ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အယ္လ္ နက္ဆာနည္းျပ ႐ူဒီ ဂါစီယာဟာ ေပၚတူဂီတိုက္စစ္မႉးကို အသင္းက ေခၚယူၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ လီယြန္နယ္ မက္ဆီနဲ႔ပတ္သက္တဲ့ ဟာသ ေျပာၾကားခဲ့ၿပီး ေရာ္နယ္လ္ဒိုနဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ႏိုင္တဲ့စြန႔္စားမႈကို ျပဳလုပ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ပိုင္း အသင္းသစ္ ရွာေတြ႕ခဲ့ၿပီျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၇၃ သန္းနဲ႔ ကမာၻေပၚက လစာအျမင့္မားဆုံး အားကစားသမားျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ ကိုယ္ပိုင္သမိုင္းဝင္မွတ္ခ်က္စကားထဲက အခ်ိဳ႕ဟာ လအနည္းငယ္သာရွိေသးၿပီး အေရွ႕အလယ္ပိုင္းကို ေျပာင္းေ႐ႊ႕ဖို႔က ၎ရဲ႕ အစီအစဥ္ထဲမွာ ဘယ္တုန္းကမွ မရွိခဲ့ဘူးလို႔ အတည္ျပဳ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဥေရာပကေန ထြက္ခြာခဲ့ၿပီျဖစ္ေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ ကာလရွည္ၿပိဳင္ဘက္ျဖစ္တဲ့ မက္ဆီ ဆီကေန လြတ္ေျမာက္ႏိုင္ျခင္းမရွိေသးဘဲ ဘလြန္ေဒါ ၇ ဆုရွင္ဟာ ေရာ္နယ္လ္ဒိုလည္း ပါဝင္ႏိုင္တဲ့ အသင္းနဲ႔ ပီအက္စ္ဂ်ီရဲ႕ ေျခစမ္းပြဲကို ပါဝင္ကစားသြားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီကစားသမား ၂ ဦးဟာ ဒီထက္ေတာင္ ပိုမိုနီးကပ္ခဲ့မွာ ျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး အနည္းဆုံးေတာ့ အယ္လ္ နက္ဆာနည္းျပ ဂါစီယာက အဲဒီလို ျဖစ္ခ်င္ခဲ့တဲ့အေၾကာင္းကို ၿပီးခဲ့တဲ့သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

႐ိုးမားနည္းျပေဟာင္းဟာ ေရာ္နယ္လ္ဒိုကို ေခၚယူမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ “ပထမဆုံး ကြၽန္ေတာ္ မက္ဆီကို ေခၚဖို႔ ႀကိဳးပမ္းခဲ့တာပါ”လို႔ ဟာသေဖာက္ခဲ့တာျဖစ္ၿပီး အယ္လ္ နက္ဆာနည္းျပက ကိုယ့္ဘာသာ ဟာသေဖာက္ၿပီး ရယ္ေမာေနေပမယ့္လည္း ကစားသမားသစ္ျဖစ္တဲ့ ေရာ္နယ္လ္ဒိုအတြက္ေတာ့ ရယ္စရာမဟုတ္ႏိုင္တာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ မန္ခ်က္စတာယူႏိုက္တက္က အခ်ိန္ေတြဟာ နည္းျပ တန္ဟက္ရဲ႕ မေလးမစားျပဳလုပ္ျခင္းခံေနတယ္လို႔ ယုံၾကည္ခဲ့တာေၾကာင့္ အဆုံးသတ္ခဲ့တာျဖစ္ၿပီး ဂါစီယာရဲ႕ မက္ဆီနဲ႔ပတ္သက္ၿပီး ဟာသေဖာက္မႈက အယ္လ္နက္ဆာၾကယ္ပြင့္သစ္ရဲ႕ အျမင္မၾကည္မလင္မႈနဲ႔ ရင္ဆိုင္ရဖြယ္ ရွိေနတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕စာခ်ဳပ္သစ္ တစ္စိတ္တပိုင္းအျဖစ္ မက္ဆီနဲ႔ တစ္သင္းတည္း ကစားသြားရမွာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္နဲ႔ အာဂ်င္တီးနားၾကယ္ပြင့္တို႔ ၂ ဦးစလုံးဟာ ၂၀၃၀ ကမာၻ႔ဖလားၿပိဳင္ပြဲကို က်င္းပဖို႔ ကမ္းလွမ္းထားတဲ့ ေဆာ္ဒီ အာေရဗ်ရဲ႕ သံတမန္ေတြ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.