Premier League

မန်ယူနိုက်တက်လူစာရင်းထဲက ကစားသမားသစ်က ဘယ်သူလဲ

ပေါ်တူဂီတိုက်စစ်မှူး ဘက်တင်ညိုဟာ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်က မန်ချက်စတာယူနိုက်တက်လူစာရင်းထဲမှာ ၎င်းရဲ့ နာမည်ပါဝင်နေတဲ့ အမှားကို ဟာသဖောက်ခဲ့ပါတယ်။

အမြင်စူးရှတဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ တရားဝင်လူစာရင်းထဲမှာ အင်္ဂါနေ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမတိုင်ခင်မှာ ထည့်သွင်းခြင်းခံခဲ့ရတာကို မြင်တွေ့ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရော်နယ်လ်ဒိုထွက်ခွာသွားတာကြောင့် တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ အသည်းအသန်လိုအပ်နေချိန်မှာ ပရီးမီးယားလိဂ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ပေါ်မှာ စီမံခန့်ခွဲမှုအမှားကြောင့် ပေါ်တူဂီတတိယတန်းမှာ အီးစ်ပင်ညိုနဲ့ ကစားနေတဲ့ လူသိပ်မသိတဲ့ ကစားသမားတစ်ဦးက လူစာရင်းထဲ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

ဘက်တင်ညိုဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အန်သိုနီ မာစီယယ်လ်တို့နဲ့အတူ လူစာရင်းထဲမှာ ပါဝင်နေတာကို Screenshot ရိုက်ပြီး “ကျေးဇူးတင်ပါတယ် မန်ချက်စတာယူနိုက်တက်။ မကြာခင် တွေ့ကြမယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးက ၎င်းနဲ့ တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ဒါလော့တ်နဲ့ ဖာနန်ဒက်စ်တို့ကိုလည်း “မင်းတို့နဲ့အတူ အဝတ်လဲခန်းကို မျှဝေသုံးစွဲရမှာက စိတ်ပျော်ရွှင်စရာဖြစ်လာတော့မှာပဲ”ဆိုတဲ့ သတင်းစကားနဲ့အတူ Tagged တွဲခဲ့သေးတာဖြစ်ပြီး ဘက်တင်ညိုဟာ မန်ယူနိုက်တက်ဂျာစီ ဝတ်ဆင်ထားတဲ့ ၎င်းရဲ့ ပုံကို ပြန်လည်မျှဝေပြီး ဟာသဖောက်ခဲ့သေးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အန်သိုနီ မာစီယယ်လ်က ရော်နယ်လ်ဒို ထွက်ခွာပြီးနောက်ပိုင်း အသင်းရဲ့ တစ်ဦးတည်းသော အထောင်တိုက်စစ်မှူးအဖြစ် ရှိနေတာကြောင့် ဇန်နဝါရီလမှာ နောက်ထပ်အထောင်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ အဲရစ် တန်ဟက်ဟာ ပီအက်စ်ဗွီကြယ်ပွင့်တိုက်စစ်မှူး ဂက်ခ်ပိုကို ခေါ်ယူချင်ခဲ့တယ်လို့ ယူဆရပေမယ့်လည်း နယ်သာလန်လက်ရွေးစင်ကြယ်ပွင့်ဟာ လက်ရှိမှာတော့ မန်ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက် လီဗာပူးလ်ကို ပေါင် ၄၄ သန်းနဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော် သုံးစွဲထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဇန်နဝါရီအပြောင်းအရွှေ့လုပ်ငန်းဟာ အက်သလက်တီကို မက်ဒရစ်ကနေ ဂျာအို ဖီလစ်ကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့သာ ခေါ်ယူနိုင်တဲ့အခြေအနေအထိ အကန့်အသတ်ရှိလာဖို့ များနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီတိုက္စစ္မႉး ဘက္တင္ညိဳဟာ ပရီးမီးယားလိဂ္ဝက္ဘ္ဆိုက္က မန္ခ်က္စတာယူႏိုက္တက္လူစာရင္းထဲမွာ ၎ရဲ႕ နာမည္ပါဝင္ေနတဲ့ အမွားကို ဟာသေဖာက္ခဲ့ပါတယ္။

အျမင္စူးရွတဲ့ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ အသက္ ၂၉ ႏွစ္အ႐ြယ္ ကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တရားဝင္လူစာရင္းထဲမွာ အဂၤါေန႔ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲမတိုင္ခင္မွာ ထည့္သြင္းျခင္းခံခဲ့ရတာကို ျမင္ေတြ႕ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ေရာ္နယ္လ္ဒိုထြက္ခြာသြားတာေၾကာင့္ တိုက္စစ္ကို အင္အားျဖည့္တင္းဖို႔ အသည္းအသန္လိုအပ္ေနခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ တရားဝင္ဝက္ဘ္ဆိုက္ေပၚမွာ စီမံခန႔္ခြဲမႈအမွားေၾကာင့္ ေပၚတူဂီတတိယတန္းမွာ အီးစ္ပင္ညိဳနဲ႔ ကစားေနတဲ့ လူသိပ္မသိတဲ့ ကစားသမားတစ္ဦးက လူစာရင္းထဲ ေရာက္ရွိေနခဲ့တာျဖစ္ပါတယ္။

ဘက္တင္ညိဳဟာ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ အန္သိုနီ မာစီယယ္လ္တို႔နဲ႔အတူ လူစာရင္းထဲမွာ ပါဝင္ေနတာကို Screenshot ႐ိုက္ၿပီး “ေက်းဇူးတင္ပါတယ္ မန္ခ်က္စတာယူႏိုက္တက္။ မၾကာခင္ ေတြ႕ၾကမယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီတိုက္စစ္မႉးက ၎နဲ႔ တစ္ႏိုင္ငံတည္းသားေတြျဖစ္တဲ့ ဒါေလာ့တ္နဲ႔ ဖာနန္ဒက္စ္တို႔ကိုလည္း “မင္းတို႔နဲ႔အတူ အဝတ္လဲခန္းကို မွ်ေဝသုံးစြဲရမွာက စိတ္ေပ်ာ္႐ႊင္စရာျဖစ္လာေတာ့မွာပဲ”ဆိုတဲ့ သတင္းစကားနဲ႔အတူ Tagged တြဲခဲ့ေသးတာျဖစ္ၿပီး ဘက္တင္ညိဳဟာ မန္ယူႏိုက္တက္ဂ်ာစီ ဝတ္ဆင္ထားတဲ့ ၎ရဲ႕ ပုံကို ျပန္လည္မွ်ေဝၿပီး ဟာသေဖာက္ခဲ့ေသးတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အန္သိုနီ မာစီယယ္လ္က ေရာ္နယ္လ္ဒို ထြက္ခြာၿပီးေနာက္ပိုင္း အသင္းရဲ႕ တစ္ဦးတည္းေသာ အေထာင္တိုက္စစ္မႉးအျဖစ္ ရွိေနတာေၾကာင့္ ဇန္နဝါရီလမွာ ေနာက္ထပ္အေထာင္တိုက္စစ္မႉးတစ္ဦးကို ေခၚယူသြားႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ အဲရစ္ တန္ဟက္ဟာ ပီအက္စ္ဗြီၾကယ္ပြင့္တိုက္စစ္မႉး ဂက္ခ္ပိုကို ေခၚယူခ်င္ခဲ့တယ္လို႔ ယူဆရေပမယ့္လည္း နယ္သာလန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ လက္ရွိမွာေတာ့ မန္ယူႏိုက္တက္ရဲ႕ ခါးသီးၿပိဳင္ဘက္ လီဗာပူးလ္ကို ေပါင္ ၄၄ သန္းနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္သန္း ၂၀၀ ေက်ာ္ သုံးစြဲထားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဇန္နဝါရီအေျပာင္းအေ႐ႊ႕လုပ္ငန္းဟာ အက္သလက္တီကို မက္ဒရစ္ကေန ဂ်ာအို ဖီလစ္ကို အၿပီးသတ္ေခၚယူခြင့္ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔သာ ေခၚယူႏိုင္တဲ့အေျခအေနအထိ အကန႔္အသတ္ရွိလာဖို႔ မ်ားေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.