Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၄.၉.၂၀၂၀

– မန္ခ်က္စတာစီးတီးတာဝန္ရွိသူေတြအေနနဲ႔ ခါလီဒူး ကူလီေဘလီအတြက္ နာပုိလီက ေတာင္းဆုိတဲ့ ယူ႐ို ၇၅ သန္းကို ေပးေခ်ဖို႔ စိတ္ကူးမရွိေပမယ့္ အက္သလက္တီကို မက္ဒရစ္ရဲ႕ ဟိုေဆး ဟီမီနက္ဇ္အတြက္ ယူ႐ို ၈၉ သန္း+ ဆုေၾကးခံစားခြင့္ ယူ႐ို ၅ သန္းနဲ႔ ကမ္းလွမ္းထားတယ္လို႔ စပိန္ကလာတဲ့ သတင္းေတြ ေဖာ္ျပ။

– အသင္းရဲ႕ ေတာက္မယ့္မီးခဲေလးအျဖစ္ ေဖာ္ျပေနၾကတဲ့ လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာကို ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၅ သန္း သတ္မွတ္ထားခဲ့ရာမွာ ဘာစီလိုနာအသင္းဘက္က ကနဦးေျပာင္းေရႊ႕ေၾကး ယူ႐ုိ ၈ သန္း + ခံစားခြင့္ ၂ သန္းနဲ႔ ကမ္းလွမ္းထားတာကို စီးတီးဘက္က ပယ္ခ်ထားခဲ့ေပမယ့္ ကာတာလန္သားေတြကေတာ့ လက္မေလွ်ာ့ေသးေၾကာင္းဆုိေန။

– မန္ခ်က္စတာစီးတီးေနာက္ခံလူ ဂၽြန္စတုန္းစ္အေနနဲ႔ ၿမဳိ႕ခံၿပဳိင္ဘက္ ယူႏုိက္တက္ေနာက္ခံလူ ခရစၥ စေမာလင္းရဲ႕ လမ္းစဥ္ကို လုိက္ဖြယ္ရွိေနၿပီး ကစားသမားဘဝ ျပန္လည္ရွင္သန္လာေစဖို႔အတြက္ စီးရီးေအနဲ႔ တျခားႏုိင္ငံေတြကို ေျပာင္းေရႊ႕သြားဖို႔ စဥ္းစားေန။

– ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေနာက္ခံလူ ရာေဖးလ္ ဗာရြန္းက မန္စီးတီးနဲ႔ပြဲမွာ ခ်န္ပီယံလိဂ္က ထြက္ခဲ့ရေစတဲ့ အမွားေတြ က်ဴးလြန္မိခဲ့တဲ့အတြက္ ခက္ခဲတဲ့ ေန႔ရက္ေတြကို ရင္ဆုိင္ျဖတ္သန္းခဲ့ရၿပီး မွတ္ဉာဏ္ထဲက အျမန္ဆုံး ႀကဳိးစားေမ့ေဖ်ာက္ပစ္ခဲ့ရတယ္လို႔ဆုိ။

– အသင္းကေန ထြက္ခြာေတာ့မယ့္ ဥ႐ုေဂြးေနာက္ခံလူ ဒီေယဂို ဂိုဒင္အစား မန္စီးတီးရဲ႕ အာဂ်င္တီးနားေနာက္ခံလူ နီကုိလတ္စ္ ေအာ့တာမန္ဒီနဲ႔ အစားထိုးဖို႔ အင္တာမီလန္အသင္းက စိတ္ဝင္စားေနေၾကာင္း အီတလီမီဒီယာေတြ ေဖာ္ျပ။

– RB လိုက္ပ္ဇစ္ကို အငွားနဲ႔ ေနာက္ထပ္တစ္ရာသီ ထပ္မံေရာက္ရွိေနတဲ့ ေနာက္ခံလူ အန္ဟဲလီညဳိက သူ႕ရဲ႕ မန္စီးတီးေန႔ရက္ေတြက ကစားပုံကို ေဝဖန္ခဲ့တဲ့ ပရိသတ္ကို တစ္လမွာ တစ္ပြဲကစားၿပီးေတာ့ ကစားပုံ မေကာင္းႏုိင္ဘူးလို႔ တုံ႔ျပန္သြားခဲ့။

– မန္ခ်က္စတာစီးတီးအေနနဲ႔ ကူလီေဘလီကုိ အမွန္တကယ္ စိတ္ဝင္စားတယ္ဆိုရင္ ဒီတစ္ပတ္ စေန၊ တနဂၤေႏြမတုိင္မီ အျမန္ဆုံး ဆုံးျဖတ္ၿပီး ေခၚယူဖို႔ နာပိုလီအသင္းတာဝန္ရွိသူေတြက သတိေပးလုိက္ၿပီး စီးရီးေအပြဲေတြ မစတင္ခင္ အသင္းရဲ႕ လူစာရင္းကို တည္ၿငိမ္ေအာင္ျပဳလုပ္ႏုိင္ဖို႔ အလိုရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးတာဝန်ရှိသူတွေအနေနဲ့ ခါလီဒူး ကူလီဘေလီအတွက် နာပိုလီက တောင်းဆိုတဲ့ ယူရို ၇၅ သန်းကို ပေးချေဖို့ စိတ်ကူးမရှိပေမယ့် အက်သလက်တီကို မက်ဒရစ်ရဲ့ ဟိုဆေး ဟီမီနက်ဇ်အတွက် ယူရို ၈၉ သန်း+ ဆုကြေးခံစားခွင့် ယူရို ၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ စပိန်ကလာတဲ့ သတင်းတွေ ဖော်ပြ။

– အသင်းရဲ့ တောက်မယ့်မီးခဲလေးအဖြစ် ဖော်ပြနေကြတဲ့ လူငယ်နောက်ခံလူ အဲရစ် ဂါစီယာကို ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း သတ်မှတ်ထားခဲ့ရာမှာ ဘာစီလိုနာအသင်းဘက်က ကနဦးပြောင်းရွှေ့ကြေး ယူရို ၈ သန်း + ခံစားခွင့် ၂ သန်းနဲ့ ကမ်းလှမ်းထားတာကို စီးတီးဘက်က ပယ်ချထားခဲ့ပေမယ့် ကာတာလန်သားတွေကတော့ လက်မလျှော့သေးကြောင်းဆိုနေ။

– မန်ချက်စတာစီးတီးနောက်ခံလူ ဂျွန်စတုန်းစ်အနေနဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်နောက်ခံလူ ခရစ္စ စမောလင်းရဲ့ လမ်းစဉ်ကို လိုက်ဖွယ်ရှိနေပြီး ကစားသမားဘဝ ပြန်လည်ရှင်သန်လာစေဖို့အတွက် စီးရီးအေနဲ့ တခြားနိုင်ငံတွေကို ပြောင်းရွှေ့သွားဖို့ စဉ်းစားနေ။

– ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းက မန်စီးတီးနဲ့ပွဲမှာ ချန်ပီယံလိဂ်က ထွက်ခဲ့ရစေတဲ့ အမှားတွေ ကျူးလွန်မိခဲ့တဲ့အတွက် ခက်ခဲတဲ့ နေ့ရက်တွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ရပြီး မှတ်ဉာဏ်ထဲက အမြန်ဆုံး ကြိုးစားမေ့ဖျောက်ပစ်ခဲ့ရတယ်လို့ဆို။

– အသင်းကနေ ထွက်ခွာတော့မယ့် ဥရုဂွေးနောက်ခံလူ ဒီယေဂို ဂိုဒင်အစား မန်စီးတီးရဲ့ အာဂျင်တီးနားနောက်ခံလူ နီကိုလတ်စ် အော့တာမန်ဒီနဲ့ အစားထိုးဖို့ အင်တာမီလန်အသင်းက စိတ်ဝင်စားနေကြောင်း အီတလီမီဒီယာတွေ ဖော်ပြ။

– RB လိုက်ပ်ဇစ်ကို အငှားနဲ့ နောက်ထပ်တစ်ရာသီ ထပ်မံရောက်ရှိနေတဲ့ နောက်ခံလူ အန်ဟဲလီညိုက သူ့ရဲ့ မန်စီးတီးနေ့ရက်တွေက ကစားပုံကို ဝေဖန်ခဲ့တဲ့ ပရိသတ်ကို တစ်လမှာ တစ်ပွဲကစားပြီးတော့ ကစားပုံ မကောင်းနိုင်ဘူးလို့ တုံ့ပြန်သွားခဲ့။

– မန်ချက်စတာစီးတီးအနေနဲ့ ကူလီဘေလီကို အမှန်တကယ် စိတ်ဝင်စားတယ်ဆိုရင် ဒီတစ်ပတ် စနေ၊ တနင်္ဂနွေမတိုင်မီ အမြန်ဆုံး ဆုံးဖြတ်ပြီး ခေါ်ယူဖို့ နာပိုလီအသင်းတာဝန်ရှိသူတွေက သတိပေးလိုက်ပြီး စီးရီးအေပွဲတွေ မစတင်ခင် အသင်းရဲ့ လူစာရင်းကို တည်ငြိမ်အောင်ပြုလုပ်နိုင်ဖို့ အလိုရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.