Premier League

လိဒ်စ်ကို အနိုင်ရတဲ့ပွဲမှာ အဖေထက်သား တစ်လကြီးသွားတဲ့ ဟားလန်း

လိဒ်စ်ယူနိုက်တက်ကို မန်ချက်စတာစီးတီးက အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ အဖေထက်သား တစ်လကြီးသွားပြီလို့ ပြောရမလိုဖြစ်ခဲ့ပြီး ဒီပွဲရဲ့ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ စံချိန်မှတ်တမ်းကလည်း ပရီးမီးယားလိဂ်မှာ ဂုဏ်ဆာစရာ ဖြစ်လာခဲ့ပါတယ်။

ဟားလန်းအနေနဲ့ မန်ချက်စတာစီးတီးတို့ အနိုင်ရစေဖို့အတွက် ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ်နဲ့ ၆၄ မိနစ်တွေမှာ အသင်းဖော် ဂျက်ခ် ဂရီးလစ်ရှ်ရဲ့ ဖန်တီးမှုနှစ်ကြိမ်ကနေ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ ပြည့်သွားခဲ့သလို ဒီစံချိန်ကို ၁၄ ပွဲတည်းနဲ့ လုပ်ဆောင်နိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်လာခဲ့တာပါ။

ပရီးမီးယားလိဂ်သမိုင်းမှာ နော်ဝေသားရဲ့ အရင်က သွင်းဂိုး ၂၀ ကို ပွဲအနည်းဆုံးနဲ့ ရရှိခဲ့တဲ့ စံချိန်ကို တင်ရှိခဲ့သူကတော့ နာမည်ကြီးတွေဖြစ်တဲ့ အလန် ရှီးရား၊ ဖာနန်ဒို တောရက်စ်၊ ဆာဂျီယို အဂွေရိုတို့လို ကစားသမားတွေ မဟုတ်ခဲ့ဘဲ ဆန်ဒါးလန်းရဲ့ အင်္ဂလိပ်တိုက်စစ်မှူး ကီဗင် ဖိလစ်ဖြစ်ခဲ့သလို သူ့အသင်း တန်းတက်လာတဲ့ ၁၉၉၉ ရာသီမှာ ကြောင်နက်တွေအတွက် ၂၁ ပွဲနဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဟားလန်းအနေနဲ့ သူငယ်စဉ်က အားပေးခဲ့တဲ့ အသင်းဖြစ်ပြီး သူ့ရဲ့ ဖခင် အယ်လ်ဖင်းတစ်ယောက် နာမည်စကြီးခဲ့တဲ့ လိဒ်ယူနိုက်တက်ဘက်ကို ပထမဆုံး တွေ့ဆုံမှုမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် အဖေထက်သား တစ်လကြီးခဲ့တယ်လို့ ဆိုရမှာဖြစ်သလို ဒီစကားက သူ့ဖခင်ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးမှာ သွင်းယူခဲ့တဲ့ ၁၉ ဂိုးကို ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ နဲ့ ထပ်မံကျော်ဖြတ်ခဲ့တာလည်းဖြစ်နေခဲ့တာပါ၊

ပွဲအပြီးမှာတော့ လိဒ်စ်ယူနိုက်တက်နည်းပြ ဂျက်ဆီ မာ့ရှ်က သူ့နဲ့အတူ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဟားလန်းကို မမုန်းအောင် မနည်းကြိုးစားနေရတယ်လို့ ဟာသဖောက်သွားခဲ့ပြီး အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ကစားသမားဘဝ ပြိုင်ပွဲစုံ ပွဲ ၂၂၀ မှာ ၁၈၁ ဂိုး သွင်းယူထားနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လိဒ္စ္ယူႏိုက္တက္ကို မန္ခ်က္စတာစီးတီးက အေဝးကြင္းမွာ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ တိုက္စစ္မႉး အာလင္း ဟားလန္းအေနနဲ႔ အေဖထက္သား တစ္လႀကီးသြားၿပီလို႔ ေျပာရမလိုျဖစ္ခဲ့ၿပီး ဒီပြဲရဲ႕ ဒုတိယပိုင္းမွာ သြင္းယူခဲ့တဲ့ ဂိုးေတြနဲ႔ စံခ်ိန္မွတ္တမ္းကလည္း ပရီးမီးယားလိဂ္မွာ ဂုဏ္ဆာစရာ ျဖစ္လာခဲ့ပါတယ္။

ဟားလန္းအေနနဲ႔ မန္ခ်က္စတာစီးတီးတို႔ အႏိုင္ရေစဖို႔အတြက္ ဒုတိယပိုင္း ပြဲခ်ိန္ ၅၁ မိနစ္နဲ႔ ၆၄ မိနစ္ေတြမွာ အသင္းေဖာ္ ဂ်က္ခ္ ဂရီးလစ္ရွ္ရဲ႕ ဖန္တီးမႈႏွစ္ႀကိမ္ကေန ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္သြင္းဂိုး ၂၀ ျပည့္သြားခဲ့သလို ဒီစံခ်ိန္ကို ၁၄ ပြဲတည္းနဲ႔ လုပ္ေဆာင္ႏိုင္ခဲ့တဲ့ ပထမဆုံး ကစားသမားလည္းျဖစ္လာခဲ့တာပါ။

ပရီးမီးယားလိဂ္သမိုင္းမွာ ေနာ္ေဝသားရဲ႕ အရင္က သြင္းဂိုး ၂၀ ကို ပြဲအနည္းဆုံးနဲ႔ ရရွိခဲ့တဲ့ စံခ်ိန္ကို တင္ရွိခဲ့သူကေတာ့ နာမည္ႀကီးေတြျဖစ္တဲ့ အလန္ ရွီးရား၊ ဖာနန္ဒို ေတာရက္စ္၊ ဆာဂ်ီယို အေဂြ႐ိုတို႔လို ကစားသမားေတြ မဟုတ္ခဲ့ဘဲ ဆန္ဒါးလန္းရဲ႕ အဂၤလိပ္တိုက္စစ္မႉး ကီဗင္ ဖိလစ္ျဖစ္ခဲ့သလို သူ႔အသင္း တန္းတက္လာတဲ့ ၁၉၉၉ ရာသီမွာ ေၾကာင္နက္ေတြအတြက္ ၂၁ ပြဲနဲ႔ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဟားလန္းအေနနဲ႔ သူငယ္စဥ္က အားေပးခဲ့တဲ့ အသင္းျဖစ္ၿပီး သူ႔ရဲ႕ ဖခင္ အယ္လ္ဖင္းတစ္ေယာက္ နာမည္စႀကီးခဲ့တဲ့ လိဒ္ယူႏိုက္တက္ဘက္ကို ပထမဆုံး ေတြ႕ဆုံမႈမွာ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့အတြက္ အေဖထက္သား တစ္လႀကီးခဲ့တယ္လို႔ ဆိုရမွာျဖစ္သလို ဒီစကားက သူ႔ဖခင္ရဲ႕ ကစားသမားဘဝ တစ္ေလွ်ာက္လုံးမွာ သြင္းယူခဲ့တဲ့ ၁၉ ဂိုးကို ပရီးမီးယားလိဂ္ သြင္းဂိုး ၂၀ နဲ႔ ထပ္မံေက်ာ္ျဖတ္ခဲ့တာလည္းျဖစ္ေနခဲ့တာပါ၊

ပြဲအၿပီးမွာေတာ့ လိဒ္စ္ယူႏိုက္တက္နည္းျပ ဂ်က္ဆီ မာ့ရွ္က သူ႔နဲ႔အတူ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ ဟားလန္းကို မမုန္းေအာင္ မနည္းႀကိဳးစားေနရတယ္လို႔ ဟာသေဖာက္သြားခဲ့ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ ကစားသမားဘဝ ၿပိဳင္ပြဲစုံ ပြဲ ၂၂၀ မွာ ၁၈၁ ဂိုး သြင္းယူထားႏိုင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.