International Match Report World Cup

စပိန်ကိုပါ ဝုန်းခဲ့သလို ဥရောပအသင်းတွေကိုမှ ရွေးဖြုတ်ပြီး အုပ်စုဗိုလ်နဲ့တက်တဲ့ ဂျပန်

ဂျပန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဂွန်ဒါ၊ ခံစစ်မှာ ယိုရှီဒါ၊ အီတာကူရာ၊ တာနီဂူချီတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ မိုရီတာ၊ တာနာကား၊ အီတို၊ နာဂါတိုမိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကာမာဒါ၊ ကူဘိုနဲ့ မာအဲဒါတို့ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းကတော့ ဂိုးသမား အူနိုင်း ဆီမွန်၊ ခံစစ်မှာ ရိုဒရီ၊ ပေါ်တောရက်စ်၊ အက်ဇ်ပီလီကွေတာနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ပက်ဒရီနဲ့ ဂါဗီတို့ ဘာစီလိုနာကွင်းလယ်ကို တွဲပေးခဲ့သလို တိုက်စစ်မှာတော့ နီကို ဝီလီယမ်စ်၊ ဒါနီ အိုလ်မိုနဲ့ မိုရာတာတို့ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲစတာနဲ့ စပိန်တို့ ဘောလုံးကိုင်ကစားခဲ့ပြီး ကစားသမားတွေ ဘယ်သူပြောင်းပြောင်း ကစားဟန်ကို မပြောင်းအောင် ထိန်းသိမ်းထားနိုင်ခဲ့တဲ့ အနီရောင်တွေအနေနဲ့ ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့သလို တစ်ပွဲလုံးမှာ ဘောလုံးပိုင်ဆိုင်မှု ၈၃ ရာခိုင်နှုန်းအထိ ရရှိခဲ့ချိန်မှာ ဂျပန်တို့ကတော့ ကောင်တာနဲ့ ပြန်ကစားဖို့ပဲ ခံစစ်ကို အားပြုသွားခဲ့ကြပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ စပိန်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဆက်တိုက်ဆိုသလို တောင်ပံတွေကနေ တိုက်စစ်ဆင်နေတဲ့ ဒဏ်ကို ဂျပန်တွေ အာရုံ စူးစိုက်ပြီး မခုခံနိုင်တော့ချိန်မှာ ညာခြမ်းက အက်ဇ်ပီလီကွေတာရဲ့ ဖြတ်တင်ဘောကို ပြိုင်ဘက်နောက်ခံလူနှစ်ယောက်ကြားထဲကနေ ခွာထွက်သွားခဲ့တဲ့ မိုရာတာက အနီးကပ် ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် ဂိုးသမား ဘာမှ မတတ်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

ပထမပိုင်းကို စပိန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာ နည်းပြ လူးဝစ် အန်ရီကေက နောက်ခံလူ အက်ဇ်ပီလီကွေတာအစား ကာဗာဟယ်လ်ကို လူစားထည့်သွင်းခဲ့သလို ဂျပန်တို့ဘက်ကတော့ ကူဘိုနဲ့ နာဂါတိုမိုတို့အစား ဒိုအန်နဲ့ မီတိုမာတို့ကို ထည့်သွင်းပြီး တိုက်စစ်ပိုင်းကို ပြန်လည်ပြင်ဆင်လာခဲ့ပါတယ်။

ပွဲချိန် ၄၈ မိနစ်မှာတော့ ဂျပန်တို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ စပိန်နောက်ခံလူ အဲလက်စ် ဘာလ်ဒီဆီကနေ ခေါင်းတိုက်ပြီး လုယူနိုင်ခဲ့တဲ့ တောင်ပံသမား အီတိုကြောင့် ပြန်ထွက်လာတဲ့ ဘောလုံးကို လူစားဝင်ကစားသမား ဒိုအန်က ဝင်ဖျက်ဖို့ ကြိုးစားတဲ့ ပက်ဒရီကို တစ်ချက်ခေါက်ပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား အူနိုင်း ဆီမွန် ပုတ်ထုတ်ခဲ့ပေမယ့် ဂိုးထဲ ဝင်သွားခဲ့လို့ သရေပြန်ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၁ မိနစ်မှာ ဂျပန်တို့ပဲ နောက်ထပ်တစ်ဂိုး ရယူသွားခဲ့ပြီး ပြန်လည်ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းက ထိုးဖောက်လာခဲ့တဲ့ ဒိုအန်ရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို ဘယ်သူမှ မထိလိုက်ဘဲ လွတ်သွားခဲ့တာကို ဘယ်ခြမ်းက လိုက်လံရယူခဲ့တဲ့ မီတိုမာက လျှောထိုးပြီး ပြန်ပေးတဲ့ Cut Back ကို ကွင်းလယ်လူ တာနာကားက ဖျက်ဖို့ ကြိုးစားတဲ့ ရိုဒရီထက်အရင် ပြေးပိတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးအတွက် ဂျပန်တောင်ပံသမား မီတိုမာ ဖြတ်မတင်ခင်မှာ ဘောလုံးက ဂိုးစည်းကို လွန်သွားခဲ့တယ်လို့ သတ်မှတ်ခဲ့ပေမယ့် VAR ပြန်ကြည့်အပြီးမှာတော့ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့လို့ စပိန်တို့တွေ ရင်ခံခဲ့ရပြီး နောက်က ပြန်လိုက်ကစားခဲ့ရသလို နီကို ဝီလီယမ်စ်နဲ့ မိုရာတာတို့အစား ဖယ်ရန် တောရက်စ်နဲ့ အဆန်စီယိုတို့ကို ထည့်ပြီး တိုက်စစ်ထပ်မြှင့်ခဲ့တာပါ။

ဂျပန်တို့ကတော့ ယုံကြည်မှု မြင့်မြင့်မားမားနဲ့ ကစားသွားခဲ့ကြပြီး တိုက်စစ်မှာ မာအဲဒါအစား အာဆာနိုကို ထပ်ထည့်ခဲ့သလို စပိန်တို့ကတော့ အလုပ်မဖြစ်တဲ့ အဲလက်စ် ဘာလ်ဒီနဲ့ ဂါဗီတို့အစား ဂျော်ဒီ အယ်လ်ဘာနဲ့ အန်ဆူ ဖာတီတို့ကို ထည့်သွင်းခဲ့ပေမယ့် ခြေစွမ်းမကောင်းတဲ့ ကာမာဒါကို ဂျပန်တို့ တိုမီယာစုနဲ့ လဲပြီး ပွဲကို စီမံသွားခဲ့တာဖြစ်ပါတယ်။

စပိန်တို့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် ဂျပန်တို့ရဲ့ ကောင်တာတွေကိုလည်း ကြောက်ခဲ့ရပြီး ၁၂ ကြိမ် ကန်ရာမှာ ဂိုးပေါက် ၅ ကြိမ်တည့်ခဲ့တဲ့အထဲက လူစားဝင်ကစားသမား အဆန်စီယိုနဲ့ အိုလ်မိုတို့က ပွဲချိန်မိနစ် ၉၀ မှာ ဂျပန်ဂိုးသမားကို သွေးတိုးစမ်းနိုင်ခဲ့ကြပေမယ့် အဲ့ဒီလို မကန်ခင်မှာ နောက်ဆုံး ဂိုးပေါက်တည့်ခဲ့တာက ပွဲချိန် ၂၃ မိနစ်ကဖြစ်လို့ ကြားထဲမှာ အန်ရီကေရဲ့လူတွေ အိပ်ပျော်နေကြသလားလို့ မေးစရာလည်းဖြစ်ခဲ့တာပါ။

နာကျင်အချိန်ပို ၇ မိနစ်အထိ သတ်မှတ်ပေးခဲ့အပြီးမှာတော့ စပိန်တို့ ချေပဂိုး ပြန်မသွင်းနိုင်တော့လို့ ဂျပန်တို့က ပွဲကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်သွားခဲ့ချိန်မှာ စပိန်တို့ကတော့ တတိယနေရာက ဂျာမနီတို့နဲ့ ရမှတ် ၄ မှတ်ချင်းတူပြီး ဂိုးကွာခြားချက်အသာနဲ့ ဒုတိယနေရာက အုပ်စုကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ပန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဂြန္ဒါ၊ ခံစစ္မွာ ယိုရွီဒါ၊ အီတာကူရာ၊ တာနီဂူခ်ီတို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ မိုရီတာ၊ တာနာကား၊ အီတို၊ နာဂါတိုမိုတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ကာမာဒါ၊ ကူဘိုနဲ႔ မာအဲဒါတို႔ကို အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

စပိန္အသင္းကေတာ့ ဂိုးသမား အူႏိုင္း ဆီမြန္၊ ခံစစ္မွာ ႐ိုဒရီ၊ ေပၚေတာရက္စ္၊ အက္ဇ္ပီလီေကြတာနဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ပက္ဒရီနဲ႔ ဂါဗီတို႔ ဘာစီလိုနာကြင္းလယ္ကို တြဲေပးခဲ့သလို တိုက္စစ္မွာေတာ့ နီကို ဝီလီယမ္စ္၊ ဒါနီ အိုလ္မိုနဲ႔ မိုရာတာတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲစတာနဲ႔ စပိန္တို႔ ေဘာလုံးကိုင္ကစားခဲ့ၿပီး ကစားသမားေတြ ဘယ္သူေျပာင္းေျပာင္း ကစားဟန္ကို မေျပာင္းေအာင္ ထိန္းသိမ္းထားႏိုင္ခဲ့တဲ့ အနီေရာင္ေတြအေနနဲ႔ ပြဲကို အေကာင္းဆုံး စတင္ႏိုင္ခဲ့သလို တစ္ပြဲလုံးမွာ ေဘာလုံးပိုင္ဆိုင္မႈ ၈၃ ရာခိုင္ႏႈန္းအထိ ရရွိခဲ့ခ်ိန္မွာ ဂ်ပန္တို႔ကေတာ့ ေကာင္တာနဲ႔ ျပန္ကစားဖို႔ပဲ ခံစစ္ကို အားျပဳသြားခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာ စပိန္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဆက္တိုက္ဆိုသလို ေတာင္ပံေတြကေန တိုက္စစ္ဆင္ေနတဲ့ ဒဏ္ကို ဂ်ပန္ေတြ အာ႐ုံ စူးစိုက္ၿပီး မခုခံႏိုင္ေတာ့ခ်ိန္မွာ ညာျခမ္းက အက္ဇ္ပီလီေကြတာရဲ႕ ျဖတ္တင္ေဘာကို ၿပိဳင္ဘက္ေနာက္ခံလူႏွစ္ေယာက္ၾကားထဲကေန ခြာထြက္သြားခဲ့တဲ့ မိုရာတာက အနီးကပ္ ေခါင္းတိုက္သြင္းယူခဲ့တာေၾကာင့္ ဂိုးသမား ဘာမွ မတတ္ႏိုင္ဘဲ ျဖစ္ခဲ့ရတာပါ။

ပထမပိုင္းကို စပိန္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာ နည္းျပ လူးဝစ္ အန္ရီေကက ေနာက္ခံလူ အက္ဇ္ပီလီေကြတာအစား ကာဗာဟယ္လ္ကို လူစားထည့္သြင္းခဲ့သလို ဂ်ပန္တို႔ဘက္ကေတာ့ ကူဘိုနဲ႔ နာဂါတိုမိုတို႔အစား ဒိုအန္နဲ႔ မီတိုမာတို႔ကို ထည့္သြင္းၿပီး တိုက္စစ္ပိုင္းကို ျပန္လည္ျပင္ဆင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ဂ်ပန္တို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ စပိန္ေနာက္ခံလူ အဲလက္စ္ ဘာလ္ဒီဆီကေန ေခါင္းတိုက္ၿပီး လုယူႏိုင္ခဲ့တဲ့ ေတာင္ပံသမား အီတိုေၾကာင့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို လူစားဝင္ကစားသမား ဒိုအန္က ဝင္ဖ်က္ဖို႔ ႀကိဳးစားတဲ့ ပက္ဒရီကို တစ္ခ်က္ေခါက္ၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား အူႏိုင္း ဆီမြန္ ပုတ္ထုတ္ခဲ့ေပမယ့္ ဂိုးထဲ ဝင္သြားခဲ့လို႔ သေရျပန္ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၁ မိနစ္မွာ ဂ်ပန္တို႔ပဲ ေနာက္ထပ္တစ္ဂိုး ရယူသြားခဲ့ၿပီး ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းက ထိုးေဖာက္လာခဲ့တဲ့ ဒိုအန္ရဲ႕ အနိမ့္ေဘာ ျဖတ္တင္မႈကို ဘယ္သူမွ မထိလိုက္ဘဲ လြတ္သြားခဲ့တာကို ဘယ္ျခမ္းက လိုက္လံရယူခဲ့တဲ့ မီတိုမာက ေလွ်ာထိုးၿပီး ျပန္ေပးတဲ့ Cut Back ကို ကြင္းလယ္လူ တာနာကားက ဖ်က္ဖို႔ ႀကိဳးစားတဲ့ ႐ိုဒရီထက္အရင္ ေျပးပိတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးအတြက္ ဂ်ပန္ေတာင္ပံသမား မီတိုမာ ျဖတ္မတင္ခင္မွာ ေဘာလုံးက ဂိုးစည္းကို လြန္သြားခဲ့တယ္လို႔ သတ္မွတ္ခဲ့ေပမယ့္ VAR ျပန္ၾကည့္အၿပီးမွာေတာ့ ဂိုးအျဖစ္ သတ္မွတ္ေပးခဲ့လို႔ စပိန္တို႔ေတြ ရင္ခံခဲ့ရၿပီး ေနာက္က ျပန္လိုက္ကစားခဲ့ရသလို နီကို ဝီလီယမ္စ္နဲ႔ မိုရာတာတို႔အစား ဖယ္ရန္ ေတာရက္စ္နဲ႔ အဆန္စီယိုတို႔ကို ထည့္ၿပီး တိုက္စစ္ထပ္ျမႇင့္ခဲ့တာပါ။

ဂ်ပန္တို႔ကေတာ့ ယုံၾကည္မႈ ျမင့္ျမင့္မားမားနဲ႔ ကစားသြားခဲ့ၾကၿပီး တိုက္စစ္မွာ မာအဲဒါအစား အာဆာႏိုကို ထပ္ထည့္ခဲ့သလို စပိန္တို႔ကေတာ့ အလုပ္မျဖစ္တဲ့ အဲလက္စ္ ဘာလ္ဒီနဲ႔ ဂါဗီတို႔အစား ေဂ်ာ္ဒီ အယ္လ္ဘာနဲ႔ အန္ဆူ ဖာတီတို႔ကို ထည့္သြင္းခဲ့ေပမယ့္ ေျခစြမ္းမေကာင္းတဲ့ ကာမာဒါကို ဂ်ပန္တို႔ တိုမီယာစုနဲ႔ လဲၿပီး ပြဲကို စီမံသြားခဲ့တာျဖစ္ပါတယ္။

စပိန္တို႔ ေဘာလုံးကိုင္ကစားခဲ့ေပမယ့္ ဂ်ပန္တို႔ရဲ႕ ေကာင္တာေတြကိုလည္း ေၾကာက္ခဲ့ရၿပီး ၁၂ ႀကိမ္ ကန္ရာမွာ ဂိုးေပါက္ ၅ ႀကိမ္တည့္ခဲ့တဲ့အထဲက လူစားဝင္ကစားသမား အဆန္စီယိုနဲ႔ အိုလ္မိုတို႔က ပြဲခ်ိန္မိနစ္ ၉၀ မွာ ဂ်ပန္ဂိုးသမားကို ေသြးတိုးစမ္းႏိုင္ခဲ့ၾကေပမယ့္ အဲ့ဒီလို မကန္ခင္မွာ ေနာက္ဆုံး ဂိုးေပါက္တည့္ခဲ့တာက ပြဲခ်ိန္ ၂၃ မိနစ္ကျဖစ္လို႔ ၾကားထဲမွာ အန္ရီေကရဲ႕လူေတြ အိပ္ေပ်ာ္ေနၾကသလားလို႔ ေမးစရာလည္းျဖစ္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၇ မိနစ္အထိ သတ္မွတ္ေပးခဲ့အၿပီးမွာေတာ့ စပိန္တို႔ ေခ်ပဂိုး ျပန္မသြင္းႏိုင္ေတာ့လို႔ ဂ်ပန္တို႔က ပြဲကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ရႈံးထြက္အဆင့္ကို အုပ္စုဗိုလ္အျဖစ္နဲ႔ တက္ေရာက္သြားခဲ့ခ်ိန္မွာ စပိန္တို႔ကေတာ့ တတိယေနရာက ဂ်ာမနီတို႔နဲ႔ ရမွတ္ ၄ မွတ္ခ်င္းတူၿပီး ဂိုးကြာျခားခ်က္အသာနဲ႔ ဒုတိယေနရာက အုပ္စုကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.