Analysis Ligue1 Match Report Premier League

ပြင်သစ်လိဂန်မှာ သွင်းဂိုးနဲ့ နိုင်ပွဲတွေရှာပြီး အစွမ်းပြခဲ့ကြတဲ့ အာဆင်နယ်လူငယ်နှစ်ဦး

ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက ပြင်သစ် ပထမတန်း လိဂန်ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းကနေ အငှားချထားခဲ့တဲ့ ကစားသမားနှစ်ဦး ဖြစ်ကြတဲ့ ဖိုလာရင် ဘာလိုဂွန်နဲ့ နူနို တာဗာရက်စ်တို့ ခြေစွမ်းပြ ကစားနိုင်ခဲ့နိုင်ကြပြီး သက်ဆိုင်ရာအသင်းတွေကို သွင်းဂိုးတွေနဲ့ နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြပါတယ်။

ရင်းမ်စ်အသင်းကို အငှားချထားခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဘာလိုဂွန်အနေနဲ့ ရင်းနေးအသင်းကို ရင်ဆိုင်ရတဲ့ အိမ်ကွင်းပွဲစဉ်မှာ သူတို့အသင်းကို အနိုင်သေချာစေဖို့ သွင်းဂိုးနှစ်ဂိုးနဲ့ အကျိုးပြုနိုင်ခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား ရပ်တည်မှု အဆင့် ၁၀ ကို တက်ရောက်လာနိုင်ခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် ရှိပြီဖြစ်ပြီး အမေရိကန်နဲ့ အင်္ဂလန်ကို ဘယ်နိုင်ငံ ရွေးချယ်ရမယ်မှန်း မသိသေးတဲ့ နိုင်ဂျီးရီးယားနွယ်ဖွား တိုက်စစ်မှူး အနေနဲ့ ပွဲချိန် ၆ မိနစ်မှာ ကွင်းလယ်ဖန်တီးရှင် ဖလစ်ပ်စ်ရဲ့ ဖြတ်တင်ဘောကို အနီးကပ် Volley ကန်ချက် ပြင်းပြင်းနဲ့ စိတ်ကြိုက်သွင်းယူခဲ့တာဖြစ်ပြီး ပြင်သစ်လက်ရွေးစင် ဝါရင့်ဂိုးသမား မွန်ဒွန်ဒါကို ငုတ်တုတ်မေ့စေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ အမှတ်ပြန်ရှာနိုင်ဖို့ ကြိုးစားနေတဲ့ ဧည့်သည် ရင်းနေးတို့ကို ဘာလိုဂွန်ကပဲ ထပ်မံအသည်းခွဲပြီး ရင်းမ်စ်တို့ကို အနိုင်သေချာစေခဲ့သလို ဒီဂိုးကိုတော့ ကျွံထွက်လာတဲ့‌ ဘောလုံးကို မွန်ဒွန်ဒါ ရှင်းထုတ်ရာမှာ နောက်တန်းလူနဲ့ထိပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဘာလိုဂွန်က အမှားအယွင်းမရှိ ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

ဒီနေ့သွင်းဂိုးနှစ်ဂိုးကြောင့် ဘာလိုဂွန်အနေနဲ့ လိဂန် ၁၅ ပွဲမှာ ၈ ဂိုး သွင်းယူထားနိုင်ခဲ့ပြီဖြစ်သလို အာဆင်နယ်ကနေ အငှားနဲ့ ထွက်ကစားပြီး မှတ်ကျောက်တင်ခံနိုင်အောင် ကြိုးစားနေတဲ့ ရည်မှန်းချက်အတွက် တစ်ဝက်လောက် ပြည့်ဝသွားပြီလို့ ဆိုနိုင်ခဲ့သလို Transfermarkt ရဲ့ သတ်မှတ်ဈေးမှာတော့ ရာသီအစက ယူရို ၇ သန်းရဲ့ နှစ်ဆဖြစ်တဲ့ ၁၄ သန်းအထိ ပေါက်လာခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မာဆေးလ်အသင်းနဲ့ တူးလူးစ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ စတာဒီ အော့ရင့်ချ် ဗေလိုဒရုမ်းမှာ ဂိုးမိုးရွာခဲ့တဲ့ အိမ်ရှင် သင်္ဘောဆိပ်မြို့သားတွေရဲ့ ခြောက်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲမှာ လူစားဝင်ကစားသမား နူနို တာဗာရက်စ်က ပွဲချိန် ၈၂ မိနစ်မှာ ညာနောက်ခံလူ ကလော့စ်ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်မလိုလုပ်ပြီးမှ ရင်ဘတ်နဲ့ တစ်ချက်ထိန်းပြီး လှည့်ထွက်ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ အငှားကစားသမားတွေ ခြေစွမ်းပြခဲ့ကြတဲ့ ပြင်သစ်က ကြာသပတေးနေ့မှာ မာဆေးလ်အသင်းအတွက် နောက်ထပ် ဂန်းနားဟောင်းတွေဖြစ်ကြတဲ့ ဆိဒ် ကိုလာရှီနက်ချ်နဲ့ အလက်ဆစ် ဆန်းချက်ဇ်တို့လည်း ပါဝင်ကစားခဲ့ကြသလို ချီလီတိုက်စစ်မှူးအနေနဲ့ ဂိုးမရခဲ့ပေမယ့် ဘော့စ်နီးယားဘယ်နောက်ခံလူကတော့ ပွဲချိန် ၅၂ မိနစ်မှာ တကယ့်ဆရာကြီးစတိုင်နဲ့ ဧရိယာထဲအထိ ဝင်ရောက်ပြီးမှ အဆုံးသတ်ပြသွားခဲ့တာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ညက ျပင္သစ္ ပထမတန္း လိဂန္ပြဲစဥ္ေတြမွာ အာဆင္နယ္အသင္းကေန အငွားခ်ထားခဲ့တဲ့ ကစားသမားႏွစ္ဦး ျဖစ္ၾကတဲ့ ဖိုလာရင္ ဘာလိုဂြန္နဲ႔ ႏူႏို တာဗာရက္စ္တို႔ ေျခစြမ္းျပ ကစားႏိုင္ခဲ့ႏိုင္ၾကၿပီး သက္ဆိုင္ရာအသင္းေတြကို သြင္းဂိုးေတြနဲ႔ ႏိုင္ပြဲရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၾကပါတယ္။

ရင္းမ္စ္အသင္းကို အငွားခ်ထားခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဘာလိုဂြန္အေနနဲ႔ ရင္းေနးအသင္းကို ရင္ဆိုင္ရတဲ့ အိမ္ကြင္းပြဲစဥ္မွာ သူတို႔အသင္းကို အႏိုင္ေသခ်ာေစဖို႔ သြင္းဂိုးႏွစ္ဂိုးနဲ႔ အက်ိဳးျပဳႏိုင္ခဲ့တာျဖစ္ၿပီး ဒီႏိုင္ပြဲေၾကာင့္ အမွတ္ေပးဇယား ရပ္တည္မႈ အဆင့္ ၁၀ ကို တက္ေရာက္လာႏိုင္ခဲ့တာပါ။

အသက္ ၂၁ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္ၿပီး အေမရိကန္နဲ႔ အဂၤလန္ကို ဘယ္ႏိုင္ငံ ေ႐ြးခ်ယ္ရမယ္မွန္း မသိေသးတဲ့ ႏိုင္ဂ်ီးရီးယားႏြယ္ဖြား တိုက္စစ္မႉး အေနနဲ႔ ပြဲခ်ိန္ ၆ မိနစ္မွာ ကြင္းလယ္ဖန္တီးရွင္ ဖလစ္ပ္စ္ရဲ႕ ျဖတ္တင္ေဘာကို အနီးကပ္ Volley ကန္ခ်က္ ျပင္းျပင္းနဲ႔ စိတ္ႀကိဳက္သြင္းယူခဲ့တာျဖစ္ၿပီး ျပင္သစ္လက္ေ႐ြးစင္ ဝါရင့္ဂိုးသမား မြန္ဒြန္ဒါကို ငုတ္တုတ္ေမ့ေစခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အမွတ္ျပန္ရွာႏိုင္ဖို႔ ႀကိဳးစားေနတဲ့ ဧည့္သည္ ရင္းေနးတို႔ကို ဘာလိုဂြန္ကပဲ ထပ္မံအသည္းခြဲၿပီး ရင္းမ္စ္တို႔ကို အႏိုင္ေသခ်ာေစခဲ့သလို ဒီဂိုးကိုေတာ့ ကြၽံထြက္လာတဲ့‌ ေဘာလုံးကို မြန္ဒြန္ဒါ ရွင္းထုတ္ရာမွာ ေနာက္တန္းလူနဲ႔ထိၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ဘာလိုဂြန္က အမွားအယြင္းမရွိ ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပါ။

ဒီေန႔သြင္းဂိုးႏွစ္ဂိုးေၾကာင့္ ဘာလိုဂြန္အေနနဲ႔ လိဂန္ ၁၅ ပြဲမွာ ၈ ဂိုး သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္သလို အာဆင္နယ္ကေန အငွားနဲ႔ ထြက္ကစားၿပီး မွတ္ေက်ာက္တင္ခံႏိုင္ေအာင္ ႀကိဳးစားေနတဲ့ ရည္မွန္းခ်က္အတြက္ တစ္ဝက္ေလာက္ ျပည့္ဝသြားၿပီလို႔ ဆိုႏိုင္ခဲ့သလို Transfermarkt ရဲ႕ သတ္မွတ္ေဈးမွာေတာ့ ရာသီအစက ယူ႐ို ၇ သန္းရဲ႕ ႏွစ္ဆျဖစ္တဲ့ ၁၄ သန္းအထိ ေပါက္လာခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ မာေဆးလ္အသင္းနဲ႔ တူးလူးစ္အသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ စတာဒီ ေအာ့ရင့္ခ်္ ေဗလိုဒ႐ုမ္းမွာ ဂိုးမိုး႐ြာခဲ့တဲ့ အိမ္ရွင္ သေဘၤာဆိပ္ၿမိဳ႕သားေတြရဲ႕ ေျခာက္ဂိုး-တစ္ဂိုးနဲ႔ ႏိုင္ပြဲမွာ လူစားဝင္ကစားသမား ႏူႏို တာဗာရက္စ္က ပြဲခ်ိန္ ၈၂ မိနစ္မွာ ညာေနာက္ခံလူ ကေလာ့စ္ရဲ႕ ျဖတ္တင္ေဘာကို ေခါင္းတိုက္မလိုလုပ္ၿပီးမွ ရင္ဘတ္နဲ႔ တစ္ခ်က္ထိန္းၿပီး လွည့္ထြက္ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

အာဆင္နယ္အသင္းရဲ႕ အငွားကစားသမားေတြ ေျခစြမ္းျပခဲ့ၾကတဲ့ ျပင္သစ္က ၾကာသပေတးေန႔မွာ မာေဆးလ္အသင္းအတြက္ ေနာက္ထပ္ ဂန္းနားေဟာင္းေတြျဖစ္ၾကတဲ့ ဆိဒ္ ကိုလာရွီနက္ခ်္နဲ႔ အလက္ဆစ္ ဆန္းခ်က္ဇ္တို႔လည္း ပါဝင္ကစားခဲ့ၾကသလို ခ်ီလီတိုက္စစ္မႉးအေနနဲ႔ ဂိုးမရခဲ့ေပမယ့္ ေဘာ့စ္နီးယားဘယ္ေနာက္ခံလူကေတာ့ ပြဲခ်ိန္ ၅၂ မိနစ္မွာ တကယ့္ဆရာႀကီးစတိုင္နဲ႔ ဧရိယာထဲအထိ ဝင္ေရာက္ၿပီးမွ အဆုံးသတ္ျပသြားခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.