International World Cup

ဂက်ခ်ပိုကို မတားတော့ဘူးလို့ အတည်ပြုလိုက်တဲ့ နစ္စတယ်ရွိုင်း

ပီအက်စ်ဗွီနည်းပြ ရုဒ် ဗန် နစ္စတယ်ရွိုင်းက အသင်းအနေနဲ့ လာမယ့်လမှာ သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိခဲ့မယ်ဆိုရင် ဂက်ခ်ပိုကို တားဆီးနေမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံ ပြသနေခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အတွက် ၃ ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ရော်နယ်လ်ဒိုနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ဂက်ခ်ပိုကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ယုံကြည်ရပြီး ယူရိုသန်း ၅၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဗန် နစ္စတယ်ရွိင်းက လက်ရှိမှာတော့ ငြင်းပယ်ဖို့ မဖြစ်နိုင်တဲ့ ပမာဏနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဂက်ခ်ပိုအနေနဲ့ ပိုမိုကြီးမားတဲ့ကလပ်အသင်းကို ပြောင်းရွှေ့တာကို မြင်ရတာ ဂုဏ်ယူမိမယ်လို့ ဝန်ခံခဲ့ပေမယ့်လည်း ဆောင်းရာသီထက်စာရင် နွေရာသီအထိ စောင့်ဆိုင်းချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ့ကိုယ်သူ ဖော်ပြခဲ့တဲ့ပုံစံက အံ့အားသင့်စရာကောင်းပါတယ်။ ကျွန်တော် သူ့ကို ပျော်ရွှင်စွာနဲ့ စောင့်ကြည့်ခဲ့ပြီး သူက ဒီဟာနဲ့ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ သူ ပြုမူခဲ့တဲ့ပုံစံ၊ သူ အလုပ်ဆက်လုပ်ခဲ့တဲ့၊ ဆက်ပြီး စွမ်းဆောင်ပြခဲ့တဲ့ ပုံစံကြောင့်ပါ။ ကျွန်တော် သူ့ကို အနီးကပ် ကူညီပေးနိုင်ခဲ့ပြီး အဲဒါက ကျွန်တော့်ကို ဂုဏ်ယူရစေပါတယ်။ ပြီးတော့ ကျွန်တော် သူ့အတွက် လမ်းကြောင်းပေါ်လာတဲ့အချိန်မှာ လျှောက်လှမ်းခွင့်ပေးသွားမှာပါ”

“ကျွန်တော့်မှာသာ ရွေးချယ်စရာရှိတယ်ဆိုရင် နွေရာသီကို ပိုပြီးတော့ သဘောကျပါတယ်။ ဒါပေမယ့် အခုလည်း ဖြစ်နိုင်ပါတယ်။ ခင်ဗျား ဟင့်အင်းလို့ ပြောလို့မရနိုင်တဲ့အချိန် ရောက်လာမှာကို ခင်ဗျား သိနေတာကိုး”လို့ ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဗွီ အားကစားဒါရိုက်တာ မာဆယ် ဘရန်းဒ်စ်ကလည်း ဂက်ခ်ပိုကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့မှသာ ရောင်းချမှာဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့ပြီးဖြစ်ပြီး ဒတ်ချ်ကြယ်ပွင့်ကို ခေါ်ယူချင်တဲ့ ဘယ်အသင်းမဆို ယူရို ၄၅ သန်းထက် ကျော်လွန်တဲ့ပမာဏကို ကမ်းလှမ်းသွားဖို့လိုအပ်မှာဖြစ်ပါတယ်။

ကိုဒီ ဂက်ခ်ပိုကို မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့က ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ဒတ်ချ်ကြယ်ပွင့်က ယခုလအစောပိုင်းတုန်းက သရဲနီတွေရဲ့ စိတ်ဝင်စားမှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ “မန်ချက်စတာယူနိုက်တက်ကသာ ကမ်းလှမ်းလာရင် ကျွန်တော် အဲဒါကို စဉ်းစားသွားမှာပါ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဗြီနည္းျပ ႐ုဒ္ ဗန္ နစၥတယ္႐ြိဳင္းက အသင္းအေနနဲ႔ လာမယ့္လမွာ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ ရရွိခဲ့မယ္ဆိုရင္ ဂက္ခ္ပိုကို တားဆီးေနမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ယခုရာသီမွာ အေကာင္းဆုံးပုံစံ ျပသေနခဲ့သူျဖစ္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲမွာ နယ္သာလန္အတြက္ ၃ ဂိုး သြင္းယူေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ေရာ္နယ္လ္ဒိုနဲ႔ စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ ဂက္ခ္ပိုကို ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားတယ္လို႔ ယုံၾကည္ရၿပီး ယူ႐ိုသန္း ၅၀ နဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဗန္ နစၥတယ္႐ြိင္းက လက္ရွိမွာေတာ့ ျငင္းပယ္ဖို႔ မျဖစ္ႏိုင္တဲ့ ပမာဏနဲ႔ ကမ္းလွမ္းလာမယ္ဆိုရင္ ခြင့္ျပဳေပးသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ဂက္ခ္ပိုအေနနဲ႔ ပိုမိုႀကီးမားတဲ့ကလပ္အသင္းကို ေျပာင္းေ႐ႊ႕တာကို ျမင္ရတာ ဂုဏ္ယူမိမယ္လို႔ ဝန္ခံခဲ့ေပမယ့္လည္း ေဆာင္းရာသီထက္စာရင္ ေႏြရာသီအထိ ေစာင့္ဆိုင္းခ်င္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူ႔ကိုယ္သူ ေဖာ္ျပခဲ့တဲ့ပုံစံက အံ့အားသင့္စရာေကာင္းပါတယ္။ ကြၽန္ေတာ္ သူ႔ကို ေပ်ာ္႐ႊင္စြာနဲ႔ ေစာင့္ၾကည့္ခဲ့ၿပီး သူက ဒီဟာနဲ႔ထိုက္တန္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ ျပဳမူခဲ့တဲ့ပုံစံ၊ သူ အလုပ္ဆက္လုပ္ခဲ့တဲ့၊ ဆက္ၿပီး စြမ္းေဆာင္ျပခဲ့တဲ့ ပုံစံေၾကာင့္ပါ။ ကြၽန္ေတာ္ သူ႔ကို အနီးကပ္ ကူညီေပးႏိုင္ခဲ့ၿပီး အဲဒါက ကြၽန္ေတာ့္ကို ဂုဏ္ယူရေစပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ သူ႔အတြက္ လမ္းေၾကာင္းေပၚလာတဲ့အခ်ိန္မွာ ေလွ်ာက္လွမ္းခြင့္ေပးသြားမွာပါ”

“ကြၽန္ေတာ့္မွာသာ ေ႐ြးခ်ယ္စရာရွိတယ္ဆိုရင္ ေႏြရာသီကို ပိုၿပီးေတာ့ သေဘာက်ပါတယ္။ ဒါေပမယ့္ အခုလည္း ျဖစ္ႏိုင္ပါတယ္။ ခင္ဗ်ား ဟင့္အင္းလို႔ ေျပာလို႔မရႏိုင္တဲ့အခ်ိန္ ေရာက္လာမွာကို ခင္ဗ်ား သိေနတာကိုး”လို႔ ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဗြီ အားကစားဒါ႐ိုက္တာ မာဆယ္ ဘရန္းဒ္စ္ကလည္း ဂက္ခ္ပိုကို အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔မွသာ ေရာင္းခ်မွာျဖစ္တယ္လို႔ ရွင္းရွင္းလင္းလင္း ေျပာၾကားထားခဲ့ၿပီးျဖစ္ၿပီး ဒတ္ခ်္ၾကယ္ပြင့္ကို ေခၚယူခ်င္တဲ့ ဘယ္အသင္းမဆို ယူ႐ို ၄၅ သန္းထက္ ေက်ာ္လြန္တဲ့ပမာဏကို ကမ္းလွမ္းသြားဖို႔လိုအပ္မွာျဖစ္ပါတယ္။

ကိုဒီ ဂက္ခ္ပိုကို မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္အသင္းတို႔က ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနၿပီး ဒတ္ခ်္ၾကယ္ပြင့္က ယခုလအေစာပိုင္းတုန္းက သရဲနီေတြရဲ႕ စိတ္ဝင္စားမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ “မန္ခ်က္စတာယူႏိုက္တက္ကသာ ကမ္းလွမ္းလာရင္ ကြၽန္ေတာ္ အဲဒါကို စဥ္းစားသြားမွာပါ”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.