International Match Report World Cup

အကောင်းဆုံးဆု မလိုချင်တဲ့ ဒီဘရိုင်းနားရဲ့ ဘယ်လ်ဂျီယမ်ကို တီးလိုက်တဲ့ မော်ရိုကို

ဘယ်လ်ဂျီယမ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အယ်လ်ဒါဗီရယ်လ်၊ ဗာတွန်ဂန်၊ မူနီယေးနဲ့ ကက်စတာညာတို့ကို 4 Back ပုံစံ ပြန်ပြောင်းခဲ့ပြီး ကွင်းလယ်မှာတော့ ဝစ်ဆယ်လ်၊ အိုနာနာ၊ ဒီဘရိုင်းနား၊ အီဒင် ဟာဇတ်၊ သော်ဂန် ဟာဇတ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘက်ရွှာယီတစ်ယောက်တည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

မော်ရိုကိုတို့ကတော့ ဂိုးသမား မိုဟာမက်ဒီ၊ ခံစစ်မှ အာဂွါဒ်၊ ဆိုက်စ်၊ ဟာကီမီနဲ့ မာဇရာဝီတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ အာမာလား၊ အမ်မရာဘက်နဲ့ အူနာဟီတို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဘူဖယ်လ်၊ ဇီးယက်ရှ်နဲ့ အန်နက်ဆီရီတို့ကို ပွဲထုတ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ပွဲမှာကတည်းက ဘောလုံးကိုင်ပြီး ဘာမှ အလုပ်မဖြစ်ဘဲ ရိုးရှင်းလွန်းနေတဲ့ ပုံစံကို ဒီနေ့မှာ ၃-၄-၃ အစား ၄-၅-၁ ပြောင်းကစားရုံနဲ့တော့ ဘယ်လ်ဂျီယမ်နည်းပြ ရောဘတ်တို မာတီနက်ဇ်အနေနဲ့ ထူးထူးခြားခြား မပြောင်းလဲနိုင်ခဲ့ဘဲ ခံစစ်ပိတ်ကစားပြီး ထောင့်ကန်ဘောတွေ ရက်ရက်ရောရော ပေးခဲ့တဲ့ မော်ရိုကို,ကို ထိတ်လန့်အောင်တော့ မခြိမ်းခြောက်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

အရွယ်ကောင်းတွေ များတဲ့ မော်ရိုကိုတို့အနေနဲ့ ဒီဘရိုင်းနားတောင် ၃၁ ကျော်လာပြီး အဘိုးကြီးတွေ များလာတဲ့ ဘယ်လ်ဂျီယမ်ကို ရုန်းအားချင်း ပြိုင်ချိန်မှာ ထိထိရောက်ရောက် ဖိအားပေးနိုင်ခဲ့ကြပြီး သရဲနီတွေရဲ့ အဓိက ခံစစ်ကစားသမားတွေဖြစ်ကြတဲ့ ဝစ်ဆယ်လ်၊ ဗာတွန်ဂန်နဲ့ အယ်ဒါဗီရယ်လ်တို့ သုံးဦးကို ဟာကီမီတို့အဖွဲ့က အမြန်နှုန်းနဲ့ ရိုက်စားလုပ်ဖို့ ကြံစည်နေခဲ့တာပါ။

လူကာကူး မပါတဲ့ တိုက်စစ်မှာ ဘက်ရွှာယီကတော့ ပျောက်ဆုံးနေခဲ့ပြီး ဟာဇတ်တို့ ညီအစ်ကိုနှစ်ကောင်နဲ့ ဒီဘရိုင်းနားတို့က အစေးမကပ်ဘဲ ဖြစ်နေခဲ့သလို နာကျင်အချိန်ပိုမှာ ဇီးယက်ရှ်ရဲ့ ဖရီးကစ်ကို ကူတွာ မဖမ်းနိုင်ဘဲ ဂိုးထဲ ဝင်သွားခဲ့ပေမယ့် အထာမနပ်တဲ့ မော်ရိုကိုသား နှစ်ယောက်က လူကျွံအနေအထားကနေ ဂိုးသမားမြင်ကွင်းကို နှောင့်ယှက်မိလို့ VAR နဲ့ ဂိုးပယ်ဖျက်ခံရပြီး ပထမပိုင်းကိုတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ရတာပါ။

ဒုတိယပိုင်းမှာလည်း ဘယ်လ်ဂျီယမ်တို့ ဂိုးဝင်နိုင်ခြေနည်းတဲ့ နေရာတွေကပဲ ခြိမ်းခြောက်နေခဲ့ပြီး တည်ကန်ဘောတွေကိုတော့ အသုံးမချနိုင်ဘဲ ရှိခဲ့ချိန်မှာ မော်ရိုကိုဘက်က ဘယ်တောင်ပံသမား ဘူဖယ်လ်က အဝေးတိုင်ကို ဝိုက်ကန်တဲ့ တစ်လုံးကမှ ဂိုးရဖို့ ပိုနီးစပ်ခဲ့တာကြောင့် နည်းပြ မာတီနက်ဇ်အနေနဲ့ အိုနာနာနဲ့ အီဒင် ဟာဇတ်တို့အစား တီးလီးမန်းစ်နဲ့ မာတန်းစ်တို့ကို လူစားပြောင်းလဲလာခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၇၃ မိနစ်မှာတော့ မော်ရိုကိုတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ဘက် ထောင့်ကန်အလံတိုင်နဲ့ မနီးမဝေးမှာ ရတဲ့ ဖရီးကစ်ကို လူစားဝင် ကွင်းလယ်လူ ဆာဘရီက တိုက်ရိုက်ကန်သွင်းခဲ့ရာမှာ ပြေးပိတ်ဖို့ ကြိုးစားတဲ့ ဆိုက်စ်နဲ့ မထိလိုက်ဘဲ ဂိုးထဲ ဝင်သွားခဲ့ပြီး ဒီတစ်ခါမှာတော့ လူကျွံဘောမဖြစ်တာကြောင့် ဘယ်လ်ဂျီယမ်တို့ နောက်က လိုက်ကစားခဲ့ရတာပါ။

အလုပ်မဖြစ်တဲ့ တိုက်စစ်ကို ပြောင်းလဲဖို့အတွက် သော်ဂန် ဟာဇတ်၊ ဘက်ရွှာယီနဲ့ မူနီယေးတို့အစား ထရော့ဆတ်၊ ဒီကက်တယ်လာရေးနဲ့ လူကာကူးတို့ကို ထည့်သွင်းပြီး ၃-၄-၃ ပြောင်းကစားခဲ့ပေမယ့် မော်ရိုကိုတို့ရဲ့ ပါးနပ်တဲ့ ကွင်းလယ်နဲ့ ခံစစ်ကြောင်းကို သက်ကြီးကစားသမားတွေ များနေတဲ့ ဘယ်လ်ဂျီယမ်တို့ ကျော်ဖြတ်ဖို့ ခက်ခဲနေခဲ့ပြီး မိနစ် ၉၀ ပြည့်ချိန်မှာတော့ နာကျင်အချိန်ပို ၆ မိနစ် ဆက်ကစားခဲ့ရပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဂိုးလိုချင်တဲ့ ဘယ်လ်ဂျီယမ်တို့ ဂိုးမရဘဲ မော်ရိုကိုတို့ကပဲ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဂိုးသမားကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဖရိုဖရဲဖြစ်နေတဲ့ ခံစစ်က ဗာတွန်ဂန်၊ ဝစ်ဆယ်လ်နဲ့ ကက်စတာညာတို့ကြားထဲက ရယူသွားခဲ့တဲ့ ဇီးယက်ရှ်က ညာခြမ်းကို ဆွဲထွက်ပြီး ပြန်ချိုးပေးတာကို အလယ်မှာ ရှိနေတဲ့ တိုက်စစ်မှူး အဘူခါလာလ်က ကူတွာ မဖမ်းနိုင်အောင် ပိတ်သွင်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဂလယ်အူကြောင် ဘက်ရွှာယီနဲ့ အဘိုးကြီးအများစုကို အားကိုးမိမှားခဲ့တဲ့ ဘယ်လ်ဂျီယမ်တို့ကို စုဖွဲ့မှုနဲ့ ကစားအား ကောင်းကောင်းကို ပြသနိုင်ခဲ့တဲ့ မော်ရိုကိုတို့က နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ကြပြီး အုပ်စု(F)မှာ နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေ၊ ရမှတ် ၄ မှတ်နဲ့ အံ့အားသင့်ဖွယ်ရာ ဦးဆောင်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘယ္လ္ဂ်ီယမ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ အယ္လ္ဒါဗီရယ္လ္၊ ဗာတြန္ဂန္၊ မူနီေယးနဲ႔ ကက္စတာညာတို႔ကို 4 Back ပုံစံ ျပန္ေျပာင္းခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဝစ္ဆယ္လ္၊ အိုနာနာ၊ ဒီဘ႐ိုင္းနား၊ အီဒင္ ဟာဇတ္၊ ေသာ္ဂန္ ဟာဇတ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဘက္႐ႊာယီတစ္ေယာက္တည္းကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ေမာ္႐ိုကိုတို႔ကေတာ့ ဂိုးသမား မိုဟာမက္ဒီ၊ ခံစစ္မွ အာဂြါဒ္၊ ဆိုက္စ္၊ ဟာကီမီနဲ႔ မာဇရာဝီတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ အာမာလား၊ အမ္မရာဘက္နဲ႔ အူနာဟီတို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဘူဖယ္လ္၊ ဇီးယက္ရွ္နဲ႔ အန္နက္ဆီရီတို႔ကို ပြဲထုတ္လာခဲ့တာပါ။

ၿပီးခဲ့တဲ့ ပြဲမွာကတည္းက ေဘာလုံးကိုင္ၿပီး ဘာမွ အလုပ္မျဖစ္ဘဲ ႐ိုးရွင္းလြန္းေနတဲ့ ပုံစံကို ဒီေန႔မွာ ၃-၄-၃ အစား ၄-၅-၁ ေျပာင္းကစား႐ုံနဲ႔ေတာ့ ဘယ္လ္ဂ်ီယမ္နည္းျပ ေရာဘတ္တို မာတီနက္ဇ္အေနနဲ႔ ထူးထူးျခားျခား မေျပာင္းလဲႏိုင္ခဲ့ဘဲ ခံစစ္ပိတ္ကစားၿပီး ေထာင့္ကန္ေဘာေတြ ရက္ရက္ေရာေရာ ေပးခဲ့တဲ့ ေမာ္႐ိုကို,ကို ထိတ္လန႔္ေအာင္ေတာ့ မၿခိမ္းေျခာက္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

အ႐ြယ္ေကာင္းေတြ မ်ားတဲ့ ေမာ္႐ိုကိုတို႔အေနနဲ႔ ဒီဘ႐ိုင္းနားေတာင္ ၃၁ ေက်ာ္လာၿပီး အဘိုးႀကီးေတြ မ်ားလာတဲ့ ဘယ္လ္ဂ်ီယမ္ကို ႐ုန္းအားခ်င္း ၿပိဳင္ခ်ိန္မွာ ထိထိေရာက္ေရာက္ ဖိအားေပးႏိုင္ခဲ့ၾကၿပီး သရဲနီေတြရဲ႕ အဓိက ခံစစ္ကစားသမားေတြျဖစ္ၾကတဲ့ ဝစ္ဆယ္လ္၊ ဗာတြန္ဂန္နဲ႔ အယ္ဒါဗီရယ္လ္တို႔ သုံးဦးကို ဟာကီမီတို႔အဖြဲ႕က အျမန္ႏႈန္းနဲ႔ ႐ိုက္စားလုပ္ဖို႔ ႀကံစည္ေနခဲ့တာပါ။

လူကာကူး မပါတဲ့ တိုက္စစ္မွာ ဘက္႐ႊာယီကေတာ့ ေပ်ာက္ဆုံးေနခဲ့ၿပီး ဟာဇတ္တို႔ ညီအစ္ကိုႏွစ္ေကာင္နဲ႔ ဒီဘ႐ိုင္းနားတို႔က အေစးမကပ္ဘဲ ျဖစ္ေနခဲ့သလို နာက်င္အခ်ိန္ပိုမွာ ဇီးယက္ရွ္ရဲ႕ ဖရီးကစ္ကို ကူတြာ မဖမ္းႏိုင္ဘဲ ဂိုးထဲ ဝင္သြားခဲ့ေပမယ့္ အထာမနပ္တဲ့ ေမာ္႐ိုကိုသား ႏွစ္ေယာက္က လူကြၽံအေနအထားကေန ဂိုးသမားျမင္ကြင္းကို ေႏွာင့္ယွက္မိလို႔ VAR နဲ႔ ဂိုးပယ္ဖ်က္ခံရၿပီး ပထမပိုင္းကိုေတာ့ ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့ရတာပါ။

ဒုတိယပိုင္းမွာလည္း ဘယ္လ္ဂ်ီယမ္တို႔ ဂိုးဝင္ႏိုင္ေျခနည္းတဲ့ ေနရာေတြကပဲ ၿခိမ္းေျခာက္ေနခဲ့ၿပီး တည္ကန္ေဘာေတြကိုေတာ့ အသုံးမခ်ႏိုင္ဘဲ ရွိခဲ့ခ်ိန္မွာ ေမာ္႐ိုကိုဘက္က ဘယ္ေတာင္ပံသမား ဘူဖယ္လ္က အေဝးတိုင္ကို ဝိုက္ကန္တဲ့ တစ္လုံးကမွ ဂိုးရဖို႔ ပိုနီးစပ္ခဲ့တာေၾကာင့္ နည္းျပ မာတီနက္ဇ္အေနနဲ႔ အိုနာနာနဲ႔ အီဒင္ ဟာဇတ္တို႔အစား တီးလီးမန္းစ္နဲ႔ မာတန္းစ္တို႔ကို လူစားေျပာင္းလဲလာခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ေမာ္႐ိုကိုတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ဘက္ ေထာင့္ကန္အလံတိုင္နဲ႔ မနီးမေဝးမွာ ရတဲ့ ဖရီးကစ္ကို လူစားဝင္ ကြင္းလယ္လူ ဆာဘရီက တိုက္႐ိုက္ကန္သြင္းခဲ့ရာမွာ ေျပးပိတ္ဖို႔ ႀကိဳးစားတဲ့ ဆိုက္စ္နဲ႔ မထိလိုက္ဘဲ ဂိုးထဲ ဝင္သြားခဲ့ၿပီး ဒီတစ္ခါမွာေတာ့ လူကြၽံေဘာမျဖစ္တာေၾကာင့္ ဘယ္လ္ဂ်ီယမ္တို႔ ေနာက္က လိုက္ကစားခဲ့ရတာပါ။

အလုပ္မျဖစ္တဲ့ တိုက္စစ္ကို ေျပာင္းလဲဖို႔အတြက္ ေသာ္ဂန္ ဟာဇတ္၊ ဘက္႐ႊာယီနဲ႔ မူနီေယးတို႔အစား ထေရာ့ဆတ္၊ ဒီကက္တယ္လာေရးနဲ႔ လူကာကူးတို႔ကို ထည့္သြင္းၿပီး ၃-၄-၃ ေျပာင္းကစားခဲ့ေပမယ့္ ေမာ္႐ိုကိုတို႔ရဲ႕ ပါးနပ္တဲ့ ကြင္းလယ္နဲ႔ ခံစစ္ေၾကာင္းကို သက္ႀကီးကစားသမားေတြ မ်ားေနတဲ့ ဘယ္လ္ဂ်ီယမ္တို႔ ေက်ာ္ျဖတ္ဖို႔ ခက္ခဲေနခဲ့ၿပီး မိနစ္ ၉၀ ျပည့္ခ်ိန္မွာေတာ့ နာက်င္အခ်ိန္ပို ၆ မိနစ္ ဆက္ကစားခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဂိုးလိုခ်င္တဲ့ ဘယ္လ္ဂ်ီယမ္တို႔ ဂိုးမရဘဲ ေမာ္႐ိုကိုတို႔ကပဲ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဂိုးသမားကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဖ႐ိုဖရဲျဖစ္ေနတဲ့ ခံစစ္က ဗာတြန္ဂန္၊ ဝစ္ဆယ္လ္နဲ႔ ကက္စတာညာတို႔ၾကားထဲက ရယူသြားခဲ့တဲ့ ဇီးယက္ရွ္က ညာျခမ္းကို ဆြဲထြက္ၿပီး ျပန္ခ်ိဳးေပးတာကို အလယ္မွာ ရွိေနတဲ့ တိုက္စစ္မႉး အဘူခါလာလ္က ကူတြာ မဖမ္းႏိုင္ေအာင္ ပိတ္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဂလယ္အူေၾကာင္ ဘက္႐ႊာယီနဲ႔ အဘိုးႀကီးအမ်ားစုကို အားကိုးမိမွားခဲ့တဲ့ ဘယ္လ္ဂ်ီယမ္တို႔ကို စုဖြဲ႕မႈနဲ႔ ကစားအား ေကာင္းေကာင္းကို ျပသႏိုင္ခဲ့တဲ့ ေမာ္႐ိုကိုတို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံသြားႏိုင္ခဲ့ၾကၿပီး အုပ္စု(F)မွာ ႏွစ္ပြဲကစား တစ္ပြဲႏိုင္ တစ္ပြဲသေရ၊ ရမွတ္ ၄ မွတ္နဲ႔ အံ့အားသင့္ဖြယ္ရာ ဦးေဆာင္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.