Premier League

လင်ဂတ်နဲ့ ထိုက်တန်တဲ့ ကြိုဆိုမှုမျိုး ပြုလုပ်ခဲ့တဲ့ မန်ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ဂျက်ဆီ လင်ဂတ်ဟာ အိုးထရက်ဖို့ဒ်ကို ပထမဆုံးအကြိမ် ပြိုင်ဘက်အဖြစ် လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂါနေ့ညနေပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဆီကနေ ချစ်ဖွယ် ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။

လင်ဂတ်ဟာ အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့ ၂၂ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၂၃၁ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

လက်ရှိမှာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ကစားပေးနေတဲ့ လင်ဂတ်ဟာ အင်္ဂါနေ့မှာ ပထမဆုံးအကြိမ် အသင်းဟောင်းနဲ့ ပြိုင်ဘက်ကစားသမားအဖြစ် ရင်ဆိုင်ဖို့အတွက် အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ပွဲမတိုင်ခင်မှာ လင်ဂတ်က Sportbible နဲ့ စကားပြောဆိုခဲ့ရာမှာ”ကောင်းမွန်တဲ့ နှုတ်ဆက်မှုကို ရရှိမယ်လို့ မျှော်လင့်လို့ရရင် ကောင်းပါလိမ့်မယ်။ ကျွန်တော် နောက်ဆုံးတစ်ကြိမ်တုန်းက ကောင်းမွန်တဲ့နှုတ်ဆက်မှုမျိုးမရခဲ့တာ သိသာပါတယ်။ အဲဒီတော့ ပရိသတ်တွေနဲ့ ကျွန်တော့်အသင်းဖော်ဟောင်းတွေကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ရမှာက ကောင်းမွန်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ အဲဒီကို အနိုင်ရရှိဖို့ သွားမှာပါ။ သူငယ်ချင်းတွေကို နောက်ထပ်တစ်ကြိမ် တွေ့ရဖို့မဟုတ်ပါဘူး။ အဲဒါက ကျွန်တော်တို့ အနိုင်ရဖို့လိုတဲ့ အရေးကြီးတဲ့ပွဲပါ”လို့ ပြောကြားခြ့တာဖြစ်ပါတယ်။

ဂျက်ဆီ လင်ဂတ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်မှာ မျှော်မှန်းထားတဲ့ နှုတ်ဆက်မှုမျိုး ရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းပွဲကစားချိန်အတွင်း တံကောက်ကြောဒဏ်ရာရရှိသွားခဲ့ပြီးနောက် လူစားလဲလှယ်ခြင်းခံခဲ့ချိန်မှာ အသက် ၃၀ အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ကွင်းဘေးစည်းကနေ ကွင်းထဲကနေ ထွက်ခွာနေချိန်အတွင်း မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ မတ်တပ်ရပ်လက်ခုပ်တီး ကြိုဆိုနှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

ဂျက်ဆီ လင်ဂတ်ကလည်း အိုးထရက်ဖို့ဒ်ပရိသတ်တွေအပေါ်ကို ချစ်မြတ်နိုးဆဲဖြစ်ကြောင်းနဲ့ သွေးစည်းညီညွတ်မှုကို ပြသတဲ့အနေနဲ့ လက်ခုပ်ပြန်တီးပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဂျက်ဆီ လင်ဂတ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိနေခဲ့တဲ့ နောက်ဆုံးနှစ်အနည်းငယ်အတွင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့်လည်း ၂၀၁၆ ခုနှစ်တုန်းက ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး နောက်ထပ်တစ်နှစ်အကြာမှာ ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလားအောင်ပွဲမှာလည်း ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေဟာင္း ဂ်က္ဆီ လင္ဂတ္ဟာ အိုးထရက္ဖို႔ဒ္ကို ပထမဆုံးအႀကိမ္ ၿပိဳင္ဘက္အျဖစ္ လာေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ အဂၤါေန႔ညေနပြဲစဥ္မွာ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဆီကေန ခ်စ္ဖြယ္ ႀကိဳဆိုမႈကို ရရွိခဲ့ပါတယ္။

လင္ဂတ္ဟာ အိုးထရက္ဖို႔ဒ္မွာ ရွိေနခဲ့တဲ့ ၂၂ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အကယ္ဒမီထြက္ ကစားသမားျဖစ္ၿပီး အသင္းအတြက္ ပြဲေပါင္း ၂၃၁ ပြဲ ပါဝင္ကစားေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

လက္ရွိမွာ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းအတြက္ ကစားေပးေနတဲ့ လင္ဂတ္ဟာ အဂၤါေန႔မွာ ပထမဆုံးအႀကိမ္ အသင္းေဟာင္းနဲ႔ ၿပိဳင္ဘက္ကစားသမားအျဖစ္ ရင္ဆိုင္ဖို႔အတြက္ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ပြဲမတိုင္ခင္မွာ လင္ဂတ္က Sportbible နဲ႔ စကားေျပာဆိုခဲ့ရာမွာ”ေကာင္းမြန္တဲ့ ႏႈတ္ဆက္မႈကို ရရွိမယ္လို႔ ေမွ်ာ္လင့္လို႔ရရင္ ေကာင္းပါလိမ့္မယ္။ ကြၽန္ေတာ္ ေနာက္ဆုံးတစ္ႀကိမ္တုန္းက ေကာင္းမြန္တဲ့ႏႈတ္ဆက္မႈမ်ိဳးမရခဲ့တာ သိသာပါတယ္။ အဲဒီေတာ့ ပရိသတ္ေတြနဲ႔ ကြၽန္ေတာ့္အသင္းေဖာ္ေဟာင္းေတြကို ေနာက္ထပ္တစ္ႀကိမ္ ျမင္ေတြ႕ရမွာက ေကာင္းမြန္ပါလိမ့္မယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ အဲဒီကို အႏိုင္ရရွိဖို႔ သြားမွာပါ။ သူငယ္ခ်င္းေတြကို ေနာက္ထပ္တစ္ႀကိမ္ ေတြ႕ရဖို႔မဟုတ္ပါဘူး။ အဲဒါက ကြၽန္ေတာ္တို႔ အႏိုင္ရဖို႔လိုတဲ့ အေရးႀကီးတဲ့ပြဲပါ”လို႔ ေျပာၾကားျခ့တာျဖစ္ပါတယ္။

ဂ်က္ဆီ လင္ဂတ္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ ေမွ်ာ္မွန္းထားတဲ့ ႏႈတ္ဆက္မႈမ်ိဳး ရရွိခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းပြဲကစားခ်ိန္အတြင္း တံေကာက္ေၾကာဒဏ္ရာရရွိသြားခဲ့ၿပီးေနာက္ လူစားလဲလွယ္ျခင္းခံခဲ့ခ်ိန္မွာ အသက္ ၃၀ အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ ကြင္းေဘးစည္းကေန ကြင္းထဲကေန ထြက္ခြာေနခ်ိန္အတြင္း မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ မတ္တပ္ရပ္လက္ခုပ္တီး ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကတာျဖစ္ပါတယ္။

ဂ်က္ဆီ လင္ဂတ္ကလည္း အိုးထရက္ဖို႔ဒ္ပရိသတ္ေတြအေပၚကို ခ်စ္ျမတ္ႏိုးဆဲျဖစ္ေၾကာင္းနဲ႔ ေသြးစည္းညီၫြတ္မႈကို ျပသတဲ့အေနနဲ႔ လက္ခုပ္ျပန္တီးေပးခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဂ်က္ဆီ လင္ဂတ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ရွိေနခဲ့တဲ့ ေနာက္ဆုံးႏွစ္အနည္းငယ္အတြင္း ျပင္းထန္တဲ့ ေဝဖန္မႈေတြ ခံခဲ့ရေပမယ့္လည္း ၂၀၁၆ ခုႏွစ္တုန္းက ခရစၥတယ္ပဲေလ့စ္ကို အႏိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ အႏိုင္ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး ေနာက္ထပ္တစ္ႏွစ္အၾကာမွာ ေဆာက္သမ္တန္ကို အႏိုင္ရရွိခဲ့တဲ့ ကာရာေဘာင္းဖလားေအာင္ပြဲမွာလည္း ဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.