Premier League

အိပ်မက်မက်ခဲ့တဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ဆာကာ

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ ၂၀၁၈ ခုနှစ်မှာ နည်းပြရာထူးကနေ အနားယူပြီးနောက်ပိုင်း အမ်းမရိတ်စ်ကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးနဲ့ နောက်ဆုံးမှာတော့ တွေ့ဆုံခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ်လူမျိုးနည်းပြကြီးဟာ ဘောက်ဆင်ဒေးနေ့မှာ မြောက်လန်ဒန်ကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး ဂန်းနားတွေက ဝက်စ်ဟမ်းကို ၃-၁ နဲ့ အနိုင်ယူခဲ့တဲ့ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

မကြာသေးမီကမှ ဆာကာက အာစင်ဝင်းဂါးနဲ့ မတွေ့ဆုံခဲ့ရတာက ၎င်းရဲ့ဘဝမှာ နောင်တအရဆုံးအရာတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး တစ်နေ့မှာ အာဆင်နယ်ဂန္တဝင်နည်းပြကြီးနဲ့ ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘောက်ဆင်ဒေးမှာတော့ ဘူကာယို ဆာကာဟာ ၎င်းရဲ့ ဆန္ဒအတိုင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ အာစင်ဝင်းဂါးနဲ့အတူ ဓာတ်ပုံတွဲရိုက်ပြီးနောက် ‘နောက်ဆုံးမှာတော့ ကျွန်တော်တို့ တွေ့ဆုံခဲ့ကြပြီ’ဆိုတဲ့ စာနဲ့အတူ တွစ်တာလူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအာဆင်နယ်နည်းပြ အာတီတာက အာစင်ဝင်းဂါးကို အမ်းမရိတ်စ်မှာ ပြန်လည်မြင်တွေ့ရတာကို အလွန်စိတ်လှုပ်ရှားခဲ့ပြီး ဂန္တဝင်နည်းပြကြီး ရောက်နေတာကို ကစားသမားတွေတောင် မသိဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကစားသမားတွေက မသိကြဘူး။ ကျွန်တော်တို့ အဲဒါကို ဘယ်သူ့မှမပြောဘဲ သူ့အတွက် လွတ်လွတ်လပ်လပ်ဖြစ်စေချင်ခဲ့ပါတယ်။ စတန်နဲ့ ဂျော့ရှ်ကလည်း ဒီမှာရှိခဲ့ကြပြီး တကယ်ကို ထူးခြားတဲ့နေ့ဖြစ်ခဲ့ပါတယ်။ သူ လာကြည့်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”

“သူ ဒီအဆောက်အဦးတွေကို ဖြတ်လျှောက်လာတဲ့အချိန်မှာ သူ ထားရစ်ခဲ့တဲ့ အမွေအနှစ်တွေကြောင့် အားလုံးက သူ့အကြောင်းတွေးနေကြမယ်ဆိုတဲ့ ခံစားချက်မျိုး ရခဲ့မယ်လို့ မျှော်လင့်မိပါတယ်။ သူရဲ့ တည်ရှိနေမှုကလည်း ဒီအသင်းနဲ့ အရမ်းကို တသားတည်းဖြစ်နေခဲ့ပါတယ်။ သူအသင်းမှာ လုပ်ခဲ့တဲ့အရာအားလုံးအတွက်လည်း သူ့ကို ကျေးဇူးတင်ချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာဟာ ၂၀၁၈ ခုႏွစ္မွာ နည္းျပရာထူးကေန အနားယူၿပီးေနာက္ပိုင္း အမ္းမရိတ္စ္ကို ပထမဆုံးအႀကိမ္ ျပန္လည္ေရာက္ရွိလာခဲ့တဲ့ အာဆင္နယ္ဂႏၲဝင္နည္းျပႀကီး အာစင္ဝင္းဂါးနဲ႔ ေနာက္ဆုံးမွာေတာ့ ေတြ႕ဆုံခြင့္ ရရွိခဲ့ၿပီျဖစ္ပါတယ္။

ျပင္သစ္လူမ်ိဳးနည္းျပႀကီးဟာ ေဘာက္ဆင္ေဒးေန႔မွာ ေျမာက္လန္ဒန္ကို ျပန္လည္ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ဂန္းနားေတြက ဝက္စ္ဟမ္းကို ၃-၁ နဲ႔ အႏိုင္ယူခဲ့တဲ့ပြဲစဥ္ကို လာေရာက္ၾကည့္ရႈခဲ့တာျဖစ္ပါတယ္။

မၾကာေသးမီကမွ ဆာကာက အာစင္ဝင္းဂါးနဲ႔ မေတြ႕ဆုံခဲ့ရတာက ၎ရဲ႕ဘဝမွာ ေနာင္တအရဆုံးအရာေတြထဲက တစ္ခုျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး တစ္ေန႔မွာ အာဆင္နယ္ဂႏၲဝင္နည္းျပႀကီးနဲ႔ ဆုံေတြ႕ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဘာက္ဆင္ေဒးမွာေတာ့ ဘူကာယို ဆာကာဟာ ၎ရဲ႕ ဆႏၵအတိုင္း ျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး ဝက္စ္ဟမ္းအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ အာစင္ဝင္းဂါးနဲ႔အတူ ဓာတ္ပုံတြဲ႐ိုက္ၿပီးေနာက္ ‘ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္တို႔ ေတြ႕ဆုံခဲ့ၾကၿပီ’ဆိုတဲ့ စာနဲ႔အတူ တြစ္တာလူမႈကြန္ရက္ေပၚမွာ တင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိအာဆင္နယ္နည္းျပ အာတီတာက အာစင္ဝင္းဂါးကို အမ္းမရိတ္စ္မွာ ျပန္လည္ျမင္ေတြ႕ရတာကို အလြန္စိတ္လႈပ္ရွားခဲ့ၿပီး ဂႏၲဝင္နည္းျပႀကီး ေရာက္ေနတာကို ကစားသမားေတြေတာင္ မသိဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကစားသမားေတြက မသိၾကဘူး။ ကြၽန္ေတာ္တို႔ အဲဒါကို ဘယ္သူ႔မွမေျပာဘဲ သူ႔အတြက္ လြတ္လြတ္လပ္လပ္ျဖစ္ေစခ်င္ခဲ့ပါတယ္။ စတန္နဲ႔ ေဂ်ာ့ရွ္ကလည္း ဒီမွာရွိခဲ့ၾကၿပီး တကယ္ကို ထူးျခားတဲ့ေန႔ျဖစ္ခဲ့ပါတယ္။ သူ လာၾကည့္ေပးခဲ့တဲ့အတြက္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္”

“သူ ဒီအေဆာက္အဦးေတြကို ျဖတ္ေလွ်ာက္လာတဲ့အခ်ိန္မွာ သူ ထားရစ္ခဲ့တဲ့ အေမြအႏွစ္ေတြေၾကာင့္ အားလုံးက သူ႔အေၾကာင္းေတြးေနၾကမယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ရခဲ့မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ သူရဲ႕ တည္ရွိေနမႈကလည္း ဒီအသင္းနဲ႔ အရမ္းကို တသားတည္းျဖစ္ေနခဲ့ပါတယ္။ သူအသင္းမွာ လုပ္ခဲ့တဲ့အရာအားလုံးအတြက္လည္း သူ႔ကို ေက်းဇူးတင္ခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.