International Premier League World Cup

ကမ္ဘာ့ဖလားကြယ်ပွင့်တွေကို ဘောက်ဆင်ဒေးမှာ ချန်ခဲ့မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ကွန်တီ

တော့တင်ဟမ်ဟော့စပါးနည်းပြ အန်တိုနီယို ကွန်တီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တဲ့ စပါးစ်ကစားသမား ၁၂ ဦးစလုံးကို ချန်လှပ်ခဲ့ကောင်း ချန်လှပ်ခဲ့နိုင်တယ်လို့ ပြောကြားခဲ့ပြီး အခြေအနေကို စိတ်ပျက်နေမှုကို ဖွင့်ဟခဲ့ပါတယ်။

စပါးစ်ဟာ ဘောက်ဆင်ဒေးနေ့ အစောပိုင်းမှာ ဘရန့်တ်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ အနောက်လန်ဒန်ကို ခရီးထွက်ရမှာဖြစ်ပေမယ့်လည်း ကွန်တီက ၎င်းရဲ့ လူစာရင်းထဲက ကြံ့ခိုင်မှုအဆင့်အတန်း ကွာခြားနေမှုနဲ့ပတ်သက်ပြီး စိုးရိမ်နေတာဖြစ်ပါတယ်။ ကွန်တီက ကာတာမှာ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့ရခြင်းမရှိဘဲ အသင်းမှာ နေခဲ့တဲ့ ကစားသမားတွေက ကမ္ဘာ့ဖလားကနေ ပြန်လာတဲ့သူတွေထက်တောင် လက်ရှိမှာ ကြံ့ခိုင်မှုအဆင့်အတန်းက ပိုမိုမြင့်မားနတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ရစ်ချာလီဆန်နဲ့ ဘန်တန်ကာတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ခရစ်ရှန် ရိုမဲရိုးနဲ့ လိုရစ်တို့ဟာ ဗိုလ်လုပွဲအထိ ပါဝင်ကစားပေးခဲ့ရတာကြောင့် ဘရန့်တ်ဖို့ဒ်နဲ့ပွဲကို လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွန်တီက ကာတာကနေ နည်းနည်းစောပြန်လာတဲ့ကစားသမားတွေကလည်း အသင်းအတွက် ကစားပေးဖို့ အဆင်သင့်ဖြစ်နေပုံမပေါ်ဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် တကယ်ကို မပျော်နေပါဘူး။ တစ်ဖက်မှာလည်း ခင်ဗျားက အသင်းကစားသမား ၁၂ ယောက်အထိ ကမ္ဘာ့ဖလားကို သွားကစားရပြီး အဲဒါက ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့နဲ့ တစ်စုံတရာကို အနိုင်ရဖို့ ကြိုးပမ်းတာ လမ်းကြောင်းမှန်မှာရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက် ပျော်ရွှင်ရတယ်”

“ဒါပေမယ့်လည်း အဲဒါက ခင်ဗျားမှာ ဒီလိုမျိုး ပြိုင်ပွဲမှာ ကစားရတဲ့ ကစားသမားတွေအများကြီးရှိနေတဲ့အချိန်မှာ သာမန်ပါပဲ။ အထူးသဖြင့် ရာသီအတွင်းမှာ ကစားရင်ပေါ့။ အခုတော့ အဲဒါက မလွယ်ကူပါဘူး။ ဘာလို့လဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေက ထိပ်ဆုံးမှာ ရှိမနေလို့ပါ”

“သူတို့ကို အများကြီး နားချိန်ပေးလိုက်လို့လည်း မဖြစ်နိုင်ပါဘူး။ သေချာတာကတော့ ကမ္ဘာ့ဖလားမကစားခဲ့ရတဲ့ကစားသမားတွေနဲ့ ကျွန်တော်တို့ ၄ ပတ်လောက်အထိ အလုပ်လုပ်ခဲ့ပြီး အခု သူတို့က အရမ်းကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာ ရှိနေပါတယ်။ ကျွန်တော်တို့ နည်းဗျူဟာရှုထောင့်ကရော ရုပ်ပိုင်းဆိုင်ရာရှုထောင့်ကနေပါ အလုပ်အများကြီးလုပ်ခဲ့တယ်။ အခု သူတို့တွေက ကမ္ဘာ့ဖလားပြီးလို့ ပြန်လာတဲ့ကစားသမားတွေထက်တောင် ပိုကောင်းမွန်တဲ့ အဆင့်အတန်းမှာ ရှိနေပါတယ်။ ဒီအကြောင်းအရင်းကြောင့် ဘရန့်တ်ဖို့ဒ်နဲ့ ပွဲအတွက် အကောင်းဆုံးဆုံးဖြတ်ချက်ကို ကျွန်တော် ချမှတ်ရမယ်လို့ ထင်ပါတယ်”

“တစ်ဖက်မှာလည်း ၄ ပတ်လောက်အထိ ကျွန်တော်နဲ့ ကောင်းကောင်း အလုပ်လုပ်ခဲ့တဲ့ ကစားသမားတွေရှိပြီး တစ်ဖက်မှာလည်း ကမ္ဘာ့ဖလားမှာ အလုပ်လုပ်ခဲ့ပြီး လက်ရှိအချိန်မှာ ထိပ်တန်းအဆင့်မှာရှိမနေတဲ့ ကစားသမားတွေရှိနေတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးနည်းပြ ကွန်တီအနေနဲ့ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားတွေကို ချန်လှပ်ခဲ့မယ်ဆိုရင် ဟာရီ ကိန်း၊ အဲရစ် ဒိုင်ယာ၊ ဘန် ဒေးဗီးစ်၊ အိုင်ဗန် ပါရီဆစ်၊ ဟော့ဗျက်၊ ဆွန်ဟောင်မင်၊ မာတာ ဆားတို့လည်း ဘရန့်တ်ဖို့ဒ်နဲ့ပွဲကို လွဲချော်ဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပ အန္တိုနီယို ကြန္တီဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားခဲ့တဲ့ စပါးစ္ကစားသမား ၁၂ ဦးစလုံးကို ခ်န္လွပ္ခဲ့ေကာင္း ခ်န္လွပ္ခဲ့ႏိုင္တယ္လို႔ ေျပာၾကားခဲ့ၿပီး အေျခအေနကို စိတ္ပ်က္ေနမႈကို ဖြင့္ဟခဲ့ပါတယ္။

စပါးစ္ဟာ ေဘာက္ဆင္ေဒးေန႔ အေစာပိုင္းမွာ ဘရန႔္တ္ဖို႔ဒ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားဖို႔ အေနာက္လန္ဒန္ကို ခရီးထြက္ရမွာျဖစ္ေပမယ့္လည္း ကြန္တီက ၎ရဲ႕ လူစာရင္းထဲက ႀကံ့ခိုင္မႈအဆင့္အတန္း ကြာျခားေနမႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနတာျဖစ္ပါတယ္။ ကြန္တီက ကာတာမွာ လက္ေ႐ြးစင္အသင္းအတြက္ ပါဝင္ကစားေပးခဲ့ရျခင္းမရွိဘဲ အသင္းမွာ ေနခဲ့တဲ့ ကစားသမားေတြက ကမာၻ႔ဖလားကေန ျပန္လာတဲ့သူေတြထက္ေတာင္ လက္ရွိမွာ ႀကံ့ခိုင္မႈအဆင့္အတန္းက ပိုမိုျမင့္မားနတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ရစ္ခ်ာလီဆန္နဲ႔ ဘန္တန္ကာတို႔ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဒဏ္ရာရရွိခဲ့ၿပီး ခရစ္ရွန္ ႐ိုမဲ႐ိုးနဲ႔ လိုရစ္တို႔ဟာ ဗိုလ္လုပြဲအထိ ပါဝင္ကစားေပးခဲ့ရတာေၾကာင့္ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကြန္တီက ကာတာကေန နည္းနည္းေစာျပန္လာတဲ့ကစားသမားေတြကလည္း အသင္းအတြက္ ကစားေပးဖို႔ အဆင္သင့္ျဖစ္ေနပုံမေပၚဘူးလို႔ အရိပ္အႁမြက္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ တကယ္ကို မေပ်ာ္ေနပါဘူး။ တစ္ဖက္မွာလည္း ခင္ဗ်ားက အသင္းကစားသမား ၁၂ ေယာက္အထိ ကမာၻ႔ဖလားကို သြားကစားရၿပီး အဲဒါက ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိဖို႔နဲ႔ တစ္စုံတရာကို အႏိုင္ရဖို႔ ႀကိဳးပမ္းတာ လမ္းေၾကာင္းမွန္မွာရွိေနတယ္ဆိုတဲ့အဓိပၸာယ္ျဖစ္တဲ့အတြက္ ေပ်ာ္႐ႊင္ရတယ္”

“ဒါေပမယ့္လည္း အဲဒါက ခင္ဗ်ားမွာ ဒီလိုမ်ိဳး ၿပိဳင္ပြဲမွာ ကစားရတဲ့ ကစားသမားေတြအမ်ားႀကီးရွိေနတဲ့အခ်ိန္မွာ သာမန္ပါပဲ။ အထူးသျဖင့္ ရာသီအတြင္းမွာ ကစားရင္ေပါ့။ အခုေတာ့ အဲဒါက မလြယ္ကူပါဘူး။ ဘာလို႔လဲဆိုေတာ့ ႐ုပ္ပိုင္းဆိုင္ရာအေျခအေနေတြက ထိပ္ဆုံးမွာ ရွိမေနလို႔ပါ”

“သူတို႔ကို အမ်ားႀကီး နားခ်ိန္ေပးလိုက္လို႔လည္း မျဖစ္ႏိုင္ပါဘူး။ ေသခ်ာတာကေတာ့ ကမာၻ႔ဖလားမကစားခဲ့ရတဲ့ကစားသမားေတြနဲ႔ ကြၽန္ေတာ္တို႔ ၄ ပတ္ေလာက္အထိ အလုပ္လုပ္ခဲ့ၿပီး အခု သူတို႔က အရမ္းေကာင္းတဲ့ ႐ုပ္ပိုင္းဆိုင္ရာအေျခအေနမွာ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ နည္းဗ်ဴဟာရႈေထာင့္ကေရာ ႐ုပ္ပိုင္းဆိုင္ရာရႈေထာင့္ကေနပါ အလုပ္အမ်ားႀကီးလုပ္ခဲ့တယ္။ အခု သူတို႔ေတြက ကမာၻ႔ဖလားၿပီးလို႔ ျပန္လာတဲ့ကစားသမားေတြထက္ေတာင္ ပိုေကာင္းမြန္တဲ့ အဆင့္အတန္းမွာ ရွိေနပါတယ္။ ဒီအေၾကာင္းအရင္းေၾကာင့္ ဘရန႔္တ္ဖို႔ဒ္နဲ႔ ပြဲအတြက္ အေကာင္းဆုံးဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္ ခ်မွတ္ရမယ္လို႔ ထင္ပါတယ္”

“တစ္ဖက္မွာလည္း ၄ ပတ္ေလာက္အထိ ကြၽန္ေတာ္နဲ႔ ေကာင္းေကာင္း အလုပ္လုပ္ခဲ့တဲ့ ကစားသမားေတြရွိၿပီး တစ္ဖက္မွာလည္း ကမာၻ႔ဖလားမွာ အလုပ္လုပ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ ထိပ္တန္းအဆင့္မွာရွိမေနတဲ့ ကစားသမားေတြရွိေနတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပ ကြန္တီအေနနဲ႔ ကမာၻ႔ဖလားမွာ ပါဝင္ကစားေပးခဲ့တဲ့ ကစားသမားေတြကို ခ်န္လွပ္ခဲ့မယ္ဆိုရင္ ဟာရီ ကိန္း၊ အဲရစ္ ဒိုင္ယာ၊ ဘန္ ေဒးဗီးစ္၊ အိုင္ဗန္ ပါရီဆစ္၊ ေဟာ့ဗ်က္၊ ဆြန္ေဟာင္မင္၊ မာတာ ဆားတို႔လည္း ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲကို လြဲေခ်ာ္ဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.