Analysis Article Premier League Transfer News

ယူကရိန်းနေမာကို အရမ်းကြွေနေပြီး အမြန်ဆုံးရနိုင်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကို အင်အားထပ်မံဖြည့်တင်းသွားမှာဖြစ်ပြီး ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ရဲ့ အကျိုးပြုမှု ပျောက်ဆုံးသွားတာကို တစ်နည်းနည်းနဲ့ ကျားကန်နိုင်ဖို့ လုပ်ဆောင်နေရာမှာ ယူကရိန်းနေမာလို့ ခေါ်နေကြတဲ့ တောင်ပံတိုက်စစ်မှူး မိုက်ခေလို မူဒရစ်ခ်က ဦးစားပေး အစီအစဉ်ဖြစ်နေခဲ့ပါတယ်။

ဂန်းနားတွေအတွက် လိုအပ်နေတဲ့ တိုက်စစ်ပိုင်းအတွက် မူဒရစ်ခ်ကို ပေါင် ၅၇ သန်းနဲ့ တရားဝင် ကမ်းလှမ်းထားခဲ့ပြီး ရှက်ခ်တာဒိုးနက်စ်ခ် အသင်းဘက်က ပယ်ချထားခဲ့ပေမယ့် သူ့အတွက် ကမ်းလှမ်းမှုတွေ ထပ်မံပြုလုပ်ဦးမှာဖြစ်သလို ဒီအသင်းကို ပြောင်းရွှေ့ချင်လို့ ဝက်စ်ဟမ်းနဲ့ပွဲကိုတောင် စောင့်ကြည့်နေခဲ့ကြောင်း ပြထားတာကလည်း ပရိသတ်တွေကို ပိုပြီးဖီလင်တက်စေတာပါ။

နည်းပြ မီခယ်လ် အာတီတာရဲ့ ပါချီပါချဲ့နဲ့ မရှိသုံးကောင်မျိုးလောက်တော့ ခေါ်မနေဘူးလို့ ပြောကြားထားခဲ့တဲ့ စကားအရ အားကစားဒါရိုက်တာ အီဒူးအနေနဲ့ ခေါင်တွေကိုပဲ တက်ကိုင်နေတာဖြစ်ပြီး ရှက်ခ်တာဘက်က တစ်ပြားမှ မကုန်ထားတဲ့ ကစားသမားနဲ့ အာဆင်နယ်ကို ဂိုးသွင်းဖို့ ကြိုးစားနေတဲ့ ပင်နယ်တီနဲ့ ဖရီးကစ် စပယ်ရှယ်လစ် ခရိုအေးရှား နောက်ခံလူဟောင်း ဒါရီယို ဆာနာကို ပြေလည်အောင် ညှိနိုင်မလားဆိုတာတော့‌ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ရှက်ခ်တာပိုင်ရှင်တွေနဲ့ ဆာနာတို့ဘက်ကတော့ မူဒရစ်ခ်အတွက် ပေါင် ၈၅ သန်း အလိုရှိနေပြီး ဥရောပမှာ ခီလီယန် အမ်ဘာပေနဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့ပြီးရင် သူ့လူက အကောင်းဆုံးလို့ ဝင့်ကြွားထားတဲ့ အသက် ၂၁ နှစ်အရွယ် ယူကရိန်းသားဟာ မန်ချက်စတာယူနိုက်တက်က ပေါင် ၈၆ သန်း ပေးပြီး ခေါ်ထားတဲ့ အန်တိုနီထက်တောင် ပိုကောင်းလို့ ဒီဈေးတောင်းတာ မလွန်ဘူးလို့လည်း ငွေလိုချင်သူတွေဘက်က ဆိုထားတာပါ။

လက်ရှိ ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီ လက်ထက်မှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့တဲ့ မူဒရစ်ခ်ဟာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သူဖြစ်ပြီး ဘယ်ခြေနဲ့ ညာခြေကို အညီအမျှနီးပါး အသုံးပြုနိုင်တာကြောင့် တစ်ယောက်တည်းနဲ့ နှစ်ယောက်စာ ခေါ်ယူနိုင်သလိုဖြစ်သွားမှာကြောင့် အာဆင်နယ်တို့အတွက် ကြီးမားတဲ့ အားအင်သစ်ဖြစ်လာနိုင်သလို မြန်နှုန်းမြင့် ပေါက်ကွဲအားနဲ့ ကျွမ်းကျင်မှုတွေကို ယူဆောင်လာမှာဖြစ်ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ် ၆ ပွဲမှာ ၃ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးထားနိုင်တာက အာဆင်နယ်တို့အတွက် ဈေးဆစ်ဖို့ ခက်တဲ့ အချက်ဖြစ်စေသလို ယူကရိန်း နေမာလို့ အမည်ပြောင်ရထားတဲ့ ကစားသမားအနေနဲ့ သူတို့တွေ လိုအပ်နေတဲ့ သွင်းဂိုးတွေကို ဂျေဆူးစ် မရှိချိန်မှာ ထောက်ကူပေးနိုင်ဖို့လည်း ဖြစ်လာနိုင်တာပါ။

သူ့ရဲ့ ဒီရာသီ သွင်းဂိုးတွေကို ကြည့်ရင် ပင်နယ်တီကနေ နှစ်ဂိုးသွင်းယူထားပြီး ညာသန်ကစားသမားအဖြစ် ညာခြေကို ဦးစားပေး အသုံးပြုပေမယ့် ဘယ်ခြေနဲ့ လေးဂိုးအထိ သွင်းယူထားတာကတော့ အာဆင်နယ်တို့ နှစ်သက်စေတဲ့ အချက်ဖြစ်သလို သူ့ကိုသာ ရရှိခဲ့ရင် ဂါဘရီယယ်လ် မာတီနယ်လီ၊ ဘူကာယို ဆာကာတို့နဲ့ တိုက်စစ်မှာ ဗျူဟာအမျိုးမျိုးကို ခင်းကျင်းနိုင်မှာဖြစ်ပါတယ်။

မူဒရစ်ခ်သာ ရောက်ရှိလာရင် ပရိသတ်တွေ ဝမ်းမြောက်ဝမ်းသာဖြစ်နိုင်ကြမှာဖြစ်ပေမယ့် သူ့ကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တာဟာ အသင်းမှာ အီမီးလ် စမစ်ရိုးရဲ့ အခန်းကဏ္ဍကို ကန့်သတ်လိုက်တာဖြစ်သလို မကြာခဏ ဒဏ်ရာရတတ်တဲ့ ရီးစ် နယ်လ်ဆန်အတွက် နေရာ မရှိတော့ဘူးလို့ ပြောလိုက်တာကိုတော့ သဘောပေါက်ရမှာဖြစ်ပြီး သူတို့တွေကို ပြန်လည်ရောင်းချတတ်ဖို့တော့ လိုအပ်ဦးမှာပါ။

အာဆင်နယ်တို့အနေနဲ့ ဘောက်ဆင်ဒေးမှာ ကမ္ဘာ့ဖလားကြောင့် ပွဲတွေ ရပ်နားထားရာကနေ ပြန်လာချိန်မှာလည်း စိတ်ဓာတ်မာကျောမှုနဲ့ အသင်းလိုက်စုစည်းမှုကို ပြသပြီး ဝက်စ်ဟမ်းကို ကျော်ဖြတ်ထားနိုင်ခဲ့တာက အသင်းပိုင်ရှင်တွေကို ငွေသုံးဖို့အတွက် ထိုက်တန်ကြောင်း ပြသနေတာဖြစ်ပြီး မူဒရစ်ခ်ဘက်ကတော့ ဒီအသင်းမှ ဒီအသင်းဖြစ်နေလို့ မကြာခင်မှာ အမြန်ဆုံး တွေ့မြင်ရဖို့လည်း ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အသင္းကို အင္အားထပ္မံျဖည့္တင္းသြားမွာျဖစ္ၿပီး ဒဏ္ရာရေနတဲ့ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ရဲ႕ အက်ိဳးျပဳမႈ ေပ်ာက္ဆုံးသြားတာကို တစ္နည္းနည္းနဲ႔ က်ားကန္ႏိုင္ဖို႔ လုပ္ေဆာင္ေနရာမွာ ယူကရိန္းေနမာလို႔ ေခၚေနၾကတဲ့ ေတာင္ပံတိုက္စစ္မႉး မိုက္ေခလို မူဒရစ္ခ္က ဦးစားေပး အစီအစဥ္ျဖစ္ေနခဲ့ပါတယ္။

ဂန္းနားေတြအတြက္ လိုအပ္ေနတဲ့ တိုက္စစ္ပိုင္းအတြက္ မူဒရစ္ခ္ကို ေပါင္ ၅၇ သန္းနဲ႔ တရားဝင္ ကမ္းလွမ္းထားခဲ့ၿပီး ရွက္ခ္တာဒိုးနက္စ္ခ္ အသင္းဘက္က ပယ္ခ်ထားခဲ့ေပမယ့္ သူ႔အတြက္ ကမ္းလွမ္းမႈေတြ ထပ္မံျပဳလုပ္ဦးမွာျဖစ္သလို ဒီအသင္းကို ေျပာင္းေ႐ႊ႕ခ်င္လို႔ ဝက္စ္ဟမ္းနဲ႔ပြဲကိုေတာင္ ေစာင့္ၾကည့္ေနခဲ့ေၾကာင္း ျပထားတာကလည္း ပရိသတ္ေတြကို ပိုၿပီးဖီလင္တက္ေစတာပါ။

နည္းျပ မီခယ္လ္ အာတီတာရဲ႕ ပါခ်ီပါခ်ဲ႕နဲ႔ မရွိသုံးေကာင္မ်ိဳးေလာက္ေတာ့ ေခၚမေနဘူးလို႔ ေျပာၾကားထားခဲ့တဲ့ စကားအရ အားကစားဒါ႐ိုက္တာ အီဒူးအေနနဲ႔ ေခါင္ေတြကိုပဲ တက္ကိုင္ေနတာျဖစ္ၿပီး ရွက္ခ္တာဘက္က တစ္ျပားမွ မကုန္ထားတဲ့ ကစားသမားနဲ႔ အာဆင္နယ္ကို ဂိုးသြင္းဖို႔ ႀကိဳးစားေနတဲ့ ပင္နယ္တီနဲ႔ ဖရီးကစ္ စပယ္ရွယ္လစ္ ခ႐ိုေအးရွား ေနာက္ခံလူေဟာင္း ဒါရီယို ဆာနာကို ေျပလည္ေအာင္ ညႇိႏိုင္မလားဆိုတာေတာ့‌ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ရွက္ခ္တာပိုင္ရွင္ေတြနဲ႔ ဆာနာတို႔ဘက္ကေတာ့ မူဒရစ္ခ္အတြက္ ေပါင္ ၈၅ သန္း အလိုရွိေနၿပီး ဥေရာပမွာ ခီလီယန္ အမ္ဘာေပနဲ႔ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔ၿပီးရင္ သူ႔လူက အေကာင္းဆုံးလို႔ ဝင့္ႂကြားထားတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ယူကရိန္းသားဟာ မန္ခ်က္စတာယူႏိုက္တက္က ေပါင္ ၈၆ သန္း ေပးၿပီး ေခၚထားတဲ့ အန္တိုနီထက္ေတာင္ ပိုေကာင္းလို႔ ဒီေဈးေတာင္းတာ မလြန္ဘူးလို႔လည္း ေငြလိုခ်င္သူေတြဘက္က ဆိုထားတာပါ။

လက္ရွိ ဘ႐ိုက္တန္နည္းျပ ေရာဘတ္တို ဒီဇာဘီ လက္ထက္မွာ တစ္ဟုန္ထိုး တိုးတက္လာခဲ့တဲ့ မူဒရစ္ခ္ဟာ ေတာင္ပံႏွစ္ဖက္စလုံးမွာ ကစားႏိုင္သူျဖစ္ၿပီး ဘယ္ေျခနဲ႔ ညာေျခကို အညီအမွ်နီးပါး အသုံးျပဳႏိုင္တာေၾကာင့္ တစ္ေယာက္တည္းနဲ႔ ႏွစ္ေယာက္စာ ေခၚယူႏိုင္သလိုျဖစ္သြားမွာေၾကာင့္ အာဆင္နယ္တို႔အတြက္ ႀကီးမားတဲ့ အားအင္သစ္ျဖစ္လာႏိုင္သလို ျမန္ႏႈန္းျမင့္ ေပါက္ကြဲအားနဲ႔ ကြၽမ္းက်င္မႈေတြကို ယူေဆာင္လာမွာျဖစ္ပါတယ္။

ဒီရာသီ ခ်န္ပီယံလိဂ္ ၆ ပြဲမွာ ၃ ဂိုးသြင္းၿပီး ၂ ဂိုးဖန္တီးေပးထားႏိုင္တာက အာဆင္နယ္တို႔အတြက္ ေဈးဆစ္ဖို႔ ခက္တဲ့ အခ်က္ျဖစ္ေစသလို ယူကရိန္း ေနမာလို႔ အမည္ေျပာင္ရထားတဲ့ ကစားသမားအေနနဲ႔ သူတို႔ေတြ လိုအပ္ေနတဲ့ သြင္းဂိုးေတြကို ေဂ်ဆူးစ္ မရွိခ်ိန္မွာ ေထာက္ကူေပးႏိုင္ဖို႔လည္း ျဖစ္လာႏိုင္တာပါ။

သူ႔ရဲ႕ ဒီရာသီ သြင္းဂိုးေတြကို ၾကည့္ရင္ ပင္နယ္တီကေန ႏွစ္ဂိုးသြင္းယူထားၿပီး ညာသန္ကစားသမားအျဖစ္ ညာေျခကို ဦးစားေပး အသုံးျပဳေပမယ့္ ဘယ္ေျခနဲ႔ ေလးဂိုးအထိ သြင္းယူထားတာကေတာ့ အာဆင္နယ္တို႔ ႏွစ္သက္ေစတဲ့ အခ်က္ျဖစ္သလို သူ႔ကိုသာ ရရွိခဲ့ရင္ ဂါဘရီယယ္လ္ မာတီနယ္လီ၊ ဘူကာယို ဆာကာတို႔နဲ႔ တိုက္စစ္မွာ ဗ်ဴဟာအမ်ိဳးမ်ိဳးကို ခင္းက်င္းႏိုင္မွာျဖစ္ပါတယ္။

မူဒရစ္ခ္သာ ေရာက္ရွိလာရင္ ပရိသတ္ေတြ ဝမ္းေျမာက္ဝမ္းသာျဖစ္ႏိုင္ၾကမွာျဖစ္ေပမယ့္ သူ႔ကို ေခၚယူဖို႔ ဆုံးျဖတ္လိုက္တာဟာ အသင္းမွာ အီမီးလ္ စမစ္႐ိုးရဲ႕ အခန္းက႑ကို ကန႔္သတ္လိုက္တာျဖစ္သလို မၾကာခဏ ဒဏ္ရာရတတ္တဲ့ ရီးစ္ နယ္လ္ဆန္အတြက္ ေနရာ မရွိေတာ့ဘူးလို႔ ေျပာလိုက္တာကိုေတာ့ သေဘာေပါက္ရမွာျဖစ္ၿပီး သူတို႔ေတြကို ျပန္လည္ေရာင္းခ်တတ္ဖို႔ေတာ့ လိုအပ္ဦးမွာပါ။

အာဆင္နယ္တို႔အေနနဲ႔ ေဘာက္ဆင္ေဒးမွာ ကမာၻ႔ဖလားေၾကာင့္ ပြဲေတြ ရပ္နားထားရာကေန ျပန္လာခ်ိန္မွာလည္း စိတ္ဓာတ္မာေက်ာမႈနဲ႔ အသင္းလိုက္စုစည္းမႈကို ျပသၿပီး ဝက္စ္ဟမ္းကို ေက်ာ္ျဖတ္ထားႏိုင္ခဲ့တာက အသင္းပိုင္ရွင္ေတြကို ေငြသုံးဖို႔အတြက္ ထိုက္တန္ေၾကာင္း ျပသေနတာျဖစ္ၿပီး မူဒရစ္ခ္ဘက္ကေတာ့ ဒီအသင္းမွ ဒီအသင္းျဖစ္ေနလို႔ မၾကာခင္မွာ အျမန္ဆုံး ေတြ႕ျမင္ရဖို႔လည္း ရွိေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.