International Match Report World Cup

ဗလင်စီယာကို လျှော့တွက်မိလို့ အီကွေဒေါကို သရေပေးလိုက်ရတဲ့ နယ်သာလန်

နယ်သာလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နော့ပတ်၊ ခံစစ်မှာ ဗန်ဒိုက်၊ တင်မ်ဘာ၊ အာကေတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဖရင်ကီ ဒီယုံး၊ ကူးပ်မိန်နာစ်၊ ဘလင်းဒ်၊ ဒမ်းဖရီးစ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂက်ခ်ပိုနဲ့ ဘာ့ဂ်ဗိုင်းတို့နောက်က ကလာ့စ်ဆန်ကို လိုက်ကစားဖို့ နည်းပြ ဗန်ဟားလ်က စီစဉ်လာခဲ့ပါတယ်။

အီကွေဒေါတို့ကတော့ ဂိုးသမား ဂါလင်ဒက်ဇ်၊ ခံစစ်မှာ တောရက်စ်၊ ပိုရိုဇို၊ ဟင်ကာပီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မန်ဒက်ဇ်၊ ကိုင်စီဒို၊ ပရီစီယာဒို၊ အက်စ်တူပီညန်တို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ ပလာတာ၊ အက်စ်ထရာဒါနဲ့ ဗလင်စီယာတို့ကို ပွဲထုတ်လာခဲ့ကြတာပါ။

နယ်သာလန်နည်းပြ ဗန်ဟားလ်အနေနဲ့ တိုက်စစ်မှာ ဒီပိုင်းကို မသုံးဘဲ ဘာဖြစ်လို့ တောင်ပံသမား ဘာ့ဂ်ဗိုင်းကို အထောင်ထားနေတာလဲလို့ မေးခွန်းထုတ်စရာဖြစ်ခဲ့သလို သူ့ရဲ့ တိုက်စစ်ပိုင်းမှာ ပီအက်စ်ဗီတိုက်စစ်မှူး ဂက်ခ်ပိုကပဲ ညာတောင်ပံကနေ ဘယ်ရော အလယ်ကိုပါ ဖြည့်ကစားနေရပြီး အသင်းကြီးခံစစ်တွေကို ဒီပုံစံနဲ့ ထိုးဖောက်နိုင်ပါ့မလားဆိုတာကတော့ သံသယရှိစရာလည်းဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၆ မိနစ်မှာ နယ်သာလန်တို့ စောစောစီးစီးပဲ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အီကွေဒေါ ခံစစ်အမှားကနေ ကွင်းလယ်လူ ကလာ့စ်ဆန်က ဖြတ်ယူပြီး ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာ စာရွက်ပေါ်မှာ ညာခြမ်းဖြစ်နေပေမယ့် အလယ်ဝင်ကစားနေတဲ့ ဂက်ခ်ပိုက ဘယ်ဘက်ကို ပြေးထွက်ပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဂါလင်ဒက်ဇ် မကာကွယ်နိုင်ခဲ့လို့ ဒတ်ချ်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ဂိုးပေးလိုက်ရအပြီးမှာ အီကွေဒေါတို့အနေနဲ့ တောင်ပံတွေကနေ ဖိအားပေးပြီး ဖြတ်တင်ဘောတွေနဲ့ ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပေမယ့် ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်က အမှားအယွင်းမရှိ ရှင်းထုတ်နိုင်ခဲ့ကြလို့ တိုက်စစ်တွေကို တားဆီးနိုင်ခဲ့ကြသလို ဗလင်စီယာရဲ့ လူကွယ်ပြီး ကန်တဲ့ ကန်ချက်ကိုတော့ နယ်သာလန်ဂိုးသမား နော့ပတ်က ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဂက်ခ်ပိုကလွဲရင် သုံးစားလို့မရတဲ့ ဂလယ်အူကြောင် တိုက်စစ်ကြောင့် နယ်သာလန်တို့ ဘာမှ လောက်လောက်လားလား မလုပ်ပြနိုင်ခဲ့ကြဘဲ နည်းပြ ဗန်ဟားလ်ရဲ့ အသုံးမကျပုံကို တွေ့မြင်ခဲ့ရသလို နာကျင်အချိန်ပိုမှာ အီကွေဒေါတို့ ချေပဂိုးသွင်းခဲ့ပေမယ့် ဂိုးသမားကို လူကျွံနေတဲ့ နောက်ခံလူ ပိုရိုဇိုက ကွယ်မိနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး ပွဲက တစ်ဂိုး-ဂိုးမရှိပဲ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ လက်ဆုပ်လက်ကိုင် ပြစရာ မရှိတဲ့ ရှေ့တန်းအစုအဖွဲ့အတွက် ဘာ့ဂ်ဗိုင်းအစား ဒီပိုင်းကို နယ်သာလန်တို့ ထည့်သွင်းလာခဲ့ပေမယ့် တိုက်စစ်နဲ့ ခံစစ်ကြား ကွင်းလယ်က လုံးဝအသုံးမကျဘဲ ခါးပြတ်သလိုဖြစ်နေခဲ့တာကြောင့် အီကွေဒေါတို့ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ပဲ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာတော့ ရဲရဲရင့်ရင့် ထိုးဖောက်နေခဲ့ကြတဲ့ အီကွေဒေါတို့ ပြန်လည်ချေပသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တင်မ်ဘာရဲ့ အမှားကနေ ကိုင်စီဒိုက လုယူခဲ့ပြီး ဘယ်ခြမ်းက ဘောလုံးပြန်ရသွားတဲ့ အက်စ်တူပီညန် ကန်တာကို ဂိုးသမား နော့ပတ် ပုတ်ထုတ်ခဲ့ရာကနေ ပြန်ထွက်လာတာကို ဗလင်စီယာက ချိန်သားကိုက် ပြေးဝင်ပိတ်သွင်းပြီး လူကျွံဘော တောင်းနေခဲ့တဲ့ နယ်သာလန်တို့ကို ပက်လက်လန်စေခဲ့တာပါ။

ဒီနောက်ပိုင်းမှာလည်း တစ်ချက်ဆို တစ်ချက် ထိထိရောက်ရောက် ထိုးဖောက်နိုင်တဲ့ အီကွေဒေါတို့ကပဲ ရင်ခုန်အောင်လုပ်နိုင်ခဲ့ကြပြီး ပွဲချိန် ၅၉ မိနစ်မှာ ပလာတာရဲ့ ဧရိယာထဲက ဘယ်ခြေကန်ချက်သာ ဘားထိမထွက်ခဲ့ရင် ဗန်ဟားလ်တစ်ယောက် ဒူးနဲ့ မျက်ရည်သုတ်ရဖို့ ရှိခဲ့ပေမယ့် ကံကောင်းခဲ့ပြီး ကလာ့စ်ဆန်၊ ဂက်ခ်ပိုနဲ့ ကူးပ်မိန်နာစ်တို့အစား ဘာ့ဂ်ဟာ့စ်၊ ဗက်ဂ်ဟော့စ်နဲ့ ဒီရွန်းတို့ကို ထပ်ထည့်ခဲ့ပေမယ့် ပွဲကိုတော့ အသာစီး မရခဲ့တာဖြစ်ပါတယ်။

နယ်သာလန်တို့အနေနဲ့ တစ်ပွဲလုံးမှာ ၂ ကြိမ်သာ ကန်ခဲ့ပြီး ၁ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာကတော့ မျက်နှာပျက်စရာဖြစ်ခဲ့ရသလို အီကွေဒေါတို့ကတော့ ဖိကစားပြီး ၁၅ ကြိမ်ကန်ရာမှာ ၄ ကြိမ် ဂိုးပေါက်တည့်ခဲ့သလို ဒီပြိုင်ပွဲမှာ သူတို့ကို အောက်အသင်းလေးပါလို့ လျှော့တွက်ထားခဲ့တဲ့သူတွေကို အံ့အားသင့်စေနိုင်ခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ဗလင်စီယာကတော့ ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကိုပါ ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဥရောပရဲ့ နာမည်ကြီး ထမင်းငတ် နယ်သာလန်တို့ တစ်ဂိုးစီနဲ့ သရေကျနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး တောင်အမေရိကရဲ့ ရဲရင့်တဲ့ အီကွေဒေါတို့ကို တစ်မှတ်ခွဲပေးခဲ့ရသလို အုပ်စု(A)ကိုတော့ ဆက်လက်ဦးဆောင်နိုင်ခဲ့ကြပြီး နောက်ဆုံးပွဲမှာ ကာတာနဲ့ တွေ့မှာဖြစ်လို့ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်နိုင်ဖို့ လမ်းများနေခဲ့ချိန်မှာ အီကွေဒေါတို့ကတော့ ဆီနီဂေါနဲ့ ဒုတိယနေရာကို လုရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယ္သာလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေနာ့ပတ္၊ ခံစစ္မွာ ဗန္ဒိုက္၊ တင္မ္ဘာ၊ အာေကတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖရင္ကီ ဒီယုံး၊ ကူးပ္မိန္နာစ္၊ ဘလင္းဒ္၊ ဒမ္းဖရီးစ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂက္ခ္ပိုနဲ႔ ဘာ့ဂ္ဗိုင္းတို႔ေနာက္က ကလာ့စ္ဆန္ကို လိုက္ကစားဖို႔ နည္းျပ ဗန္ဟားလ္က စီစဥ္လာခဲ့ပါတယ္။

အီေကြေဒါတို႔ကေတာ့ ဂိုးသမား ဂါလင္ဒက္ဇ္၊ ခံစစ္မွာ ေတာရက္စ္၊ ပို႐ိုဇို၊ ဟင္ကာပီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မန္ဒက္ဇ္၊ ကိုင္စီဒို၊ ပရီစီယာဒို၊ အက္စ္တူပီညန္တို႔ကို စုဖြဲ႕ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ပလာတာ၊ အက္စ္ထရာဒါနဲ႔ ဗလင္စီယာတို႔ကို ပြဲထုတ္လာခဲ့ၾကတာပါ။

နယ္သာလန္နည္းျပ ဗန္ဟားလ္အေနနဲ႔ တိုက္စစ္မွာ ဒီပိုင္းကို မသုံးဘဲ ဘာျဖစ္လို႔ ေတာင္ပံသမား ဘာ့ဂ္ဗိုင္းကို အေထာင္ထားေနတာလဲလို႔ ေမးခြန္းထုတ္စရာျဖစ္ခဲ့သလို သူ႔ရဲ႕ တိုက္စစ္ပိုင္းမွာ ပီအက္စ္ဗီတိုက္စစ္မႉး ဂက္ခ္ပိုကပဲ ညာေတာင္ပံကေန ဘယ္ေရာ အလယ္ကိုပါ ျဖည့္ကစားေနရၿပီး အသင္းႀကီးခံစစ္ေတြကို ဒီပုံစံနဲ႔ ထိုးေဖာက္ႏိုင္ပါ့မလားဆိုတာကေတာ့ သံသယရွိစရာလည္းျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာ နယ္သာလန္တို႔ ေစာေစာစီးစီးပဲ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အီေကြေဒါ ခံစစ္အမွားကေန ကြင္းလယ္လူ ကလာ့စ္ဆန္က ျဖတ္ယူၿပီး ဘယ္ျခမ္းကို ခင္းေပးခဲ့ရာမွာ စာ႐ြက္ေပၚမွာ ညာျခမ္းျဖစ္ေနေပမယ့္ အလယ္ဝင္ကစားေနတဲ့ ဂက္ခ္ပိုက ဘယ္ဘက္ကို ေျပးထြက္ၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ဂါလင္ဒက္ဇ္ မကာကြယ္ႏိုင္ခဲ့လို႔ ဒတ္ခ်္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။

ဂိုးေပးလိုက္ရအၿပီးမွာ အီေကြေဒါတို႔အေနနဲ႔ ေတာင္ပံေတြကေန ဖိအားေပးၿပီး ျဖတ္တင္ေဘာေတြနဲ႔ ေခ်ပဂိုးရဖို႔ ႀကိဳးစားလာခဲ့ေပမယ့္ ဗန္ဒိုက္ ဦးေဆာင္တဲ့ ခံစစ္က အမွားအယြင္းမရွိ ရွင္းထုတ္ႏိုင္ခဲ့ၾကလို႔ တိုက္စစ္ေတြကို တားဆီးႏိုင္ခဲ့ၾကသလို ဗလင္စီယာရဲ႕ လူကြယ္ၿပီး ကန္တဲ့ ကန္ခ်က္ကိုေတာ့ နယ္သာလန္ဂိုးသမား ေနာ့ပတ္က ပုတ္ထုတ္ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ဂက္ခ္ပိုကလြဲရင္ သုံးစားလို႔မရတဲ့ ဂလယ္အူေၾကာင္ တိုက္စစ္ေၾကာင့္ နယ္သာလန္တို႔ ဘာမွ ေလာက္ေလာက္လားလား မလုပ္ျပႏိုင္ခဲ့ၾကဘဲ နည္းျပ ဗန္ဟားလ္ရဲ႕ အသုံးမက်ပုံကို ေတြ႕ျမင္ခဲ့ရသလို နာက်င္အခ်ိန္ပိုမွာ အီေကြေဒါတို႔ ေခ်ပဂိုးသြင္းခဲ့ေပမယ့္ ဂိုးသမားကို လူကြၽံေနတဲ့ ေနာက္ခံလူ ပို႐ိုဇိုက ကြယ္မိေနတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရၿပီး ပြဲက တစ္ဂိုး-ဂိုးမရွိပဲ ျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္အစမွာေတာ့ လက္ဆုပ္လက္ကိုင္ ျပစရာ မရွိတဲ့ ေရွ႕တန္းအစုအဖြဲ႕အတြက္ ဘာ့ဂ္ဗိုင္းအစား ဒီပိုင္းကို နယ္သာလန္တို႔ ထည့္သြင္းလာခဲ့ေပမယ့္ တိုက္စစ္နဲ႔ ခံစစ္ၾကား ကြင္းလယ္က လုံးဝအသုံးမက်ဘဲ ခါးျပတ္သလိုျဖစ္ေနခဲ့တာေၾကာင့္ အီေကြေဒါတို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြနဲ႔ပဲ ရင္ဆိုင္ေနခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ရဲရဲရင့္ရင့္ ထိုးေဖာက္ေနခဲ့ၾကတဲ့ အီေကြေဒါတို႔ ျပန္လည္ေခ်ပသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တင္မ္ဘာရဲ႕ အမွားကေန ကိုင္စီဒိုက လုယူခဲ့ၿပီး ဘယ္ျခမ္းက ေဘာလုံးျပန္ရသြားတဲ့ အက္စ္တူပီညန္ ကန္တာကို ဂိုးသမား ေနာ့ပတ္ ပုတ္ထုတ္ခဲ့ရာကေန ျပန္ထြက္လာတာကို ဗလင္စီယာက ခ်ိန္သားကိုက္ ေျပးဝင္ပိတ္သြင္းၿပီး လူကြၽံေဘာ ေတာင္းေနခဲ့တဲ့ နယ္သာလန္တို႔ကို ပက္လက္လန္ေစခဲ့တာပါ။

ဒီေနာက္ပိုင္းမွာလည္း တစ္ခ်က္ဆို တစ္ခ်က္ ထိထိေရာက္ေရာက္ ထိုးေဖာက္ႏိုင္တဲ့ အီေကြေဒါတို႔ကပဲ ရင္ခုန္ေအာင္လုပ္ႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ ၅၉ မိနစ္မွာ ပလာတာရဲ႕ ဧရိယာထဲက ဘယ္ေျခကန္ခ်က္သာ ဘားထိမထြက္ခဲ့ရင္ ဗန္ဟားလ္တစ္ေယာက္ ဒူးနဲ႔ မ်က္ရည္သုတ္ရဖို႔ ရွိခဲ့ေပမယ့္ ကံေကာင္းခဲ့ၿပီး ကလာ့စ္ဆန္၊ ဂက္ခ္ပိုနဲ႔ ကူးပ္မိန္နာစ္တို႔အစား ဘာ့ဂ္ဟာ့စ္၊ ဗက္ဂ္ေဟာ့စ္နဲ႔ ဒီ႐ြန္းတို႔ကို ထပ္ထည့္ခဲ့ေပမယ့္ ပြဲကိုေတာ့ အသာစီး မရခဲ့တာျဖစ္ပါတယ္။

နယ္သာလန္တို႔အေနနဲ႔ တစ္ပြဲလုံးမွာ ၂ ႀကိမ္သာ ကန္ခဲ့ၿပီး ၁ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာကေတာ့ မ်က္ႏွာပ်က္စရာျဖစ္ခဲ့ရသလို အီေကြေဒါတို႔ကေတာ့ ဖိကစားၿပီး ၁၅ ႀကိမ္ကန္ရာမွာ ၄ ႀကိမ္ ဂိုးေပါက္တည့္ခဲ့သလို ဒီၿပိဳင္ပြဲမွာ သူတို႔ကို ေအာက္အသင္းေလးပါလို႔ ေလွ်ာ့တြက္ထားခဲ့တဲ့သူေတြကို အံ့အားသင့္ေစႏိုင္ခဲ့ၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ ဗလင္စီယာကေတာ့ ၿပိဳင္ပြဲရဲ႕ ေ႐ႊဖိနပ္ဆုကိုပါ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဥေရာပရဲ႕ နာမည္ႀကီး ထမင္းငတ္ နယ္သာလန္တို႔ တစ္ဂိုးစီနဲ႔ သေရက်ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ေတာင္အေမရိကရဲ႕ ရဲရင့္တဲ့ အီေကြေဒါတို႔ကို တစ္မွတ္ခြဲေပးခဲ့ရသလို အုပ္စု(A)ကိုေတာ့ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ေနာက္ဆုံးပြဲမွာ ကာတာနဲ႔ ေတြ႕မွာျဖစ္လို႔ အုပ္စုဗိုလ္အျဖစ္ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ လမ္းမ်ားေနခဲ့ခ်ိန္မွာ အီေကြေဒါတို႔ကေတာ့ ဆီနီေဂါနဲ႔ ဒုတိယေနရာကို လုရႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.