ခရိုအေးရှားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လီဗာကိုဗစ်ချ်၊ ခံစစ်မှာ ရှူတာလို၊ ဂွါဒီယောလ်၊ စတန်နီရှစ်ချ်နဲ့ ပါရီရှစ်ချ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ ကိုဗာချစ်ချ်နဲ့ မေယာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အော်ရှစ်ချ်၊ ကရာမာရစ်ချ်နဲ့ လီဗာယာတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။
မော်ရိုကိုအသင်းကတော့ အဓိက ကစားသမားတချို့ မပါဝင်နိုင်ခဲ့ဘဲ ဂိုးသမား ဘိုနို၊ ခံစစ်မှာ ဒါရီ၊ အယ်လ်ယာမစ်ခ်၊ အာတီယာတာလာနဲ့ ဟာကီမီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အမ်မရာဘတ်၊ ဆာဘီရီနဲ့ အယ်လ်ခန်နူးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဇီးယက်ရှ်၊ ဘူဖယ်လ်နဲ့ အန်နက်ဆီရီတို့ကို စုဖွဲ့ပေးလာခဲ့တာပါ။
ပွဲစကတည်းက ခံစစ်မှာ သွေးရူးသွေးတန်းတွေ လုပ်နေတဲ့ မော်ရိုကိုခံစစ်ကို ခရိုအေးရှားတို့က ဖိအားပေးနေခဲ့ရာမှာ ဂိုးသမား ဘိုနိုရဲ့ ဘေးတိုက် လူပေးမှုက ကံကောင်းလို့ ဂိုးတိုင်ဘေးက ကပ်ထွက်ပြီး ထောင့်ကန်ဘောဖြစ်ခဲ့သလို ဆိုက်စ်နဲ့ အာဂွါဒ်တို့ကို ဒဏ်ရာကြောင့် ဆုံးရှုံးထားခဲ့ရချိန်မှာ လက်ကျန်နောက်ခံလူတွေအနေနဲ့ တည်ငြိမ်မှု အားနည်းလွန်းခဲ့တာကိုလည်း တွေ့ရပါတယ်။
ပွဲချိန် ၇ မိနစ်မှာ ခရိုအေးရှားတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖရီးကစ်ကနေ မေယာ ကန်တင်ပေးတာကို ပါရီရှစ်ချ်က ဧရိယာထဲမှာ ခေါင်းတိုက်ချပေးခဲ့တာကို နောက်ခံလူ ဂွါဒီယောလ်က မော်ရိုကိုခံစစ်သမားတွေကြားကနေ လွတ်လွတ်ကျွတ်ကျွတ် ထပ်မံခေါင်းတိုက်ခွင့် ရရှိခဲ့ရာမှာ ထောင့်ထဲကို ဝင်သွားခဲ့လို့ ဂိုးသမား ဘိုနို မမီလိုက်ဘဲ ဂိုးပေးခဲ့ရတာပါ။
နှစ်မိနစ်အကြာ ပွဲချိန် ၉ မိနစ်မှာတော့ မော်ရိုကိုတို့ ပြန်လည်ချေပနိုင်ခဲ့ကြသလို ဒီဂိုးကိုလည်း ဖရီးကစ်ကနေပဲ သွင်းယူခဲ့တာဖြစ်ပြီး ဇီးယက်ရှ်ရဲ့ ညာခြမ်းက ဖရီးကစ်ကို ကြားဖြတ်ရှင်းထုတ်ဖို့ ကြိုးစားတဲ့ မေယာရဲ့ ခေါင်းတိုက်ချက်က ထောင်သွားပြီး ဧရိယာထဲကို ပြန်ကျလာရာမှာ လွတ်နေခဲ့တဲ့ နောက်ခံလူ ဒါရီက ဂိုးသမား လီဗာကိုဗစ်ချ်နဲ့ အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာတော့ မော်ရိုကိုတို့ ကစားအားတင်လာခဲ့ပေမယ့် တိုက်စစ်ပိုင်းရောက်ရင် ဖန်တီးမှုတွေ အားနည်းနေခဲ့သလို သူတို့ရဲ့ ရှေ့တန်းမှာ ပွဲတိုင်းလို အလုပ်မဖြစ်တဲ့ ဘူကောင် ဘူဖယ်လ်ကို ဆက်လက်သုံးစွဲနေခဲ့တာက ရှေ့ရောက်ရင် အ,သွားစေပြီး ခရိုအေးရှားတို့ကတော့ အခွင့်အရေးရတိုင်း ကန်သွင်းဖို့ ကြိုးစားနေခဲ့တာပါ။
ခံစစ်ဇုန်မှာ ကြုံသလို ရှင်းထုတ်ရမယ့်အစား တစ်ယောက်က ဖြတ်တား၊ နောက်တစ်ယောက်ကမှ ရှင်းထုတ်ဖို့နဲ့ လူပေးဖို့ ကြံစည်နေတဲ့ မော်ရိုကို နောက်တန်းရဲ့ ကစားပုံက ပွဲကြည့်ပရိသတ်တွေကို အဆဲတောင်းသလိုဖြစ်နေခဲ့ပြီး ဒီလိုမျိုးနဲ့ ခရိုအေးရှားတို့ ဧရိယာပတ်ဝန်းကျင်မှာ ကန်ခွင့်တွေ မကြာခဏ ရနေခဲ့သလို ပွဲချိန် ၂၄ မိနစ်မှာ မိုဒရစ်ချ်ရဲ့ ကန်ချက်ကို ဘိုနို အသည်းအသန် ကာကွယ်ခဲ့ရပါတယ်။
ပွဲချိန် ၄၂ မိနစ်မှာတော့ ခရိုအေးရှားတို့ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး မေယာရဲ့ ထိုးဖောက်မှုကို ရှင်းမထုတ်ဘဲ ပြန်ဆွဲပြေးဖို့ ကြိုးစားတဲ့ အယ်လ်ခန်နူးစ် ဘောလုံးပျက်ရာကနေ ပြန်ရသွားတဲ့ လီဗာယာက ဘယ်ခြမ်းကို ခင်းပေးရာမှာ အော်ရှစ်ချ်က ထိန်းမနေတော့ဘဲ အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ပြီး First Time Shot ကန်သွင်းခဲ့ရာမှာ Position နည်းနည်းအောက်နေတဲ့ ဂိုးသမား ဘိုနို လက်ဖျားနဲ့ပဲ ထိနိုင်ပြီး ဂိုးပေးခဲ့ရတာပါ။
ပထမပိုင်းမှာ ခရိုအေးရှားတို့က မော်ရိုကိုတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ မော်ရိုကိုဘက်က ဆာဘီရီအစား ရှာရီယားကို လူစားထည့်သွင်းခဲ့ပေမယ့် ခံစစ်မှာ တစ်ဦးချင်း ပျက်အောင် မဖျက်နိုင်တဲ့ မပြတ်မသား နောက်ခံလူတွေကြောင့် ခရိုအေးရှားတို့ပဲ တိုက်စစ်မှာ အခွင့်အရေးတွေ ရနေခဲ့ပါတယ်။
ဒီနောက်မှာတော့ မော်ရိုကိုတို့ဘက်က အယ်လ်ခန်နူးစ်၊ ဒါရီ၊ ဘူဖယ်လ်နဲ့ အယ်လ်ယာမစ်ခ်တို့အစား အူနာဟီ၊ ဘီနူးန်၊ ဇာရူရီနဲ့ အမ်မယ်လာတို့ကို ထည့်သွင်းသွားခဲ့သလို ခရိုအေးရှားတို့ဘက်ကတော့ ကရာမာရစ်ချ်၊ မေယာ၊ လီဗာယာနဲ့ အော်ရှစ်ချ်တို့အစား ဗလာရှစ်ချ်၊ ပါရှာလစ်ချ်၊ ပက်ကိုဗစ်ချ်နဲ့ ယာကစ်ချ်တို့ကို ပြောင်းလဲအသုံးပြုသွားခဲ့တာပါ။
ဒီပွဲကို အိုးနင်းခွက်နင်း ကိုင်တွယ်ခဲ့တဲ့ ကာတာဒိုင်လူကြီး အယ်လ်ယာစင်နဲ့ VAR တို့ ကတော့ နှစ်ဖက်စလုံးရဲ့ ပင်နယ်တီရနိုင်တဲ့ အခွင့်အရေးတစ်ကြိမ်စီကို ပယ်ချခဲ့သလို အန်နက်ဆီရီနဲ့ ကိုဗာချစ်ချ်တို့ကလည်း ဂိုးဖြစ်နိုင်မယ့် အခွင့်အရေးတစ်ကြိမ်စီကို ဖြုန်းတီးခဲ့ကြတာကြောင့် ပထမပိုင်းက ရလဒ်အတိုင်းပဲ မပြောင်းလဲဘဲ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ ခရိုအေးရှားတို့က မော်ရိုကိုတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ တတိယဆုကို သိပ်မကြာခင် အတောအတွင်းမှာ လက်ရွေးစင်ဘဝက အနားယူသွားနိုင်တဲ့ ကွင်းလယ်လူ မိုဒရစ်ချ်အတွက် နှစ်သိမ့်မှုအဖြစ် ရယူပေးခဲ့ပြီး ပြိုင်ပွဲနှစ်ကြိမ်ဆက်တိုက် ထိပ်ဆုံးသုံးသင်းအတွင်းမှာ ရပ်တည်နိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခရိုအေးရှားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လီဗာကိုဗစ်ခ်ျ၊ ခံစစ်မှာ ရှူတာလို၊ ဂွါဒီယောလ်၊ စတန်နီရှစ်ခ်ျနဲ့ ပါရီရှစ်ခ်ျတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ မိုဒရစ်ခ်ျ၊ ကိုဗာချစ်ခ်ျနဲ့ မေယာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အော်ရှစ်ခ်ျ၊ ကရာမာရစ်ခ်ျနဲ့ လီဗာယာတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန် ၇ မိနစ်မှာ ခရိုအေးရှားတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖရီးကစ်ကနေ မေယာ ကန်တင်ပေးတာကို ပါရီရှစ်ခ်ျက ဧရိယာထဲမှာ ခေါင်းတိုက်ချပေးခဲ့တာကို နောက်ခံလူ ဂွါဒီယောလ်က မော်ရိုကိုခံစစ်သမားတွေကြားကနေ လွတ်လွတ်ကျွတ်ကျွတ် ထပ်မံခေါင်းတိုက်ခွင့် ရရှိခဲ့ရာမှာ ထောင့်ထဲကို ဝင်သွားခဲ့လို့ ဂိုးသမား ဘိုနို မမီလိုက်ဘဲ ဂိုးပေးခဲ့ရတာပါ။
နှစ်မိနစ်အကြာ ပွဲချိန် ၉ မိနစ်မှာတော့ မော်ရိုကိုတို့ ပြန်လည်ချေပနိုင်ခဲ့ကြသလို ဒီဂိုးကိုလည်း ဖရီးကစ်ကနေပဲ သွင်းယူခဲ့တာဖြစ်ပြီး ဇီးယက်ရှ်ရဲ့ ညာခြမ်းက ဖရီးကစ်ကို ကြားဖြတ်ရှင်းထုတ်ဖို့ ကြိုးစားတဲ့ မေယာရဲ့ ခေါင်းတိုက်ချက်က ထောင်သွားပြီး ဧရိယာထဲကို ပြန်ကျလာရာမှာ လွတ်နေခဲ့တဲ့ နောက်ခံလူ ဒါရီက ဂိုးသမား လီဗာကိုဗစ်ခ်ျနဲ့ အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ခံစစ်ဇုန်မှာ ကြုံသလို ရှင်းထုတ်ရမယ့်အစား တစ်ယောက်က ဖြတ်တား၊ နောက်တစ်ယောက်ကမှ ရှင်းထုတ်ဖို့နဲ့ လူပေးဖို့ ကြံစည်နေတဲ့ မော်ရိုကို နောက်တန်းရဲ့ ကစားပုံက ပွဲကြည့်ပရိသတ်တွေကို အဆဲတောင်းသလိုဖြစ်နေခဲ့ပြီး ဒီလိုမျိုးနဲ့ ခရိုအေးရှားတို့ ဧရိယာပတ်ဝန်းကျင်မှာ ကန်ခွင့်တွေ မကြာခဏ ရနေခဲ့သလို ပွဲချိန် ၂၄ မိနစ်မှာ မိုဒရစ်ခ်ျရဲ့ ကန်ချက်ကို ဘိုနို အသည်းအသန် ကာကွယ်ခဲ့ရပါတယ်။
ပွဲချိန် ၄၂ မိနစ်မှာတော့ ခရိုအေးရှားတို့ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး မေယာရဲ့ ထိုးဖောက်မှုကို ရှင်းမထုတ်ဘဲ ပြန်ဆွဲပြေးဖို့ ကြိုးစားတဲ့ အယ်လ်ခန်နူးစ် ဘောလုံးပျက်ရာကနေ ပြန်ရသွားတဲ့ လီဗာယာက ဘယ်ခြမ်းကို ခင်းပေးရာမှာ အော်ရှစ်ခ်ျက ထိန်းမနေတော့ဘဲ အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ပြီး First Time Shot ကန်သွင်းခဲ့ရာမှာ Position နည်းနည်းအောက်နေတဲ့ ဂိုးသမား ဘိုနို လက်ဖျားနဲ့ပဲ ထိနိုင်ပြီး ဂိုးပေးခဲ့ရတာပါ။
ဒီနောက်မှာတော့ မော်ရိုကိုတို့ဘက်က အယ်လ်ခန်နူးစ်၊ ဒါရီ၊ ဘူဖယ်လ်နဲ့ အယ်လ်ယာမစ်ခ်တို့အစား အူနာဟီ၊ ဘီနူးန်၊ ဇာရူရီနဲ့ အမ်မယ်လာတို့ကို ထည့်သွင်းသွားခဲ့သလို ခရိုအေးရှားတို့ဘက်ကတော့ ကရာမာရစ်ခ်ျ၊ မေယာ၊ လီဗာယာနဲ့ အော်ရှစ်ခ်ျတို့အစား ဗလာရှစ်ခ်ျ၊ ပါရှာလစ်ခ်ျ၊ ပက်ကိုဗစ်ခ်ျနဲ့ ယာကစ်ခ်ျတို့ကို ပြောင်းလဲအသုံးပြုသွားခဲ့တာပါ။
ဒီပွဲကို အိုးနင်းခွက်နင်း ကိုင်တွယ်ခဲ့တဲ့ ကာတာဒိုင်လူကြီး အယ်လ်ယာစင်နဲ့ VAR တို့ ကတော့ နှစ်ဖက်စလုံးရဲ့ ပင်နယ်တီရနိုင်တဲ့ အခွင့်အရေးတစ်ကြိမ်စီကို ပယ်ချခဲ့သလို အန်နက်ဆီရီနဲ့ ကိုဗာချစ်ခ်ျတို့ကလည်း ဂိုးဖြစ်နိုင်မယ့် အခွင့်အရေးတစ်ကြိမ်စီကို ဖြုန်းတီးခဲ့ကြတာကြောင့် ပထမပိုင်းက ရလဒ်အတိုင်းပဲ မပြောင်းလဲဘဲ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ ခရိုအေးရှားတို့က မော်ရိုကိုတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ တတိယဆုကို သိပ်မကြာခင် အတောအတွင်းမှာ လက်ရွေးစင်ဘဝက အနားယူသွားနိုင်တဲ့ ကွင်းလယ်လူ မိုဒရစ်ခ်ျအတွက် နှစ်သိမ့်မှုအဖြစ် ရယူပေးခဲ့ပြီး ပြိုင်ပွဲနှစ်ကြိမ်ဆက်တိုက် ထိပ်ဆုံးသုံးသင်းအတွင်းမှာ ရပ်တည်နိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.