Premier League Transfer News

ဂက်ခ်ပိုရဲ့အပြောင်းအရွှေ့ကို ကြေညာပြီးမှ ပြန်ဖျက်သွားတဲ့ ပီအက်စ်ဗွီ

ပီအက်စ်ဗွီအသင်းက အပြောင်းအရွှေ့ အတည်ပြုကြေညာချက်ကို လျင်လျင်မြန်မြန် ဖျက်မသွားခင်အထိ လီဗာပူးလ်အသင်းကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေခဲ့ပုံပေါ်ပါတယ်။

ဂက်ခ်ပိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် အုပ်စုအဆင့်မှာ ၃ ဂိုးသွင်းယူပေးခဲ့ပြီး တောက်ခဲ့တဲ့ကစားသမားဖြစ်တာကြောင့် မကြာမီအချိန်အတွင်း ပီအက်စ်ဗွီကို စွန့်ခွာလိမ့်မယ်လို့ ယုံကြည်မှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ ဒတ်ချ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းကို စွန့်ခွာဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်တို့က စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ အပါအဝင် ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဂက်ခ်ပိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အလွန်ကောင်းမွန်ခဲ့ပေမယ့်လည်း ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အပြောင်းအရွှေ့ ပြုလုပ်နိုင်ခြေ ၃၄ ရာခိုင်နှုန်းသာ သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပြီး ကာတာမှာ ခြေစွမ်းပြခဲ့တဲ့ ကြယ်ပွင့်တွေအများစုထက်တော့ ပိုမိုမြင့်မားနေဆဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်က ဒတ်ချ်တောင်ပံကစားသမားနဲ့ သတင်းတွေထွက်ပေါ်နေခဲ့ဆဲဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒို ထွက်ခွာပြီးနောက် လူစာရင်းကို အင်အားဖြည့်တင်းဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တနင်္လာနေ့ညမှာ အဲရစ် တန်ဟက်ရဲ့နံပါတ်တစ် ပစ်မှတ်ကို အမှန်တကယ် ဆုံးရှုံးရတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပြီး ပီအက်စ်ဗွီကြယ်ပွင့်ဟာ လီဗာပူးလ်ကို ပြောင်းရွှေ့တော့မယ်လို့ အတည်ပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ကိုဒီ ဂက်ခ်ပိုဟာ ပေါင် ၃၇ သန်းတန်အပြောင်းအရွှေ့ပြုလုပ်ဖို့အတွက် အနီးစပ်ဆုံးအခြေအနေမှာ ရှိနေပြီလို့ သတင်းတွေက ဖော်ပြနေခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုကလည်း အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ပီအက်ဗွီအသင်းရဲ့ တရားဝင်တွစ်တာအကောင့်က ကိုဒီ ဂက်ခ်ပိုအနေနဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာ အဲဒီပို့စ်ကို ပြန်ဖျက်သွားခဲ့တာ ဖြစ်ပါတယ်။ ပို့စ်ပြန်ဖျက်ပြီး သိပ်မကြာခင်မှာပဲ ပီအက်စ်ဗွီက အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက် အပြည့်အစုံကို ပြန်တင်ခဲ့တာဖြစ်ပြီး “ပီအက်စ်ဗွီနဲ့ လီဗာပူးလ်တို့ဟာ ကိုဒီ ဂက်ခ်ပိုရဲ့ အပြောင်းအရွှေ့ ကမ်းလှမ်းမှုအပေါ်မှာ သဘောတူညီမှု ရရှိခဲ့ပါပြီ။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ အပြောင်းအရွှေ့ အပြီးမသတ်ခင် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြုလုပ်သွားမှာဖြစ်ပြီး သိပ်မကြာခင် အင်္ဂလန်ကို ထွက်ခွာတော့မှာပါ”

“နှစ်သင်းစလုံးက ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဘယ်လိုကြေညာချက်မျိုးမှ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ပီအက်စ်ဗွီအတွက်တော့ စံချိန်တင်ပြောင်းရွှေ့ကြေးပါပဲ။ ပီအက်စ်ဗွီစီမံခန့်ခွဲမှုဌာနက ဘောက်ဆင်ဒေးမှာ ဆွေးနွေးညှိနှိုင်းမှုကို ပြီးမြောက်ခဲ့ပြီး ဂက်ခ်ပိုကို အင်္ဂလန်ကို ခရီးထွက်ခွင့်ပေးခဲ့ပါတယ်”လို့ အထွေထွေမန်နေဂျာ မာဆယ် ဘရန်းစ်က ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ဟာ လူးဝစ္စ ဒီယက်ဇ်ရဲ့ ဒဏ်ရာက မျှော်မှန်းထားတာထက် ပိုကြာမှာဖြစ်တာကြောင့် တိုက်စစ်ကစားသမားတစ်ဦး အသည်းအသန်လိုအပ်နေတာဖြစ်ပြီး ဂက်ခ်ပိုရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက အထင်ကြီးဖွယ်စွမ်းဆောင်ရည်က လီဗာပူးလ်အတွက် ကြီးမားတဲ့ အားတက်စရာ ဖြစ်လာမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဗြီအသင္းက အေျပာင္းအေ႐ႊ႕ အတည္ျပဳေၾကညာခ်က္ကို လ်င္လ်င္ျမန္ျမန္ ဖ်က္မသြားခင္အထိ လီဗာပူးလ္အသင္းကို အံ့အားသင့္ဖြယ္ ေျပာင္းေ႐ႊ႕ဖို႔ အနီးစပ္ဆုံးအေျခအေနမွာ ရွိေနခဲ့ပုံေပၚပါတယ္။

ဂက္ခ္ပိုဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ နယ္သာလန္အသင္းအတြက္ အုပ္စုအဆင့္မွာ ၃ ဂိုးသြင္းယူေပးခဲ့ၿပီး ေတာက္ခဲ့တဲ့ကစားသမားျဖစ္တာေၾကာင့္ မၾကာမီအခ်ိန္အတြင္း ပီအက္စ္ဗြီကို စြန႔္ခြာလိမ့္မယ္လို႔ ယုံၾကည္မႈေတြရွိလာခဲ့တာျဖစ္ပါတယ္။ ဒတ္ခ်္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက အသင္းကို စြန႔္ခြာဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ လိဒ္စ္ယူႏိုက္တက္တို႔က စိတ္ဝင္စားေနတဲ့အသင္းေတြထဲမွာ အပါအဝင္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဂက္ခ္ပိုဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အလြန္ေကာင္းမြန္ခဲ့ေပမယ့္လည္း ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ႏိုင္ေျခ ၃၄ ရာခိုင္ႏႈန္းသာ သတ္မွတ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ကာတာမွာ ေျခစြမ္းျပခဲ့တဲ့ ၾကယ္ပြင့္ေတြအမ်ားစုထက္ေတာ့ ပိုမိုျမင့္မားေနဆဲျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့အပတ္က ဒတ္ခ်္ေတာင္ပံကစားသမားနဲ႔ သတင္းေတြထြက္ေပၚေနခဲ့ဆဲျဖစ္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒို ထြက္ခြာၿပီးေနာက္ လူစာရင္းကို အင္အားျဖည့္တင္းဖို႔အတြက္ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တနလၤာေန႔ညမွာ အဲရစ္ တန္ဟက္ရဲ႕နံပါတ္တစ္ ပစ္မွတ္ကို အမွန္တကယ္ ဆုံးရႈံးရေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ၿပီး ပီအက္စ္ဗြီၾကယ္ပြင့္ဟာ လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ အတည္ျပဳျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ကိုဒီ ဂက္ခ္ပိုဟာ ေပါင္ ၃၇ သန္းတန္အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔အတြက္ အနီးစပ္ဆုံးအေျခအေနမွာ ရွိေနၿပီလို႔ သတင္းေတြက ေဖာ္ျပေနခဲ့တာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုကလည္း အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ခဲ့ၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ပီအက္ဗြီအသင္းရဲ႕ တရားဝင္တြစ္တာအေကာင့္က ကိုဒီ ဂက္ခ္ပိုအေနနဲ႔ လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕ေတာ့မွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ၿပီး သိပ္မၾကာခင္မွာ အဲဒီပို႔စ္ကို ျပန္ဖ်က္သြားခဲ့တာ ျဖစ္ပါတယ္။ ပို႔စ္ျပန္ဖ်က္ၿပီး သိပ္မၾကာခင္မွာပဲ ပီအက္စ္ဗြီက အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ထုတ္ျပန္ေၾကညာခ်က္ အျပည့္အစုံကို ျပန္တင္ခဲ့တာျဖစ္ၿပီး “ပီအက္စ္ဗြီနဲ႔ လီဗာပူးလ္တို႔ဟာ ကိုဒီ ဂက္ခ္ပိုရဲ႕ အေျပာင္းအေ႐ႊ႕ ကမ္းလွမ္းမႈအေပၚမွာ သေဘာတူညီမႈ ရရွိခဲ့ပါၿပီ။ အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္ကစားသမားဟာ အေျပာင္းအေ႐ႊ႕ အၿပီးမသတ္ခင္ လိုအပ္တဲ့ လုပ္ထုံးလုပ္နည္းေတြကို ျပဳလုပ္သြားမွာျဖစ္ၿပီး သိပ္မၾကာခင္ အဂၤလန္ကို ထြက္ခြာေတာ့မွာပါ”

“ႏွစ္သင္းစလုံးက ေျပာင္းေ႐ႊ႕ေၾကးနဲ႔ပတ္သက္ၿပီး ဘယ္လိုေၾကညာခ်က္မ်ိဳးမွ ထုတ္ျပန္ခဲ့ျခင္းမရွိပါဘူး။ ဒါေပမယ့္လည္း ပီအက္စ္ဗြီအတြက္ေတာ့ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးပါပဲ။ ပီအက္စ္ဗြီစီမံခန႔္ခြဲမႈဌာနက ေဘာက္ဆင္ေဒးမွာ ေဆြးေႏြးညႇိႏႈိင္းမႈကို ၿပီးေျမာက္ခဲ့ၿပီး ဂက္ခ္ပိုကို အဂၤလန္ကို ခရီးထြက္ခြင့္ေပးခဲ့ပါတယ္”လို႔ အေထြေထြမန္ေနဂ်ာ မာဆယ္ ဘရန္းစ္က ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ဟာ လူးဝစၥ ဒီယက္ဇ္ရဲ႕ ဒဏ္ရာက ေမွ်ာ္မွန္းထားတာထက္ ပိုၾကာမွာျဖစ္တာေၾကာင့္ တိုက္စစ္ကစားသမားတစ္ဦး အသည္းအသန္လိုအပ္ေနတာျဖစ္ၿပီး ဂက္ခ္ပိုရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲက အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္က လီဗာပူးလ္အတြက္ ႀကီးမားတဲ့ အားတက္စရာ ျဖစ္လာမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.