Premier League

ထိပ်ဆုံး ၄ နေရာမျှော်လင့်ချက်နဲ့ပတ်သက်ပြီး ဒေါသတကြီး တုံ့ပြန်ခဲ့တဲ့ ကွန်တီ

အန်တိုနီယို ကွန်တီဟာ သတင်းစာရှင်းလင်းပွဲစဉ်အတွင်း တော့တင်ဟမ်ဟော့စပါးအသင်းအပေါ် ရူးသွပ်ချင်စရာ မျှော်မှန်းချက်တွေထားရှိနေကြတဲ့အကြောင်း ဆွေးနွေးရာမှာ ဒေါသမထိန်းနိုင်ဘဲ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားခဲ့ပါတယ်။

စပါးစ်အသင်းဟာ တနင်္ဂနွေနေ့က အက်စတန် ဗီလာကို ၂-၀ နဲ့ အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ကွင်းပြင်ပမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေကို ရရှိခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်က ဝုလ်ဗ်စ်ကို အနိုင်ရရှိခဲ့တဲ့အတွက် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ထိပ်ဆုံး ၄ နေရာအပြင်ဘက်ကို ခြေချော်သွားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအိမ်ကွင်းကို လာရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်တွေဟာ အက်စတန် ဗီလာနဲ့ပွဲစဉ်အတွင်း အသင်းဥက္ကဌ ဒန်နီရယ် လီဗိုင်းကို တတ်နိုင်သမျှမြန်မြန် အသင်းကို ရောင်းချဖို့အတွက် ကြွေးကြော်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကွန်တီဟာ ပွဲပြီးသတင်းစာရှင်းလင်းပွဲ အစပိုင်းမှာ အရာအားလုံးက ပိုပြီးကောင်းမွန်လာလိမ့်မယ်လို့ ပြောဆိုခဲ့သေးပေမယ့်လည်း ထိပ်ဆုံး ၄ နေရာမျှော်လင့်ချက်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အီတလီလူမျိုးနည်းပြက ထိပ်တန်း ၆ သင်းစလုံး ငွေသုံးနိုင်စွမ်းအကြောင်း ညည်းတွားခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ထိပ်ဆုံး ၄ နေရာထဲ ဝင်ရောက်နိုင်ခဲ့တာက ထူးခြားဆန်းကြယ်တဲ့ဖြစ်ရပ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

စပါးစ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ စုစုပေါင်း ပေါင် ၁၄၉ သန်းအထိ သုံးစွဲခဲ့ပြီး ကစားသမား ၇ ဦးအထိ ခေါ်ယူခဲ့တာဖြစ်ပေမယ့်လည်း ကွန်တီက ၂ ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ဇန်နဝါရီအပြောင်းအရွှေ့မှာ သိသာထင်ရှားတဲ့ အထောက်အပံ့တွေ လုပ်ဖို့လိုအပ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

စပါးစ်ရဲ့ ထိပ်ဆုံး ၄ နေရာ မျှော်လင့်ချက်နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာမှာ “ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ ထူးခြားဆန်းကြယ်တာတွေ ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အခြေအနေက ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ကျွန်တော် သိခဲ့ပြီး အသင်းနဲ့ပတ်သက်ပြီး အရမ်းကို ရှင်းလင်းခဲ့ပါတယ်။ ပြီးတော့ ဒီရာသီမှာ ဆုဖလားစိန်ခေါ်သူတွေအဖြစ် စပါးစ်အကြောင်းလူတွေ အကောင်းပြောခဲ့ကြတာကို ပြန်ပြောချင်ပေမယ့် ဒီဟာက ဖတ်ဖို့တောင်မှ နည်းနည်း ရူးသွပ်ရာကျပါတယ်။ ဆုဖလားစိန်ခေါ်သူတွေ ဖြစ်လာဖို့၊ တစ်စုံတရာကို အနိုင်ရရှိဖို့ တိုက်ပွဲဝင်ဖို့အတွက် အဆင်သင့်ဖြစ်ဖို့က ခင်ဗျားမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ရှိဖို့လိုတယ်။ လူတွေက ခင်ဗျားရောက်လာပြီး အနိုင်ရရှိမယ်လို့ထင်ကြတယ်။ ဒီဟာက အရင်တုန်းက ဆုဖလားတွေရရှိနေကျအသင်းတစ်သင်းအတွက်တော့ ဖြစ်နိုင်ပါတယ်။ ခင်ဗျားက အဲဒီလိုအသင်းမဟုတ်ဘူးဆိုရင် ခင်ဗျား ဒီဟာကို ဖန်တီးယူရမှာဖြစ်ပြီး ခင်ဗျား အချိန်နဲ့စိတ်ရှည်သည်းခံမှုလိုပါတယ်”

“ပရိသတ်တွေ စိတ်ပျက်ခဲ့ကြမယ်ဆိုတာ ကျွန်တော် နားလည်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက အချိန်အကြာကြီး စိတ်ရှည်သည်းခံပေးခဲ့ကြလို့ပါ။ ဒါပေမယ့် ခင်ဗျား အမှန်တရားကို သိချင်တယ်ဆိုရင် အမှန်တရားကို ကျွန်တော် ပြောပြမယ်။ ကျွန်တော်က နည်းပြပါ။ ကျွန်တော် နေ့တိုင်း ဒီကလပ်မှာ နေထိုင်နေတယ်။ ကျွန်တော် အခြေအနေကို သိတယ်။ ကျွန်တော်အသင်းရဲ့ ရည်မှန်းချက်ကို သိတယ်။ အသင်းက အခြေအနေတွေပေါ်က ကျွန်တော့်ရဲ့အတွေးတွေကို သိပါတယ်။ ရာသီအစမှာ ကျွန်တော် အရမ်းရှင်းလင်းခဲ့ပါတယ်။ ကျွန်တော်တို့တွေ ယှဉ်ပြိုင်နိုင်စွမ်းရှိပေမယ့် ဆက်ပြီး တိုးတက်အောင် ကြိုးပမ်းရမှာပါ။ ဒါပေမယ့်လည်း ပေါင်သန်း ၂၀၀၊ ၃၀၀လောက် ရင်းနှီးမြှုပ်နှံနိုင်တဲ့ အသင်းတွေလည်းရှိနေပြီး မတူညီတဲ့မူဝါဒတွေနဲ့ အခြားအသင်းတွေလည်းရှိပါတယ်။ ခင်ဗျား မူဝါဒကိုလေးစားမှုရှိရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္တိုနီယို ကြန္တီဟာ သတင္းစာရွင္းလင္းပြဲစဥ္အတြင္း ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအေပၚ ႐ူးသြပ္ခ်င္စရာ ေမွ်ာ္မွန္းခ်က္ေတြထားရွိေနၾကတဲ့အေၾကာင္း ေဆြးေႏြးရာမွာ ေဒါသမထိန္းႏိုင္ဘဲ ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြားခဲ့ပါတယ္။

စပါးစ္အသင္းဟာ တနဂၤေႏြေန႔က အက္စတန္ ဗီလာကို ၂-၀ နဲ႔ အိမ္ကြင္းမွာ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီး ကြင္းျပင္ပမွာ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္သံေတြကို ရရွိခဲ့တာျဖစ္ၿပီး မန္ယူႏိုက္တက္က ဝုလ္ဗ္စ္ကို အႏိုင္ရရွိခဲ့တဲ့အတြက္ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ထိပ္ဆုံး ၄ ေနရာအျပင္ဘက္ကို ေျခေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအိမ္ကြင္းကို လာေရာက္ၾကည့္ရႈခဲ့တဲ့ ပရိသတ္ေတြဟာ အက္စတန္ ဗီလာနဲ႔ပြဲစဥ္အတြင္း အသင္းဥကၠဌ ဒန္နီရယ္ လီဗိုင္းကို တတ္ႏိုင္သမွ်ျမန္ျမန္ အသင္းကို ေရာင္းခ်ဖို႔အတြက္ ေႂကြးေၾကာ္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ကြန္တီဟာ ပြဲၿပီးသတင္းစာရွင္းလင္းပြဲ အစပိုင္းမွာ အရာအားလုံးက ပိုၿပီးေကာင္းမြန္လာလိမ့္မယ္လို႔ ေျပာဆိုခဲ့ေသးေပမယ့္လည္း ထိပ္ဆုံး ၄ ေနရာေမွ်ာ္လင့္ခ်က္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အီတလီလူမ်ိဳးနည္းျပက ထိပ္တန္း ၆ သင္းစလုံး ေငြသုံးႏိုင္စြမ္းအေၾကာင္း ညည္းတြားခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ ထိပ္ဆုံး ၄ ေနရာထဲ ဝင္ေရာက္ႏိုင္ခဲ့တာက ထူးျခားဆန္းၾကယ္တဲ့ျဖစ္ရပ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

စပါးစ္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ စုစုေပါင္း ေပါင္ ၁၄၉ သန္းအထိ သုံးစြဲခဲ့ၿပီး ကစားသမား ၇ ဦးအထိ ေခၚယူခဲ့တာျဖစ္ေပမယ့္လည္း ကြန္တီက ၂ ရာသီဆက္တိုက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိေအာင္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ သိသာထင္ရွားတဲ့ အေထာက္အပံ့ေတြ လုပ္ဖို႔လိုအပ္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

စပါးစ္ရဲ႕ ထိပ္ဆုံး ၄ ေနရာ ေမွ်ာ္လင့္ခ်က္နဲ႔ပတ္သက္ၿပီးေမးျမန္းခဲ့ရာမွာ “ၿပီးခဲ့တဲ့ရာသီမွာ ကြၽန္ေတာ္တို႔ ထူးျခားဆန္းၾကယ္တာေတြ ျပဳလုပ္ခဲ့တယ္။ ဒါေပမယ့္ အေျခအေနက ဘယ္လိုျဖစ္ခဲ့လဲဆိုတာ ကြၽန္ေတာ္ သိခဲ့ၿပီး အသင္းနဲ႔ပတ္သက္ၿပီး အရမ္းကို ရွင္းလင္းခဲ့ပါတယ္။ ၿပီးေတာ့ ဒီရာသီမွာ ဆုဖလားစိန္ေခၚသူေတြအျဖစ္ စပါးစ္အေၾကာင္းလူေတြ အေကာင္းေျပာခဲ့ၾကတာကို ျပန္ေျပာခ်င္ေပမယ့္ ဒီဟာက ဖတ္ဖို႔ေတာင္မွ နည္းနည္း ႐ူးသြပ္ရာက်ပါတယ္။ ဆုဖလားစိန္ေခၚသူေတြ ျဖစ္လာဖို႔၊ တစ္စုံတရာကို အႏိုင္ရရွိဖို႔ တိုက္ပြဲဝင္ဖို႔အတြက္ အဆင္သင့္ျဖစ္ဖို႔က ခင္ဗ်ားမွာ ခိုင္မာတဲ့ အေျခခံအုတ္ျမစ္ရွိဖို႔လိုတယ္။ လူေတြက ခင္ဗ်ားေရာက္လာၿပီး အႏိုင္ရရွိမယ္လို႔ထင္ၾကတယ္။ ဒီဟာက အရင္တုန္းက ဆုဖလားေတြရရွိေနက်အသင္းတစ္သင္းအတြက္ေတာ့ ျဖစ္ႏိုင္ပါတယ္။ ခင္ဗ်ားက အဲဒီလိုအသင္းမဟုတ္ဘူးဆိုရင္ ခင္ဗ်ား ဒီဟာကို ဖန္တီးယူရမွာျဖစ္ၿပီး ခင္ဗ်ား အခ်ိန္နဲ႔စိတ္ရွည္သည္းခံမႈလိုပါတယ္”

“ပရိသတ္ေတြ စိတ္ပ်က္ခဲ့ၾကမယ္ဆိုတာ ကြၽန္ေတာ္ နားလည္တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက အခ်ိန္အၾကာႀကီး စိတ္ရွည္သည္းခံေပးခဲ့ၾကလို႔ပါ။ ဒါေပမယ့္ ခင္ဗ်ား အမွန္တရားကို သိခ်င္တယ္ဆိုရင္ အမွန္တရားကို ကြၽန္ေတာ္ ေျပာျပမယ္။ ကြၽန္ေတာ္က နည္းျပပါ။ ကြၽန္ေတာ္ ေန႔တိုင္း ဒီကလပ္မွာ ေနထိုင္ေနတယ္။ ကြၽန္ေတာ္ အေျခအေနကို သိတယ္။ ကြၽန္ေတာ္အသင္းရဲ႕ ရည္မွန္းခ်က္ကို သိတယ္။ အသင္းက အေျခအေနေတြေပၚက ကြၽန္ေတာ့္ရဲ႕အေတြးေတြကို သိပါတယ္။ ရာသီအစမွာ ကြၽန္ေတာ္ အရမ္းရွင္းလင္းခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ေတြ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိေပမယ့္ ဆက္ၿပီး တိုးတက္ေအာင္ ႀကိဳးပမ္းရမွာပါ။ ဒါေပမယ့္လည္း ေပါင္သန္း ၂၀၀၊ ၃၀၀ေလာက္ ရင္းႏွီးျမႇဳပ္ႏွံႏိုင္တဲ့ အသင္းေတြလည္းရွိေနၿပီး မတူညီတဲ့မူဝါဒေတြနဲ႔ အျခားအသင္းေတြလည္းရွိပါတယ္။ ခင္ဗ်ား မူဝါဒကိုေလးစားမႈရွိရပါမယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.