International World Cup

မာရာဒိုနာတော့ သူ့စံချိန်ကို ချိုးလိုက်လို့ အရမ်းပျော်နေမှာပဲလို့ ပြောခဲ့တဲ့ မက်ဆီ

ဒီယေဂို မာရာဒိုနာဟာ ဟိုးအရင်ကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အာဂျင်တီးနားရဲ့ လူပြောအများဆုံး ကစားသမားဖြစ်ခဲ့ပေမယ့် အဲဒီ ဂုဏ်ပုဒ်ဟာ လက်ရှိမှာတော့ လီယွန်နယ် မက်ဆီနဲ့ သက်ဆိုင်သွားပြီဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းအတွက် ပွဲအများဆုံး ပါဝင်ကစားပေးထားတဲ့ စံချိန်သစ် တင်နိုင်ခဲ့ပြီးနောက် ဒီယေဂို မာရာဒိုနာအနေနဲ့ ပျော်ရွှင်နေလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ ပိုလန်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး အာဂျင်တီးနားအသင်းကို ၁၆ သင်းရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်နိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ပိုလန်အသင်းနဲ့ပွဲစဉ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ၂၂ ပွဲမြောက် ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင် မာရာဒိုနာထက် တစ်ပွဲပိုမို များပြားသွားခဲ့တာ ဖြစ်ပါတယ်။

“အရင်တုန်းက ဒီစံချိန်နဲ့ပတ်သက်ပြီး ကျွန်တော် သိပဲ သိခဲ့တာပါ။ ဒီလိုစံချိန်မျိုးတွေကို ဆက်လက် ရရှိနိုင်မှာက စိတ်ကျေနပ်စရာပါ။ ဒီယေဂိုက ကျွန်တော့်အတွက် အလွန်အမင်းပျော်ရွှင်နေမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကို အမြဲတမ်း ချစ်ခြင်းတရားတွေ အများကြီးပြသခဲ့လို့ပါ။ သူက ကျွန်တော့်အတွက် ကောင်းမွန်တဲ့အရာတွေ ဖြစ်လာတဲ့အချိန်တိုင်း အမြဲတမ်း ပျော်ရွှင်နေခဲ့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ မာရာဒိုနာရဲ့ နောက်ထပ်စံချိန်တစ်ခုကို ချိုးဖျက်နိုင်တဲ့ အခွင့်အရေး ရှိနေပြီး အာဂျင်တီးနားဂန္တဝင် တိုက်စစ်မှူးကြီးဟာ ကမ္ဘာ့ဖလားမှာ အခွင့်အရေး ဖန်တီးမှု ၆၃ ကြိမ်အထိ စံချိန်တင်ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပိုလန်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့်လည်း ဆော်ဒီ အာရေဗျကို ၂-၁ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ အုပ်စုအဖွင့်ပွဲနဲ့ မက္ကဆီကိုအသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ပိုလန်နဲ့ပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းမှု ၇ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက အိုက်စလန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲနောက်ပိုင်း(၁၁ ကြိမ်) အာဂျင်တီးနားအတွက် ဂိုးမသွင်းယူနိုင်ဘဲ ဂိုးကန်သွင်းမှု အများဆုံး ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီေယဂို မာရာဒိုနာဟာ ဟိုးအရင္ကတည္းက ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ အာဂ်င္တီးနားရဲ႕ လူေျပာအမ်ားဆုံး ကစားသမားျဖစ္ခဲ့ေပမယ့္ အဲဒီ ဂုဏ္ပုဒ္ဟာ လက္ရွိမွာေတာ့ လီယြန္နယ္ မက္ဆီနဲ႔ သက္ဆိုင္သြားၿပီျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက ကမာၻ႔ဖလားမွာ အာဂ်င္တီးနားအသင္းအတြက္ ပြဲအမ်ားဆုံး ပါဝင္ကစားေပးထားတဲ့ စံခ်ိန္သစ္ တင္ႏိုင္ခဲ့ၿပီးေနာက္ ဒီေယဂို မာရာဒိုနာအေနနဲ႔ ေပ်ာ္႐ႊင္ေနလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ပိုလန္ကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ဗုဒၶဟူးေန႔ညပြဲစဥ္မွာ ပြဲခ်ိန္ျပည့္ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး အာဂ်င္တီးနားအသင္းကို ၁၆ သင္းရႈံးထြက္အဆင့္ကို အုပ္စုဗိုလ္အျဖစ္ တက္ေရာက္ႏိုင္ေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ပိုလန္အသင္းနဲ႔ပြဲစဥ္ကို ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းအတြက္ ၂၂ ပြဲေျမာက္ ပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားဂႏၲဝင္ မာရာဒိုနာထက္ တစ္ပြဲပိုမို မ်ားျပားသြားခဲ့တာ ျဖစ္ပါတယ္။

“အရင္တုန္းက ဒီစံခ်ိန္နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ သိပဲ သိခဲ့တာပါ။ ဒီလိုစံခ်ိန္မ်ိဳးေတြကို ဆက္လက္ ရရွိႏိုင္မွာက စိတ္ေက်နပ္စရာပါ။ ဒီေယဂိုက ကြၽန္ေတာ့္အတြက္ အလြန္အမင္းေပ်ာ္႐ႊင္ေနမယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူက ကြၽန္ေတာ့္ကို အၿမဲတမ္း ခ်စ္ျခင္းတရားေတြ အမ်ားႀကီးျပသခဲ့လို႔ပါ။ သူက ကြၽန္ေတာ့္အတြက္ ေကာင္းမြန္တဲ့အရာေတြ ျဖစ္လာတဲ့အခ်ိန္တိုင္း အၿမဲတမ္း ေပ်ာ္႐ႊင္ေနခဲ့လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ မာရာဒိုနာရဲ႕ ေနာက္ထပ္စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္ႏိုင္တဲ့ အခြင့္အေရး ရွိေနၿပီး အာဂ်င္တီးနားဂႏၲဝင္ တိုက္စစ္မႉးႀကီးဟာ ကမာၻ႔ဖလားမွာ အခြင့္အေရး ဖန္တီးမႈ ၆၃ ႀကိမ္အထိ စံခ်ိန္တင္ဖန္တီးႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ပိုလန္နဲ႔ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိေပမယ့္လည္း ေဆာ္ဒီ အာေရဗ်ကို ၂-၁ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တဲ့ အုပ္စုအဖြင့္ပြဲနဲ႔ မကၠဆီကိုအသင္းကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ သြင္းဂိုးေတြ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ပိုလန္နဲ႔ပြဲစဥ္မွာ ဂိုးေပါက္ကန္သြင္းမႈ ၇ ႀကိမ္အထိ ျပဳလုပ္ခဲ့ၿပီး ၂၀၁၈ ကမာၻ႔ဖလားတုန္းက အိုက္စလန္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲေနာက္ပိုင္း(၁၁ ႀကိမ္) အာဂ်င္တီးနားအတြက္ ဂိုးမသြင္းယူႏိုင္ဘဲ ဂိုးကန္သြင္းမႈ အမ်ားဆုံး ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.