Analysis Premier League

ဝင်းဂါး ကြွေရတဲ့ ဆာကာနဲ့ အာဆင်နယ် 3-1 ဝက်စ်ဟမ်း ပွဲအပြီး မှတ်မှတ်ရရများ

ဂန်းနားဖန်တွေကို ဖုန်းပြန်ထူးလိုက်တဲ့ နကီးတီးယား
အာဆင်နယ်အသင်းရဲ့ ရှေ့က ပွဲစဉ်တွေမှာ အသံတိတ်နေခဲ့တဲ့ တိုက်စစ်မှူး အက်ဒီ နကီးတီးယားကတော့ ဒီနေ့မှာ ဂန်းနားပရိသတ်တွေရဲ့ ဖုန်းကို ပြန်ဖြေခဲ့ပြီး ဝက်စ်ဟမ်းဘက်ကို အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ တိုက်ဆိုင်မှုလို့ ဆိုရမယ့် ကိစ္စကတော့ ဒီ ၂၃ နှစ်သားဟာ ဂိုးမသွင်းလို့ မဖြစ်တော့မှ ထသွင်းတတ်တာလည်းဖြစ်ပြီး ရှေ့မှာ တစ်ယောက်ယောက် ရှိနေတုန်းဆို Comfort Zone မှာပဲ နေတတ်တာကို တွေ့ခဲ့ရသလို ဒီနေ့မှာတော့ သူကလွဲလို့ စီနီယာ တိုက်စစ်မှူး မရှိချိန်မှာ ပြီးခဲ့တဲ့ ရာသီတုန်းကလိုပဲ ကြိုးစားအားထုတ်မှုအပြင် ပိုမိုတိုးတက်လာတဲ့ နည်းဗျူဟာမြောက် ရွေ့လျားမှုတွေနဲ့ ခြေစွမ်းပြနိုင်ခဲ့တာပါ။

၄ နှစ်အတွင်း ပထမဆုံး ပြန်လာတဲ့ အဘ
အာဆင်နယ်ပရိသတ်တွေရဲ့ အဘကတော့ ၂၀၂၂ ခုနှစ်ရဲ့ ဘောက်ဆင်ဒေးနေ့မှာ အမ်းမရိတ်ကွင်းကို ပထမဆုံးအကြိမ် ပြန်လာခဲ့တာလည်း ဖြစ်ပါတယ်။ နည်းပြအဖြစ်နဲ့ လမ်းခွဲခဲ့အပြီးမှာ သူ့ကို တွေ့ရင် နည်းပြသစ်တွေကို ဖိအားဝင်မှာ စိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေကို ရှောင်ရှားနေခဲ့တဲ့ အာဆင်ဝင်းဂါးဟာ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ VIP နေရာမှာ ပွဲကြည့်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အပြန်ခရီးက ဘင်ရာမာရဲ့ ပင်နယ်တီနဲ့ မလှပမှာတော့ စိုးခဲ့ရတာပါ။ ဒါပေမယ့် သူသဘောကျတဲ့ လူငယ်တွေကပဲ ပွဲကို အနိုင်ရစေခဲ့ပြီး နောက်ဆုံးဂိုးကိုတော့ လူငယ်ဘဝကနေ သူစင်ပေါ် တင်ပေးခဲ့တဲ့ နကီးတီးယားက လှလှပပ သွင်းယူပြခဲ့တာကြောင့် အဘကို ကြိုဆိုခဲ့တာလားလို့ မေးစရာလည်းဖြစ်ခဲ့ရပါတယ်။

ပြင်သစ်နဲ့ မှိုတက်နေလို့ မျက်နှာပျက်မလိုဖြစ်ခဲ့ရတဲ့ ဆာလီဘာ
အာဆင်နယ်တို့အနေနဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်ကို ဘရာဇီးလ်အသင်းရဲ့ အရေးမပါတဲ့ အခန်းကဏ္ဍနဲ့ ဆုံးရှုံးခဲ့ရအပြီးမှာ နောက်တစ်ခုအနေနဲ့ ဝီလီယမ် ဆာလီဘာကိုတော့ ပြင်သစ်အသင်းမှာ မှိုတက်ခံခဲ့ရတာဖြစ်ပါတယ်။ အုပ်စုပွဲတစ်ပွဲသာ ကစားခဲ့ရပြီး ကာတာမှာ ထိုင်နေခဲ့ရတဲ့ နောက်ခံလူဟာ အာဆင်နယ်အသင်းနဲ့ ထရိန်နင် နှစ်ကြိမ်ဆင်းအပြီးမှာတော့ ဝက်စ်ဟမ်းနဲ့ပွဲကို ပါဝင်ကစားခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ပွဲနဲ့ အသားကျမှုက လျော့ကျနေခဲ့သလို အာရုံစူးစိုက်မှု အပိုင်းမှာလည်း ဝေဝါးနေခဲ့ပြီး အမှားတချို့ ကျူးလွန်ခဲ့မိရာမှာတော့ အမှားနှစ်ကြိမ်ဆက်တိုက်နဲ့ ပင်နယ်တီ ပေးခဲ့မိပြီး အသင်းအနေနဲ့ နိုင်ပွဲရခဲ့လို့သာ မျက်နှာမပျက်ခဲ့ရတာပါ။

ဂါဘီနှစ်ယောက်တည်းနဲ့ လုံလောက်ခဲ့တဲ့ အာတီတာ
အာတီတာအတွက် ကစားပေးနေတဲ့အထဲမှာ ဂျေဆူးစ်တစ်ယောက် ခွဲစိတ်ကုသလိုက်ရလို့ တိုက်စစ်မှူး ဂါဘီတစ်ယောက် လျော့သွားခဲ့ပေမယ့် နောက်ခံလူ ဂါဘီနဲ့ တောင်ပံသမား ဂါဘီတို့ကတော့ ဒီနေ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ဝက်စ်ဟမ်းကို အနိုင်ယူဖို့ လုံလောက်ခဲ့တယ်လို့ ဆိုရမှာပါ။ အသင်းရဲ့ ဘယ်ခြမ်းမှာ ဟန်ချက်ညီအောင် ဖြည့်ဆည်းကစားပေးနိုင်ခဲ့တဲ့ ဂါဘရီယယ်လ်က ဒီနေ့မှာ သိသာထင်ရှားတဲ့ ရပ်တည်မှုကို ပြသနိုင်ခဲ့ချိန်မှာ မာတီနယ်လီကတေ့ တိကျသေချာတဲ့ ဘယ်ခြေကန်ချက်နဲ့ အာဆင်နယ်တို့ကို နိုင်ပွဲရှာဖွေပေးနိုင်ခဲ့တာပါ။ ပရိသတ်တွေအတွက်တော့ မာတီနယ်လီနဲ့ တွဲပေးဖို့ ရှက်ခ်တာရဲ့ မိုက်ခေလို မူဒရစ်ခ်ကိုသာ ရခဲ့ရင် ဘယ်လောက်များ ရင်ခုန်စရာကောင်းမလဲလို့ ကြိုတွေးနေလောက်ပါပြီ။

အာဆင်ဝင်းဂါး ကြွေသွားရတဲ့ ဆာကာ
အာဆင်နယ်တို့ရဲ့ Come Back Win အတွက် အရေးပါတဲ့ ပွဲအလှည့်အပြောင်းကို ဖန်တီးပေးခဲ့သူက ချေပဂိုးရှင် ဆာကာပဲ ဖြစ်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ ဘယ်ခြမ်းကို ယုံကြည်မှု မြင့်မြင့်မားမားတဲ့ တစ်ချိန်လုံး ဒုက္ခပေးနေခဲ့တာဖြစ်ပြီး အနိုင်ဂိုးကိုတော့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ရဲ့ ဖန်တီးမှုကနေ သပ်ရပ်တဲ့ အထိန်းအသိမ်း၊ တိကျတဲ့ အဆုံးသတ်နဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ အော်ဒီဂွါဒ်ရဲ့ ပေးပို့မှုက ခပ်ပြင်းပြင်း အနေအထားနဲ့ ဝက်စ်ဟမ်းခံစစ်ကြားက ထွက်လာချိန်မှာ အမှားအယွင်းမခံတဲ့ အနေအထားမှာ ဘောလုံးကို သံလိုက်နဲ့ ဆွဲကပ်သလို ဆာကာက ရယူနိုင်ခဲ့တာဖြစ်ပြီး အသင်းကြီးမှာ အဝင်အထွက်လွဲခဲ့တဲ့ အာဆင်ဝင်းဂါးအတွက်တော့ အမ်းမရိတ်အပြန်ခရီးမှာ ရင်သပ်ရှုမောဖြစ်ခဲ့ရတာပါ။

ဆရာကျလွန်းတဲ့ အော်ဒီဂွါဒ်
ဂန်းနားအသင်းခေါင်းဆောင်ကတော့ တစ်ပွဲထက်တစ်ပွဲ ဆရာပိုကျလာခဲ့ပြီး ယုံကြည်မှုအပြည့်နဲ့ ကွင်းလယ်ကို ထိန်းကျောင်းနိုင်ခဲ့သလို ရာသီအစက မြင်ခဲ့ရတဲ့ အားနည်းမှုတစ်ခုဖြစ်တဲ့ Pressing ကစားချိန်မှာ ရွေ့လျားပုံ မကောင်းမွန်မှုကိုပါ ပြင်ဆင်နိုင်ခဲ့ပြီး အသင်းဖော်တွေကိုပါ မောင်းနှင်နိုင်ခဲ့တာဖြစ်ပါတယ်။ နော်ဝေသားအနေနဲ့ ဒီနေ့ပွဲမှာ ပေးပို့မှု ၉၃ ရာခိုင်နှုန်း တိကျခဲ့ပြီး ပြိုင်ဘက်ဧရိယာထဲကို ၁၂ ကြိမ် ပေးပို့နိုင်ခဲ့သလို အခွင့်အရေး ၅ ကြိမ် ဖန်တီးနိုင်ခဲ့ပြီး နှစ်ကြိမ်ကတော့ ဂိုးအဖြစ် တိုက်ရိုက် ပြောင်းလဲခံခဲ့ရတာပါ။ တိုက်စစ်မှာ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ အော်ဒီဂွါဒ်ဟာ ဝက်စ်ဟမ်းကွင်းလယ်လူတွေကိုလည်း မျက်လှည့်ပြနိုင်ခဲ့ပြီး တစ်ဦးချင်း ဖြတ်ကျော်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ဒုတိယပိုင်းမှာ ဘရာဇီးလ်သား ပါကေးတာကိုပါ မင်သက်မိစေခဲ့တာလည်းဖြစ်ပါတယ်။

၇ မှတ်ဖြတ်လိုက်တဲ့ ဆင်ပျံကြီး
အာဆင်နယ်တို့ရဲ့ ဒီနေ့နိုင်ပွဲက နောက်ဆုံးတင်ရှိထားခဲ့တဲ့ အမှတ်ကွာဟချက်ဖြစ်တဲ့ ၅ မှတ်ကို ၇ မှတ်အထိ တိုးမြှင့်နိုင်ခဲ့တာဖြစ်ပြီး ဒုတိယ နေရာက တစ်ပွဲပိုကစားထားတဲ့ နယူးကာဆယ်လ်တို့ကို ၇ မှတ်အထိ ဖြတ်ထားလိုက်သလို တတိယနေရာမှာ ရောက်ရှိနေပြီး တစ်ပွဲကစားဖို့ ကျန်နေတဲ့ မန်ချက်စတာစီးတီးတို့ကိုတော့ ၈ မှတ်အထိ ဖြတ်ထားပြီး ဖိအားဝင်စေခဲ့တာလည်းဖြစ်ပါတယ်။ ဝက်စ်ဟမ်းကို ဂိုးစပေးခဲ့ရပေမယ့် စိတ်ရှည်လက်ရှည်နဲ့ လက်ကျန်ပွဲချိန်တွေကို ကစားပြီး ဒုတိယပိုင်းမှာ လူငယ်တွေရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ ချန်ပီယံလောင်းအသင်းအဖြစ် အသိအမှတ်ပြုနိုင်တဲ့အထိ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း မာကျောခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂန္းနားဖန္ေတြကို ဖုန္းျပန္ထူးလိုက္တဲ့ နကီးတီးယား
အာဆင္နယ္အသင္းရဲ႕ ေရွ႕က ပြဲစဥ္ေတြမွာ အသံတိတ္ေနခဲ့တဲ့ တိုက္စစ္မႉး အက္ဒီ နကီးတီးယားကေတာ့ ဒီေန႔မွာ ဂန္းနားပရိသတ္ေတြရဲ႕ ဖုန္းကို ျပန္ေျဖခဲ့ၿပီး ဝက္စ္ဟမ္းဘက္ကို အႏိုင္ေသခ်ာေစမယ့္ ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ တိုက္ဆိုင္မႈလို႔ ဆိုရမယ့္ ကိစၥကေတာ့ ဒီ ၂၃ ႏွစ္သားဟာ ဂိုးမသြင္းလို႔ မျဖစ္ေတာ့မွ ထသြင္းတတ္တာလည္းျဖစ္ၿပီး ေရွ႕မွာ တစ္ေယာက္ေယာက္ ရွိေနတုန္းဆို Comfort Zone မွာပဲ ေနတတ္တာကို ေတြ႕ခဲ့ရသလို ဒီေန႔မွာေတာ့ သူကလြဲလို႔ စီနီယာ တိုက္စစ္မႉး မရွိခ်ိန္မွာ ၿပီးခဲ့တဲ့ ရာသီတုန္းကလိုပဲ ႀကိဳးစားအားထုတ္မႈအျပင္ ပိုမိုတိုးတက္လာတဲ့ နည္းဗ်ဴဟာေျမာက္ ေ႐ြ႕လ်ားမႈေတြနဲ႔ ေျခစြမ္းျပႏိုင္ခဲ့တာပါ။

၄ ႏွစ္အတြင္း ပထမဆုံး ျပန္လာတဲ့ အဘ
အာဆင္နယ္ပရိသတ္ေတြရဲ႕ အဘကေတာ့ ၂၀၂၂ ခုႏွစ္ရဲ႕ ေဘာက္ဆင္ေဒးေန႔မွာ အမ္းမရိတ္ကြင္းကို ပထမဆုံးအႀကိမ္ ျပန္လာခဲ့တာလည္း ျဖစ္ပါတယ္။ နည္းျပအျဖစ္နဲ႔ လမ္းခြဲခဲ့အၿပီးမွာ သူ႔ကို ေတြ႕ရင္ နည္းျပသစ္ေတြကို ဖိအားဝင္မွာ စိုးလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အာဆင္နယ္အသင္းရဲ႕ ပြဲစဥ္ေတြကို ေရွာင္ရွားေနခဲ့တဲ့ အာဆင္ဝင္းဂါးဟာ ဝက္စ္ဟမ္းနဲ႔ ပြဲစဥ္မွာ VIP ေနရာမွာ ပြဲၾကည့္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ အျပန္ခရီးက ဘင္ရာမာရဲ႕ ပင္နယ္တီနဲ႔ မလွပမွာေတာ့ စိုးခဲ့ရတာပါ။ ဒါေပမယ့္ သူသေဘာက်တဲ့ လူငယ္ေတြကပဲ ပြဲကို အႏိုင္ရေစခဲ့ၿပီး ေနာက္ဆုံးဂိုးကိုေတာ့ လူငယ္ဘဝကေန သူစင္ေပၚ တင္ေပးခဲ့တဲ့ နကီးတီးယားက လွလွပပ သြင္းယူျပခဲ့တာေၾကာင့္ အဘကို ႀကိဳဆိုခဲ့တာလားလို႔ ေမးစရာလည္းျဖစ္ခဲ့ရပါတယ္။

ျပင္သစ္နဲ႔ မႈိတက္ေနလို႔ မ်က္ႏွာပ်က္မလိုျဖစ္ခဲ့ရတဲ့ ဆာလီဘာ
အာဆင္နယ္တို႔အေနနဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို ဘရာဇီးလ္အသင္းရဲ႕ အေရးမပါတဲ့ အခန္းက႑နဲ႔ ဆုံးရႈံးခဲ့ရအၿပီးမွာ ေနာက္တစ္ခုအေနနဲ႔ ဝီလီယမ္ ဆာလီဘာကိုေတာ့ ျပင္သစ္အသင္းမွာ မႈိတက္ခံခဲ့ရတာျဖစ္ပါတယ္။ အုပ္စုပြဲတစ္ပြဲသာ ကစားခဲ့ရၿပီး ကာတာမွာ ထိုင္ေနခဲ့ရတဲ့ ေနာက္ခံလူဟာ အာဆင္နယ္အသင္းနဲ႔ ထရိန္နင္ ႏွစ္ႀကိမ္ဆင္းအၿပီးမွာေတာ့ ဝက္စ္ဟမ္းနဲ႔ပြဲကို ပါဝင္ကစားခဲ့ရတာျဖစ္ၿပီး သူ႔ရဲ႕ ပြဲနဲ႔ အသားက်မႈက ေလ်ာ့က်ေနခဲ့သလို အာ႐ုံစူးစိုက္မႈ အပိုင္းမွာလည္း ေဝဝါးေနခဲ့ၿပီး အမွားတခ်ိဳ႕ က်ဴးလြန္ခဲ့မိရာမွာေတာ့ အမွားႏွစ္ႀကိမ္ဆက္တိုက္နဲ႔ ပင္နယ္တီ ေပးခဲ့မိၿပီး အသင္းအေနနဲ႔ ႏိုင္ပြဲရခဲ့လို႔သာ မ်က္ႏွာမပ်က္ခဲ့ရတာပါ။

ဂါဘီႏွစ္ေယာက္တည္းနဲ႔ လုံေလာက္ခဲ့တဲ့ အာတီတာ
အာတီတာအတြက္ ကစားေပးေနတဲ့အထဲမွာ ေဂ်ဆူးစ္တစ္ေယာက္ ခြဲစိတ္ကုသလိုက္ရလို႔ တိုက္စစ္မႉး ဂါဘီတစ္ေယာက္ ေလ်ာ့သြားခဲ့ေပမယ့္ ေနာက္ခံလူ ဂါဘီနဲ႔ ေတာင္ပံသမား ဂါဘီတို႔ကေတာ့ ဒီေန႔ပြဲမွာ အေကာင္းဆုံး ေျခစြမ္းျပခဲ့ၿပီး ဝက္စ္ဟမ္းကို အႏိုင္ယူဖို႔ လုံေလာက္ခဲ့တယ္လို႔ ဆိုရမွာပါ။ အသင္းရဲ႕ ဘယ္ျခမ္းမွာ ဟန္ခ်က္ညီေအာင္ ျဖည့္ဆည္းကစားေပးႏိုင္ခဲ့တဲ့ ဂါဘရီယယ္လ္က ဒီေန႔မွာ သိသာထင္ရွားတဲ့ ရပ္တည္မႈကို ျပသႏိုင္ခဲ့ခ်ိန္မွာ မာတီနယ္လီကေတ့ တိက်ေသခ်ာတဲ့ ဘယ္ေျခကန္ခ်က္နဲ႔ အာဆင္နယ္တို႔ကို ႏိုင္ပြဲရွာေဖြေပးႏိုင္ခဲ့တာပါ။ ပရိသတ္ေတြအတြက္ေတာ့ မာတီနယ္လီနဲ႔ တြဲေပးဖို႔ ရွက္ခ္တာရဲ႕ မိုက္ေခလို မူဒရစ္ခ္ကိုသာ ရခဲ့ရင္ ဘယ္ေလာက္မ်ား ရင္ခုန္စရာေကာင္းမလဲလို႔ ႀကိဳေတြးေနေလာက္ပါၿပီ။

အာဆင္ဝင္းဂါး ေႂကြသြားရတဲ့ ဆာကာ
အာဆင္နယ္တို႔ရဲ႕ Come Back Win အတြက္ အေရးပါတဲ့ ပြဲအလွည့္အေျပာင္းကို ဖန္တီးေပးခဲ့သူက ေခ်ပဂိုးရွင္ ဆာကာပဲ ျဖစ္ခဲ့ပါတယ္။ ဝက္စ္ဟမ္းအသင္းရဲ႕ ဘယ္ျခမ္းကို ယုံၾကည္မႈ ျမင့္ျမင့္မားမားတဲ့ တစ္ခ်ိန္လုံး ဒုကၡေပးေနခဲ့တာျဖစ္ၿပီး အႏိုင္ဂိုးကိုေတာ့ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ဖန္တီးမႈကေန သပ္ရပ္တဲ့ အထိန္းအသိမ္း၊ တိက်တဲ့ အဆုံးသတ္နဲ႔ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္ရဲ႕ ေပးပို႔မႈက ခပ္ျပင္းျပင္း အေနအထားနဲ႔ ဝက္စ္ဟမ္းခံစစ္ၾကားက ထြက္လာခ်ိန္မွာ အမွားအယြင္းမခံတဲ့ အေနအထားမွာ ေဘာလုံးကို သံလိုက္နဲ႔ ဆြဲကပ္သလို ဆာကာက ရယူႏိုင္ခဲ့တာျဖစ္ၿပီး အသင္းႀကီးမွာ အဝင္အထြက္လြဲခဲ့တဲ့ အာဆင္ဝင္းဂါးအတြက္ေတာ့ အမ္းမရိတ္အျပန္ခရီးမွာ ရင္သပ္ရႈေမာျဖစ္ခဲ့ရတာပါ။

ဆရာက်လြန္းတဲ့ ေအာ္ဒီဂြါဒ္
ဂန္းနားအသင္းေခါင္းေဆာင္ကေတာ့ တစ္ပြဲထက္တစ္ပြဲ ဆရာပိုက်လာခဲ့ၿပီး ယုံၾကည္မႈအျပည့္နဲ႔ ကြင္းလယ္ကို ထိန္းေက်ာင္းႏိုင္ခဲ့သလို ရာသီအစက ျမင္ခဲ့ရတဲ့ အားနည္းမႈတစ္ခုျဖစ္တဲ့ Pressing ကစားခ်ိန္မွာ ေ႐ြ႕လ်ားပုံ မေကာင္းမြန္မႈကိုပါ ျပင္ဆင္ႏိုင္ခဲ့ၿပီး အသင္းေဖာ္ေတြကိုပါ ေမာင္းႏွင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေနာ္ေဝသားအေနနဲ႔ ဒီေန႔ပြဲမွာ ေပးပို႔မႈ ၉၃ ရာခိုင္ႏႈန္း တိက်ခဲ့ၿပီး ၿပိဳင္ဘက္ဧရိယာထဲကို ၁၂ ႀကိမ္ ေပးပို႔ႏိုင္ခဲ့သလို အခြင့္အေရး ၅ ႀကိမ္ ဖန္တီးႏိုင္ခဲ့ၿပီး ႏွစ္ႀကိမ္ကေတာ့ ဂိုးအျဖစ္ တိုက္႐ိုက္ ေျပာင္းလဲခံခဲ့ရတာပါ။ တိုက္စစ္မွာ အေကာင္းဆုံး ကစားႏိုင္ခဲ့တဲ့ ေအာ္ဒီဂြါဒ္ဟာ ဝက္စ္ဟမ္းကြင္းလယ္လူေတြကိုလည္း မ်က္လွည့္ျပႏိုင္ခဲ့ၿပီး တစ္ဦးခ်င္း ျဖတ္ေက်ာ္မႈေတြ ျပဳလုပ္ႏိုင္ခဲ့သလို ဒုတိယပိုင္းမွာ ဘရာဇီးလ္သား ပါေကးတာကိုပါ မင္သက္မိေစခဲ့တာလည္းျဖစ္ပါတယ္။

၇ မွတ္ျဖတ္လိုက္တဲ့ ဆင္ပ်ံႀကီး
အာဆင္နယ္တို႔ရဲ႕ ဒီေန႔ႏိုင္ပြဲက ေနာက္ဆုံးတင္ရွိထားခဲ့တဲ့ အမွတ္ကြာဟခ်က္ျဖစ္တဲ့ ၅ မွတ္ကို ၇ မွတ္အထိ တိုးျမႇင့္ႏိုင္ခဲ့တာျဖစ္ၿပီး ဒုတိယ ေနရာက တစ္ပြဲပိုကစားထားတဲ့ နယူးကာဆယ္လ္တို႔ကို ၇ မွတ္အထိ ျဖတ္ထားလိုက္သလို တတိယေနရာမွာ ေရာက္ရွိေနၿပီး တစ္ပြဲကစားဖို႔ က်န္ေနတဲ့ မန္ခ်က္စတာစီးတီးတို႔ကိုေတာ့ ၈ မွတ္အထိ ျဖတ္ထားၿပီး ဖိအားဝင္ေစခဲ့တာလည္းျဖစ္ပါတယ္။ ဝက္စ္ဟမ္းကို ဂိုးစေပးခဲ့ရေပမယ့္ စိတ္ရွည္လက္ရွည္နဲ႔ လက္က်န္ပြဲခ်ိန္ေတြကို ကစားၿပီး ဒုတိယပိုင္းမွာ လူငယ္ေတြရဲ႕ သြင္းဂိုးေတြေၾကာင့္ အႏိုင္ရခဲ့တဲ့ အာဆင္နယ္တို႔အေနနဲ႔ ခ်န္ပီယံေလာင္းအသင္းအျဖစ္ အသိအမွတ္ျပဳႏိုင္တဲ့အထိ စိတ္ဓာတ္ပိုင္းဆိုင္ရာမွာလည္း မာေက်ာခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.