International Match Report World Cup

ကနေဒါကို အနိုင်ယူပြီး ဆရာကြီးတွေရဲ့ အုပ်စုမှာ ထိပ်ဆုံးက ဗိုလ်လုပ်တဲ့ မော်ရိုကို

မော်ရိုကိုအသင်းအနေနဲ့ ဂိုးသမား ဘိုနို၊ ခံစစ်မှာ ဆိုက်စ်၊ အာဂွါဒ်၊ ဟာကီမီနဲ့ မာဇရာဝီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အမ်မရာဘတ်၊ အူနာဟီနဲ့ ဆာဘီရီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဇီးယက်ရှ်၊ ဘူဖယ်လ်နဲ့ အန်နက်ဆီရီတို့ကို တင်ကစားလာခဲ့ကြတာဖြစ်ပါတယ်။

ကနေဒါတို့ကတော့ ဂိုးသမား ဘော်ယန်၊ ခံစစ်မှာ ဗစ်တိုးရီးယား၊ မီးလား၊ အဒီကူဘီနဲ့ ဂျွန်စတန်တို့ကို ပွဲထုတ်လာခဲ့သလို ကွင်းလယ်မှာတော့ ကာယေး၊ အိုဆော်ရီယို၊ ဘူချာနန်နဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဟွိုင်းလက်နဲ့ လာရင်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက မော်ရိုကိုတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကနေဒါခံစစ် ဖိအားပေးခံရတာကနေ နောက်တန်းက ဗစ်တိုးရီးယားနဲ့ ဂိုးသမား ဘော်ယန်တို့ နှစ်ကြိမ်ဆက်တိုက် လူပေးမှားခဲ့ကြပြီး ပျက်တဲ့ ဘောလုံးကို ဇီးယက်ရှ်က ဧရိယာအပြင် ခပ်လှမ်းလှမ်းကနေ တိုက်ရိုက်ကန်ထည့်နိုင်ခဲ့လို့ စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒေးဗီးစ်ကို ညာခြမ်းမှာ ထားပြီး Inverted Winger အဖြစ် ထိုးဖောက်စေခဲ့တဲ့ ကနေဒါတို့အနေနဲ့ မော်ရိုကိုခံစစ်ရဲ့ ပိတ်ဆို့ကြောင့် ထင်သလိုတော့ ကစားခွင့် မရခဲ့ဘဲ ဖိအားဝင်ခဲ့ချိန်မှာ ကြမ်းတမ်းတဲ့ ကစားပုံကိုပဲ ပြသနေခဲ့သလို ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ဟွိုင်းလက်က တော်တော်လေး ရုပ်ပျက်တဲ့ ကတ်ကြေးနဲ့ ညှပ်သလို ဖျက်ထုတ်မှုကို လုပ်ဆောင်ခဲ့ပေမယ့် အဝါကတ်နဲ့ပဲ ဒိုင်လူကြီးက သက်ညှာသွားခဲ့တာပါ။

ပွဲချိန် ၂၃ မိနစ်မှာ မော်ရိုကိုတို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဟာကီမီ ကန်တင်ပေးခဲ့ရာမှာ ကနေဒါနောက်ခံလူနှစ်ယောက်ကြားကနေ ဘောလုံးကို ပြေးထွက်ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး အန်နက်ဆီရီက ညာဘက်တိုင်ခြေကို အနိမ့်ဘော အပြင်းကန်သွင်းပြီး ဂိုးသမား ဘော်ယန်ကို ငုတ်တုတ်မေ့စေခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာ ကနေဒါခံစစ်က ကလေးအဆင့်မှာသာ ရှိနေခဲ့သလို ကွင်းလယ်က ကစားသမားတွေရဲ့ ဖျက်ထုတ်ပုံတွေကလည်း ကြမ်းတမ်းလွန်းခဲ့ပြီး အနီပြလို့ ရတဲ့အထိ ပြင်းထန်ခဲ့သလို ဘရာဇီးလ်ဒိုင် ရာဖေးလ် ကလော့စ်အနေနဲ့ သဘောကောင်းလွန်းလို့သာ အဝါကတ်လောက်နဲ့ ကွင်းထဲမှာ ဆက်နေခွင့် ရခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရတာပါ။

ပွဲချိန် မိနစ် ၄၀ မှာတော့ ကနေဒါတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ နောက်ခံလူ အဒီကူဘီက ခံစစ်က ဝင်ဖျက်တဲ့ ဟာကီမီကို ကျော်ဖြတ်ပြီးမှ ဂိုးရှေ့ကို ချိုးပေးခဲ့တဲ့ ဘောလုံးကို မော်ရိုကို ဗဟိုခံစစ်မှူး အာဂွါဒ်က တားဆီးခဲ့ရာမှာ ဂိုးထဲတည့်တည့် ဝင်သွားခဲ့လို့ ဂိုးသမား ဘိုနို မကာကွယ်နိုင်လိုက်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာ အန်နက်ဆီရီရဲ့ နောက်ထပ်သွင်းဂိုးတစ်ဂိုးကို လူကျွံနေတယ်ဆိုပြီး ပယ်ဖျက်ခဲ့ပြန်တာကြောင့် ပထမပိုင်းကို မော်ရိုကိုတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ကနေဒါတို့က ပိုပြီး ဖိကစားနိုင်ခဲ့ပေမယ့် နှစ်သင်းစလုံးရဲ့ ဂိုးရှေ့က အခွင့်အရေးတွေကို ဂိုးပေါက် တည့်မှုအဖြစ် ပြောင်းလဲနိုင်စွမ်းကတော့ နိမ့်ကျနေခဲ့ကြတာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ ကနေဒါတို့ရဲ့ ဖရီးကစ်က ခေါင်းတိုက်ချက်က ဘားထိထွက်ခဲ့ပြီး နောက်ကနေ လိုက်လာခဲ့တဲ့ ကစားသမားတွေကလည်း ထပ်ပိတ်ဖို့ မလုပ်နိုင်ခဲ့တာကြောင့် မော်ရိုကိုတို့ သက်သာသွားခဲ့ရသလို ဂိုးသမား ဘိုနိုတစ်ယောက် တော်တော်လေး ထိတ်လန့်ခဲ့ရပေမယ့် ကံကောင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မော်ရိုကိုတို့က ကနေဒါတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူသွားနိုင်ခဲ့ကြပြီး ဆရာကြီးတွေ ပါဝင်နေတဲ့ အုပ်စု(F)မှာ နှစ်ပွဲနိုင် တစ်ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြသလို ကနေဒါတို့ကတော့ အုပ်စုတွင်းမှာ သုံးပွဲစလုံး ရှုံးပြီး အိမ်ပြန်မလှ ဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေမာ္႐ိုကိုအသင္းအေနနဲ႔ ဂိုးသမား ဘိုႏို၊ ခံစစ္မွာ ဆိုက္စ္၊ အာဂြါဒ္၊ ဟာကီမီနဲ႔ မာဇရာဝီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အမ္မရာဘတ္၊ အူနာဟီနဲ႔ ဆာဘီရီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဇီးယက္ရွ္၊ ဘူဖယ္လ္နဲ႔ အန္နက္ဆီရီတို႔ကို တင္ကစားလာခဲ့ၾကတာျဖစ္ပါတယ္။

ကေနဒါတို႔ကေတာ့ ဂိုးသမား ေဘာ္ယန္၊ ခံစစ္မွာ ဗစ္တိုးရီးယား၊ မီးလား၊ အဒီကူဘီနဲ႔ ဂြၽန္စတန္တို႔ကို ပြဲထုတ္လာခဲ့သလို ကြင္းလယ္မွာေတာ့ ကာေယး၊ အိုေဆာ္ရီယို၊ ဘူခ်ာနန္နဲ႔ အယ္လ္ဖြန္ဆို ေဒးဗီးစ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟြိဳင္းလက္နဲ႔ လာရင္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက ေမာ္႐ိုကိုတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကေနဒါခံစစ္ ဖိအားေပးခံရတာကေန ေနာက္တန္းက ဗစ္တိုးရီးယားနဲ႔ ဂိုးသမား ေဘာ္ယန္တို႔ ႏွစ္ႀကိမ္ဆက္တိုက္ လူေပးမွားခဲ့ၾကၿပီး ပ်က္တဲ့ ေဘာလုံးကို ဇီးယက္ရွ္က ဧရိယာအျပင္ ခပ္လွမ္းလွမ္းကေန တိုက္႐ိုက္ကန္ထည့္ႏိုင္ခဲ့လို႔ စတင္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဒးဗီးစ္ကို ညာျခမ္းမွာ ထားၿပီး Inverted Winger အျဖစ္ ထိုးေဖာက္ေစခဲ့တဲ့ ကေနဒါတို႔အေနနဲ႔ ေမာ္႐ိုကိုခံစစ္ရဲ႕ ပိတ္ဆို႔ေၾကာင့္ ထင္သလိုေတာ့ ကစားခြင့္ မရခဲ့ဘဲ ဖိအားဝင္ခဲ့ခ်ိန္မွာ ၾကမ္းတမ္းတဲ့ ကစားပုံကိုပဲ ျပသေနခဲ့သလို ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း ဟြိဳင္းလက္က ေတာ္ေတာ္ေလး ႐ုပ္ပ်က္တဲ့ ကတ္ေၾကးနဲ႔ ညႇပ္သလို ဖ်က္ထုတ္မႈကို လုပ္ေဆာင္ခဲ့ေပမယ့္ အဝါကတ္နဲ႔ပဲ ဒိုင္လူႀကီးက သက္ညႇာသြားခဲ့တာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာ ေမာ္႐ိုကိုတို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဟာကီမီ ကန္တင္ေပးခဲ့ရာမွာ ကေနဒါေနာက္ခံလူႏွစ္ေယာက္ၾကားကေန ေဘာလုံးကို ေျပးထြက္ရယူႏိုင္ခဲ့တဲ့ တိုက္စစ္မႉး အန္နက္ဆီရီက ညာဘက္တိုင္ေျခကို အနိမ့္ေဘာ အျပင္းကန္သြင္းၿပီး ဂိုးသမား ေဘာ္ယန္ကို ငုတ္တုတ္ေမ့ေစခဲ့တာျဖစ္ပါတယ္။

ဒီေန႔မွာ ကေနဒါခံစစ္က ကေလးအဆင့္မွာသာ ရွိေနခဲ့သလို ကြင္းလယ္က ကစားသမားေတြရဲ႕ ဖ်က္ထုတ္ပုံေတြကလည္း ၾကမ္းတမ္းလြန္းခဲ့ၿပီး အနီျပလို႔ ရတဲ့အထိ ျပင္းထန္ခဲ့သလို ဘရာဇီးလ္ဒိုင္ ရာေဖးလ္ ကေလာ့စ္အေနနဲ႔ သေဘာေကာင္းလြန္းလို႔သာ အဝါကတ္ေလာက္နဲ႔ ကြင္းထဲမွာ ဆက္ေနခြင့္ ရခဲ့ၾကတာကိုလည္း ေတြ႕ျမင္ခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ကေနဒါတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေနာက္ခံလူ အဒီကူဘီက ခံစစ္က ဝင္ဖ်က္တဲ့ ဟာကီမီကို ေက်ာ္ျဖတ္ၿပီးမွ ဂိုးေရွ႕ကို ခ်ိဳးေပးခဲ့တဲ့ ေဘာလုံးကို ေမာ္႐ိုကို ဗဟိုခံစစ္မႉး အာဂြါဒ္က တားဆီးခဲ့ရာမွာ ဂိုးထဲတည့္တည့္ ဝင္သြားခဲ့လို႔ ဂိုးသမား ဘိုႏို မကာကြယ္ႏိုင္လိုက္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာ အန္နက္ဆီရီရဲ႕ ေနာက္ထပ္သြင္းဂိုးတစ္ဂိုးကို လူကြၽံေနတယ္ဆိုၿပီး ပယ္ဖ်က္ခဲ့ျပန္တာေၾကာင့္ ပထမပိုင္းကို ေမာ္႐ိုကိုတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ကေနဒါတို႔က ပိုၿပီး ဖိကစားႏိုင္ခဲ့ေပမယ့္ ႏွစ္သင္းစလုံးရဲ႕ ဂိုးေရွ႕က အခြင့္အေရးေတြကို ဂိုးေပါက္ တည့္မႈအျဖစ္ ေျပာင္းလဲႏိုင္စြမ္းကေတာ့ နိမ့္က်ေနခဲ့ၾကတာပါ။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ကေနဒါတို႔ရဲ႕ ဖရီးကစ္က ေခါင္းတိုက္ခ်က္က ဘားထိထြက္ခဲ့ၿပီး ေနာက္ကေန လိုက္လာခဲ့တဲ့ ကစားသမားေတြကလည္း ထပ္ပိတ္ဖို႔ မလုပ္ႏိုင္ခဲ့တာေၾကာင့္ ေမာ္႐ိုကိုတို႔ သက္သာသြားခဲ့ရသလို ဂိုးသမား ဘိုႏိုတစ္ေယာက္ ေတာ္ေတာ္ေလး ထိတ္လန႔္ခဲ့ရေပမယ့္ ကံေကာင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေမာ္႐ိုကိုတို႔က ကေနဒါတို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူသြားႏိုင္ခဲ့ၾကၿပီး ဆရာႀကီးေတြ ပါဝင္ေနတဲ့ အုပ္စု(F)မွာ ႏွစ္ပြဲႏိုင္ တစ္ပြဲသေရ၊ ရမွတ္ ၇ မွတ္နဲ႔ ရႈံးထြက္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၾကသလို ကေနဒါတို႔ကေတာ့ အုပ္စုတြင္းမွာ သုံးပြဲစလုံး ရႈံးၿပီး အိမ္ျပန္မလွ ျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.