International Match Report World Cup

ကြွေတစ်လက် ကြက်တစ်ခုန် တိုက်စစ်အစွမ်းနဲ့ ဂါနာကို အနိုင်ယူခဲ့တဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော့စတာ၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ ဒါနီလို ပါရဲရား၊ ကန်ဆယ်လိုနဲ့ ဂွါရဲရိုးတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရူဘင် နာဗက်စ်၊ အော့တာဗျိုနဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ဂျာအို ဖဲလစ္စနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဂါနာအသင်းကတော့ ဂိုးသမား အတီ-ဇီဂီ၊ ခံစစ်မှာ အမာတေ၊ ဂျီကူး၊ ဆာလီဆူး၊ ဘာဘာ ရာမန်နဲ့ ဆိုင်ဒူးတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ အက်ဘ်ဒူ ဆာမက်နဲ့ ကူဒူးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အွန်ဒရေး အာယူးနဲ့ အီညာကီ ဝီလီယမ်စ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပေါ်တူဂီတို့ရဲ့ ကွင်းလယ်အားကို ကွင်းလယ်ကစားသမားချင်း ယှဉ်တိုက်ရမယ့်အစား ခံစစ် ၅ ယောက်အထိ ထားပြီး ပိတ်ကစားဖို့လုပ်တဲ့ နည်းပြ အော့တို အက်ဒိုရဲ့ ပွဲကို ချဉ်းကပ်မှုက အစကတည်းက မှားယွင်းနေခဲ့သလို ပါတေးနဲ့ တွဲဖက်ရမယ့် ကစားသမား မရှိဘဲ သုံးယောက်တန်းခံစစ် အစွန်တွေနဲ့ ချိတ်ပြီး ကစားကွက် ဖော်နေရတာတွေက ဂါနာတို့အတွက် ကြီးမားတဲ့ အားနည်းချက်ဖြစ်စေခဲ့ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ လူများပြီး ပွဲမစည်ဘဲ တစ်ယောက်နဲ့ တစ်ယောက် အစေးမကပ်သလို ခံစစ်မှာ လူများလေ၊ ကြားထဲက ဖောက်ထွက်နိုင်မယ့် Channel တွေ ပိုများလေဖြစ်နေတဲ့ ဂါနာခံစစ်ကို ရော်နယ်လ်ဒိုက ဖောက်ထွက်ခဲ့ရာမှာ ဂိုးသမား အတီ-ဇီဂီ အထွက်စောလို့သာ သက်သာခဲ့ရပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ တစ်ချက်ထိ ချိတ်ဆက်မှုတွေမှာ ပြိုင်ဘက်ကစားသမားတွေ မျက်စိလည် လမ်းမှားနေခဲ့ကြသေးတာပါ။

ပွဲချိန် ၃၁ မိနစ်မှာ ရော်နယ်လ်ဒို ဂိုးသွင်းခဲ့ပေမယ့် ဂိုးမသွင်းခင်မှာ တစ်ဖက်နောက်ခံလူ ဂျီကူးကို ဘောလုံးလုရင်း တွန်းခဲ့တာကြောင့် ဒိုင်လူကြီးက ပြစ်ဒဏ်ဘော သတ်မှတ်သွားခဲ့လို့ ပေါ်တူဂီတို့ နစ်နာခဲ့ရပြီး ဂါနာခံစစ်ကတော့ ခံစစ်ငါးယောက်တန်းနဲ့ ကွင်းလယ်လူတွေကို လူကျွံထောင်ချောက်ဆင်ဖို့ တစ်ယောက်နဲ့ တစ်ယောက် မထပ်ရအောင် မနည်းဖြန့်နေရတာကလည်း ဒီနေ့အတွက် ဟာသတစ်ခုဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်နေခဲ့ပေမယ့် ပေါ်တူဂီတို့က အဖက်ဖက်ကနေ သာလွန်နေခဲ့သလို ဒုတိယပိုင်းမှာလည်း သူတို့တွေ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ကစားနေခဲ့ပြီး ဂါနာတို့ကတော့ တောင်ပံမှာ ခံစစ်သန် ကစားသမားတွေကိုပါ အကြောက်လွန်ပြီး ထားခဲ့တာကြောင့် ဘောလုံးပြန်ရရင်တောင် ရှေ့မှာ ဘယ်သူမှ မရှိဘဲ တိုက်စစ်ဆင်ဖို့ ခက်နေခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာ ပေါ်တူဂီတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂျာအို ဖဲလစ္စ နောက်ပေါက်နဲ့ ချပေးတာကို ဧရိယာထဲမှာ ရော်နယ်လ်ဒို ရသွားချိန်မှာ ဝင်ဖျက်တဲ့ ဆာလီဆူးက ခြေထောက်ကိုပါ ကန်ခဲ့မိတာကြောင့် လဲကျသွားခဲ့ရာမှာတော့ ပင်နယ်တီရခဲ့ပြီး ဒီအခွင့်အရေးကို ရော်နယ်လ်ဒိုကပဲ သူကိုယ်တိုင် အပြင်းကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ ဂါနာတို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်း Half Space ထဲကို လှလှပပ ခင်းပေးလိုက်တဲ့ ဘာဘာ ရာမန်ရဲ့ ပေးပို့မှုကို ကူဒူးစ်က ပြေးထွက်ရယူပြီး ဂိုးစည်းနားကနေ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ဖျက်ထုတ်ဖို့ ကြိုးစားတဲ့ ဒါနီလို ပါရဲရားရဲ့ ခြေကြားက လွတ်ထွက်သွားခဲ့တာကြောင့် နောက်က ရှိနေတဲ့ အွန်ဒရေး အာယူးက ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ချေပဂိုး ရအပြီးမှာတော့ ဂါနာနည်းပြ အက်ဒိုက သူ့ရဲ့ ဉာဏ်ရည်မမီတဲ့ ပြဿနာကို ချပြခဲ့ပြန်ပြီး ဂိုးသွင်းရှင် အွန်ဒရေး အာယူးနဲ့ ဖန်တီးခဲ့တဲ့ ကူဒူးစ်ကို အတွဲလိုက် လဲထုတ်ပစ်ခဲ့သလို ဂျော်ဒန် အာယူးနဲ့ ဘူကာရီတို့ကို ထည့်သွင်းခဲ့ပြီး ပေါ်တူဂီတို့ဘက်ကတော့ အနိုင်ဂိုးရဖို့အတွက် ကွင်းလယ်က ရူဘင် နာဗက်စ်အစား တောင်ပံသမား ရာဖေးလ် လီယာအိုကို ထည့်သွင်းသွားခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ အက်ဒိုကို ကျေးဇူးတင်ဖို့ ကောင်းတဲ့ ပေါ်တူဂီတို့ ဦးဆောင်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ်က ဂါနာခံစစ်ကြားကနေ ခင်းပေးခဲ့ရာမှာ လူကျွံဘောဖမ်းဖို့ ကြိုးစားတဲ့အထဲက နောက်ခံလူ ဂျီကူးရဲ့ နောက်ကျမှုကြောင့် လူမကျွံခဲ့တဲ့ ဂျာအို ဖဲလစ္စက မလိုအပ်ဘဲ ရှေ့ထွက်ပိတ်ခဲ့တဲ့ ဂိုးသမား အတီ-ဇီဂီဘေးက အသာလေး ချိုးကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် မိနစ် ၈၀ မှာတော့ အနိုင်ရလဒ်ကို ပိုမိုသေချာစေမယ့် တတိယဂိုးကို ပေါ်တူဂီတို့ ထပ်မံရယူသွားခဲ့ပြန်သလို ကွင်းလယ်မှာ ဘာလုပ်မှန်း မသိဘဲ ဘောလုံးပျက်တဲ့ ဂျော်ဒန် အာယူးဆီကနေ ဂျာအို ဖဲလစ္စက လုယူနိုင်ခဲ့တာကတစ်ဆင့် ဘရူနို ဖာနန်ဒက်စ်က ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာ လီယာအိုက အလကားနေ လူကျွံဘောတောင်းနေတဲ့ ဂါနာနောက်တန်းကို အလွယ်တကူ ကျော်ဖြတ်ပြီး အဝေးတိုင်ခြေကို ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂါနာခံစစ်အနေနဲ့ စုဖွဲ့မှုက လုံးဝ ပျက်စီးနေခဲ့ပြီး နားလည်မှု လုံးဝမရှိသလို တတိယဂိုး ပေးလိုက်ရချိန်မှာ ဘယ်တောင်ပံမှာ ရှိနေတဲ့ လီယာအိုကို တားဆီးဖို့ ကြိုးစားတဲ့ ညာခြမ်းခံစစ်တာဝန်ကျ ကစားသမားတစ်ယောက်မှ ရှိမနေခဲ့တာကိုလည်း တွေ့ရပြီး အလယ်ကိုပဲ ပိတ်ဆို့ဖို့ ကြိုးစားနေခဲ့ချိန်မှာ လျင်မြန်တဲ့ ပေါ်တူဂီတိုက်စစ်ကို မတားဆီးနိုင်ဘဲ ဂိုးပေးလိုက်ရတာကြောင့် အုပ်စုက စောစောစီစီး လှည့်ပြန်ရမယ့် ခြေစွမ်းမျိုးကိုပဲ တွေ့ခဲ့ရတာပါ။

ပွဲချိန် ၈၉ မိနစ်မှာတော့ ချေပဂိုးတစ်ဂိုးကို ဂါနာတို့ ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကလပ်နဲ့ နိုင်ငံက ခြေစွမ်းချင်း လုံးဝမတူဘဲ ညံ့ဖျင်းနေခဲ့တဲ့ ကန်ဆယ်လိုကို ကျော်ဖြတ်သွားခဲ့တဲ့ ဘယ်နောက်ခံလူ ရာမန်က ဖြတ်တင်ပေးရာမှာ ကိုယ့်နေရာမှာ ကိုယ်ရှိမနေတဲ့ ရူဘင် ဒီယက်စ်၊ ဒါနီလို ပါရဲရားနဲ့ ဂွါရဲရိုးတို့ကြောင့် လွတ်နေတဲ့ ဘူကာရီက ဂိုးရှေ့ကနေ ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ နာကျင်အချိန်ပို ၁၁ မိနစ်အထိ သတ်မှတ်ပေးခဲ့ရာမှာ ဂိုးသမား ဒီယိုဂို ကော့စတာရဲ့ အမှားကနေ ဂါနာတို့ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးအချိန်မှာ ဒါနီလို ပါရဲရားက ဖျက်ထုတ်သွားနိုင်ခဲ့လို့ သုံးဂိုး-နှစ်ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ပေါ်တူဂီကို အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ပေမယ့် ဒီခံစစ်နဲ့တော့ ရှုံးထွက်အဆင့်တွေမှာ အသင်းကြီးချင်း ကျော်ဖြတ်နိုင်ဖို့ မလွယ်ကူလောက်ဘူးလို့ သုံးသပ်ရမှာပဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒီယိုဂို ေကာ့စတာ၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ ဒါနီလို ပါရဲရား၊ ကန္ဆယ္လိုနဲ႔ ဂြါရဲ႐ိုးတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ူဘင္ နာဗက္စ္၊ ေအာ့တာဗ်ိဳနဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္၊ ဂ်ာအို ဖဲလစၥနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဂါနာအသင္းကေတာ့ ဂိုးသမား အတီ-ဇီဂီ၊ ခံစစ္မွာ အမာေတ၊ ဂ်ီကူး၊ ဆာလီဆူး၊ ဘာဘာ ရာမန္နဲ႔ ဆိုင္ဒူးတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ အက္ဘ္ဒူ ဆာမက္နဲ႔ ကူဒူးစ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အြန္ဒေရး အာယူးနဲ႔ အီညာကီ ဝီလီယမ္စ္တို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ေပၚတူဂီတို႔ရဲ႕ ကြင္းလယ္အားကို ကြင္းလယ္ကစားသမားခ်င္း ယွဥ္တိုက္ရမယ့္အစား ခံစစ္ ၅ ေယာက္အထိ ထားၿပီး ပိတ္ကစားဖို႔လုပ္တဲ့ နည္းျပ ေအာ့တို အက္ဒိုရဲ႕ ပြဲကို ခ်ဥ္းကပ္မႈက အစကတည္းက မွားယြင္းေနခဲ့သလို ပါေတးနဲ႔ တြဲဖက္ရမယ့္ ကစားသမား မရွိဘဲ သုံးေယာက္တန္းခံစစ္ အစြန္ေတြနဲ႔ ခ်ိတ္ၿပီး ကစားကြက္ ေဖာ္ေနရတာေတြက ဂါနာတို႔အတြက္ ႀကီးမားတဲ့ အားနည္းခ်က္ျဖစ္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာ လူမ်ားၿပီး ပြဲမစည္ဘဲ တစ္ေယာက္နဲ႔ တစ္ေယာက္ အေစးမကပ္သလို ခံစစ္မွာ လူမ်ားေလ၊ ၾကားထဲက ေဖာက္ထြက္ႏိုင္မယ့္ Channel ေတြ ပိုမ်ားေလျဖစ္ေနတဲ့ ဂါနာခံစစ္ကို ေရာ္နယ္လ္ဒိုက ေဖာက္ထြက္ခဲ့ရာမွာ ဂိုးသမား အတီ-ဇီဂီ အထြက္ေစာလို႔သာ သက္သာခဲ့ရၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ တစ္ခ်က္ထိ ခ်ိတ္ဆက္မႈေတြမွာ ၿပိဳင္ဘက္ကစားသမားေတြ မ်က္စိလည္ လမ္းမွားေနခဲ့ၾကေသးတာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာ ေရာ္နယ္လ္ဒို ဂိုးသြင္းခဲ့ေပမယ့္ ဂိုးမသြင္းခင္မွာ တစ္ဖက္ေနာက္ခံလူ ဂ်ီကူးကို ေဘာလုံးလုရင္း တြန္းခဲ့တာေၾကာင့္ ဒိုင္လူႀကီးက ျပစ္ဒဏ္ေဘာ သတ္မွတ္သြားခဲ့လို႔ ေပၚတူဂီတို႔ နစ္နာခဲ့ရၿပီး ဂါနာခံစစ္ကေတာ့ ခံစစ္ငါးေယာက္တန္းနဲ႔ ကြင္းလယ္လူေတြကို လူကြၽံေထာင္ေခ်ာက္ဆင္ဖို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ မထပ္ရေအာင္ မနည္းျဖန႔္ေနရတာကလည္း ဒီေန႔အတြက္ ဟာသတစ္ခုျဖစ္ခဲ့ရပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရ ရလဒ္ ထြက္ေပၚေနခဲ့ေပမယ့္ ေပၚတူဂီတို႔က အဖက္ဖက္ကေန သာလြန္ေနခဲ့သလို ဒုတိယပိုင္းမွာလည္း သူတို႔ေတြ ေဘာလုံးပိုင္ဆိုင္မႈကို ထိန္းခ်ဳပ္ကစားေနခဲ့ၿပီး ဂါနာတို႔ကေတာ့ ေတာင္ပံမွာ ခံစစ္သန္ ကစားသမားေတြကိုပါ အေၾကာက္လြန္ၿပီး ထားခဲ့တာေၾကာင့္ ေဘာလုံးျပန္ရရင္ေတာင္ ေရွ႕မွာ ဘယ္သူမွ မရွိဘဲ တိုက္စစ္ဆင္ဖို႔ ခက္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာ ေပၚတူဂီတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဂ်ာအို ဖဲလစၥ ေနာက္ေပါက္နဲ႔ ခ်ေပးတာကို ဧရိယာထဲမွာ ေရာ္နယ္လ္ဒို ရသြားခ်ိန္မွာ ဝင္ဖ်က္တဲ့ ဆာလီဆူးက ေျခေထာက္ကိုပါ ကန္ခဲ့မိတာေၾကာင့္ လဲက်သြားခဲ့ရာမွာေတာ့ ပင္နယ္တီရခဲ့ၿပီး ဒီအခြင့္အေရးကို ေရာ္နယ္လ္ဒိုကပဲ သူကိုယ္တိုင္ အျပင္းကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ဂါနာတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္း Half Space ထဲကို လွလွပပ ခင္းေပးလိုက္တဲ့ ဘာဘာ ရာမန္ရဲ႕ ေပးပို႔မႈကို ကူဒူးစ္က ေျပးထြက္ရယူၿပီး ဂိုးစည္းနားကေန ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ဖ်က္ထုတ္ဖို႔ ႀကိဳးစားတဲ့ ဒါနီလို ပါရဲရားရဲ႕ ေျခၾကားက လြတ္ထြက္သြားခဲ့တာေၾကာင့္ ေနာက္က ရွိေနတဲ့ အြန္ဒေရး အာယူးက ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ေခ်ပဂိုး ရအၿပီးမွာေတာ့ ဂါနာနည္းျပ အက္ဒိုက သူ႔ရဲ႕ ဉာဏ္ရည္မမီတဲ့ ျပႆနာကို ခ်ျပခဲ့ျပန္ၿပီး ဂိုးသြင္းရွင္ အြန္ဒေရး အာယူးနဲ႔ ဖန္တီးခဲ့တဲ့ ကူဒူးစ္ကို အတြဲလိုက္ လဲထုတ္ပစ္ခဲ့သလို ေဂ်ာ္ဒန္ အာယူးနဲ႔ ဘူကာရီတို႔ကို ထည့္သြင္းခဲ့ၿပီး ေပၚတူဂီတို႔ဘက္ကေတာ့ အႏိုင္ဂိုးရဖို႔အတြက္ ကြင္းလယ္က ႐ူဘင္ နာဗက္စ္အစား ေတာင္ပံသမား ရာေဖးလ္ လီယာအိုကို ထည့္သြင္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ အက္ဒိုကို ေက်းဇူးတင္ဖို႔ ေကာင္းတဲ့ ေပၚတူဂီတို႔ ဦးေဆာင္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္က ဂါနာခံစစ္ၾကားကေန ခင္းေပးခဲ့ရာမွာ လူကြၽံေဘာဖမ္းဖို႔ ႀကိဳးစားတဲ့အထဲက ေနာက္ခံလူ ဂ်ီကူးရဲ႕ ေနာက္က်မႈေၾကာင့္ လူမကြၽံခဲ့တဲ့ ဂ်ာအို ဖဲလစၥက မလိုအပ္ဘဲ ေရွ႕ထြက္ပိတ္ခဲ့တဲ့ ဂိုးသမား အတီ-ဇီဂီေဘးက အသာေလး ခ်ိဳးကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ အႏိုင္ရလဒ္ကို ပိုမိုေသခ်ာေစမယ့္ တတိယဂိုးကို ေပၚတူဂီတို႔ ထပ္မံရယူသြားခဲ့ျပန္သလို ကြင္းလယ္မွာ ဘာလုပ္မွန္း မသိဘဲ ေဘာလုံးပ်က္တဲ့ ေဂ်ာ္ဒန္ အာယူးဆီကေန ဂ်ာအို ဖဲလစၥက လုယူႏိုင္ခဲ့တာကတစ္ဆင့္ ဘ႐ူႏို ဖာနန္ဒက္စ္က ဘယ္ျခမ္းကို ခင္းေပးခဲ့ရာမွာ လီယာအိုက အလကားေန လူကြၽံေဘာေတာင္းေနတဲ့ ဂါနာေနာက္တန္းကို အလြယ္တကူ ေက်ာ္ျဖတ္ၿပီး အေဝးတိုင္ေျခကို ကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။

ဂါနာခံစစ္အေနနဲ႔ စုဖြဲ႕မႈက လုံးဝ ပ်က္စီးေနခဲ့ၿပီး နားလည္မႈ လုံးဝမရွိသလို တတိယဂိုး ေပးလိုက္ရခ်ိန္မွာ ဘယ္ေတာင္ပံမွာ ရွိေနတဲ့ လီယာအိုကို တားဆီးဖို႔ ႀကိဳးစားတဲ့ ညာျခမ္းခံစစ္တာဝန္က် ကစားသမားတစ္ေယာက္မွ ရွိမေနခဲ့တာကိုလည္း ေတြ႕ရၿပီး အလယ္ကိုပဲ ပိတ္ဆို႔ဖို႔ ႀကိဳးစားေနခဲ့ခ်ိန္မွာ လ်င္ျမန္တဲ့ ေပၚတူဂီတိုက္စစ္ကို မတားဆီးႏိုင္ဘဲ ဂိုးေပးလိုက္ရတာေၾကာင့္ အုပ္စုက ေစာေစာစီစီး လွည့္ျပန္ရမယ့္ ေျခစြမ္းမ်ိဳးကိုပဲ ေတြ႕ခဲ့ရတာပါ။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ေခ်ပဂိုးတစ္ဂိုးကို ဂါနာတို႔ ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကလပ္နဲ႔ ႏိုင္ငံက ေျခစြမ္းခ်င္း လုံးဝမတူဘဲ ညံ့ဖ်င္းေနခဲ့တဲ့ ကန္ဆယ္လိုကို ေက်ာ္ျဖတ္သြားခဲ့တဲ့ ဘယ္ေနာက္ခံလူ ရာမန္က ျဖတ္တင္ေပးရာမွာ ကိုယ့္ေနရာမွာ ကိုယ္ရွိမေနတဲ့ ႐ူဘင္ ဒီယက္စ္၊ ဒါနီလို ပါရဲရားနဲ႔ ဂြါရဲ႐ိုးတို႔ေၾကာင့္ လြတ္ေနတဲ့ ဘူကာရီက ဂိုးေရွ႕ကေန ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ နာက်င္အခ်ိန္ပို ၁၁ မိနစ္အထိ သတ္မွတ္ေပးခဲ့ရာမွာ ဂိုးသမား ဒီယိုဂို ေကာ့စတာရဲ႕ အမွားကေန ဂါနာတို႔ ဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ ေနာက္ဆုံးအခ်ိန္မွာ ဒါနီလို ပါရဲရားက ဖ်က္ထုတ္သြားႏိုင္ခဲ့လို႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး ေပၚတူဂီကို အႏိုင္သုံးမွတ္ကို ရယူႏိုင္ခဲ့ေပမယ့္ ဒီခံစစ္နဲ႔ေတာ့ ရႈံးထြက္အဆင့္ေတြမွာ အသင္းႀကီးခ်င္း ေက်ာ္ျဖတ္ႏိုင္ဖို႔ မလြယ္ကူေလာက္ဘူးလို႔ သုံးသပ္ရမွာပဲျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.