International World Cup

မက်ဆီအောင်မြင်သလောက် ရော်နယ်လ်ဒို ကျရှုံးခဲ့ရတဲ့အကြောင်းအရင်းကို ပြောလိုက်တဲ့ ဂျာမနီဂန္တဝင်

ဂျာမနီဂန္တဝင် လိုးသား မားသဲဟို့စ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လီယွန်နယ် မက်ဆီအောင်မြင်ခဲ့သလောက် ခရစ္စတီယာနို ရော်နယ်လ်ဒို ကျရှုံးခဲ့ရတဲ့အပေါ်မှာ ၎င်းရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။

ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဘောလုံးပြိုင်ပွဲမှာ အကြီးကျယ်အခမ်းနားဆုံးကစားသမား ၂ ဦးကို ပရိသတ်တွေ နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ ပြိုင်ပွဲလည်း ဖြစ်နိုင်ခြေရှိပြီး အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ မန်ယူနိုက်တက်ကနေ အငြင်းပွားဖွယ်ထွက်ခွာပြီးနောက် ကမ္ဘာ့ဖလားကို ဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အငြင်းပွားဖွယ် အင်တာဗျူးကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စာချုပ်ဖျက်သိမ်းခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဂါနာကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာ ဂိုးသွင်းပြီးနောက် ဥရုဂွေးနဲ့ပွဲမှာ ဖာနန်ဒက်စ်ရဲ့ပထမဂိုးကို ရယူဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

နောက်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းက ကွင်းအတွင်းကနေ ထွက်ခွာနေချိန်အတွင်း တောင်ကိုရီးယားကစားသမားတွေကို ပါးစပ်ပိတ်ထားဖို့ အမူအရာပြုလုပ်ပြခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီနည်းပြ(အဲဒီအချိန်တုန်းက)ဆန်းတို့စ်က အဲဒီအပြုအမူအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီး နောက်ထပ်ပွဲစဉ်တွေမှာ ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခွင့်မပေးတော့ဘဲ အရန်ခုံကနေသာ ပါဝင်ကစားပေးခဲ့ရတာ ဖြစ်ပါတယ်။

၁၉၉၀ ကမ္ဘာ့ဖလားမှာ အနောက်ဂျာမနီနဲ့အတူ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ မားသဲဟို့စ်က ရော်နယ်လ်ဒိုရဲ့အခြေအနေကို သနားမိခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ၎င်းရဲ့အမွေအနှစ်တွေကို ပျက်စီးစေခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ့ရဲ့ အတ္တတွေနဲ့ ရော်နယ်လ်ဒိုက အသင်းနဲ့ သူ့ကိုယ်သူ ထိခိုက်ပျက်စီးစေခဲ့တယ်။ သူက အရမ်းကောင်းတဲ့ကစားသမားဆိုတာ သံသယဖြစ်စရာမရှိဘဲ လုံးဝကို သေစေနိုင်လောက်တဲ့ အဆုံးသတ်သူပါ။ ဒါပေမယ့် အခုတော့ သူက သူ့ရဲ့အမွေအနှစ်တွေကို ထိခိုက်ပျက်စီးစေခဲ့ပါတယ်။ သူက အသင်းထဲမှာ နေရာတစ်နေရာ ရှာတွေ့နိုင်မယ်လို့ တွေးဖို့ ခက်ခဲနေပါပြီ။ ရော်နယ်လ်ဒိုအတွက် ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ာမနီဂႏၲဝင္ လိုးသား မားသဲဟို႔စ္က ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ လီယြန္နယ္ မက္ဆီေအာင္ျမင္ခဲ့သေလာက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒို က်ရႈံးခဲ့ရတဲ့အေပၚမွာ ၎ရဲ႕ ထင္ျမင္ခ်က္ကို ေျပာၾကားခဲ့ပါတယ္။

ကာတာမွာ က်င္းပခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ေဘာလုံးၿပိဳင္ပြဲမွာ အႀကီးက်ယ္အခမ္းနားဆုံးကစားသမား ၂ ဦးကို ပရိသတ္ေတြ ေနာက္ဆုံးျမင္ေတြ႕ခဲ့ရတဲ့ ၿပိဳင္ပြဲလည္း ျဖစ္ႏိုင္ေျခရွိၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ မန္ယူႏိုက္တက္ကေန အျငင္းပြားဖြယ္ထြက္ခြာၿပီးေနာက္ ကမာၻ႔ဖလားကို ဝင္ေရာက္ကစားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ပီးယာ့စ္ ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အျငင္းပြားဖြယ္ အင္တာဗ်ဴးေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ စာခ်ဳပ္ဖ်က္သိမ္းျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ဂါနာကို ၃-၂ နဲ႔ အႏိုင္ရခဲ့တဲ့ အုပ္စုအဖြင့္ပြဲမွာ ဂိုးသြင္းၿပီးေနာက္ ဥ႐ုေဂြးနဲ႔ပြဲမွာ ဖာနန္ဒက္စ္ရဲ႕ပထမဂိုးကို ရယူဖို႔အတြက္ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ေနာက္ပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းက ကြင္းအတြင္းကေန ထြက္ခြာေနခ်ိန္အတြင္း ေတာင္ကိုရီးယားကစားသမားေတြကို ပါးစပ္ပိတ္ထားဖို႔ အမူအရာျပဳလုပ္ျပခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီနည္းျပ(အဲဒီအခ်ိန္တုန္းက)ဆန္းတို႔စ္က အဲဒီအျပဳအမူအတြက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို လူသိရွင္ၾကား ေဝဖန္ခဲ့ၿပီး ေနာက္ထပ္ပြဲစဥ္ေတြမွာ ပြဲထြက္လူစာရင္းမွာ ပါဝင္ကစားခြင့္မေပးေတာ့ဘဲ အရန္ခုံကေနသာ ပါဝင္ကစားေပးခဲ့ရတာ ျဖစ္ပါတယ္။

၁၉၉၀ ကမာၻ႔ဖလားမွာ အေနာက္ဂ်ာမနီနဲ႔အတူ ကမာၻ႔ဖလားရရွိခဲ့တဲ့ မားသဲဟို႔စ္က ေရာ္နယ္လ္ဒိုရဲ႕အေျခအေနကို သနားမိခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ၎ရဲ႕အေမြအႏွစ္ေတြကို ပ်က္စီးေစခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူ႔ရဲ႕ အတၱေတြနဲ႔ ေရာ္နယ္လ္ဒိုက အသင္းနဲ႔ သူ႔ကိုယ္သူ ထိခိုက္ပ်က္စီးေစခဲ့တယ္။ သူက အရမ္းေကာင္းတဲ့ကစားသမားဆိုတာ သံသယျဖစ္စရာမရွိဘဲ လုံးဝကို ေသေစႏိုင္ေလာက္တဲ့ အဆုံးသတ္သူပါ။ ဒါေပမယ့္ အခုေတာ့ သူက သူ႔ရဲ႕အေမြအႏွစ္ေတြကို ထိခိုက္ပ်က္စီးေစခဲ့ပါတယ္။ သူက အသင္းထဲမွာ ေနရာတစ္ေနရာ ရွာေတြ႕ႏိုင္မယ္လို႔ ေတြးဖို႔ ခက္ခဲေနပါၿပီ။ ေရာ္နယ္လ္ဒိုအတြက္ ကြၽန္ေတာ္ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.