Match Report Premier League

ႏူႏုိဆန္တုိရဲ႕ ပုိမိုသာလြန္တဲ့ နည္းစနစ္ပုိင္းေအာက္မွာ အိမ္ရွင္ကို အႏုိင္ယူခဲ့တဲ့ ဝုလ္ဗ္စ္

နည္းျပ ခရစၥ ဝိုင္လ္ဒါအေနနဲ႔ ဒီေန႔ပြဲမွာ အသင္းရဲ႕ ခံစစ္ကစားပုံကို ျပင္ဆင္ထားတာက မလုံေလာက္တာကို ေတြ႕ခဲ့ရၿပီး ဂိုးသမား ဟန္ဒါဆန္ မရွိေတာ့တဲ့ ခံစစ္ကလည္း နားလည္မွဳ သိပ္မရွိေသးခ်ိန္မွာ ဝုလ္ဗ္စ္တုိ႔ ဘယ္လိုကစားတတ္သလဲဆုိတာကို လ်စ္လ်ဴရွဳထားခဲ့တဲ့ အမွားကေတာ့ ရလဒ္ကို Backfired ျဖစ္ေစခဲ့ပါတယ္။

ေဘာလုံးရၿပီဆုိရင္ တစ္သင္းလုံး ေနာက္ခံအလယ္လူတစ္ေယာက္ကလြဲရင္ တက္ဖိတတ္တဲ့ ဝိုင္လ္ဒါရဲ႕ ပုံစံကေတာ့ တန္ျပန္တုိက္စစ္နဲ႔ ေတာင္ပံေတြကို အားကိုးတဲ့ ႏူႏိုဆန္တုိ စိတ္ႀကဳိက္ျဖစ္ခဲ့ၿပီး ဝုလ္ဗ္စ္ရဲ႕ ကစားကြက္မွာ ဒုိဟာတီကို ေရာင္းထုတ္ထားတာေၾကာင့္ ထရာအုိေရးက Wing Back ျဖစ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ႏွစ္မိနစ္စြန္းစြန္းမွာပဲ ဝိုင္လ္ဒါရဲ႕ တစ္သင္းလုံးတက္ဖိတဲ့ ပုံစံကေန ဝုလ္ဗ္စ္တုိ႔ ေဘာလုံးျပန္ရသြားခဲ့ၿပီး ဘယ္ေတာင္ပံကေန ေတာက္ေလွ်ာက္ ဆြဲေျပးသြားခဲ့တဲ့ ပိုဒင့္စ္က ျဖတ္တင္ေပးတာကို 2 Vs 1 အေနအထားျဖစ္ေနတဲ့ အိုကြန္နဲလ္က ရွင္းထုတ္ဖို႔ မတတ္ႏုိင္ခဲ့ခ်ိန္မွာ အဆင္သင့္ ေစာင့္ေနတဲ့ ရာအူးလ္ ဟီမီနက္ဇ္က ေျခခြင္နဲ႔ အေပၚေထာင့္ကို Volley ပိတ္သြင္းယူသြားႏုိင္ခဲ့ပါတယ္။

ခံစစ္နဲ႔ ရွက္ဖီးလ္ယူႏုိက္တက္အကယ္ဒမီထြက္ကေန အသင္းကို ေပါင္ ၁၈ သန္းခြဲနဲ႔ တစ္ေက်ာ့ျပန္ေရာက္လာခဲ့တဲ့ ဂိုးသမား ရမ္းစ္ေဒးလ္တုိ႔ဟာ အျပန္အလွန္ ယုံၾကည္မွဳ မတည္ေဆာက္ႏုိင္ေသးတာကိုလည္း ေတြ႕ရၿပီး ဒါကို တစ္ပြဲလုံး ဝုလ္ဗ္စ္တုိ႔ဘက္က ေကာင္းေကာင္းအသုံးခ်သြားခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ ဟီမီနက္ဇ္ရဲ႕ ကန္ခ်က္ကုိ ရမ္းစ္ေဒးလ္ အသည္းအသန္ပုတ္ထုတ္ခဲ့ရလို႔ ရတဲ့ ေထာင့္ကန္ေဘာကေန ၆ မိနစ္မွာ ပက္ဒ႐ို နီတုိက ကန္တင္ေပးတာကို ေနာက္နား ခပ္က်က်မွာ ေနရာယူထားခဲ့တဲ့ ႐ိုမန္ ဆုိက္စ္က ေခါင္းတိုက္သြင္းယူခဲ့ရမွာ ေနာက္က်ေနတဲ့ ရမ္းစ္ေဒးလ္ေၾကာင့္ ဂိုးထပ္ေပးခဲ့ရၿပီး ေစာေစာစီးစီးမွာပဲ ရွက္ဖီးလ္ဒ္တုိ႔ ႏွစ္ဂိုးရွဳံးနိမ့္ေနခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ႏွစ္သင္းစလုံး အခြင့္အေရးေတြ ရခဲ့ေသးေပမယ့္ အရြယ္လြန္တုိက္စစ္မွဴး ဘီလီ ရွာ့ပ္နဲ႔ မက္ဘာနီတုိ႔ အတြဲမိတာရယ္၊ ၿပီးခဲ့တဲ့ႏွစ္က ရစ္သမ္နဲ႔ ကစားအားမ်ဳိးမရေသးတာရယ္ေၾကာင့္ ရွက္ဖီးလ္ဒ္တုိ႔ ေခ်ပဂိုးသြင္းဖို႔ မတတ္ႏုိင္ခဲ့ဘဲ ပထမပုိင္းၿပီးဆုံးခဲ့ရပါတယ္။

ရွက္ဖီးလ္တုိ႔ ေခ်ပဂိုးအတြက္ ႀကဳိးစားခဲ့ေပမယ့္ ကစားသမားကြာလတီခ်င္း ကြာဟမွဳက စကားေျပာခဲ့တာေၾကာင့္ ဝုလ္ဗ္စ္တုိ႔ကေတာင္ ဂိုးသြင္းခြင့္ ပုိမိုရရွိခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ လုံေလာက္တဲ့ ျပင္ဆင္မွဳနဲ႔ အားျဖည့္မွဳေတြ လုပ္မထားႏုိင္ခဲ့တဲ့ ခရစၥ ဝိုင္လ္ဒါတစ္ေယာက္ အိမ္ကြင္းမွာ ဒူးေထာက္ခဲ့ရၿပီး ပူပူေႏြးေႏြး စာခ်ဳပ္သစ္ပုိင္ရွင္ ႏူႏိုဆန္တုိတုိ႔ကေတာ့ ေအာင္ပြဲခံသြားႏုိင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: WOLVES.CO.UK
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နည်းပြ ခရစ္စ ဝိုင်လ်ဒါအနေနဲ့ ဒီနေ့ပွဲမှာ အသင်းရဲ့ ခံစစ်ကစားပုံကို ပြင်ဆင်ထားတာက မလုံလောက်တာကို တွေ့ခဲ့ရပြီး ဂိုးသမား ဟန်ဒါဆန် မရှိတော့တဲ့ ခံစစ်ကလည်း နားလည်မှု သိပ်မရှိသေးချိန်မှာ ဝုလ်ဗ်စ်တို့ ဘယ်လိုကစားတတ်သလဲဆိုတာကို လျစ်လျူရှုထားခဲ့တဲ့ အမှားကတော့ ရလဒ်ကို Backfired ဖြစ်စေခဲ့ပါတယ်။

ဘောလုံးရပြီဆိုရင် တစ်သင်းလုံး နောက်ခံအလယ်လူတစ်ယောက်ကလွဲရင် တက်ဖိတတ်တဲ့ ဝိုင်လ်ဒါရဲ့ ပုံစံကတော့ တန်ပြန်တိုက်စစ်နဲ့ တောင်ပံတွေကို အားကိုးတဲ့ နူနိုဆန်တို စိတ်ကြိုက်ဖြစ်ခဲ့ပြီး ဝုလ်ဗ်စ်ရဲ့ ကစားကွက်မှာ ဒိုဟာတီကို ရောင်းထုတ်ထားတာကြောင့် ထရာအိုရေးက Wing Back ဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် နှစ်မိနစ်စွန်းစွန်းမှာပဲ ဝိုင်လ်ဒါရဲ့ တစ်သင်းလုံးတက်ဖိတဲ့ ပုံစံကနေ ဝုလ်ဗ်စ်တို့ ဘောလုံးပြန်ရသွားခဲ့ပြီး ဘယ်တောင်ပံကနေ တောက်လျှောက် ဆွဲပြေးသွားခဲ့တဲ့ ပိုဒင့်စ်က ဖြတ်တင်ပေးတာကို 2 Vs 1 အနေအထားဖြစ်နေတဲ့ အိုကွန်နဲလ်က ရှင်းထုတ်ဖို့ မတတ်နိုင်ခဲ့ချိန်မှာ အဆင်သင့် စောင့်နေတဲ့ ရာအူးလ် ဟီမီနက်ဇ်က ခြေခွင်နဲ့ အပေါ်ထောင့်ကို Volley ပိတ်သွင်းယူသွားနိုင်ခဲ့ပါတယ်။

ခံစစ်နဲ့ ရှက်ဖီးလ်ယူနိုက်တက်အကယ်ဒမီထွက်ကနေ အသင်းကို ပေါင် ၁၈ သန်းခွဲနဲ့ တစ်ကျော့ပြန်ရောက်လာခဲ့တဲ့ ဂိုးသမား ရမ်းစ်ဒေးလ်တို့ဟာ အပြန်အလှန် ယုံကြည်မှု မတည်ဆောက်နိုင်သေးတာကိုလည်း တွေ့ရပြီး ဒါကို တစ်ပွဲလုံး ဝုလ်ဗ်စ်တို့ဘက်က ကောင်းကောင်းအသုံးချသွားခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၅ မိနစ်မှာတော့ ဟီမီနက်ဇ်ရဲ့ ကန်ချက်ကို ရမ်းစ်ဒေးလ် အသည်းအသန်ပုတ်ထုတ်ခဲ့ရလို့ ရတဲ့ ထောင့်ကန်ဘောကနေ ၆ မိနစ်မှာ ပက်ဒရို နီတိုက ကန်တင်ပေးတာကို နောက်နား ခပ်ကျကျမှာ နေရာယူထားခဲ့တဲ့ ရိုမန် ဆိုက်စ်က ခေါင်းတိုက်သွင်းယူခဲ့ရမှာ နောက်ကျနေတဲ့ ရမ်းစ်ဒေးလ်ကြောင့် ဂိုးထပ်ပေးခဲ့ရပြီး စောစောစီးစီးမှာပဲ ရှက်ဖီးလ်ဒ်တို့ နှစ်ဂိုးရှုံးနိမ့်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နှစ်သင်းစလုံး အခွင့်အရေးတွေ ရခဲ့သေးပေမယ့် အရွယ်လွန်တိုက်စစ်မှူး ဘီလီ ရှာ့ပ်နဲ့ မက်ဘာနီတို့ အတွဲမိတာရယ်၊ ပြီးခဲ့တဲ့နှစ်က ရစ်သမ်နဲ့ ကစားအားမျိုးမရသေးတာရယ်ကြောင့် ရှက်ဖီးလ်ဒ်တို့ ချေပဂိုးသွင်းဖို့ မတတ်နိုင်ခဲ့ဘဲ ပထမပိုင်းပြီးဆုံးခဲ့ရပါတယ်။

ရှက်ဖီးလ်တို့ ချေပဂိုးအတွက် ကြိုးစားခဲ့ပေမယ့် ကစားသမားကွာလတီချင်း ကွာဟမှုက စကားပြောခဲ့တာကြောင့် ဝုလ်ဗ်စ်တို့ကတောင် ဂိုးသွင်းခွင့် ပိုမိုရရှိခဲ့ပြီး နောက်ဆုံးမှာတော့ လုံလောက်တဲ့ ပြင်ဆင်မှုနဲ့ အားဖြည့်မှုတွေ လုပ်မထားနိုင်ခဲ့တဲ့ ခရစ္စ ဝိုင်လ်ဒါတစ်ယောက် အိမ်ကွင်းမှာ ဒူးထောက်ခဲ့ရပြီး ပူပူနွေးနွေး စာချုပ်သစ်ပိုင်ရှင် နူနိုဆန်တိုတို့ကတော့ အောင်ပွဲခံသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: WOLVES.CO.UK
PHOTOS CREDIT TO OWNERS
SPORTS A2Z.