Article Premier League Transfer News

ရက္ဂီလြန္ကို လက္လႊတ္ခဲ့ရေပမယ့္ မရွဳံးခဲ့ဘဲ ဂုဏ္သိကၡာအတြက္ အႏုိင္ရခဲ့တဲ့ ယူႏုိက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကေန ေခၚယူဖို႔ ခ်ိတ္ဆက္ေနခဲ့တဲ့ စပိန္လက္ေရြးစင္ ဘယ္ေနာက္ခံလူ ဆာဂ်ီယို ရက္ဂီလြန္ကို ေခၚယူဖို႔ ဆက္မႀကဳိးစားေတာ့ဘဲ လက္လႊတ္ဖို႔ ဆုံးျဖတ္လိုက္တာ အရွဳံးေပးလိုက္တာ မဟုတ္ဘဲ အသင္းရဲ႕ ဂုဏ္သိကၡာအရ ထိခိုက္ေစမယ့္ ႀကဳံေတြ႕လာမွဳမွာ အေစာ္ကားမခံဘဲ အႏိုင္ရလိုက္တာပါ။

တကယ္ေတာ့ ရက္ဂီလြန္ကို ေခၚယူဖို႔ အလြန္နီးစပ္ခဲ့ျပီး ကစားသမားနဲ႔ တစ္ပတ္လုပ္ခ ေပါင္ ၇၅၀၀၀ ေပးဖို႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈရယူႏုိင္ခဲ့ေပမယ့္ စာခ်ဳပ္မွာ ထည့္သြင္းခ်ဳပ္ခ်င္တဲ့ ရီးရဲလ္မက္ဒရစ္ရဲ႕ ျပန္လည္ေခၚယူခြင့္ Buy Back Clause နဲ႔အတူ တျခားအခ်က္အလက္ေတြ ေတာင္းဆိုမႈကို သေဘာမတူႏိုင္တဲ့အတြက္ အၿပီးသတ္ ညႇိႏႈိင္းဖို႔ အခ်ိန္ၾကာေနခဲ့ရပါတယ္။

ဒီအခ်ိန္မွာ နည္းျပေဟာင္း ေမာ္ရင္ညဳိရဲ႕ စပါးစ္အသင္းက ရီးရဲလ္မက္ဒရစ္ရဲ႕ ေတာင္းဆိုမႈအားလုံးကို သေဘာတူၿပီး ၾကားျဖတ္ေခၚယူမႈေၾကာင့္ ရက္ဂီလြန္ကို လက္လႊတ္ရေတာ့မွာလည္း ျဖစ္ပါတယ္။ ဒီအေျပာင္းအေ႐ႊ႕မွာ အသင္းႀကီးႏွစ္သင္းၾကား ျပန္လည္ေခၚယူခြင့္ ထည့္ေပးရမယ္ဆိုတဲ့ ေတာင္းဆုိမွဳကေတာ့ လက္ခံႏုိင္စရာမဟုတ္ဘဲ ယူႏိုက္တက္ကို အသင္းငယ္တစ္သင္းလို မေလးမစား ျပဳမူလုိက္တာျဖစ္ၿပီး ဂုဏ္သိကၡာ ထိခိုက္ေစတယ္လုိ႔ တာဝန္ရွိသူေတြနဲ႔ ပရိသတ္ေတြကေတာ့ ယူဆေနၾကပါတယ္။

ျပန္လည္ေခၚယူခြင့္ စာခ်ဳပ္ထည့္သြင္းေရာင္းခ်ျခင္းဟာ ေျပာင္းေ႐ႊ႕ေၾကးေပးထားတဲ့ ကာလရွည္တစ္ခု ဥပမာ ၂ ႏွစ္ အငွားေခၚယူမႈလိုပဲ အပုိင္မရတဲ့ သေဘာမ်ိဳး ျဖစ္ေနပါတယ္။ ကစားသမားအေနနဲ႔ ေျခစြမ္းေကာင္းလာလို႔ ရီးရဲလ္က ျပန္၀ယ္ခ်င္ရင္ ေစ်းကြက္ေပါက္ေစ်း ေပးစရာမလိုပဲ စာခ်ဳပ္ထဲ ထည့္သြင္းထားတဲ့ ေပါင္ ၄၅ သန္းထက္မေက်ာ္ဘဲ ေရာင္းခ်ရမယ္လို႔ ေတာင္းဆိုထားၿပီး တကယ္လို႔ ေျခစြမ္းမေကာင္းခ်ိန္မွာ ရီးရဲလ္ဘက္ကို ျပန္ေရာင္းခ်ခ်င္ရင္ေတာ့ ျငင္းဆိုခြင့္ ရွိတယ္ဆိုတဲ့ အခ်က္ေတြကို ထည့္သြင္းခ်ဳပ္ဆိုဖို႔ ေတာင္းဆိုထားပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ လက္တေလာ ေငြေၾကးျပႆနာကို ေျဖရွင္းခ်င္လို႔ သူတို႔ဆီက ကစားသမားေတြကို အငွားခ်တာ၊ ျပန္လည္ေခၚယူခြင့္နဲ႔ ေရာင္းခ်တာေတြကိုပဲ လုပ္ေလ့ရိွျပီး အျပီးသတ္ေရာင္းခ်မႈ လုပ္ေလ့မရိွပါဘူး။ ေရာင္းခ်မႈေတြမွာ ျပန္လည္ေခၚယူခြင့္ေတြ အျမဲထည့္ထားတာေၾကာင့္ အနာဂတ္မွာ ကစားသမားက ေတာက္ပလာခဲ့လို႔ ရီးရဲလ္က ျပန္လိုခ်င္ၿပီဆိုတာနဲ႔ ကစားသမားရဲ႕ လက္ရိွေျခစြမ္းနဲ႔ ေစ်းကြက္ေပါက္ေစ်းကို မရႏိုင္ေတာ့ဘဲ စာခ်ဳပ္မွာ
သတ္မွတ္ထားတဲ့ နည္းပါးတဲ့ေစ်းနဲ႔ပဲ ေရာင္းကို ေရာင္းခ်ရမွာပါ။

မက္ဒရစ္က လူလည္ေတြအေနနဲ႔ အခုလို အျမတ္ထုတ္မႈမ်ိဳးကို အျမဲ ျပဳလုပ္ေလ့ရိွျပီး နမူနာအေနနဲ႔ အနီးစပ္ဆံုးအေနနဲ႔ ဂ်ဴဗင္တပ္စ္နဲ႔ အဲလ္ဗာ႐ို မိုရာတာရဲ႕ အေျပာင္းအေရႊ႕၊ ေလဗာကူဆင္နဲ႔ ဒါနီ ကာဗာဟယ္လ္တုိ႔ရဲ႕ အေျပာင္းအေရႊ႕ေတြမွာ ေျခစြမ္းျပလာတဲ့ အခ်ိန္ေတြမွာမွ ဘယ္လိုမ်ဳိး ေဆာင္ရြက္လုိက္တယ္ဆိုတာကို ၾကည့္ရင္ သိႏိုင္ပါတယ္။

ဒါေၾကာင့္ “ဆိုးရြားတဲ့ ညႇိႏွဳိင္းမႈတစ္ခုကေန ေ၀းေ၀းေရွာင္လိုက္တာဟာ ဆိုးရြားတဲ့ စီးပြားေရးတစ္ခုကို လုပ္မိတာထက္ ပိုေကာင္းတယ္”ဆိုတဲ့ ဆို႐ိုးတစ္ခုကို လက္ကိုင္ထားျပီး ရက္ဂီလြန္ကို လက္လႊတ္ဖို႔ ဆံုးျဖတ္လိုက္တာပဲျဖစ္ၿပီး ယူႏုိက္တက္အေနနဲ႔ အသင္းရဲ႕ ဂုဏ္သိကၡာအရ ထိခိုက္ေစမယ့္ ကစားသမား တစ္ေယာက္ကို လက္ေရွာင္လုိက္ေပမယ့္ အစဥ္အလာႀကီးမားတဲ့ အသင္းရဲ႕ အိုးလ္ထရက္ဖို႔ဆီ အင္အားျဖည့္တင္းမွဳကိုေတာ့ တျခားပစ္မွတ္ေတြနဲ႔ ေျပာင္းလဲလုပ္ေဆာင္ႏုိင္ဖို႔ ႀကဳိးစားသြားဦးမွာျဖစ္ၿပီး ေအာက္တုိဘာ ၅ ရက္ေန႔အမီ အပူတျပင္းလုပ္ေဆာင္ရဖို႔ ရွိေနေသးေၾကာင္းလည္း သုံးသပ္လိုက္ရပါတယ္။

PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့တဲ့ စပိန်လက်ရွေးစင် ဘယ်နောက်ခံလူ ဆာဂျီယို ရက်ဂီလွန်ကို ခေါ်ယူဖို့ ဆက်မကြိုးစားတော့ဘဲ လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာ အရှုံးပေးလိုက်တာ မဟုတ်ဘဲ အသင်းရဲ့ ဂုဏ်သိက္ခာအရ ထိခိုက်စေမယ့် ကြုံတွေ့လာမှုမှာ အစော်ကားမခံဘဲ အနိုင်ရလိုက်တာပါ။

တကယ်တော့ ရက်ဂီလွန်ကို ခေါ်ယူဖို့ အလွန်နီးစပ်ခဲ့ပြီး ကစားသမားနဲ့ တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀ ပေးဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရယူနိုင်ခဲ့ပေမယ့် စာချုပ်မှာ ထည့်သွင်းချုပ်ချင်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ပြန်လည်ခေါ်ယူခွင့် Buy Back Clause နဲ့အတူ တခြားအချက်အလက်တွေ တောင်းဆိုမှုကို သဘောမတူနိုင်တဲ့အတွက် အပြီးသတ် ညှိနှိုင်းဖို့ အချိန်ကြာနေခဲ့ရပါတယ်။

ဒီအချိန်မှာ နည်းပြဟောင်း မော်ရင်ညိုရဲ့ စပါးစ်အသင်းက ရီးရဲလ်မက်ဒရစ်ရဲ့ တောင်းဆိုမှုအားလုံးကို သဘောတူပြီး ကြားဖြတ်ခေါ်ယူမှုကြောင့် ရက်ဂီလွန်ကို လက်လွှတ်ရတော့မှာလည်း ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့မှာ အသင်းကြီးနှစ်သင်းကြား ပြန်လည်ခေါ်ယူခွင့် ထည့်ပေးရမယ်ဆိုတဲ့ တောင်းဆိုမှုကတော့ လက်ခံနိုင်စရာမဟုတ်ဘဲ ယူနိုက်တက်ကို အသင်းငယ်တစ်သင်းလို မလေးမစား ပြုမူလိုက်တာဖြစ်ပြီး ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကတော့ ယူဆနေကြပါတယ်။

ပြန်လည်ခေါ်ယူခွင့် စာချုပ်ထည့်သွင်းရောင်းချခြင်းဟာ ပြောင်းရွှေ့ကြေးပေးထားတဲ့ ကာလရှည်တစ်ခု ဥပမာ ၂ နှစ် အငှားခေါ်ယူမှုလိုပဲ အပိုင်မရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ကစားသမားအနေနဲ့ ခြေစွမ်းကောင်းလာလို့ ရီးရဲလ်က ပြန်ဝယ်ချင်ရင် ဈေးကွက်ပေါက်ဈေး ပေးစရာမလိုပဲ စာချုပ်ထဲ ထည့်သွင်းထားတဲ့ ပေါင် ၄၅ သန်းထက်မကျော်ဘဲ ရောင်းချရမယ်လို့ တောင်းဆိုထားပြီး တကယ်လို့ ခြေစွမ်းမကောင်းချိန်မှာ ရီးရဲလ်ဘက်ကို ပြန်ရောင်းချချင်ရင်တော့ ငြင်းဆိုခွင့် ရှိတယ်ဆိုတဲ့ အချက်တွေကို ထည့်သွင်းချုပ်ဆိုဖို့ တောင်းဆိုထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်တလော ငွေကြေးပြဿနာကို ဖြေရှင်းချင်လို့ သူတို့ဆီက ကစားသမားတွေကို အငှားချတာ၊ ပြန်လည်ခေါ်ယူခွင့်နဲ့ ရောင်းချတာတွေကိုပဲ လုပ်လေ့ရှိပြီး အပြီးသတ်ရောင်းချမှု လုပ်လေ့မရှိပါဘူး။ ရောင်းချမှုတွေမှာ ပြန်လည်ခေါ်ယူခွင့်တွေ အမြဲထည့်ထားတာကြောင့် အနာဂတ်မှာ ကစားသမားက တောက်ပလာခဲ့လို့ ရီးရဲလ်က ပြန်လိုချင်ပြီဆိုတာနဲ့ ကစားသမားရဲ့ လက်ရှိခြေစွမ်းနဲ့ ဈေးကွက်ပေါက်ဈေးကို မရနိုင်တော့ဘဲ စာချုပ်မှာ
သတ်မှတ်ထားတဲ့ နည်းပါးတဲ့ဈေးနဲ့ပဲ ရောင်းကို ရောင်းချရမှာပါ။

မက်ဒရစ်က လူလည်တွေအနေနဲ့ အခုလို အမြတ်ထုတ်မှုမျိုးကို အမြဲ ပြုလုပ်လေ့ရှိပြီး နမူနာအနေနဲ့ အနီးစပ်ဆုံးအနေနဲ့ ဂျူဗင်တပ်စ်နဲ့ အဲလ်ဗာရို မိုရာတာရဲ့ အပြောင်းအရွှေ့၊ လေဗာကူဆင်နဲ့ ဒါနီ ကာဗာဟယ်လ်တို့ရဲ့ အပြောင်းအရွှေ့တွေမှာ ခြေစွမ်းပြလာတဲ့ အချိန်တွေမှာမှ ဘယ်လိုမျိုး ဆောင်ရွက်လိုက်တယ်ဆိုတာကို ကြည့်ရင် သိနိုင်ပါတယ်။

ဒါကြောင့် “ဆိုးရွားတဲ့ ညှိနှိုင်းမှုတစ်ခုကနေ ဝေးဝေးရှောင်လိုက်တာဟာ ဆိုးရွားတဲ့ စီးပွားရေးတစ်ခုကို လုပ်မိတာထက် ပိုကောင်းတယ်”ဆိုတဲ့ ဆိုရိုးတစ်ခုကို လက်ကိုင်ထားပြီး ရက်ဂီလွန်ကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပြီး ယူနိုက်တက်အနေနဲ့ အသင်းရဲ့ ဂုဏ်သိက္ခာအရ ထိခိုက်စေမယ့် ကစားသမား တစ်ယောက်ကို လက်ရှောင်လိုက်ပေမယ့် အစဉ်အလာကြီးမားတဲ့ အသင်းရဲ့ အိုးလ်ထရက်ဖို့ဆီ အင်အားဖြည့်တင်းမှုကိုတော့ တခြားပစ်မှတ်တွေနဲ့ ပြောင်းလဲလုပ်ဆောင်နိုင်ဖို့ ကြိုးစားသွားဦးမှာဖြစ်ပြီး အောက်တိုဘာ ၅ ရက်နေ့အမီ အပူတပြင်းလုပ်ဆောင်ရဖို့ ရှိနေသေးကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS A2Z.