International World Cup

ဘရာဇီးလ်ရဲ့လုပ်အားနှုန်းအကောင်းဆုံးကစားသမားဖြစ်နေတဲ့ သရဲနီကြယ်ပွင့်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ ၎င်းရဲ့ ရူးသွပ်ချင်စရာကောင်းတဲ့လုပ်အားနှုန်းကြောင့် ကာတာမှာ ၃ ကီလိုအထိ ကိုယ်အလေးချိန်ကျဆင်းခဲ့ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ လွန်ခဲ့တဲ့ ၄ နှစ်က ရှက်တာဒိုးနတ်အသင်းကနေ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာပြီးကတည်းက မတူညီတဲ့နည်းပြတွေလက်အောက်မှာ အသင်းအတွက် ကစားပေးခဲ့သူဖြစ်ပါတယ်။

ဖရက်ဒ်ရဲ့ ဘောလုံးနဲ့အတူ အကန့်အသတ်ရှိတဲ့ အရည်အချင်းက ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေရဲ့ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရပေမယ့်လည်း ဘရာဇီးလ်လက်ရွေးစင်နည်းပြ တီတီအတွက်တော့ တန်ဖိုးရှိတဲ့ ကစားသမားဆိုတာ ငြင်းလို့မရခဲ့တာဖြစ်ပါတယ်။

ကာတာမှာ သက်တောင့်သက်သာမရှိတဲ့ အခြေအနေတွေရှိနေပေမယ့်လည်း ဖရက်ဒ်ဟာ ပွဲစဉ်တစ်ပွဲ ကစားပြီးတိုင်း ၃ ကီလိုအထိ ကိုယ်အလေးချိန်လျော့ကျသွားတဲ့အထိ အံ့အားသင့်ဖွယ် ပေးဆပ်ကစားတတ်တဲ့ အမူအကျင့်ကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကြံ့ခိုင်ရေးနည်းပြ ဂီလ်ဟန်းမီ ပါဆိုက “သူ့မှာ ရူးသွပ်ချင်စရာလုပ်အားနှုန်းရှိတယ်။ အရမ်းကို မြင့်မားတယ်။ ကျွန်တော်တို့ ကိုပါအမေရိကက ပွဲမှာဆိုရင် သူ ၁၂ ကီလိုမီတာအထိ ကာဗာလုပ်ပေးခဲ့တယ်။ သူက အမြဲတမ်း ကာဗာလုပ်ပေးနိုင်တဲ့အကွာအဝေးမှာ အသင်းရဲ့ အမြဲတမ်း နံပါတ် ၁၊ နံပါတ် ၂ ဖြစ်ခဲ့ပါတယ်။ လုပ်အားနှုန်းမှာဆိုရင် သူက တစ်ချိန်လုံး ကွင်းထဲမှာ မြင့်မားတဲ့ မြန်နှုန်း၊ အလယ်အလတ်မြန်နှုန်းနဲ့ တစ်ကွင်းလုံး ပြေးလွှားနေတဲ့အဓိပ္ပာယ်ပါ”လို့ ပြောကြားခဲ့ပါတယ်။

နောက်ထပ် ဘရာဇီးလ်အသင်း ကြံ့ခိုင်ရေးနည်းပြဖြစ်တဲ့ ဖေဘီယို မာဆီရာဂျီယန်ကလည်း “ဖရက်ဒ်က အရမ်းကို ရွေ့လျားနိုင်စွမ်းရှိပြီး ပုံမှန်အားဖြင့် ခံနိုင်ရည်စွမ်းကောင်းတဲ့ အားကစားသမားပါ။ သူက မာတီနယ်လီနဲ့ ရိုဒရီဂိုတို့လောက်တော့ မမြန်ပါဘူး။ သူက ရစ်ချာလီဆန်လိုမျိုး ကြံ့ခိုင်တဲ့အားကစားသမားမျိုးမဟုတ်ပါဘူး။ သူတို့တွေက တစ်ဦးချင်းစီ သွင်ပြင်လက္ခဏာတွေရှိကြပေမယ့် သူပိုင်ဆိုင်ထားတာက အရမ်းကို ရွေ့လျားနိုင်စွမ်းရှိပြီး ခံနိုင်ရည်မြင့်မားမှုပါ”

“ကျွန်တော်တို့ သူ့ရဲ့ ပြန်လည်ကုစားမှုနဲ့ပတ်သက်ပြီး ဖရက်ဒ်ကို အများကြီး ဂရုစိုက်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူက ပွဲစဉ်အတွင်းမှာ သူ့ရဲ့ မြင့်မားတဲ့လုပ်အားနှုန်းကြောင့် ကိုယ်အလေးချိန်တွေကျနေလို့ပါ။သူက ပွဲအပြီးမှာ ကျွန်တော်တို့ ရေဓာတ်ပြန်ဖြည့်ပေးရတဲ့ အဓိကကစားသမားတွေထဲက တစ်ဦးပါ။ နောက်ပွဲအတွက် ကောင်းကောင်း ပြန်လည်ကောင်းမွန်လာဖို့အတွက် ကစီဓာတ်များများ တိုးကျွေးရတဲ့ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမား ဖရက္ဒ္ဟာ ၎ရဲ႕ ႐ူးသြပ္ခ်င္စရာေကာင္းတဲ့လုပ္အားႏႈန္းေၾကာင့္ ကာတာမွာ ၃ ကီလိုအထိ ကိုယ္အေလးခ်ိန္က်ဆင္းခဲ့ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ လြန္ခဲ့တဲ့ ၄ ႏွစ္က ရွက္တာဒိုးနတ္အသင္းကေန အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက မတူညီတဲ့နည္းျပေတြလက္ေအာက္မွာ အသင္းအတြက္ ကစားေပးခဲ့သူျဖစ္ပါတယ္။

ဖရက္ဒ္ရဲ႕ ေဘာလုံးနဲ႔အတူ အကန႔္အသတ္ရွိတဲ့ အရည္အခ်င္းက ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္သူေတြရဲ႕ ျပစ္တင္ေဝဖန္ျခင္းကို ခံခဲ့ရေပမယ့္လည္း ဘရာဇီးလ္လက္ေ႐ြးစင္နည္းျပ တီတီအတြက္ေတာ့ တန္ဖိုးရွိတဲ့ ကစားသမားဆိုတာ ျငင္းလို႔မရခဲ့တာျဖစ္ပါတယ္။

ကာတာမွာ သက္ေတာင့္သက္သာမရွိတဲ့ အေျခအေနေတြရွိေနေပမယ့္လည္း ဖရက္ဒ္ဟာ ပြဲစဥ္တစ္ပြဲ ကစားၿပီးတိုင္း ၃ ကီလိုအထိ ကိုယ္အေလးခ်ိန္ေလ်ာ့က်သြားတဲ့အထိ အံ့အားသင့္ဖြယ္ ေပးဆပ္ကစားတတ္တဲ့ အမူအက်င့္ေကာင္းကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ႀကံ့ခိုင္ေရးနည္းျပ ဂီလ္ဟန္းမီ ပါဆိုက “သူ႔မွာ ႐ူးသြပ္ခ်င္စရာလုပ္အားႏႈန္းရွိတယ္။ အရမ္းကို ျမင့္မားတယ္။ ကြၽန္ေတာ္တို႔ ကိုပါအေမရိကက ပြဲမွာဆိုရင္ သူ ၁၂ ကီလိုမီတာအထိ ကာဗာလုပ္ေပးခဲ့တယ္။ သူက အၿမဲတမ္း ကာဗာလုပ္ေပးႏိုင္တဲ့အကြာအေဝးမွာ အသင္းရဲ႕ အၿမဲတမ္း နံပါတ္ ၁၊ နံပါတ္ ၂ ျဖစ္ခဲ့ပါတယ္။ လုပ္အားႏႈန္းမွာဆိုရင္ သူက တစ္ခ်ိန္လုံး ကြင္းထဲမွာ ျမင့္မားတဲ့ ျမန္ႏႈန္း၊ အလယ္အလတ္ျမန္ႏႈန္းနဲ႔ တစ္ကြင္းလုံး ေျပးလႊားေနတဲ့အဓိပၸာယ္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ေနာက္ထပ္ ဘရာဇီးလ္အသင္း ႀကံ့ခိုင္ေရးနည္းျပျဖစ္တဲ့ ေဖဘီယို မာဆီရာဂ်ီယန္ကလည္း “ဖရက္ဒ္က အရမ္းကို ေ႐ြ႕လ်ားႏိုင္စြမ္းရွိၿပီး ပုံမွန္အားျဖင့္ ခံႏိုင္ရည္စြမ္းေကာင္းတဲ့ အားကစားသမားပါ။ သူက မာတီနယ္လီနဲ႔ ႐ိုဒရီဂိုတို႔ေလာက္ေတာ့ မျမန္ပါဘူး။ သူက ရစ္ခ်ာလီဆန္လိုမ်ိဳး ႀကံ့ခိုင္တဲ့အားကစားသမားမ်ိဳးမဟုတ္ပါဘူး။ သူတို႔ေတြက တစ္ဦးခ်င္းစီ သြင္ျပင္လကၡဏာေတြရွိၾကေပမယ့္ သူပိုင္ဆိုင္ထားတာက အရမ္းကို ေ႐ြ႕လ်ားႏိုင္စြမ္းရွိၿပီး ခံႏိုင္ရည္ျမင့္မားမႈပါ”

“ကြၽန္ေတာ္တို႔ သူ႔ရဲ႕ ျပန္လည္ကုစားမႈနဲ႔ပတ္သက္ၿပီး ဖရက္ဒ္ကို အမ်ားႀကီး ဂ႐ုစိုက္ခဲ့ရပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက ပြဲစဥ္အတြင္းမွာ သူ႔ရဲ႕ ျမင့္မားတဲ့လုပ္အားႏႈန္းေၾကာင့္ ကိုယ္အေလးခ်ိန္ေတြက်ေနလို႔ပါ။သူက ပြဲအၿပီးမွာ ကြၽန္ေတာ္တို႔ ေရဓာတ္ျပန္ျဖည့္ေပးရတဲ့ အဓိကကစားသမားေတြထဲက တစ္ဦးပါ။ ေနာက္ပြဲအတြက္ ေကာင္းေကာင္း ျပန္လည္ေကာင္းမြန္လာဖို႔အတြက္ ကစီဓာတ္မ်ားမ်ား တိုးေကြၽးရတဲ့ကစားသမားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.