ဆော်ဒီအာရေဗျကလပ်အသင်း အယ်လ် နက်ဆာဟာ ချဲလ်ဆီး ကွင်းလယ်ကြယ်ပွင့် အန်ဂိုလို ကွန်တေကို ခေါ်ယူချင်နေတယ်လို့ Foot Mercato က ဖော်ပြခဲ့ပါတယ်။
အယ်လ် နက်ဆာအသင်းဟာ ကစားသမားကို တတ်နိုင်သမျှ စောစော ခေါ်ယူချင်တာကြောင့် ချဲလ်ဆီးအသင်းနဲ့ ကွန်တေတို့ရဲ့ စာချုပ် အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွန်တေဟာ ပရီးမီးယားလိဂ်မှာ လက်စတာစီးတီးနဲ့ ချဲလ်ဆီးအသင်းတို့အတွက် ကစားပေးပြီး ကမ္ဘာပေါ်က အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပါတယ်။
ပြင်သစ်ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးအသင်းအတွက် ကစားပေးနေခဲ့တဲ့ ကာလအတွင်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ဖလားအပါအဝင် ဆုဖလား အများအပြားကို ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အန်ဂိုလို ကွန်တေဟာ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းထဲမှာ ၃ ကြိမ်အထိ ရွေးချယ်ခြင်း ခံခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်းမှာ ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ကို ကြံ့ခိုင်မှုပြဿနာတွေက အနှောင့်အယှက်ပေးလာခဲ့တာဖြစ်ပါတယ်။
ကွန်တေဟာ ၂၀၂၁-၂၀၂၂ ရာသီမှာ ၁၆ ပွဲအထိ လွဲချော်ခဲ့တာဖြစ်ပြီး ယခုရာသီမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်နေဦးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်ဟာ ဒဏ်ရာရရှိနေခဲ့တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက ပြင်သစ်အသင်းလူစာရင်းထဲမှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့်လည်း ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားဖြစ်နေဆဲဖြစ်ပြီး ယခုရာသီကုန်မှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
လက်စတာစီးတီးကြယ်ပွင့်ဟောင်းအနေနဲ့ လာမယ့် ဇန်နဝါရီလမှာ ပြည်ပကလပ်အသင်းတွေနဲ့ အကြိုသဘောတူစာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးခွင့်ရရှိမှာဖြစ်ပြီး ဘာစီလိုနာအသင်းက ပြင်သစ်ကွင်းလယ်ကစားသမားကို ခေါ်ယူချင်နေတဲ့အသင်းတွေထဲက တစ်သင်းအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
ကွန်တေအနေနဲ့ အယ်လ် နက်ဆာအသင်းကို ပြောင်းရွှေ့မလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပေမယ့်လည်း ဆော်ဒီ အာရေဗျကလပ်အသင်းဟာ အာရှမှာ ထိပ်တန်းကလပ်အသင်းတွေထဲက တစ်သင်းဖြစ်လာချင်တာကြောင့် အသက် ၃၁ နှစ်အရွယ်ကစားသမားကို စိတ်ဝင်စားနေတာ သိသာပါတယ်။
အယ်လ် နက်ဆာအသင်းဟာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုလည်း တစ်ရာသီကို ယူရိုသန်း ၂၀၀ တန်ကြေးရှိတဲ့ ကြီးမားတဲ့စာချုပ် ကမ်းလှမ်းထားပြီး ဘလွန်ဒေါ ၅ ဆုရှင်နဲ့ နောက်ထပ် ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့အတွက် အစည်းအဝေးပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ေဆာ္ဒီအာေရဗ်ကလပ္အသင္း အယ္လ္ နက္ဆာဟာ ခ်ဲလ္ဆီး ကြင္းလယ္ၾကယ္ပြင့္ အန္ဂိုလို ကြန္ေတကို ေခၚယူခ်င္ေနတယ္လို႔ Foot Mercato က ေဖာ္ျပခဲ့ပါတယ္။
အယ္လ္ နက္ဆာအသင္းဟာ ကစားသမားကို တတ္ႏိုင္သမွ် ေစာေစာ ေခၚယူခ်င္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းနဲ႔ ကြန္ေတတို႔ရဲ႕ စာခ်ဳပ္ အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကြန္ေတဟာ ပရီးမီးယားလိဂ္မွာ လက္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးအသင္းတို႔အတြက္ ကစားေပးၿပီး ကမာၻေပၚက အေကာင္းဆုံး ကြင္းလယ္ခံစစ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသႏိုင္ခဲ့သူျဖစ္ပါတယ္။
ျပင္သစ္ကြင္းလယ္ကစားသမားဟာ ခ်ဲလ္ဆီးအသင္းအတြက္ ကစားေပးေနခဲ့တဲ့ ကာလအတြင္း ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္ဖလားအပါအဝင္ ဆုဖလား အမ်ားအျပားကို ကိုင္ေျမႇာက္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။ အန္ဂိုလို ကြန္ေတဟာ ပရီးမီးယားလိဂ္ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးအသင္းထဲမွာ ၃ ႀကိမ္အထိ ေ႐ြးခ်ယ္ျခင္း ခံခဲ့ရေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီအနည္းငယ္အတြင္းမွာ ျပင္သစ္ကြင္းလယ္ၾကယ္ပြင့္ကို ႀကံ့ခိုင္မႈျပႆနာေတြက အေႏွာင့္အယွက္ေပးလာခဲ့တာျဖစ္ပါတယ္။
ကြန္ေတဟာ ၂၀၂၁-၂၀၂၂ ရာသီမွာ ၁၆ ပြဲအထိ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ယခုရာသီမွာလည္း တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလအထိ ခ်ဲလ္ဆီးအသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ေနဦးမွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ဟာ ဒဏ္ရာရရွိေနခဲ့တာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက ျပင္သစ္အသင္းလူစာရင္းထဲမွာလည္း ပါဝင္ႏိုင္ခဲ့ျခင္းမရွိခဲ့ေပမယ့္လည္း ကမာၻ႔အဆင့္ ကြင္းလယ္ကစားသမားျဖစ္ေနဆဲျဖစ္ၿပီး ယခုရာသီကုန္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။
လက္စတာစီးတီးၾကယ္ပြင့္ေဟာင္းအေနနဲ႔ လာမယ့္ ဇန္နဝါရီလမွာ ျပည္ပကလပ္အသင္းေတြနဲ႔ အႀကိဳသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးခြင့္ရရွိမွာျဖစ္ၿပီး ဘာစီလိုနာအသင္းက ျပင္သစ္ကြင္းလယ္ကစားသမားကို ေခၚယူခ်င္ေနတဲ့အသင္းေတြထဲက တစ္သင္းအျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။
ကြန္ေတအေနနဲ႔ အယ္လ္ နက္ဆာအသင္းကို ေျပာင္းေ႐ႊ႕မလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ေပမယ့္လည္း ေဆာ္ဒီ အာေရဗ်ကလပ္အသင္းဟာ အာရွမွာ ထိပ္တန္းကလပ္အသင္းေတြထဲက တစ္သင္းျဖစ္လာခ်င္တာေၾကာင့္ အသက္ ၃၁ ႏွစ္အ႐ြယ္ကစားသမားကို စိတ္ဝင္စားေနတာ သိသာပါတယ္။
အယ္လ္ နက္ဆာအသင္းဟာ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကိုလည္း တစ္ရာသီကို ယူ႐ိုသန္း ၂၀၀ တန္ေၾကးရွိတဲ့ ႀကီးမားတဲ့စာခ်ဳပ္ ကမ္းလွမ္းထားၿပီး ဘလြန္ေဒါ ၅ ဆုရွင္နဲ႔ ေနာက္ထပ္ ေဆြးေႏြးမႈေတြ ျပဳလုပ္သြားဖို႔အတြက္ အစည္းအေဝးျပဳလုပ္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.