International Match Report World Cup

ခရိုအေးရှားကို သရေသာရခဲ့လို့ ဆရာကြီးတွေနဲ့ အိမ်ပြန်ခဲ့ရတဲ့ ဘယ်လ်ဂျီယမ်

ဘယ်လ်ဂျီယမ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အယ်လ်ဒါဗီရယ်လ်၊ ဗာတွန်ဂန်၊ မူနီယေးနဲ့ ကက်စတာညာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒန်ဒွန့်ကာနဲ့ ဝစ်ဆယ်လ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဒီဘရိုင်းနား၊ ကာရက်စ်ကို၊ မာတန်းစ်နဲ့ ထရော့ဆတ်တို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားအသင်းကတော့ ဂိုးသမား လီဗာကိုဗစ်ချ်၊ ခံစစ်မှာ လိုဗရန်၊ ဂွါဒီယောလ်၊ ယူရာနိုဗစ်ချ်နဲ့ ဆိုဆာတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ ဘရိုဇိုဗစ်ချ်နဲ့ ကိုဗာချစ်ချ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ပါရီရှစ်ချ်၊ လီဗာယာနဲ့ ကရာမာရစ်ချ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲစတာနဲ့ ဘယ်လ်ဂျီယမ်တို့ သူတို့စတိုင်အတိုင်း ဘောလုံးကိုင်ကစားဖို့ ကြိုးစားပေမယ့် ခရိုအေးရှားရဲ့ ဂျွတ်ထနေတဲ့ ဂျိုးကြီးတွေဖြစ်တဲ့ မိုဒရစ်ချ်၊ ဘရိုဇိုဗစ်ချ်နဲ့ ကိုဗာချစ်ချ်တို့ရဲ့ ကွင်းလယ်ကို အသာစီးမရနိုင်ဘဲ ရုန်းကန်ခဲ့ရသလို တိုက်စစ်ကစားရမယ့် ပွဲမျိုးမှာ အထောင်မပါဘဲ ဝစ်ဆယ်လ်နဲ့ ဒန်ဒွန့်ကာတို့ကို ကွင်းလယ်အဖျက် နှစ်ယောက်ထား ကစားတဲ့ ရောဘတ်တို မာတီနက်ဇ်ရဲ့ ဗျူဟာကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ ကရာမာရစ်ချ်ကို ဘောလုံးမထိဘဲ တက်နင်းတဲ့ ကာရက်စ်ကိုကြောင့် ခရိုအေးရှားတို့ ပင်နယ်တီရခဲ့ပေမယ့် ဒီမတိုင်ခင်မှာ ဖရီးကစ်ကနေ ပြေးထွက်ပြီး တိုက်စစ်ဆင်တဲ့ နောက်ခံလူ လိုဗရန်က ပိစိညှောက်တောက်လေး စောနေတာကြောင့် လူကျွံတယ်ဆိုပြီး ပယ်ဖျက်ခံခဲ့ရသလို ကမ္ဘာ့ဖလားရဲ့ ဟာသများစွာထဲမှာ တစ်ခုထပ်တိုးလာခဲ့ရတာပါ။

ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးရှေ့မှာ တောင်ကန်မြောက်ကန်လုပ်ပြီး ဂိုးမရှိသရေကျနေခဲ့ကြသလို ဒုတိယပိုင်းအစမှာတော့ ဘယ်လ်ဂျီယမ်ဘက်က မာတန်းစ်အစား လူကာကူးကို ထည့်ကစားလာခဲ့ပြီး ဂိုးရဖို့ ကြိုးစားလာခဲ့ပေမယ့် တိုက်စစ်ကို ပို့သမျှ ဖန်တီးမှုတွေကို ခရိုအေးရှားတို့က အလစ်မပေးဘဲ ရှင်းထုတ်သွားနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာ လူကာကူးရဲ့ ခေါင်းတိုက်ချက်က ပျော့လွန်းလို့ ဂိုးသမား လီဗာကိုဗစ်ချ် အသာအယာပဲ ဖမ်းသွားခဲ့သလို တစ်မိနစ်အကြာမှာ ကိုဗာချစ်ရဲ့ ဧရိယာအတွင်းက ကန်ချက်ကို ဒီနေ့မှာ ဘယ်လ်ဂျီယမ်နဲ့ ပွဲတစ်ရာပြည့်တဲ့ ကူတွာက ပုတ်ထုတ်ခဲ့အပြီးမှာ ဘရိုဇိုဗစ်ချ်နဲ့ မိုဒရစ်ချ်တို့ရဲ့ ကန်ချက်တွေကိုလည်း ကာကွယ်ခဲ့ရသလို ခရိုအေးရှားတို့က ဒုတိယပိုင်းအစမှာ ပိုကောင်းနေခဲ့တာပါ။

ဒီနောက်မှာတော့ ဘယ်လ်ဂျီယမ်တို့က ထရော့ဆတ်အစား သော်ဂန် ဟာဇတ်ကို ထည့်သွင်းခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာတော့ တန်ပြန်တိုက်စစ်က ဒီဘရိုင်းနား ဖန်တီးပေးတာကို ကာရက်စ်ကို ကန်ရာမှာ ခံစစ်က ကာကွယ်သွားနိုင်ခဲ့သလို ဒီကနေ ထွက်လာခဲ့တာကို လူကာကူးက ပိတ်သွင်းခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာကြောင့် ခရိုအေးရှားတို့ သက်သာသွားခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ လူကာကူးပဲ ထပ်လွဲနေခဲ့ပြီး ခရိုအေးရှားတို့ဘက်က လီဗာယာ၊ ကရာမာရစ်ချ်နဲ့ ကိုဗာချစ်ချ်တို့အစား ပက်ကိုဗစ်ချ်၊ ပါရှာလစ်ချ်နဲ့ မေယာတို့ကို ထည့်သွင်းပြီး ကွင်းလယ်မှာ ထိန်းကစားသွားခဲ့သလို ဘယ်လ်ဂျီယမ်တို့ကတော့ ကာရက်စ်ကို၊ ဒန်ဒွန့်ကာနဲ့ မူနီယေးတို့အစား ဒိုကူး၊ တီးလီးမန်းစ်နဲ့ အီဒင် ဟာဇတ်တို့ကို ထည့်ပြီး အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် အတိုင်အဖောက်မညီတဲ့ အသင်းအတွက်တော့ ခက်ခဲခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယမ်တို့ ဂိုးမရှိသရေ ရလဒ်ပဲ ထွက်ပေါ်သွားခဲ့သလို ဒီပွဲရလဒ်ကြောင့် ခရိုအေးရှားတို့ တစ်ပွဲနိုင် နှစ်ပွဲသရေ၊ ရမှတ် ၅ မှတ်နဲ့ အုပ်စု(F)ရဲ့ ဒုတိယအဖြစ် နောက်တစ်ဆင့် တက်သွားနိုင်ခဲ့ကြချိန်မှာ ဘယ်လ်ဂျီယမ်တို့ကတော့ လူအိုတွေနဲ့ ခံစစ်အားသန် နည်းပြရဲ့ အားနည်းမှုတွေကြောင့် တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး၊ ရမှတ် ၄ မှတ်နဲ့ တတိယနေရာက အိမ်ပြန်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ခရိုအေးရှားအသင်းကတော့ ဂိုးသမား လီဗာကိုဗစ်ခ်ျ၊ ခံစစ်မှာ လိုဗရန်၊ ဂွါဒီယောလ်၊ ယူရာနိုဗစ်ခ်ျနဲ့ ဆိုဆာတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ မိုဒရစ်ခ်ျ၊ ဘရိုဇိုဗစ်ခ်ျနဲ့ ကိုဗာချစ်ခ်ျတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ပါရီရှစ်ခ်ျ၊ လီဗာယာနဲ့ ကရာမာရစ်ခ်ျတို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲစတာနဲ့ ဘယ်လ်ဂျီယမ်တို့ သူတို့စတိုင်အတိုင်း ဘောလုံးကိုင်ကစားဖို့ ကြိုးစားပေမယ့် ခရိုအေးရှားရဲ့ ဂျွတ်ထနေတဲ့ ဂျိုးကြီးတွေဖြစ်တဲ့ မိုဒရစ်ခ်ျ၊ ဘရိုဇိုဗစ်ခ်ျနဲ့ ကိုဗာချစ်ခ်ျတို့ရဲ့ ကွင်းလယ်ကို အသာစီးမရနိုင်ဘဲ ရုန်းကန်ခဲ့ရသလို တိုက်စစ်ကစားရမယ့် ပွဲမျိုးမှာ အထောင်မပါဘဲ ဝစ်ဆယ်လ်နဲ့ ဒန်ဒွန့်ကာတို့ကို ကွင်းလယ်အဖျက် နှစ်ယောက်ထား ကစားတဲ့ ရောဘတ်တို မာတီနက်ဇ်ရဲ့ ဗျူဟာကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ ကရာမာရစ်ခ်ျကို ဘောလုံးမထိဘဲ တက်နင်းတဲ့ ကာရက်စ်ကိုကြောင့် ခရိုအေးရှားတို့ ပင်နယ်တီရခဲ့ပေမယ့် ဒီမတိုင်ခင်မှာ ဖရီးကစ်ကနေ ပြေးထွက်ပြီး တိုက်စစ်ဆင်တဲ့ နောက်ခံလူ လိုဗရန်က ပိစိညှောက်တောက်လေး စောနေတာကြောင့် လူကျွံတယ်ဆိုပြီး ပယ်ဖျက်ခံခဲ့ရသလို ကမ္ဘာ့ဖလားရဲ့ ဟာသများစွာထဲမှာ တစ်ခုထပ်တိုးလာခဲ့ရတာပါ။


ပွဲချိန် ၄၉ မိနစ်မှာ လူကာကူးရဲ့ ခေါင်းတိုက်ချက်က ပျော့လွန်းလို့ ဂိုးသမား လီဗာကိုဗစ်ခ်ျ အသာအယာပဲ ဖမ်းသွားခဲ့သလို တစ်မိနစ်အကြာမှာ ကိုဗာချစ်ရဲ့ ဧရိယာအတွင်းက ကန်ချက်ကို ဒီနေ့မှာ ဘယ်လ်ဂျီယမ်နဲ့ ပွဲတစ်ရာပြည့်တဲ့ ကူတွာက ပုတ်ထုတ်ခဲ့အပြီးမှာ ဘရိုဇိုဗစ်ခ်ျနဲ့ မိုဒရစ်ခ်ျတို့ရဲ့ ကန်ချက်တွေကိုလည်း ကာကွယ်ခဲ့ရသလို ခရိုအေးရှားတို့က ဒုတိယပိုင်းအစမှာ ပိုကောင်းနေခဲ့တာပါ။


လက်ကျန်ပွဲချိန်တွေမှာတော့ လူကာကူးပဲ ထပ်လွဲနေခဲ့ပြီး ခရိုအေးရှားတို့ဘက်က လီဗာယာ၊ ကရာမာရစ်ခ်ျနဲ့ ကိုဗာချစ်ခ်ျတို့အစား ပက်ကိုဗစ်ခ်ျ၊ ပါရှာလစ်ခ်ျနဲ့ မေယာတို့ကို ထည့်သွင်းပြီး ကွင်းလယ်မှာ ထိန်းကစားသွားခဲ့သလို ဘယ်လ်ဂျီယမ်တို့ကတော့ ကာရက်စ်ကို၊ ဒန်ဒွန့်ကာနဲ့ မူနီယေးတို့အစား ဒိုကူး၊ တီးလီးမန်းစ်နဲ့ အီဒင် ဟာဇတ်တို့ကို ထည့်ပြီး အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် အတိုင်အဖောက်မညီတဲ့ အသင်းအတွက်တော့ ခက်ခဲခဲ့တာပါ။


REF: INTERNET SOURCES
SPORTS A2Z.