International World Cup

အခြေအနေ ၃ ခုကို ပိုင်ဆိုင်ထားတဲ့အသင်းကိုမှ နည်းပြမယ့် ဇီဒန်း

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းဟာ ကလပ်အသင်းကို နည်းပြအဖြစ်နဲ့ ကိုင်တွယ်ရမယ်ဆိုရင် အခြေအနေ ၃ ခု သတ်မှတ်ထားတယ်လို့ L’Equipe က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို မတူညီတဲ့ ကာလ ၂ ခုအထိ နည်းပြပေးခဲ့ပြီး လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်အထိ ရရှိခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လူမျိုးနည်းပြရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပထမဆုံးကာလဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဖြစ်ပြီး ပြီးတဲ့နောက် ၂၀၁၉ ခုနှစ်မှာ ပြန်လည်နည်းပြခဲ့ပြီးနောက် ၂ နှစ်အကြာမှာ ထပ်မံ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းကတည်းက ဇီဒန်းဟာ ပြင်သစ်နဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ နည်းပြဖြစ်လာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့်လည်း ဒေးရွှမ့်စ်ဟာ ပြင်သစ်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရအောင် နည်းပြပေးနိုင်ခဲ့တာကြောင့် နည်းပြရာထူးက လုံခြုံ စိတ်ချရတဲ့အနေအထားမှာ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြင်သစ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက ၎င်းရဲ့ လက်ရွေးစင်အသင်းဖော်ဟောင်းဟာ ပြင်သစ်လက်ရွေးစ်အသင်းနည်းပြ ဖြစ်လာချင်နေတာဖြစ်တယ်လို့ မကြာသေးမီက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မဝေးလှတဲ့ အနာဂတ်အထိ ဒေးရွှမ့်စ်သာ လက်ရွေးစင်နည်းပြရာထူးမှာ ဆက်ရှိနေမယ်ဆိုရင်တော့ ဇီဒန်းအနေနဲ့ နည်းပြလောကနဲ့ အလှမ်းမကွာရအောင် ကလပ်အသင်းတစ်သင်းကို ပြန်လည် နည်းပြနိုင်ခြေ များနေတာဖြစ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းက နောက်ထပ်ကိုင်တွယ်မယ့်အသင်းကို မရွေးချယ်မီ အခြေအနေ ၃ ခုကို သတ်မှတ်ထားတာဖြစ်ပါတယ်။

ပထမဆုံးအချက်အနေနဲ့ ဇီဒန်းက ၎င်းကိုင်တွယ်မယ့်အသင်းဟာ ဆုဖလားအားလုံးကို အနိုင်ရနိုင်တဲ့ အခွင့်အရေးရှိရမှာဖြစ်ပြီး ဒုတိယအချက်အနေနဲ့ အသင်းက ကောင်းကောင်းတည်ဆောက်ထားပြီးဖြစ်ရမယ်လို့ သိရပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ဘယ်အသင်းကိုပဲ ပြောင်းပြောင်း နည်းစနစ်ပိုင်းအာဏာကုန်အပြည့်လိုချင်တယ်လို့ သိရပြီး ဒီအချက်တွေအားလုံးကို ပေါင်းလိုက်မယ်ဆိုရင် ဇီဒန်းဟာ ဥရောပဘောလုံးလောကရဲ့ အကြီးမားဆုံးကလပ်အသင်းတွေကိုသာ ကိုင်တွယ်ချင်နေတယ်ဆိုတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။

ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်တို့လိုအသင်းတွေသာ ဇီဒန်းလိုချင်တဲ့အချက်တွေနဲ့ ကိုက်ညီနေတယ်လို့ ငြင်းခုံနိုင်ပေမယ့်လည်း ပြင်သစ်လူမျိုးနည်းပြသာ အသင်းသစ် ရှာဖွေမယ်ဆိုရင် ခေါ်ယူချင်တဲ့အသင်းတွေကတော့ နည်းမှာမဟုတ်တာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ဇီဒန္းဟာ ကလပ္အသင္းကို နည္းျပအျဖစ္နဲ႔ ကိုင္တြယ္ရမယ္ဆိုရင္ အေျခအေန ၃ ခု သတ္မွတ္ထားတယ္လို႔ L’Equipe က ေဖာ္ျပခဲ့ပါတယ္။

ျပင္သစ္ဂႏၲဝင္ကြင္းလယ္ကစားသမားေဟာင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကို မတူညီတဲ့ ကာလ ၂ ခုအထိ နည္းျပေပးခဲ့ၿပီး လာလီဂါဖလား ၂ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္အထိ ရရွိခဲ့တာျဖစ္ပါတယ္။ ျပင္သစ္လူမ်ိဳးနည္းျပရဲ႕ ရီးရဲလ္မက္ဒရစ္နဲ႔ ပထမဆုံးကာလဟာ ၂၀၁၆ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ ျဖစ္ၿပီး ၿပီးတဲ့ေနာက္ ၂၀၁၉ ခုႏွစ္မွာ ျပန္လည္နည္းျပခဲ့ၿပီးေနာက္ ၂ ႏွစ္အၾကာမွာ ထပ္မံ ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းကတည္းက ဇီဒန္းဟာ ျပင္သစ္နဲ႔ ဂ်ဴဗင္တပ္အသင္းတို႔ရဲ႕ နည္းျပျဖစ္လာဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ေပမယ့္လည္း ေဒး႐ႊမ့္စ္ဟာ ျပင္သစ္အသင္းကို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဒုတိယရေအာင္ နည္းျပေပးႏိုင္ခဲ့တာေၾကာင့္ နည္းျပရာထူးက လုံၿခဳံ စိတ္ခ်ရတဲ့အေနအထားမွာ ရွိေနတယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။ ျပင္သစ္ဂႏၲဝင္တိုက္စစ္မႉး သီယာရီ အြန္နရီက ၎ရဲ႕ လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္းဟာ ျပင္သစ္လက္ေ႐ြးစ္အသင္းနည္းျပ ျဖစ္လာခ်င္ေနတာျဖစ္တယ္လို႔ မၾကာေသးမီက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မေဝးလွတဲ့ အနာဂတ္အထိ ေဒး႐ႊမ့္စ္သာ လက္ေ႐ြးစင္နည္းျပရာထူးမွာ ဆက္ရွိေနမယ္ဆိုရင္ေတာ့ ဇီဒန္းအေနနဲ႔ နည္းျပေလာကနဲ႔ အလွမ္းမကြာရေအာင္ ကလပ္အသင္းတစ္သင္းကို ျပန္လည္ နည္းျပႏိုင္ေျခ မ်ားေနတာျဖစ္ေပမယ့္လည္း ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းက ေနာက္ထပ္ကိုင္တြယ္မယ့္အသင္းကို မေ႐ြးခ်ယ္မီ အေျခအေန ၃ ခုကို သတ္မွတ္ထားတာျဖစ္ပါတယ္။

ပထမဆုံးအခ်က္အေနနဲ႔ ဇီဒန္းက ၎ကိုင္တြယ္မယ့္အသင္းဟာ ဆုဖလားအားလုံးကို အႏိုင္ရႏိုင္တဲ့ အခြင့္အေရးရွိရမွာျဖစ္ၿပီး ဒုတိယအခ်က္အေနနဲ႔ အသင္းက ေကာင္းေကာင္းတည္ေဆာက္ထားၿပီးျဖစ္ရမယ္လို႔ သိရပါတယ္။

ေနာက္ဆုံးအခ်က္အေနနဲ႔ ဘယ္အသင္းကိုပဲ ေျပာင္းေျပာင္း နည္းစနစ္ပိုင္းအာဏာကုန္အျပည့္လိုခ်င္တယ္လို႔ သိရၿပီး ဒီအခ်က္ေတြအားလုံးကို ေပါင္းလိုက္မယ္ဆိုရင္ ဇီဒန္းဟာ ဥေရာပေဘာလုံးေလာကရဲ႕ အႀကီးမားဆုံးကလပ္အသင္းေတြကိုသာ ကိုင္တြယ္ခ်င္ေနတယ္ဆိုတဲ့အဓိပၸာယ္ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီ၊ ရီးရဲလ္မက္ဒရစ္၊ မန္စီးတီး၊ ဘိုင္ယန္ျမဴးနစ္တို႔လိုအသင္းေတြသာ ဇီဒန္းလိုခ်င္တဲ့အခ်က္ေတြနဲ႔ ကိုက္ညီေနတယ္လို႔ ျငင္းခုံႏိုင္ေပမယ့္လည္း ျပင္သစ္လူမ်ိဳးနည္းျပသာ အသင္းသစ္ ရွာေဖြမယ္ဆိုရင္ ေခၚယူခ်င္တဲ့အသင္းေတြကေတာ့ နည္းမွာမဟုတ္တာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.