Premier League Serie A Transfer News

လူသစ်နှစ်ဦးခေါ်ပြီး မန်စီးတီးအဆင့် ကွင်းလယ်မျိုးဖြစ်ဖို့ နီးစပ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ အမှတ်ပေးဇယားကို ထိပ်ဆုံးက ဦးဆောင်နေပေမယ့်လည်း အချိန်တန်ရင် မန်ချက်စတာစီးတီးရဲ့ လက်ထဲကို လွှဲပေးလိုက်ရမှာပါဆိုတဲ့ ဝေဖန်သံတွေရဲ့ ဖိအားကို ရင်ဆိုင်နေရပြီး ဒီအတွက် တုံ့ပြန်နိုင်ဖို့နဲ့ ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထပ်မံရယူနိုင်ဖို့ ကွင်းလယ်လူသစ်နှစ်ဦးကို ခေါ်ယူဖို့ ရှိနေတာဖြစ်ပါတယ်။

ဒီကွင်းလယ်လူသစ်နှစ်ဦးအတွက် ဆွေးနွေးမှုတွေမှာ အာဆင်နယ်တို့က ရေပန်းအစားဆုံးနဲ့ ထိပ်ဆုံး အနေအထားမှာ ရှိနေပြီး အရင်လို မဟုတ်ဘဲ အခွင့်အလမ်းကောင်းတွေ ရှိနေတဲ့ ဆုဖလား စိန်ခေါ်နိုင်စွမ်းတွေနဲ့ နည်းပြ မီခယ်လ် အာတီတာရဲ့ ထိပ်တန်းအဆင့်ကို ထိုးထွက်လာနိုင်မှုတွေက သူတို့ကို ကစားသမားတွေ လာချင်တဲ့ အသင်းမျိုးအဖြစ်လည်း ပြောင်းလဲလာစေခဲ့တာပါ။

တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ် ဒဏ်ရာရသွားချိန်မှာ လူအင်အားနက်ရှိုင်းမှု မရှိလို့ စိတ်ပူနေရချိန်မှာ မာတင် အော်ဒီဂွါဒ်၊ သောမတ်စ် ပါတေးနဲ့ ဂရာနစ် ချာကာတို့ ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကွင်းလယ်မေးခွန်းအတွက် ဖြေစရာ အဖြေလည်း မရှိသေးဘဲ အပြည့်အဝ ယုံလို့ မရသေးတဲ့ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါ၊ မိုဟာမက် အယ်လ်နန်နီနဲ့ ဖာဘီယို ဗီယာရာတို့အတွက် ပိုကောင်းတဲ့ လက်ညှိုးထိုးပြစရာ လိုနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇန်နဝါရီ အားဖြည့်မှုအဖြစ် အာဆင်နယ်တို့အနေနဲ့ စီးရီးအေကလပ် လာဇီယိုအသင်းရဲ့ ကွင်းလယ်လူ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ကို ခေါ်ယူဖို့ အားလုံးရဲ့ ရှေ့က ရှိနေပြီး ဒီရာသီ စီးရီးအေမှာ ၅ ဂိုးသွင်း ၇ ဂိုး ဖန်တီးပေးထားနိုင်တဲ့ ဂျိုကာကွင်းလယ်သမားကို အသင်းရဲ့ ပွဲထွက် ဘယ်နေရာမဆို ၆-၈-၁၀ ကြိုက်သလို သုံးစွဲနိုင်မှာကြောင့် စိတ်လှုပ်ရှားစရာလည်းဖြစ်နေခဲ့တာပါ။

ဘယ်လ်ဂျီယမ်ကလပ် ဂျင့်ခ်ကနေ ရောမမြို့ခံကလပ်ကို ပေါင် ၃.၅ သန်းတည်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဆားဘီးယားသားအတွက် အာဆင်နယ်တို့ အနေနဲ့ လက်ရှိမှာ ပေါင် ၄၄ သန်း ပေးချေရနိုင်တယ်လို့ သိရပြီး သူ့ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ တိုက်စစ်မှူးဟောင်း မက်တီယာ ကက်ဇ်မန်းက အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

အတိတ်တုန်းက အာဆင်နယ်ကို ငြင်းပယ်ခဲ့ဖူးပေမယ့် ၂၇ နှစ်သားအနေနဲ့ လက်ရှိမှာတော့ စိန်ခေါ်မှုတွေကို အမ်းမရိတ်မှာ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပြီး ကီဗင် ဒီဘရိုင်းနား၊ လီယွန် ဂိုရက်ဇ်ကာနဲ့ ဂျုဒ် ဘယ်လင်ဂမ်တို့လို နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းအတည်ငြိမ်ဆုံး ကွင်းလယ်လူတွေနဲ့ တစ်တန်းတည်း ထားနိုင်တဲ့ မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ကို နည်းပြ အာတီတာကလည်း မျက်စိကျနေခဲ့တာပါ။

သူ့အပြင် စာချုပ် ၆ လသာ ကျန်ရှိတော့တဲ့ လက်စတာစီးတီးကွင်းလယ်လူ ယူရီ တီးလီးမန်းစ်အတွက်လည်း အားကစားဒါရိုက်တာ အီဒူးအနေနဲ့ ကင်းပါဝါဘက်က တာဝန်ရှိသူတွေကို စကားတီးခေါက်ကြည့်နေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ နွေရာသီကျမှ ခေါ်ယူမယ့်အစား ဆောင်းရာသီမှာပဲ သင့်တင့်တဲ့ ဈေးတစ်ရပ်နဲ့ ရရှိနိုင်မလားလို့ ချိန်ရွယ်နေခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘယ်လ်ဂျီယမ်သားဘက်ကလည်း သူ့ရဲ့ ဦးစားပေး ပြောင်းရွှေ့ချင်တဲ့ အသင်းဟာ အာဆင်နယ်လို့ ဆိုထားခဲ့ပေမယ့် လက်စတာနည်းပြ ဘရန်ဒန် ရော့ဂျားစ်ကတော့ စာချုပ်သက်တမ်းတိုးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားဦးမယ်လို့ ဆိုထားခဲ့လို့ လက်ရှိမှာ ဈေးဖြတ်ပြီး မခေါ်နိုင်ရင် နွေရာသီမှာ ခေါ်ယူဖို့က လက်ကျန် ၆ လအတွင်း အပြောင်းအလဲများစွာ ရှိသွားနိုင်ဖို့ အီဒူးတို့ လက်ဦးနိုင်ဖို့တော့ လိုအပ်နေခဲ့တာပါ။

မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်နဲ့ တီးလီးမန်းစ်တို့ကို လက်သွက်သွက်နဲ့ ခေါ်ယူရရှိခဲ့မယ်ဆိုရင်တော့ ပါတေး၊ ချာကာ၊ အော်ဒီဂွါဒ်တို့နဲ့ ပေါင်းလိုက်ရင် ပရီးမီးယားလိဂ်မှာ အတောင့်တင်းဆုံး ကွင်းလယ်ဖြစ်လာမှာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကို ယှဉ်နိုင်မှာဖြစ်သလို ကျန်တဲ့ အသင်းတွေထက်လည်း သာလွန်သွားနိုင်ဖို့ ရှိနေတာကြောင့် ဂန်းနားပရိသတ်တွေ အမျှော်လင့်ဆုံး အနေအထားနဲ့ နီးစပ်မှု ရှိနေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာ အမွတ္ေပးဇယားကို ထိပ္ဆုံးက ဦးေဆာင္ေနေပမယ့္လည္း အခ်ိန္တန္ရင္ မန္ခ်က္စတာစီးတီးရဲ႕ လက္ထဲကို လႊဲေပးလိုက္ရမွာပါဆိုတဲ့ ေဝဖန္သံေတြရဲ႕ ဖိအားကို ရင္ဆိုင္ေနရၿပီး ဒီအတြက္ တုံ႔ျပန္ႏိုင္ဖို႔နဲ႔ ၂၀၀၃-၀၄ ရာသီေနာက္ပိုင္း ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ထပ္မံရယူႏိုင္ဖို႔ ကြင္းလယ္လူသစ္ႏွစ္ဦးကို ေခၚယူဖို႔ ရွိေနတာျဖစ္ပါတယ္။

ဒီကြင္းလယ္လူသစ္ႏွစ္ဦးအတြက္ ေဆြးေႏြးမႈေတြမွာ အာဆင္နယ္တို႔က ေရပန္းအစားဆုံးနဲ႔ ထိပ္ဆုံး အေနအထားမွာ ရွိေနၿပီး အရင္လို မဟုတ္ဘဲ အခြင့္အလမ္းေကာင္းေတြ ရွိေနတဲ့ ဆုဖလား စိန္ေခၚႏိုင္စြမ္းေတြနဲ႔ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ထိပ္တန္းအဆင့္ကို ထိုးထြက္လာႏိုင္မႈေတြက သူတို႔ကို ကစားသမားေတြ လာခ်င္တဲ့ အသင္းမ်ိဳးအျဖစ္လည္း ေျပာင္းလဲလာေစခဲ့တာပါ။

တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ ဒဏ္ရာရသြားခ်ိန္မွာ လူအင္အားနက္ရႈိင္းမႈ မရွိလို႔ စိတ္ပူေနရခ်ိန္မွာ မာတင္ ေအာ္ဒီဂြါဒ္၊ ေသာမတ္စ္ ပါေတးနဲ႔ ဂရာနစ္ ခ်ာကာတို႔ ဒဏ္ရာရသြားရင္ ဘယ္လိုလုပ္မလဲဆိုတဲ့ ကြင္းလယ္ေမးခြန္းအတြက္ ေျဖစရာ အေျဖလည္း မရွိေသးဘဲ အျပည့္အဝ ယုံလို႔ မရေသးတဲ့ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါ၊ မိုဟာမက္ အယ္လ္နန္နီနဲ႔ ဖာဘီယို ဗီယာရာတို႔အတြက္ ပိုေကာင္းတဲ့ လက္ညႇိဳးထိုးျပစရာ လိုေနတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဇန္နဝါရီ အားျဖည့္မႈအျဖစ္ အာဆင္နယ္တို႔အေနနဲ႔ စီးရီးေအကလပ္ လာဇီယိုအသင္းရဲ႕ ကြင္းလယ္လူ ဆာေဂး မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ကို ေခၚယူဖို႔ အားလုံးရဲ႕ ေရွ႕က ရွိေနၿပီး ဒီရာသီ စီးရီးေအမွာ ၅ ဂိုးသြင္း ၇ ဂိုး ဖန္တီးေပးထားႏိုင္တဲ့ ဂ်ိဳကာကြင္းလယ္သမားကို အသင္းရဲ႕ ပြဲထြက္ ဘယ္ေနရာမဆို ၆-၈-၁၀ ႀကိဳက္သလို သုံးစြဲႏိုင္မွာေၾကာင့္ စိတ္လႈပ္ရွားစရာလည္းျဖစ္ေနခဲ့တာပါ။

ဘယ္လ္ဂ်ီယမ္ကလပ္ ဂ်င့္ခ္ကေန ေရာမၿမိဳ႕ခံကလပ္ကို ေပါင္ ၃.၅ သန္းတည္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဆားဘီးယားသားအတြက္ အာဆင္နယ္တို႔ အေနနဲ႔ လက္ရွိမွာ ေပါင္ ၄၄ သန္း ေပးေခ်ရႏိုင္တယ္လို႔ သိရၿပီး သူ႔ရဲ႕ ေအးဂ်င့္အျဖစ္ ေဆာင္႐ြက္ေနတဲ့ တိုက္စစ္မႉးေဟာင္း မက္တီယာ ကက္ဇ္မန္းက အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ဖို႔ ႀကိဳးစားေနတယ္လို႔လည္း ဆိုပါတယ္။

အတိတ္တုန္းက အာဆင္နယ္ကို ျငင္းပယ္ခဲ့ဖူးေပမယ့္ ၂၇ ႏွစ္သားအေနနဲ႔ လက္ရွိမွာေတာ့ စိန္ေခၚမႈေတြကို အမ္းမရိတ္မွာ ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရၿပီး ကီဗင္ ဒီဘ႐ိုင္းနား၊ လီယြန္ ဂိုရက္ဇ္ကာနဲ႔ ဂ်ဳဒ္ ဘယ္လင္ဂမ္တို႔လို ေနာက္ပိုင္းႏွစ္ေတြမွာ ေျခစြမ္းအတည္ၿငိမ္ဆုံး ကြင္းလယ္လူေတြနဲ႔ တစ္တန္းတည္း ထားႏိုင္တဲ့ မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ကို နည္းျပ အာတီတာကလည္း မ်က္စိက်ေနခဲ့တာပါ။

သူ႔အျပင္ စာခ်ဳပ္ ၆ လသာ က်န္ရွိေတာ့တဲ့ လက္စတာစီးတီးကြင္းလယ္လူ ယူရီ တီးလီးမန္းစ္အတြက္လည္း အားကစားဒါ႐ိုက္တာ အီဒူးအေနနဲ႔ ကင္းပါဝါဘက္က တာဝန္ရွိသူေတြကို စကားတီးေခါက္ၾကည့္ေနၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေႏြရာသီက်မွ ေခၚယူမယ့္အစား ေဆာင္းရာသီမွာပဲ သင့္တင့္တဲ့ ေဈးတစ္ရပ္နဲ႔ ရရွိႏိုင္မလားလို႔ ခ်ိန္႐ြယ္ေနခဲ့တာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားဘက္ကလည္း သူ႔ရဲ႕ ဦးစားေပး ေျပာင္းေ႐ႊ႕ခ်င္တဲ့ အသင္းဟာ အာဆင္နယ္လို႔ ဆိုထားခဲ့ေပမယ့္ လက္စတာနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ကေတာ့ စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားဦးမယ္လို႔ ဆိုထားခဲ့လို႔ လက္ရွိမွာ ေဈးျဖတ္ၿပီး မေခၚႏိုင္ရင္ ေႏြရာသီမွာ ေခၚယူဖို႔က လက္က်န္ ၆ လအတြင္း အေျပာင္းအလဲမ်ားစြာ ရွိသြားႏိုင္ဖို႔ အီဒူးတို႔ လက္ဦးႏိုင္ဖို႔ေတာ့ လိုအပ္ေနခဲ့တာပါ။

မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္နဲ႔ တီးလီးမန္းစ္တို႔ကို လက္သြက္သြက္နဲ႔ ေခၚယူရရွိခဲ့မယ္ဆိုရင္ေတာ့ ပါေတး၊ ခ်ာကာ၊ ေအာ္ဒီဂြါဒ္တို႔နဲ႔ ေပါင္းလိုက္ရင္ ပရီးမီးယားလိဂ္မွာ အေတာင့္တင္းဆုံး ကြင္းလယ္ျဖစ္လာမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းကို ယွဥ္ႏိုင္မွာျဖစ္သလို က်န္တဲ့ အသင္းေတြထက္လည္း သာလြန္သြားႏိုင္ဖို႔ ရွိေနတာေၾကာင့္ ဂန္းနားပရိသတ္ေတြ အေမွ်ာ္လင့္ဆုံး အေနအထားနဲ႔ နီးစပ္မႈ ရွိေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.