International Match Report World Cup

နှစ်သင်းပေါင်း ဂိုးပေါက်တစ်ကြိမ်သာတည့်ပြီး သရေကျခဲ့တဲ့ ဥရုဂွေးနဲ့ တောင်ကိုရီးယား

ဥရုဂွေးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရိုရှတ်၊ ခံစစ်မှာ ဟီမီနက်ဇ်၊ ဂိုဒင်၊ ကာဆာရက်စ်နဲ့ အိုလီဗီယေးရားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ ဘင်တန်ကာ၊ ဗယ်လ်ဗာဒီနဲ့ ဗက်ချီနိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လူးဝစ် ဆွာရက်ဇ်၊ ပယ်လစ္စထရီနဲ့ ဒါဝင် နူးညက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းကတော့ ဂိုးသမား ဂင်ဆောင်းဂျူ၊ ခံစစ်မှာ ဂင်မင်းဂျယ်၊ ဂင်ယောင်ဂဝန်း၊ ဂင်မွန်းဟွမ်နဲ့ ဂင်ဂျင်ဆုတို့ ဂင်မျိုးနွယ်တွေကိုပဲ စုဖွဲ့လာခဲ့သလို ကွင်းလယ်မှာတော့ ဂျောင်ဦးယောင်း၊ ဟွမ်းအင်ဘွမ်၊ နာဆန်းဟို၊ လီဂျယ်ဆောင်းနဲ့ ဆွန်ဟောင်မင်တို့ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာတော့ ဟွမ်းအွီဂျိုတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲစတာနဲ့ ဥရုဂွေးတို့ပဲ ဘောလုံးပိုကိုင်နိုင်ခဲ့ပြီး စတင်ထိုးဖောက်နေခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေကတော့ အားရစရာ မရှိခဲ့သလို တောင်ကိုရီးယားတို့ကတော့ ကောင်တာကစားရတာ ပိုများနေခဲ့ပြီး တောင်အမေရိကသားတွေဘက်က ဗယ်လ်ဗာဒီ ခြေစွမ်းပြခဲ့ပေမယ့် နူးညက်ဇ်ကတော့ ယုံကြည်မှု ပျောက်ဆုံးနေခဲ့သလိုပဲဖြစ်နေခဲ့ပါတယ်။

ဥရုဂွေးတို့ရဲ့ ကွင်းလယ်နဲ့ ဖန်တီးမှုပိုင်းမှာ တာဝန်ရှိသူတချို့တွေရဲ့ ဘောလုံးခင်းကျင်းမှုတွေက မယုံနိုင်လောက်စရာ လွဲချော်မှုများနေခဲ့တာကို တွေ့ခဲ့ရပြီး ပွဲချိန် ၃၄ မိနစ်မှာတော့ တောင်ကိုရီးယားတို့ တိုက်စစ်ဆင်လာရင်း ညာခြမ်းက ချိုးပေးတာကို ဂိုးရှေ့တည့်တည့်မှာ တစ်ယောက်တည်း လွတ်နေခဲ့တဲ့ ဟွမ်းအွီဂျိုက မယုံနိုင်လောက်အောင် ဘားကျော်ကန်ခဲ့လို့ နစ်နာခဲ့ရာတာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ ဗယ်လ်ဗာဒီရဲ့ ထောင့်ကန်ဘောကနေ အသင်းခေါင်းဆောင် နောက်ခံလူ ဂိုဒင်ရဲ့ အလွတ်ခေါင်းတိုက်ချက်က ဘယ်ဘက်တိုင်ခြေနဲ့ ထိထွက်ခဲ့လို့ တောင်ကိုရီးယားတို့ သက်သာခဲ့ရသလို ပထမပိုင်းမှာ ဂိုးမရှိသရေ ရလဒ်ပဲ ထွက်ပေါ်နေခဲ့သလို ဒုတိယပိုင်းမှာတော့ ကိုရီးယားတို့ အပြန်အလှန် ပိုကစားလာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာ ထောင့်ကန်ဘောကနေ ကိုရီးယားတို့ ပင်နယ်တီရနိုင်တဲ့ အခွင့်အရေးကို ဒိုင်လူကြီး ကလေမွန် တာပင်နဲ့ VAR တို့က ပယ်ချသွားခဲ့တာကြောင့် ဥရုဂွေးတို့ ကံကောင်းသွားခဲ့ရပြီး ဘယ်တောင်ပံက ဒါဝင် နူးညက်ဇ်ကတော့ ဆွာရက်ဇ်တို့နဲ့ အတွဲအဖက် မမိဘဲဖြစ်နေခဲ့သလို Final Third မှာ ဆုံးဖြတ်ချက်တွေ မမှန်ဘဲလည်းဖြစ်နေခဲ့တာပါ။

ဒီနောက်မှာတော့ ဥရုဂွေးတို့ဘက်က ဆွာရက်ဇ်၊ ဗက်ချီနို၊ အိုလီဗီယေးရားနဲ့ ပယ်လစ္စထရီတို့အစား ကာဗာနီ၊ ဒီလာခရုဇ်၊ ဗီညာနဲ့ ဗာရီးလားတို့ကို လဲကစားသွားခဲ့ပြီး တောင်ကိုရီးယားတို့ဘက်ကတော့ ဟွမ်းအွီဂျို၊ နာဆန်းဟိုနဲ့ လီဂျယ်ဆောင်းတို့အစား ချိုဂူဆောင်း၊ လီဂန်းအင်းနဲ့ ဆွန်ဂျွန်ဟိုတို့ကို ထည့်သွင်းသွားခဲ့ပေမယ့် နှစ်သင်းလုံးပေါင်းမှ တစ်ပွဲလုံးမှာ ဂိုးပေါက်တစ်ကြိမ်သာ တည့်ခဲ့ကြတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ရဲ့ ထိုးဖောက်မှုတွေကတော့ အလုပ်မဖြစ်ခဲ့ကြချိန်မှာ တန်ပြန်တိုက်စစ်ကနေ တစ်ကိုယ်တော် ရုန်းထွက်ပြီး ကန်သွင်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဗယ်လ်ဗာဒီရဲ့ ကန်ချက်ကလည်း အကောင်းစားကြီးဖြစ်ခဲ့ပြီး ဂိုးသမား ကာကွယ်ဖို့ မလုပ်နိုင်ခဲ့ပေမယ့် တိုင်ထိပြီး ထွက်ခဲ့တာကြောင့် ဥရုဂွေးတို့ နစ်နာခဲ့ရသလို တောင်ကိုရီးယားတို့တော့ သက်ပြင်းချသွားနိုင်ခဲ့တာပါ။

ပွဲပြီးခါနီးမှာ ဥရုဂွေးတို့ ဖိကစားဖို့ လုပ်ခဲ့ပေမယ့် ဆရာကြီးအထာနဲ့ ရေနစ်နေတဲ့ ဒီလာခရုဇ်ရဲ့ ချိတ်ဆက်မှုတွေက အားလုံးကို ပျက်စီးစေခဲ့သလို နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဗာရီလားရဲ့ ဂိုးဖြစ်သွားနိုင်တဲ့ ထိုးစစ်ဆင်မှုကို ရှေ့မှာ တောင်ကိုရီးယားကို အပြစ်လုပ်ထားတဲ့ ဒိုင်လူကြီး တာပင်က အမှားပြင်တဲ့အနေနဲ့ ဖောင်းမဖြစ်ဘဲ ဖောင်းပေးသွားခဲ့လို့ ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်မျိုးကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ တောင်အမေရိက ကိုယ်စားပြု ဥရုဂွေးနဲ့ အာရှကိုယ်စားပြု တောင်ကိုရီးယားတို့ ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်ခဲ့ကြပြီး တစ်မှတ်စီ ခွဲယူခဲ့ကြသလို ဘက်ညီနေတဲ့ အုပ်စု(H)မှာ နောက်တစ်ဆင့်တက်နိုင်ဖို့ကိုတော့ ဆက်လက်ကစားမယ့် ပေါ်တူဂီ၊ ဂါနာတို့နဲ့အတူ ဘယ်လို ရုန်းကန်ကြမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဥ႐ုေဂြးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ႐ိုရွတ္၊ ခံစစ္မွာ ဟီမီနက္ဇ္၊ ဂိုဒင္၊ ကာဆာရက္စ္နဲ႔ အိုလီဗီေယးရားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာ ဘင္တန္ကာ၊ ဗယ္လ္ဗာဒီနဲ႔ ဗက္ခ်ီႏိုတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ လူးဝစ္ ဆြာရက္ဇ္၊ ပယ္လစၥထရီနဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားအသင္းကေတာ့ ဂိုးသမား ဂင္ေဆာင္းဂ်ဴ၊ ခံစစ္မွာ ဂင္မင္းဂ်ယ္၊ ဂင္ေယာင္ဂဝန္း၊ ဂင္မြန္းဟြမ္နဲ႔ ဂင္ဂ်င္ဆုတို႔ ဂင္မ်ိဳးႏြယ္ေတြကိုပဲ စုဖြဲ႕လာခဲ့သလို ကြင္းလယ္မွာေတာ့ ေဂ်ာင္ဦးေယာင္း၊ ဟြမ္းအင္ဘြမ္၊ နာဆန္းဟို၊ လီဂ်ယ္ေဆာင္းနဲ႔ ဆြန္ေဟာင္မင္တို႔ကို ခင္းက်င္းခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟြမ္းအြီဂ်ိဳတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲစတာနဲ႔ ဥ႐ုေဂြးတို႔ပဲ ေဘာလုံးပိုကိုင္ႏိုင္ခဲ့ၿပီး စတင္ထိုးေဖာက္ေနခဲ့ေပမယ့္ အဆုံးသတ္ပိုင္းေတြကေတာ့ အားရစရာ မရွိခဲ့သလို ေတာင္ကိုရီးယားတို႔ကေတာ့ ေကာင္တာကစားရတာ ပိုမ်ားေနခဲ့ၿပီး ေတာင္အေမရိကသားေတြဘက္က ဗယ္လ္ဗာဒီ ေျခစြမ္းျပခဲ့ေပမယ့္ ႏူးညက္ဇ္ကေတာ့ ယုံၾကည္မႈ ေပ်ာက္ဆုံးေနခဲ့သလိုပဲျဖစ္ေနခဲ့ပါတယ္။

ဥ႐ုေဂြးတို႔ရဲ႕ ကြင္းလယ္နဲ႔ ဖန္တီးမႈပိုင္းမွာ တာဝန္ရွိသူတခ်ိဳ႕ေတြရဲ႕ ေဘာလုံးခင္းက်င္းမႈေတြက မယုံႏိုင္ေလာက္စရာ လြဲေခ်ာ္မႈမ်ားေနခဲ့တာကို ေတြ႕ခဲ့ရၿပီး ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ေတာင္ကိုရီးယားတို႔ တိုက္စစ္ဆင္လာရင္း ညာျခမ္းက ခ်ိဳးေပးတာကို ဂိုးေရွ႕တည့္တည့္မွာ တစ္ေယာက္တည္း လြတ္ေနခဲ့တဲ့ ဟြမ္းအြီဂ်ိဳက မယုံႏိုင္ေလာက္ေအာင္ ဘားေက်ာ္ကန္ခဲ့လို႔ နစ္နာခဲ့ရာတာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ဗယ္လ္ဗာဒီရဲ႕ ေထာင့္ကန္ေဘာကေန အသင္းေခါင္းေဆာင္ ေနာက္ခံလူ ဂိုဒင္ရဲ႕ အလြတ္ေခါင္းတိုက္ခ်က္က ဘယ္ဘက္တိုင္ေျခနဲ႔ ထိထြက္ခဲ့လို႔ ေတာင္ကိုရီးယားတို႔ သက္သာခဲ့ရသလို ပထမပိုင္းမွာ ဂိုးမရွိသေရ ရလဒ္ပဲ ထြက္ေပၚေနခဲ့သလို ဒုတိယပိုင္းမွာေတာ့ ကိုရီးယားတို႔ အျပန္အလွန္ ပိုကစားလာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာ ေထာင့္ကန္ေဘာကေန ကိုရီးယားတို႔ ပင္နယ္တီရႏိုင္တဲ့ အခြင့္အေရးကို ဒိုင္လူႀကီး ကေလမြန္ တာပင္နဲ႔ VAR တို႔က ပယ္ခ်သြားခဲ့တာေၾကာင့္ ဥ႐ုေဂြးတို႔ ကံေကာင္းသြားခဲ့ရၿပီး ဘယ္ေတာင္ပံက ဒါဝင္ ႏူးညက္ဇ္ကေတာ့ ဆြာရက္ဇ္တို႔နဲ႔ အတြဲအဖက္ မမိဘဲျဖစ္ေနခဲ့သလို Final Third မွာ ဆုံးျဖတ္ခ်က္ေတြ မမွန္ဘဲလည္းျဖစ္ေနခဲ့တာပါ။

ဒီေနာက္မွာေတာ့ ဥ႐ုေဂြးတို႔ဘက္က ဆြာရက္ဇ္၊ ဗက္ခ်ီႏို၊ အိုလီဗီေယးရားနဲ႔ ပယ္လစၥထရီတို႔အစား ကာဗာနီ၊ ဒီလာခ႐ုဇ္၊ ဗီညာနဲ႔ ဗာရီးလားတို႔ကို လဲကစားသြားခဲ့ၿပီး ေတာင္ကိုရီးယားတို႔ဘက္ကေတာ့ ဟြမ္းအြီဂ်ိဳ၊ နာဆန္းဟိုနဲ႔ လီဂ်ယ္ေဆာင္းတို႔အစား ခ်ိဳဂူေဆာင္း၊ လီဂန္းအင္းနဲ႔ ဆြန္ဂြၽန္ဟိုတို႔ကို ထည့္သြင္းသြားခဲ့ေပမယ့္ ႏွစ္သင္းလုံးေပါင္းမွ တစ္ပြဲလုံးမွာ ဂိုးေပါက္တစ္ႀကိမ္သာ တည့္ခဲ့ၾကတာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ရဲ႕ ထိုးေဖာက္မႈေတြကေတာ့ အလုပ္မျဖစ္ခဲ့ၾကခ်ိန္မွာ တန္ျပန္တိုက္စစ္ကေန တစ္ကိုယ္ေတာ္ ႐ုန္းထြက္ၿပီး ကန္သြင္းခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူ ဗယ္လ္ဗာဒီရဲ႕ ကန္ခ်က္ကလည္း အေကာင္းစားႀကီးျဖစ္ခဲ့ၿပီး ဂိုးသမား ကာကြယ္ဖို႔ မလုပ္ႏိုင္ခဲ့ေပမယ့္ တိုင္ထိၿပီး ထြက္ခဲ့တာေၾကာင့္ ဥ႐ုေဂြးတို႔ နစ္နာခဲ့ရသလို ေတာင္ကိုရီးယားတို႔ေတာ့ သက္ျပင္းခ်သြားႏိုင္ခဲ့တာပါ။

ပြဲၿပီးခါနီးမွာ ဥ႐ုေဂြးတို႔ ဖိကစားဖို႔ လုပ္ခဲ့ေပမယ့္ ဆရာႀကီးအထာနဲ႔ ေရနစ္ေနတဲ့ ဒီလာခ႐ုဇ္ရဲ႕ ခ်ိတ္ဆက္မႈေတြက အားလုံးကို ပ်က္စီးေစခဲ့သလို နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာ ဗာရီလားရဲ႕ ဂိုးျဖစ္သြားႏိုင္တဲ့ ထိုးစစ္ဆင္မႈကို ေရွ႕မွာ ေတာင္ကိုရီးယားကို အျပစ္လုပ္ထားတဲ့ ဒိုင္လူႀကီး တာပင္က အမွားျပင္တဲ့အေနနဲ႔ ေဖာင္းမျဖစ္ဘဲ ေဖာင္းေပးသြားခဲ့လို႔ ရွက္စရာေကာင္းတဲ့ ဆုံးျဖတ္ခ်က္မ်ိဳးကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေတာင္အေမရိက ကိုယ္စားျပဳ ဥ႐ုေဂြးနဲ႔ အာရွကိုယ္စားျပဳ ေတာင္ကိုရီးယားတို႔ ဂိုးမရွိသေရ ရလဒ္သာ ထြက္ေပၚခဲ့ၾကၿပီး တစ္မွတ္စီ ခြဲယူခဲ့ၾကသလို ဘက္ညီေနတဲ့ အုပ္စု(H)မွာ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ကိုေတာ့ ဆက္လက္ကစားမယ့္ ေပၚတူဂီ၊ ဂါနာတို႔နဲ႔အတူ ဘယ္လို ႐ုန္းကန္ၾကမယ္ဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.