မိုက်ကယ် အိုဝင်က လီဗာပူးလ်ရဲ့ ကိုဒီ ဂက်ခ်ပိုအတွက် သဘောတူညီမှုဟာ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အသင်းရဲ့ ကြိုးပမ်းမှုကို အကျိုးသက်ရောက်မှု ရှိစေနိုင်မှာမဟုတ်ဘူးလို့ မျှော်လင့်နေပါတယ်။
ပီအက်စ်ဗွီအသင်းဟာ တနင်္လာနေ့ညက ကိုဒီ ဂက်ခ်ပိုကို အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောင်းချဖို့အတွက် လီဗာပူးလ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ်ကို ကြားဖြတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နယ်သာလန်လက်ရွေးစင်ကြယ်ပွင့်ကို ဇန်နဝါရီ ၁ ရက်နေ့မှာ ခေါ်ယူနိုင်ဖို့ ဆေးစစ်မှုတွေ ပြုလုပ်သွားဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။
ယာဂန် ကလော့ပ်ရဲ့အသင်းဟာ အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်း ပေးချေသွားရမှာဖြစ်ပြီး ထပ်ဆောင်းပေးချေမှုတွေနဲ့ဆိုရင် ပေါင် ၄၅ သန်းအထိ မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နောက်ထပ် အပြောင်းအရွှေ့တွေ ပြုလုပ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး အထူးသဖြင့် မာဆေးဆိုဒ်အသင်းဟာ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ဒေါ့မွန်ကွင်းလယ်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ဟာ လီဗာပူးလ်ရဲ့ နံပါတ်တစ် ပစ်မှတ်အဖြစ် ရှိနေဆဲဖြစ်ပေမယ့်လည်း အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ဘွန်ဒက်စ်လီဂါအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတာကြောင့် နွေရာသီအထိ အသင်းနဲ့ဆက်ရှိနေဦးမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။
လီဗာပူးလ်တိုက်စစ်မှူးဟောင်း အိုဝင်က ဂက်ခ်ပိုဟာ အရည်အသွေးရှိတဲ့ ခေါ်ယူမှုလို့ ယုံကြည်နေပေမယ့် ဒတ်ချ်ကြယ်ပွင့်ရောက်ရှိလာမှုက ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အသင်းအတွက် အကျိုးသက်ရောက်မှုရှိလာမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။
“ကနဦး တုံ့ပြန်မှုက လီဗာပူးလ်က အခုအချိန်အထိ ကွင်းလယ်ကစားသမားကို လိုချင်နေခဲ့တယ်။ အသက်အရွယ်ရနေတဲ့ ကွင်းလယ်ပါ။ ကောင်းမွန်တဲ့ကွင်းလယ်ဆိုပေမယ့် အသက်အရွယ်ရနေပါပြီ။ ကွင်းလယ်က အဓိကဖြစ်နေခဲ့တာ အချိန်တော်တော်ကြာခဲ့ပါပြီ။ ကျွန်တော်ကတော့ ဒီအပြောင်းအရွှေ့က ဂျုဒ် ဘယ်လင်ဟမ်အနေနဲ့ လာမယ့်နွေရာသီအတွက် သူတို့ရဲ့ပစ်မှတ်စာရင်းထဲက တစ်စုံတယောက် မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်”
“ဒါပေမယ့် ပထမဆုံးပြောချင်တဲ့ အရာက ဂက်ခ်ပိုက ထူးခြားဆန်းကြယ်တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကို ပိုင်ဆိုင်ခဲ့တယ်။ အသက် ၂၃ နှစ်အရွယ်ပဲရှိသေးတယ်။ အဲဒါက အသင်းရဲ့ အသက်အရွယ်ကို လျှော့ချပေးနိုင်တယ်။ အရမ်းကောင်းမွန်တဲ့ ခေါ်ယူမှုလိုမျိုး ပုံစံပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
မိုက္ကယ္ အိုဝင္က လီဗာပူးလ္ရဲ႕ ကိုဒီ ဂက္ခ္ပိုအတြက္ သေဘာတူညီမႈဟာ ဘယ္လင္ဟမ္ကို ေခၚယူဖို႔ အသင္းရဲ႕ ႀကိဳးပမ္းမႈကို အက်ိဳးသက္ေရာက္မႈ ရွိေစႏိုင္မွာမဟုတ္ဘူးလို႔ ေမွ်ာ္လင့္ေနပါတယ္။
ပီအက္စ္ဗြီအသင္းဟာ တနလၤာေန႔ညက ကိုဒီ ဂက္ခ္ပိုကို အသင္းစံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာင္းခ်ဖို႔အတြက္ လီဗာပူးလ္နဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပစ္မွတ္ကို ၾကားျဖတ္ေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ နယ္သာလန္လက္ေ႐ြးစင္ၾကယ္ပြင့္ကို ဇန္နဝါရီ ၁ ရက္ေန႔မွာ ေခၚယူႏိုင္ဖို႔ ေဆးစစ္မႈေတြ ျပဳလုပ္သြားဖို႔အတြက္ ျပင္ဆင္ေနတာျဖစ္ပါတယ္။
ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားအတြက္ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၇ သန္း ေပးေခ်သြားရမွာျဖစ္ၿပီး ထပ္ေဆာင္းေပးေခ်မႈေတြနဲ႔ဆိုရင္ ေပါင္ ၄၅ သန္းအထိ ျမင့္တက္လာႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ လီဗာပူးလ္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ေနာက္ထပ္ အေျပာင္းအေ႐ႊ႕ေတြ ျပဳလုပ္သြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး အထူးသျဖင့္ မာေဆးဆိုဒ္အသင္းဟာ ကြင္းလယ္ကို အင္အားျဖည့္တင္းဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။
ေဒါ့မြန္ကြင္းလယ္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ လီဗာပူးလ္ရဲ႕ နံပါတ္တစ္ ပစ္မွတ္အျဖစ္ ရွိေနဆဲျဖစ္ေပမယ့္လည္း အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ဘြန္ဒက္စ္လီဂါအသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးတာေၾကာင့္ ေႏြရာသီအထိ အသင္းနဲ႔ဆက္ရွိေနဦးမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျဖစ္ပါတယ္။
လီဗာပူးလ္တိုက္စစ္မႉးေဟာင္း အိုဝင္က ဂက္ခ္ပိုဟာ အရည္အေသြးရွိတဲ့ ေခၚယူမႈလို႔ ယုံၾကည္ေနေပမယ့္ ဒတ္ခ်္ၾကယ္ပြင့္ေရာက္ရွိလာမႈက ဘယ္လင္ဟမ္ကို ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ အသင္းအတြက္ အက်ိဳးသက္ေရာက္မႈရွိလာမွာကို စိုးရိမ္ေနတာျဖစ္ပါတယ္။
“ကနဦး တုံ႔ျပန္မႈက လီဗာပူးလ္က အခုအခ်ိန္အထိ ကြင္းလယ္ကစားသမားကို လိုခ်င္ေနခဲ့တယ္။ အသက္အ႐ြယ္ရေနတဲ့ ကြင္းလယ္ပါ။ ေကာင္းမြန္တဲ့ကြင္းလယ္ဆိုေပမယ့္ အသက္အ႐ြယ္ရေနပါၿပီ။ ကြင္းလယ္က အဓိကျဖစ္ေနခဲ့တာ အခ်ိန္ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ ကြၽန္ေတာ္ကေတာ့ ဒီအေျပာင္းအေ႐ႊ႕က ဂ်ဳဒ္ ဘယ္လင္ဟမ္အေနနဲ႔ လာမယ့္ေႏြရာသီအတြက္ သူတို႔ရဲ႕ပစ္မွတ္စာရင္းထဲက တစ္စုံတေယာက္ မျဖစ္ပါေစနဲ႔လို႔ ေမွ်ာ္လင့္ပါတယ္”
“ဒါေပမယ့္ ပထမဆုံးေျပာခ်င္တဲ့ အရာက ဂက္ခ္ပိုက ထူးျခားဆန္းၾကယ္တဲ့ကမာၻ႔ဖလားၿပိဳင္ပြဲကို ပိုင္ဆိုင္ခဲ့တယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ပဲရွိေသးတယ္။ အဲဒါက အသင္းရဲ႕ အသက္အ႐ြယ္ကို ေလွ်ာ့ခ်ေပးႏိုင္တယ္။ အရမ္းေကာင္းမြန္တဲ့ ေခၚယူမႈလိုမ်ိဳး ပုံစံပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.